ကျင့်ဝတ်စံနှုန်း၊အင်စတီကျူးရှင်းနှင့် Unenviable Task မ်ား

 


ကျင့်ဝတ်စံနှုန်း၊အင်စတီကျူးရှင်းနှင့် Unenviable Task မ်ား


နိုင်ငံရေးနယ်ပါယ်ဘက်မှ သုံးနှုန်းသော အင်စတီကျူးရှင်း အဓိပ္ပါယ်သည် ကျယ်ဝန်းပါသည်။ အင်စတီကျူးရှင်းအ ပေါ် ဥပမာ ပေးရ သော်  "သူ့အလိုလို လည်ပတ်နေ သော စက်ရုံတစ်ရုံ" အဖြစ် ဥပမာ ပေးပါမည်။ စက်ရုံ တွင် အလုပ်သမားများရှိသည်။ စီမံခန့်ခွဲသူရှိသည်။ စက်ရုံ အတွက် လိုအပ်သော ကုန်ကြမ်းများရှိသည်။ လည်ပတ်နေသော စက်ပစ္စည်း ကိရိယာများရှိသည်။ မည်သို့မည်ပုံ အလုပ်လုပ်ရမည် ဆိုသည့် စည်းမျဉ်းများရှိသည်။ အဆိုပါ အချက်များစုံနေ သောအခါ စက်ရုံသည် ကောင်းစွာ လည်ပတ်နေသည်။ အလုပ်သမား တစ်ဦးဦး အလုပ်မဆင်းလျှင်လည်း ထိုစက်ရုံ၏ လည်ပတ်မှုကို မထိခိုက်။ နောက်ဆုံး စီမံခန့်ခွဲသူ မလာနိုင်သော အချိန်တွင်ပင် ကောင်းစွာလည်ပတ်နိုင်လျှင် ထိုစက်ရုံ အေနအထားအား အရပ်စကားဖြင့် "သူ့ဖာသာသူ အထိုင်ကျ ပြီး လည်ပတ် နေနိုင်သည်ဟု" ဆိုရပါလိမ့်မည်။


သူ့ဖာသာသူ အထိုင်ကျပြီး လည်ပတ်နေနိုင်သော သ ဘောသည် အင်စတီကျူးရှင်း သ ဘောမျိုးဖြစ်သည်။ အကျယ်ချဲ့၍ စဉ်းစားကြည့်လျှင် - "ပညာရေး ဆိုင်ရာ အင်စတီကျူးရှင်းများသည် စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များဖြစ်သည်။ ကျမ်းမာရေး ဆိုင်ရာ အင်စတီကျူးရှင်းများသည် ဆေးရုံများဖြစ်သည်။" ဤသို့ဖြင့် စီးပွားရေးဆိုင်ရာ အင်စတီကျူးရှင်းများ၊ နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းများ စသဖြင့် အင်စတီကျူးရှင်း မ်ားစြာ ရှိနေသည်။ လူ့ဘောင်တစ်ခု၊ နိုင်ငံတစ်ခု ရပ်တည်လည်ပတ်နိုင်ရန် နယ်ပါယ် အသီးသီးတွင် " သူ့ဖာသာသူ အထိုင်ကျပြီး လည်ပတ်နေ နိုင်သော အင်စတီကျူးရှင်းများ" လိုပါသည်။


အင်စတီကျူးရှင်း တစ်ခုတည်ဆောက်ရန် လိုအပ်ချက်များ


စက်ရုံတစ်ရုံဖြစ်လာရန်နှင့် လည်ပတ်ရန် နေရာ၊ အဆောက်အအုံ၊ စက်ပစ္စည်း၊ ကုန်ကြမ်း၊ နည်းပညာ၊ ဈေးကွက်၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ အရင်းအနှီး၊ အလုပ်သမား၊ မန်နေဂျာ၊ ထုတ်ကုန်၊ သုံးစွဲသူ စသဖြင့် အစိတ်အပိုင်းများစွာ လိုသည်။ စက်ရုံတစ်ရုံ ကောင်းစွာ လည်ပတ်ရန်အတွက် စက်ပစ္စည်း၊ ကုန်းကြမ်းစသည့် "ရုပ်ဝထၳုပစ္စည်းများ"လိုအပ်သက့ဲသို့ အလုပ်သမားက့ဲသို့ "လူသားအရင်းအမြစ်များ"လည်း လိုသည်။  မန်နေဂျာ က့ဲသို့ "စီမံခန့်ခွဲမှု"လည်းလိုပါသည်။ စက်ရုံ ကောင်းမွန်စွာ "လည်ပတ်ရန်အတွက် စည်းမျဉ်း၊ စည်းကမ်းများနှင့် လုပ်ငန်းဖေါ်ဆောင်ပုံ ဖေါ်ဆောင်နည်းများ"လည်းလိုသည်။ ထိုအချက်များ "သူ့ဖာသာသူ အထိုင်ကျပြီး ပုံမှန်လည်ပတ်" နေပါက ထိုစက်ရုံသည် အင်စတီကျူးရှင်းအားကောင်းသော စက်ရုံ ဟုဆိုရမည်။ အကယ်၍ ရုပ်ဝထၳုပစ္စည်းပိုင်းတွင်လည်းကောင်း၊ လူသားအရင်းအမြစ်ပိုင်းတွင်လည်းကောင်း၊ စီမံခန့်ခွဲမှုအပိုင်းတွင်လည်းကောင်း လိုအပ်ချက် တစ်ခုခုရှိလာသည့် အ ခြေအနေမျိုးတွင် အင်စတီကျူးရှင်း အထိုင်ကျ နေ သော စက်ရုံသည် ဟန်မပျက် လည်ပတ်နေနိုင်စွမ်းရှိသည်။


စာသင်ကျောင်းများ၊ တက္ကသိုလ် ကောလိပ်များ၊ ဆေးရုံများ၊ ဘဏ် မ်ား စသည့် အင်စတီကျူးရှင်းများကို ကြည့်ပါ။ ၎င်းတို့တွင် လုပ်ငန်းလည်ပတ်ရန် လိုအပ်သော ရုပ်ဝထၳုပစ္စည်းများရှိသည်။ လူသားအရင်းအမြစ်ရှိသည်။စီမံခန့်ခွဲမှုရှိသည်။ စည်းမျဉ်း၊ စည်းကမ်းများရှိသည်။ ဥပဒေများရှိသည်။ လုပ်ငန်း၏ သ ဘောသဘာဝကို သ ဘောပေါက်နားလည်သူများရှိသည်။ ဆိုင်ရာ ဆိုင်ရာအလိုက် တာဝန်ခွဲဝေမှုရှိသည်။ သို့ဖြစ်၍ တစ်ဦးတစ်ယောက် မရှိယုံဖြင့် လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်မသွားပေ။ အဘယ်ကြောင့်ဆိုသော် မိမိလုပ်ဆောင်ရမည့် တာဝန် ကို မည်သည့်အနေအထားမျိုးပဲ ဖြစ်ဖြစ် အမှားအယွင်းနည်းစွာ လုပ်ဆောင်နေနိုင်သော ပ ရော်ဖက်ရှင်နယ် ဖြစ်နေ၍ ဖြစ်သည်။ အင်စတီကျူးရှင်းများ အထိုင်ကျလာမှုသည် ပ ရော်ဖက်ရှင်နယ်ဆန်မှုနှင့် ဒွန်တွဲနေသည်။


နိုင်ငံတည်ဆောက်ရေးသည် အင်စတီကျူးရှင်းများ အထိုင်ကျ ပုံမှန်လည်ပတ်လာစေရန် ဆောင်ရွက်ရ သောလုပ်ငန်းစဉ်ဖြစ်သည်။ ပညာရေး၊ ကျမ်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သံတမန်ရေး၊ ကုန်သွယ်ရေး စသည့် နယ်ပါယ်အသီးသီးတွင် အင်စတီကျူးရှင်းများ လိုအပ်နေသည်။ အင်စတီကျူးရှင်းတစ်ခုစီတွင် "ရုပ်ဝထၳုပစ္စည်းများ"၊ "လူသားအရင်းအမြစ်များ"၊ "စီမံခန့်ခွဲမှုများ"၊" စည်းမျဉ်း၊ စည်းကမ်းများနှင့် လုပ်ငန်းဖေါ်ဆောင်ပုံ ဖေါ်ဆောင်နည်းများ" လိုအပ်သည်။ 


ကျင့်ဝတ်စံနှုန်းနှင့် ပ ရော်ဖက်ရှင်နယ်


အင်စတီကျူးရှင်းများသည် ပ ရော်ဖက်ရှင်နယ်ဆန်မှုနှင့် ဒွန်တွဲနေသည်။  ပ ရော်ဖက်ရှင်နယ်ဆန်မှုတွင်ပင်လျှင် မိမိ လုပ်ဆောင်ရ သော လုပ်ငန်းနယ်ပါယ်၌ " တရားမျှတမှု၊ အကျိုးကြောင်းဆီလျှော်မှုနှင့် ဖြောင့်မတ်တည်ကြည်မှု" တို့သည် လိုသည်။ ထိုအချက်များမရှိက အုပ်ချုပ်ရေးယန္တယား ဗျူရိူက ရေစီ၌ လာဘ်စားအကျင့်ပျက်မှု၊ အဂတိတရားနှင့် ဖိနှိပ်မှုတို့ကသာ ခေါင်းထောင်လာမည်ဖြစ်သည်။ ထိုသို့ ကျင့်ဝတ်ဖောက်ဖျက်မှုများတွင် အတုမြင်အတတ်သင်လာပြီး ကိုယ်ကျိုးရှာ အာဏာပြမှုတွင် သာ ပ ရော်ဖက်ရှင်နယ် ဖြစ်နေ သော ဓလေ့သည် အုပ်ချုပ်စီမံမှုအစိုးရဌာနယန္တယားများနှင့် ပြည်သူ့ဝန်ဆောင်မှု ယန္တယားများတွင် အားကောင်းနေပါက ပြည်သူလူထုအတွက် အကျပ်အတည်းများစွာ ဆိုက်တော့သည်။ အင်စတီကျူးရှင်းများဖြစ်သည့် အုပ်ချုပ်စီမံမှုယန္တယားများနှင့် ပြည်သူ့ဝန်ဆောင်မှု ယန္တယားများ၏ မူလဘူတရည်ရွယ်ချက်သည် ပြည်သူလူထုကို အလုပ်အကြွေးပြုရန်ဖြစ်သည်။ သို့ရာတွင် အဆိုပါမူလဘူတ ရည်ရွယ်ချက် ကျင့်ဝတ်စံနှုန်းနှင့် သြယ္ဖယ္လာပါက အဆိုပါ အုပ်ချုပ်စီမံမှုယန္တယားများနှင့် ပြည်သူ့ဝန်ဆောင်မှု ယန္တယားများသည် ပြည်သူလူထုကို ဖိနှိပ်သော ယန္တယားဘက်ကို ပုံပြောင်းသွားတတ်သည်။ လုပ်ပိုင်ခွင့်အာဏာဟူသည် လူအား ပြောင်းလဲစေတတ်သည်။ တာဝန်အတွက် ပေးထားသော လုပ်ပိုင်ခွင့်အာဏာအား ကိုယ်ကျိုးအတွက် အသုံးချမှုနှင့် လူထုအပေါ် အာဏာပြမှုအ ပေါ်တွင် သာယာ သွားတတ်ကြသည်။ ဤသို့ဖြင့် ပြည်သူလူထုအ ပေါ်မတရားမှု၊ မညီမျှမှူ၊ ဖိနှိပ်မှုကို တရားဝင်လုပ်ပိုင်ခွင့်ရ ထားသည့်ပမာ ဖြစ်လာတော့သည်။


ပြည်သူလူထု၏ ရန်သူ သို့မဟုတ် ကျင့်ဝတ်စံနှုန်းပျက်မှု နှင့် တီရန်နီလော၊ လေဘာတီလော

------------------------------------------------

အမေရိကန်ပြည်ထောင်စုအား တည်ထောင်သူ ဖခင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော၊ အမေရိကန် ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ရေးသားသူ သောမတ်စ်ဂျက်ဖာဆင်က 

 " ပြည်သူလူထုတွင် အဓိက ရန်သူနှစ်မျိုးရှိပြီး ပထမတစ္ခုက ရာဇဝတ်ပြစ်မှုများဖြစ်ပြီး ဒုတိယတစ္ခုမွာ အုပ်ချုပ်စီမံမှု (အစိုးရ) ဖြစ်သည်။ မိမိတို့သည် အုပ်ချုပ်စီမံမှု (အစိုးရ)အား ဖွဲ့စည်းပုံအခြေခံဥပဒေ ပဋိညာဉ်တစ်ရပ်အောက်တွင် ချည်နှောင်ထားရမည်။ ထိုသို့ လူမှုပဋိညာဉ်အောက်တွင် ချည်နှောင်ထားပါမှ အုပ်ချုပ်စီမံမှု (အစိုးရ) အလုပ်သည် တရားဝင် ရာဇဝတ်မှု အလုပ်မျိုး ဘက္ကို မ ရောက်နိုင်တော့ချေ" ဟု ဆိုပါသည်။ သောမတ်စ်ဂျက်ဖာဆင်ကပင် ဆက်လက်၍ " ပြည်သူလူထုသည် အစိုးရတရပ်အား ကြောက်လန့်နေရပါက ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်မှု Tyranny (တီရန္ နီ) အုပ်ချုပ်မှုဖြစ်ပြီး အစိုးရသည် ပြည်သူလူထုအား ကြောက်လန့်နေရပါက လြတ္လပ္စြာ အုပ်ချုပ်မှု Liberty (လေဘာတီ) အုပ်ချုပ်မှု ဖြစ်သည်" ဟုဆိုသည်။


အုပ်ချုပ်စီမံမှု (အစိုးရ) လုပ်ငန်း၏ ရည်ရွယ်ချက်


အုပ်ချုပ်စီမံမှု (အစိုးရ) လုပ်ငန်းများဖြစ်သော အုပ်ချုပ်စီမံမှုယန္တယားများနှင့် ပြည်သူ့ဝန်ဆောင်မှု ယန္တယားများ၏ ရည်ရွယ်ချက်ကို သောမတ်စ်ဂျက်ဖာဆင်က

" အုပ်ချုပ်စီမံမှု (အစိုးရ) လုပ်ငန်း၏ ရည်ရွယ်ချက်သည် နိုင်ငံအတွင်းရှိ ပြည်သူလူထုများ ဘေးအန္တရာယ်ကင်းစွာ၊ ပျော်ရွင်ချမ်းမြေ့သာယာ စေရန် အတွက် ဆောင်ရွက်ရန်ဖြစ်သည်။ အစိုးရသည် အုပ်ချုပ်စီမံမှုလုပ်ငန်းစဉ်အတွင်းသာ တည်ရှိပြီး အာဏာရှိသူ၊ရာထူးရှိသူများ၏ အကျိုးစီးပွားအတွက် တည်ရှိနေသည်မဟုတ်" ဟု လည်းဆိုခ့ဲသည်။ 


အာရက္ခလူဘောင်နှင့် အင်စတီကျူးရှင်းများ


အာရက္ခလူ့ဘောင်သည် Tyranny (တီရန္ နီ) အုပ်ချုပ်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ခါးသီးစြာ ရင်ဆိုင်လာခ့ဲရ သော လူ့ဘောင်တရပ်ဖြစ်သည်။ ကျင့်ဝတ်စံနှုန်း၊ ပဋိညာဉ်နှင့် Unenviable Task များဆောင်းပါးတွင် ဖေါ်ပြခ့ဲသလိုပင် လက်ရှိ အာရက္ခလူ့ဘောင်သည် Free Riders (ကုန်းဆင်းလိုက်ပါသူများ)၏ (Elite Orientation) ထိပ်ပိုင်းအလွှာကိုချဉ်းကပ်မှု ဖြစ်စဉ်၏ ခြိမ်းခြောက်မှုကလည်း ရှိနေချိန်ဖြစ်သည်။ 


အင်စတီကျူးရှင်းများတည်ဆောက်ရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာနနှင့်အင်တာဗျူး (https://thediplomat.com/2024/09/arakan-army-commander-in-chief-twan-mrat-naing-on-the-future-of-rakhine-state/) တွင်

"လုံခြုံရေး၊ ကျမ်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် တရားရေးစသည့် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းစဉ်များကို အာရက္ခဒေသနှင့် သင့်လျှော်သော ပုံစံမျိုးကို တည်ဆောက်နေကြောင်း၊ အုပ်ချုပ်စီမံမှုအားတည်ဆောက်ခြင်းသည် စစ်ရေးအောင်မြင်က့ဲသိုပင် အရေးကြီးကြောင်း၊ မိမိတို့ အနေဖြင့် စစ်ရေးနယ်ပါယ်တွင် အောင်မြင်မှုရထားကြောင်း၊ အုပ်ချုပ်စီမံခန့်ခွဲရေးနယ်ပါယ်တွင် လာမည့်အနာဂတ်၌ အောင်မြင်မှုများကို လိုအပ်ကြောင်း" ပြောဆိုထားသည်။


(12) ကြိမ်မြောက် တပ်တော်နေ့ တပ်မှုးချုပ်သဝဏ်လွှာ စာမျှက်နှာ (3) တွင်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က "နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ လုံခြုံအေးချမ်းမှု၊ တိုင်းပြည်၏ အနာဂတ်အာမခံချက်များအတွက် စစ်တပ်သည် မရှိမဖြစ်အရေးကြီးကြောင်း၊ အောင်မြင်တိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်ရန် နိုင်ငံရေးသမားများ၊ ဥပဒေပညာရှင်များ၊ ဘောဂဗေဒပညာရှင်များ၊ အင်ဂျင်နိယာများ၊ နည်းပညာသမားများ၊ ပါမောက္ခများ၊ ကျောင်းဆရာများ၊ ဆရာဝန္မ်ား၊ စိုက်ပျိုးမွေးမြူရေးပညာရှင်များ၊ လယ္သမားမ်ား၊ စီးပွားရေးလုပ်ငန်းစုများ အားလုံးသည် နိုင်ငံတစ်ခုကို အောင်မြင်အောင် တည်ဆောက်ရန် သူ့ကဏ္႑နဲ့သူ အားလုံးမရှိမဖြစ် အရေးကြီးကြောင်း၊ 

တော်လှန်ရေးတစ်ရပ်ကို အောင်မြင်အောင်ဆင်နွဲနိုင်ရန် ပြည်သူတစ်ရပ်လုံး ညီညွှတ်ဖို့လိုကြောင်း၊ စစ်သားတစ်မျိုးတည်းဖြင့် တိုင်းပြည်ကို တည်ဆောက်၍ မရကြောင်း၊ ကဏ္႑အသီးသီးတွင် ဒေါင့်စေ့အောင်တည်ဆောက်ရကြောင်း၊ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်သောအခါ ကိုယ့်ကဏ္႑နဲ့ကိုယ် အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးတွင် အပြန်အလှန်လေးစားတန်ဖိုးထား အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ "မိမိကသာ စစ်တိုက်ရသူ၊ တောထဲမှာ အပင်ပန်းခံနေရသူဟု ဆိုကာ ပြည်သူကို အနိုင်ပိုင်းပြောဆိုမှုများ၊ ကိုယ့်တာဝန်နဲ့မဆိုင်သော အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ရေးရာ ကိစ္စများတွင် ဝင်ရောက်ချယ်လှယ်မှုများကို လုံးဝမပြုလုပ်ရန်လိုကြောင်း၊ အခြေအနေအရ မဖြစ်မနေဝင်ပါရန် လိုအပ်လျှင် နည်းလမ်းတကျ မှန်မှန်ကန်ကန် သက်ဆိုင်ရာလမ်းကြောင်းအတိုင်းသာ  ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ စစ်ဖက် အရပ်ဖက် ဟန္ခ်က္ညီညီလက္တြဲက ပြည်သူတစ်ရပ်လုံးနှင့် စည်းလုံးညီညွှတ်စွာတိုင်းပြည်အကျိုးကို ထမ်းရွက်ရန်လိုကြောင်း" ကိုပြောဆိုထားသည်။


အာရက္ခလူ့ဘောင်အား ပြန်လည်တည်ဆောက်ရန်အတွက် အင်စတီကျူးရှင်းများတွင် တပ်သိပညာရှင်၊ ကျွမ်းကျင်သူများ လိုအပ်ချက်ကိုလည်း (15) ကြိမ်မြောက် တပ်တော်နေ့ တပ်မှုးချုပ်သဝဏ်လွှာ စာမျှက်နှာ (4) တွင်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က "မြို့ပြများကို စနစ်တကျစီမံရန်၊ အုပ်ချုပ်ရေးလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှု အစိုးရယန္တယားဌာနများ ကောင်းမွန်စွာလည်ပတ်နိုင်ရန် လူ့အရင်းအမြစ်များလိုကြောင်း၊ ကဏ္႑အလိုက် လုပ်ငန်းပိုင်းဆိုင်ကျွမ်းကျင်မှုရှိသော လူငယ်လူရွယ်များ၊ ပညာရှင်များ၏ စွမ်းရည်များကို လိုအပ်ကြောင်း၊ ယခင်အစိုးရလက်ထက်က ဝန်ထမ်းများ၊ တတ်သိပညာရှင်၊ ကျွမ်းကျင်သူများအနေဖြင့် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှု အကျင့်ဆိုးများကို ခြာခ်ကာ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း" ပြောဆိုထားသည်။


အာရက္ခလူ့ဘောင်အား အမှီအခိုကင်းကာ တရားမ်ွတ၊ လွတ်လပ်သော လူ့ဘောင်တရပ်ဖြစ်လာရန် အင်စတီကျူးရှင်းများကို ကျင့်ဝတ်စံနှုန်းများနှင့်အညီ တည်ဆောက်နိုင်ရန် အ ရေးကြီးပါသည်။ အာရက္ခလူ့ဘောင်သည် အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူများ၏ ဖိနှိပ်မှုအောက်တွင် အချိန်ကာလ မ်ား စွာရှိနေခ့ဲသည့်တိုင်အောင် " ကျင့်ဝတ်စံနှုန်း သီလ တရားကို ပြန်လည်ဖေါ်ကျူးမှု၌ အမျိုးသားမာန်ရှိသော လူ့ဘောင်တရပ်လည်း" ဖြစ်ပါသည်။ အမျိုး၊ သီလ နှစ်ဌာနကို စောင့်ရှောက်သည် ဟူ၍ ကျင့်ဝတ်စံနှုန်းကို ပြန်လည်အောက်မေ့တတ်သော အလေ့အကျင့် ကောင်းများသည်လည်း အာရက္ခလူ့ဘောင်တွင်  စွဲမြဲနေပါသေးသည်။


ကျင့်ဝတ်စံနှုန်းပိုင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က " မိမိတို့သည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် အမှန်တရားကိုလိုလားသူများဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ရဲရင့်မှု၊ သဘောထားကြီးမှု၊ အခြေခံတန်ဖိုးများနှင့် အာရက္ခပြည်သူလူထုနှင့် သမိုင်း၏ တောင်းဆိုချက်အရ ဆက်လက်ပြီးတိုက်ပွဲဝင် တည်ဆောက်သွားမည်ဖြစ်ကြောင်း'' ကို (15) ကြိမ်မြောက် တပ်တော်နေ့ တပ်မှုးချုပ်သဝဏ်လွှာ စာမျှက်နှာ (5) တွင် ဖော်ပြထားပါသည်။


သို့ဖြစ်၍ လက်ရှိအချိန်တွင် ကျင့်ဝတ်စံနှုန်းများကို ပျက်ရယ်ပြုတတ်သော ကုန်းဆင်းလိုက်ပါသူ (Free Riders) များနှင့် (Elite Orientation) ထိပ်ပိုင်းအလွှာကိုသာချဉ်းကပ်မှု မည်မျှပင် ခေါင်းထောင်နေပါစေ... အာရက္ခပြည်သူလူထု၏ လွတ်လပ်မှု၊ တရားမျှတမှုနှင့် အမွန္တရားကို ကျင့်ဝတ်စံနှုန်းများနှင့်အညီ တည်ဆောက်မှုအား ထိုသူများသည် အဟန့်အတားပြုနိုင်မည်ကားမဟုတ်ပေ။

Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)