ကျင့်ဝတ်စံနှုန်း၊ ပဋိညာဉ် နှင့် Unenviable Task မ်ာ

 


ကျင့်ဝတ်စံနှုန်း၊ ပဋိညာဉ် နှင့် Unenviable Task မ်ား


အဖွဲ့အစည်းတွင်း မိမိ၏ တာဝန်၊ လိုက်နာရမည့်စည်းကမ်း၊ လုပ်ပိုင်ခွင့် ဆိုသည့် အချက်များကို အ သေးစိတ်နားလည်သ ဘောပေါက်ရန်လိုအပ်သည်။ အဖွဲ့အစည်းတစ်ခု၏ အသက်သွေးကြောသည် ထိုအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းများဖြစ်သည်။ ထိုဖွဲ့စည်းပုံစည်းမျဉ်းများတွင် အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ ကျင့်ဝတ်၊ စံနှုန်းများ၊ အ ကောင်အထည်ဖေါ်ရမည့်လုပ်ငန်းစဉ်များ၊ တာဝန်ခွဲဝေမှုနှင့် လုပ်ပိုင်ခွင့် အခွင့်အရေးများ ပါဝင်သည်။ အဖွဲ့အစည်းတစ်ခု၏ ဖွဲ့စည်းပုံစည်းမျဉ်းများဟူသည် တနည်းအားဖြင့် ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်များအချင်းချင်းကြားတွင် "တရားမျှတမှု၊ တန်းတူညီမျှမှု၊ တိုးတက်ဖွံ့ဖြိုးမှုများ" ဖြစ်လာစေရန် အပြန်အလှန် လိုက်နာစောင့်ထိန်းရန် ပြုထားကြ သော ပဋိညာဉ် ကတိကဝတ်တရပ်လည်းဖြစ်သည်။ 


နိုင်ငံတစ်ခုဖြစ်စေ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များဖြစ်စေ၊ သာရေးနာရေး အသင်းအဖွဲ့များဖြစ်စေ၊ နိုင်ငံရေးအသင်းအဖွဲ့များဖြစ်စေ မည်သည့်အသင်းအဖွဲ့တွင်မဆို ဖွဲ့စည်းပုံစည်းမျဉ်းများ ရှိကြသည်။ ဖွဲ့စည်းပုံစည်းမျဉ်းများဟူသည် ထိုအဖွဲ့အစည်း၏ အမြင့်ဆုံးသော ပဋိညာဉ်များဖြစ်သည်။ အသင်းအဖွဲ့တစ်ခုတွင် မည်သူတစ်ဦးတစ်ယောက်ကမှ ထိုစည်းမျဉ်းစည်းကမ်းများ၏ အထက်တွင် မရှိအပ်ပေ။ ရှိပါက ထိုအသင်းအဖွဲ့သည် ပဋိညာဉ်ပျက်သော၊ ပဋိညာဉ် အားနည်းသော အသင်းအဖွဲ့ဖြစ်နေမည်။ ပဋိညာဉ်ပျက်သော၊ ပဋိညာဉ် အားနည်းသော အဖွဲ့အစည်းတစ်ခုသည် အပြန်အလှန် စောင့်ထိန်းရမည့် ကျင့်ဝတ်စံနှုန်းများကို မျက်ကွယ်ပြုလာသည်။ ထိုသို့ မျက်ကွယ်ပြုလာသောအခါ အဖွဲ့အစည်းအတွင်း အပြန်အလှန်ပွတ်တိုက်မှုက ဖြစ်တော့သည်။ ထိုသို့ ပွတ်တိုက်မှုများကို ဖြေရှင်းရန် ပဋိညာဉ်များကို မျက်ကွယ်ပြုထားသောကြောင့် တောရိုင်းဥပ ဒေပုံစံကိုသာ ကျင့်သုံးကြ တော့သည်။ တောရိုင်းဥပ ဒေအရ အင်အားကြီးသူက အင်အားငယ်သူကို နိုင်သည်။ တောရိုင်းဥပ ဒေတွင် "တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုကေရစီ "ဟူသည် မရှိတော့ပေ။ ဤသို့ဖြင့် ပဋိညာဉ်ပျက်သော၊ ပဋိညာဉ်အားနည်းသော လူ့အဖွဲ့အစည်းတရပ်တွင် "အာဏာရှင် စနစ်" ပေါ်လာတတ်သည်။ တနည်းအားဖြင့် သောမစ်ဟောဘီးစ် (Thomas Hobbes) အဆိုအရ " ရက်စက်ကြမ်းကြုတ်သော လီဗီးယားသန်" များပေါ်လာတတ်သည်။ လီဗီးယားသန်ဆောင်းပါးအား ဤလင့် ( https://bnanews.net/articles/3914/) တွင် ဖတ်နိုင်ပါသည်။ 


မြန်မာ့လူ့ဘောင်အတွင်း၌ ဖွဲ့စည်းထားသော လူမှုရေး၊ သာရေးနာရေးမှအစ နိုင်ငံရေးအသင်းအဖွဲ့များထိ မိမိအဖွဲ့အစည်းအတွင်း ဖြစ်ကြသော ပြဿနာများကို ဖြေရှင်းရာ၌ မိမိအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းများကို ဗဟိုချက်ပြု၍ ဖြေရှင်းကြသော အ လေ့အထသည် အင်မတန်မှ အားနည်းသည်။ မြန်မာ့လူဘောင်က့ဲသို့ ရခိုင်လူ့ဘောင်သည်လည်း ထိုနည်းအတိုင်းသာဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာလည်း မြန်မာလူ့ဘောင်သည်လည်းကောင်း၊ ရခိုင်လူ့ဘောင်သည်လည်းကောင်း စည်းမျဉ်းစည်းကမ်းကို ဗဟိုပြုခြင်းထက် "လူပုဂ္ဂိုလ်ကို ဗဟိုပြုမှုက အားကောင်းခ့ဲသည့် နိုင်ငံရေးစနစ်"အောက်တွင် ဆယ်စုနှစ်များစွာ ရှိ​ေနခ့ဲ၍ဖြစ်သည်။ ထိုသို့အားကောင်းခြင်းမှာလည်း "စည်းမျဉ်း၊စည်းကမ်း၊ ကျင့်ဝတ်၊စံနှုန်း၊ ဥပ ဒေ၏ အထက်တွင် လူပုဂ္ဂိုလ်၊ အစုအဖွဲ့ တစ်ခုရှိနေသည့် နိုင်ငံရေးစနစ် အ လေ့အထမျိုး အားကောင်းခ့ဲ၍ ဖြစ်သည်။ " စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်၊ စံနှုန်း၊ ဥပ ဒေ၏ အထက်တွင် လူပုဂ္ဂိုလ်၊ အစုအဖွဲ့တစ်ခုရှိနေပါက ထိုစနစ်သည် " အာဏာရှင်စနစ် အေလ့အထ" ပင်ဖြစ်သည်။ လူမှုပဋိညာဉ် ဆိုသည်မှာ အထက္ ကဆိုခ့ဲသည့်အတိုင်း ရက်စက်ကြမ်းကြုတ်သော လီဗီးယားသန် မ်ား မဖြစ်လာစေရန် အတွက် လည်းကောင်း၊ အချင်းချင်းကြားတွင် "တရားမျှတမှု၊ တန်းတူညီမျှမှု၊ တိုးတက်ဖွံ့ဖြိုးမှုများ" ဖြစ်လာစေရန် အတွက်လည်းကောင်း အပြန်အလှန် လိုက်နာစောင့်ထိန်းရန် ပြုထားကြ သော ကတိကဝတ်တရပ်လည်းဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုအတွက် ထိုသို့ အပြန်အလှန် ကတိကဝတ်ပြုထားသော ပဋိညာဉ် သ ဘောဆန်သည့်  ဖွဲ့စည်းပုံအခြေခံံစည်းမျဉ်းစည်းကမ်းများသည် လိုအပ််သည်။


သို့ဖြစ်၍ အမေရိကန်ပြည်ထောင်စုအား ထူထောင်သူဖခင်များ (The Founding Fathers) ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သော၊ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတ တာဝန်ကိုထမ်းဆောင်ခ့ဲသူ ဂျော့ဝါရှင်တန် (George Washington)က " ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်ပါသော စည်းမျဉ်းစည်းကမ်းများသည် ကျွန်ုပ်အတွက် မည်သောအခါမှ မျက်ကွယ်မပြုသော လမ်းညွှန်ချက်များ ဖြစ်သည်" ဟုဆိုကာ အ မေရိကန် လူ့ဘောင်၌ ရက်စက်ကြမ်းကြုတ်သော လီဗီးယားသန္မ်ား ပေါ်မလာစေရန် နမူနာကောင်းကို အစပြုခ့ဲခြင်းဖြစ်ကာ အမေရိကန် လူ့ဘောင်အား "လူဖြစ်ရကျိုးနပ်သော နိုင်ငံတစ်ခု" အဖြစ်ရောက်ရှိလာစေခြင်းဖြစ်သည်။ နိုင်ငံတော်သို့မဟုတ် လူဖြစ်ရကျိုးနပ်သောနေရာ ဆောင်းပါးအား ဤ လင့် ( https://bnanews.net/articles/3918/) တွင် ဝင်ဖတ်နိုင်ပါသည်။


မူလ စံနှုန်း၊ ကျင့်ဝတ်၊ ရည်ရွယ်ချက်၊ တန္ဖိုးမ်ားကို မျက်ကွယ်ပြုခြင်း


1- "Free Riders (ကုန်းဆင်းလိုက်ပါသူများ) ရှိလာခြင်း"

2- "ကုန်းဆင်းလိုက်ပါသူများက အဖွဲ့အစည်း၏ ထိပ်ပိုင်းအလွှာကို ချဉ်းကပ်လာနိုင်ခြင်း" 

စသည့်အချက်များသည်လည်းလူ့ဘောင်တရပ်၊ လူ့အဖွဲ့အစည်းတရပ်တွင် အဖွဲ့အစည်း၏ မူလ "စံနှုန်း၊ကျင့်ဝတ်၊ ရည်ရွယ်ချက်၊ တန္ဖိုး" မ်ားကို မျက်ကွယ်ပြုလာသော အခြေအနေမျိုးဘက်သို့ ရောက်ရှိစေတတ်သည်။


1-ကုန်းဆင်းမျောပါသူများ (Free Riders)

ကုန်းဆင်းမျောပါသူ (သို့) အခမ့ဲစီးနင်းလိုက်ပါသူ ဆိုသည်မှာ- လူ့ဘောင်တစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခုအတွင်း  အခင်းအကျင်းတစ်ခု အားမကောင်းခင် အခြေအနေ မျိုးတွင် ထိုသူများသည် ထိုအခင်းအကျင်းတစ်ခုအတွက် "ကုန်းဆင်းမျောပါသူ" Free Riders အသွင်ဖြင့် ရပ်တည်သည်။ ထိုသူများအနေဖြင့် မည်သည့် တာဝန်ခံမှု၊ တာဝန်ယူမှုကိုမှ ထိုအခင်းအကျင်းအတွက် ဆောင်ရွက်မည်မဟုတ်ဘဲ မျက်ကွယ်ပြု၍ နေမည်ဖြစ်သည်။ ထိုအခင်းအကျင်းတစ်ခု အားကောင်းလာသောအခါ ယင်းအခင်းအကျင်းထဲ ဝင်ရောက်၍ အသိအမှတ်ပြုခံရအောင် ကြိုးစားကြတော့သည်။ ထိုသို့ ကြိုးစားရာတွင် Free Riders များသည် ၎င်းတို့အား မြန်မြန်အသိအမှတ်ပြုခံရရန်အတွက် အခင်းအကျင်း၏ အပေါ်ထပ်အလွှာအားချဉ်းကပ်မှု (Elite Orientation)ဖြင့်သာ ချဉ်းကပ်ကြသည်။ ထိပ်ခေါင်ကိုထိ အကုန္စား ဟူသော သဘောတရားမျိုးဖြင့် အပေါ်ထပ်အလွှာကို ချဉ်းကပ်ကြခြင်းဖြစ်သည်။ ထိပ်ခေါင်အလွှာအတွက် ငွေကြေးနှင့် အခြားသော ရုပ်ဝထၳုများ၊ စေတနာ ဝန်ထမ်းပုံစံများ စသည့်ပုံစံမျိုးဖြင့် ချဉ်းကပ်ကြသည်။ ထိုသို့ချဉ်းကပ်ရာတွင် ၎င်းတို့အနေဖြင့် "အောက်ခြေလူထုအလွှာကို ဦးတည်သည့်ချဉ်းကပ်မှု (Public Toward) မျိုး၊ တရားမ်ွတ သော လုပ်ရပ်မျိုး" ဖြစ်နေပါက ဟုတ်သေးသည်။ ထိုသို့မဟုတ်ဘဲ ၎င်းတို့၏ အခွင့်အရေးအတွက်သက်သက်သာ (Elite Orientation) လုပ်ပါက ထိုလူ့ဘောင်၊ လူ့အဖွဲ့အစည်း၏ လူမှုစီးပွားဘဝတွင် ဝန်ပိသွားတတ်သည်။ Free Riders မ်ား၏ Elite Orientation များသည် အောက်ခြေလူထု၏ ရှင်သန်ထ မြောက်ခွင့်အား ပိတ်ပင်တတ်သည်။ ရှင်သန်ထ မြောက်ခွင့် ဆောင်းပါးအား ဤ လင့် ( https://bnanews.net/articles/4078/) တွင် ဖတ်နိုင်ပါသည်။


2- အပေါ်ထပ်အလွှာကို ချဉ်းကပ်ခြင်း (Elite Orientation)

ထိပ်ခေါင်ကိုထိ အကုန္စား ဟူသော သဘောတရားမျိုးဖြင့် အပေါ်ထပ်အလွှာကို ချဉ်းကပ်ကြခြင်းသည် မည်သည့် ပြည်သူမဆို သူ့၏ ရပိုင်ခွင့် အခွင့်အရေးများ ဆုံးရှုံးလာပါက ဆောင်ရွက်ခွင့်ရှိသော (Public Complaint) အတွက် လက်လှမ်းမှီခွင့်ဖြစ်သည်။ သို့ရာတွင် မိမိအကျိုးစီးပွားနှင့် အသိအမှတ်ပြုခံရမှုကို ဦးတည်သောသူ (Egoism)များအနေဖြင့် အခင်းအကျင်းတစ်ခု၏ အပေါ်ထပ်အလွှာကိုချဉ်းကပ်လာသောအခါ အပေါ်ထပ်အလွှာမှ ခေါင်းဆောင်ပိုင်းများတွင် အောက်ပါအချက်များ ဖြစ်ပေါ်လာပါသည်။

- Egoism များအခင်းအကျင်းထဲတွင် ဝင်ဆန့်လာခြင်း

- Egoismမ်ား၏ အသံမွလြဲ၍ အောက်ခြေအလွှာ၏ အချက်အလက် အမြင်များကို ကြားသိခွင့်မရတော့ခြင်း

- မြေပြင်အခြေအနေနှင့် ပြည်သူလူထု၏ ပကတိအေနအထားကို ကြားသိခွင့်မရတော့ခြင်း

- ကြားသိလျင်လည်း အခြားသော ရှူဒေါင့်အမြင်များမပါတော့ဘဲ Egoismမ်ား၏ အမြင်များသာကသာ ပိုမိုအသံထွက်နေခြင်း

- ခေါင်းဆောင်ပိုင်းမှ Egoism များသည် မိမိတို့အုပ်စုထဲကသူများဟု ထင်မှတ်လာခြင်း

- "Egoism များနှင့် ဆန့်ကျင်ဘက်ဖြစ်သူများ၊ ဆန့်ကျင်ဘက် အခင်းအကျင်းများ"ကို ခေါင်းဆောင်ပိုင်းမှလည်း အထင်မှားမှု အမြင်မှားမှု ဖြစ်လာခြင်း

- အောက်ခြေအလွှာနှင့် ပြည်သူလူထုအလွှာ၏ မြေပြင်ပကတိ အေနအထားမှ ဝေးကွာလာသောအခါ ခေါင်းဆောင်ပိုင်း၏ ဆုံးဖြတ်ချက်များ မှားလာခြင်း

- ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့် ခေါင်းဆောင်ပိုင်း၏ သီလသမာကိုထိခိုက်လာခြင်း

ဤသို့ဖြင့် အဖွဲ့အစည်း၏ ပုံရိ်ကျဆင်းလာကာ လူထု၏ အယုံအကြည်ကင်းမ့ဲလာမှုအားရင်ဆိုင်လာရကာ မိမိတို့၏ နိုင်ငံရေး မျှော်မှန်းချက်ကိုပါ ထိခိုက်လာတော့သည်။ 


အာရက္ခလူ့ဘောင်အား သုံးသပ်ခြင်း


ကျင့်ဝတ်၊ စံနှုန်း၊ ပဋိညာဉ်ကို ဗဟိုပြုချဉ်းကပ်သော အ လေ့အထမျိုးသည် အရက္ခလူ့ဘောင်နှင့် ULA အဖွဲ့ဝင်အဆင့်ဆင့်ကြားတွင် အားမ ကောင်းသေးပေ။ ULA အဖွဲ့ဝင်အချို့တဝက်တွင် မူဝါဒပိုင်းဆိုင်ရာ အ ပေါ်သ ဘောပေါက်နားလည်မှု အားနည်းသည်ကို တွေ့နေရသည်။ ကျင့်ဝတ်၊ စံနှုန်း၊ ပဋိညာဉ်ကို ဗဟိုပြုချဉ်းကပ်သော အေလ့အထ အားနည်းမှုသည် "အာဏာရှင် စနစ် အေလ့အထ ကိုအားကောင်းစေမှု" လည်းဖြစ်သည်။ လက်ရှိ အာရက္ခလူ့ဘောင်သည် ULA/AA ဦးဆောင်မှုဖြင့် "အာဏာရှင် စနစ်" ကို တွန်းလှန်နေ သောလူ့ဘောင်လည်း ဖြစ်သည်။ ULA/AA အနေဖြင့် အာဏာစနစ်၏ စရိုက်လက္ခဏာများကင်းစင်သည့် လူ့ဘောင်တရပ်ကို အာရက္ခလူထုအတွက် တည်ဆောက်နေရချိန်လည်းဖြစ်သည်။  အာရက္ခလူ့ဘောင် နှင့် ULA အဖွဲ့ဝင်များကြားတွင် ကျင့်ဝတ်စံနှုန်း၊ ပဋိညာဉ်ကို ဗဟိုပြုချဉ်းကပ်သော အေလ့အထ မျိုးသည် "အထိုင်မကျ အကျွမ်းမဝင်နိုင်သေး သော လုပ်ငန်းစဉ် (Unenviable Task)" များလည်း ဖြစ်နေမည်ဖြစ်သည်။ ထိုသို့ အထိုင်မကျ အကျွမ်းမဝင်ဖြစ်နေချိန်တွင် "ကုန်းဆင်းမျောပါသူ (Free Riders) များနှင့် အပေါ်ထပ်အလွှာကိုချဉ်းကပ်ခြင်း (Elite Orientation) " များကိုလည်း တွေ့မြင်နေရသည်။ လူထု၏ နစ်နာချက်များကို ထုတ်ဖေါ်မှုနှင့် ဝေဖန်ထောက်ပြမှုများကို လုံးဝ လက်မခံလိုသော အပြုအမှုများသည်လည်း ULA အဖွဲ့ဝင်အချို့တွင် ရှိနေသည်ကို တွေ့လာရသည်။ မသိနားလည်မှုကြောင့်သော်လည်းကောင်း၊ မိမိအကျိုးစီးပွားနှင့် အသိအမှတ်ပြုခံရမှုကို ဦးတည်သောသူ (Egoism)မ်ား ကြောင့်သော်လည်းကောင်း စံနှုန်းကျင့်ဝတ်နှင့် ပဋိညာဉ် အ ပေါ်တွင် မျက်ကွယ်ပြုနေမှုများလည်းရှိနေသည်ကို တွေ့နေရသည်။ တိုင်းပြည်တည်ဆောက်ရေးဖြစ်စဉ်များတွင် စံနှုန်းကျင့်ဝတ်များသည်လည်း အ ရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။ တိုင်ပြည်တည်ဆောက်ရေးနှင့် စစ်ရေးအောင်မြင်မှု နှစ်စလုံးအား ဦးစားပေးအဆင့်တွင်ထားသည်ဟု ULA/AA ဘက်မှ ဆိုထားသည်။ 

သို့ဖြစ်၍ (11) ကြိမ်မြောက် တပ်တော်နေ့ တပ်မှုးချုပ်သဝဏ်လွှာ စာမျှက်နှာ (2)တွင် ဗိုလ်ချုပ် ထွန်းမြတ်နိူင်က

"အခုနောက်ပိုင်း တပ်ဖွဲ့ဝင်တချို့ စည်းကမ်းပေါ့လျော့စွာနေထိုင်ခြင်း၊ ULA အဖွဲ့အစည်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသော အခွင့်အရေးသမားများက တော်လှန်ရေးကို ခုတုံးလုပ် အသုံးချရန်ကြိုးစားခြင်း များရှိနေကြောင်း၊ မလိုအပ်ပဲ သြဇာအာဏာသုံး၍ ပြောဆိုမှုများ၊ မဆိုင်သော ကိစ္စများတွင် ဝင်ပါဆရာခံမှုများကို ကြားသိနေရသည်"ဟု အသိပေးပြောဆိုထားခြင်းဖြစ်သည်။ 


အာရက္ခလူ့ဘောင်တွင်လည်းကောင်း၊ ULA/AA တွင်လည်းကောင်း လက်ရှိအနေအထားတွင် စံနှုန်းကျင့်ဝတ်၊ ပဋိညာဉ်များကို ဗဟိုပြုသည့် လူမှု့ဝန်းကျင်တရပ်ကို ပေါ်ပေါက်လာစေရန် ရေခံ မြေခံအရ အားသားချက်ရှိနေသည့် အနေအထားမျိုးကို ပိုင်ဆိုင်ထားပါသေးသည်။ စံနှုန်းကျင့်ဝတ်နှင့် ပဋိညာဉ်အပေါ် ဗဟိုပြမှုသည့် လွတ်လပ်သော အချုပ်အခြာအာဏာဖြစ်မှုနှင့်လည်း တထပ်တည်းကျသည်။ တန်းတူညီမျှ၊ တရားမ်ွတ၊ လွတ်လပ်သော လူ့ဘောင်တစ်ခု၏ ကျောရိုးမဏ္႑ိုင်လည်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအား ထည်ထောင်သူဖခင်များထဲတွင်ပါဝင်သော အမေရိကန်ဖွဲ့စည်းပုံအ ခြေခံံ ဥေပဒကို ရေးသားသူ သောမတ်စ်ဂျက်ဖာဆင် (Thomas Jefferson)က " လွတ်လပ်ရေးကို ကြေငြာခြင်းဟူသည် ကျွန်ုပ်တို့၏ အခွင့်အရေး၊ လူသားတို့၏ အခွင့်အရေးကို  ပဋိညာဉ်ပြုကာ ကြေငြာခြင်းဖြစ်သည်" ဟု ဆိုထားခြင်းဖြစ်သည်။ သောမတ်စ် ဂျက်ဖာဆင် (Thomas Jefferson)ကပင် ကျင့်ဝတ်စံနှုန်းနှင့်ပတ်သက်၍ " ကျင့်ဝတ်စံနှုန်းဟူသည် လူသားမ်ားကို အုပ်ချုပ်သည့် အစိုးရထဲတွင် ယုံကြည်ကိုးကွယ်မှုက့ဲသို့ ဖြည့်စွက် ထားရှိရမည့် ဥေပဒ အရာ" ဖြစ်သည်ဟု ဆိုထားပါသည်။


အာရက္ခလူ့ဘောင်သည် ကျင့်ဝတ်သီလအား စောင့်ထိန်းမှုကို နှစ်သက်သော လူ့ဘောင်ဖြစ်သည်။ "ကုန်းဆင်းမျောပါသူ (Free Riders) များနှင့် အပေါ်ထပ်အလွှာကိုချဉ်းကပ်ခြင်း (Elite Orientation) " မှုများက မည်မျှပင် ကျင့်ဝတ်စံနှုန်းနှင့် ပဋိညာဉ်ပြုမှုကို မျက်ကွယ်ပြုခြင်းသက်ရောက်မှုအားကြီးနေပါစေ....အာရက္ခလူ့ဘောင်သည် ထိုအရာမ်ားအား တချိန်ချိန်တွင် မလြဲမ သွေ ကျော်ဖြတ်ကာာ အ ကြောက်တရားကိုအနိုင်ယူမည့် လူ့ဘောင်တစ်ရပ်လည်းဖြစ်သည်။

Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)