အခွန်ဖြင့် သတ်ဖြတ်ခြင်း
အခွန်ဖြင့် သတ်ဖြတ်ခြင်း
အခွန် ဟူသည် အဘယ်နည်း။
"ဘောဂဗေဒစကားရပ်အရ အခွန်ကောက်ခံခြင်းဆိုသည်မှာ အိမ်ထောင်စုများ သို့မဟုတ် လုပ်ငန်းများထံမှ ပိုင်ဆိုင်မှုများကို နိုင်ငံတော်သို့ လွှဲပြောင်းခြင်းဖြစ်သည်" ဟု ယဉ်ကျေးစွာ အဓိပ္ပါယ်ဖွင့်ထားသည်။ သာမန္လူမ်ား တိုက်ရိုက်နားလည်ရန် အဓိပ္ပါယ်ဖွင့်ရပါက " အခွန်ဟူသည် မိမိ၏ ပိုင်ဆိုင်မှု၊ ခံစားခွင့်များကို အုပ်ချုပ်သူထံ မိမိမွ လွဲပြောင်း ပေးနေရခြင်း" ဖြစ်သည်။ မိမိဘဝ ရှင်သန်မှု အစိတ်အပိုင်းများကို အုပ်ချုပ်သူထံသို့ လွဲပြောင်း ပေးနေရခြင်းလည်းဖြစ်သည်။
"အဘယ်ကြောင့် ထိုသို့ မိမိ၏ ပိုင်ဆိုင်မှု၊ ခံစားခွင့်များကို အုပ်ချုပ်သူထံ လွဲပေး နေရပါသနည်း။"
လွဲပေးရသည်အကြောင်းတရားမှာ "တန်းတူညီမျျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှု၊ တိုးတက်မှု မ်ားကို မိမိနှင့် မိမိပတ်ဝန်းကျင်အတွက် အုပ်ချုပ်သူမှ ဖော်ဆောင်ရန်အတွက် အဖိုးအခ အနေဖြင့် ပေးခြင်းသဘော" ဖြစ်သည်။ "တန်းတူညီမျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှု၊ တိုးတက်မှု" တို့သည် "အသက်ရှင်သန်နေ သောလူတိုင်းအတွက် လိုအပ်ချက်"လည်း ဖြစ်သည်။ "မိမိ၏ ပိုင်ဆိုင်မှု၊ ခံစားခွင့်များ" သည် "မိမိ၏ ဘဝရှင်သန်နေထိုင်မှု၏ အစိတ်အပိုင်းများဖြစ်သည်။" သို့ဖြစ်၍ အခွန်အခ ဟူသည် "မိမိဘဝရှင်သန် နေထိုင်မှု အစိတ်အပိုင်းအချို့အား အုပ်ချုပ်သူထံကို လွဲပေးရခြင်း" ဖြစ်သည်။ တနည်းအား မိမိ၏ " အလုပ်သမား (အုပ်ချုပ်သူ) အား မိမိဘက်မှ လုပ်အားခ ပေးခြင်း" ဖြစ်သည်။
သို့ဖြစ်၍ အခွန်အခ ကိုပေးရခြင်း၏ မူလရည်ရွယ်ချက်မှာ- "တန်းတူညီမျျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှု၊ တိုးတက်မှု မ်ားကို အုပ်ချုပ်သူ ဘက်မှ ဖော်ဆောင်ရန် အတွက် ပေးခြင်း " ဖြစ်သည်။ ထိုကြောင့် ထိုအခွန်အခကို ကိုင်တွယ် စီမံသော အုပ်ချုပ်သူသည် မိမိနှင့် မိမိပတ်ဝန်းကျင်အတွက် "တန်းတူညီမျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှု၊ တိုးတက်မှုများ"ကို ဖော်ဆောင်ခြင်း ရှိ၊ မရှိ " ပြန်လည်စိစစ်ရသည့် တာဝန်သည် လူထုတွင်ရှိလာသည်။
အခွန်ကောက်ခြင်းကြောင့် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု နှင့် စီးပွားရေးချောင်လည်မှု မြင့်တက်ခြင်း လည်းရှိလာနိုင်သည်။ သို့မဟုတ် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်ကာ စီးပွားရေး ကျဆင်းလာခြင်းလည်းဖြစ်နိုင်သည်။အုပ်ချုပ်သူ၏ အခြန္မူဝါဒ အရ အကျိုးခံစားခွင့်ရသူနှင့် အကျိုးစီးပွားကို ထိခိုက်သူများလည်း ဒြန္တြဲ ရှိနေတတ်သည်။ သို့ဖြစ်၍ အကျိုးဆက်အနေဖြင့် အခွန်ကောက်ခံခြင်းသည် အငြင်းအခုံပြုရသည့် ကိစ္စရပ်ဖြစ်သည်။
အခွန်ပေးဆောင်ရခြင်း နှစ်မျိုး
ပေးဆောင်ရခြင်း ပုံစံ
အခွန်ပေးဆောင်ရခြင်း ပုံစံမှာ ယေဘူယျအားဖြင့် တိုက်ရိုက်ပေးဆောင်ရခြင်းနှင့် သွယ်ဝိုက်ပေး ဆောင်ရခြင်းဟူ၍ ယေဘူယျအားဖြင့် နှစ်မျိုးသာရှိသည်။
ပေးဆောင်ရသည့် အရာ
ပေးဆောင်ရသည့် အရာများတွင်လည်း ယေဘူယျအားဖြင့် "တန္ဖိုးအ ပေါ်မူတည်၍ ပေးရခြင်းနှင့် အ ရေအတွက်အ ပေါ်မူတည်၍ ပေးရခြင်း"ဟူ၍ နှစ်မျိုးသာရှိသည်။
တိုက်ရိုက်ပေးဆောင်ရခြင်း
တိုက်ရိုက်ပေးဆောင်ရခြင်း ဟူသည် "မိမိတွင် ရရှိပိုင်ဆိုင်ထားသော" ပစ္စည်း ဥစ္စာများအား တန်ဖိုးအလိုက်၊ အ ရေအတွက် အလိုက် တိုက်ရိုက်ကောက်ခံခြင်း" ဖြစ်သည်။ ဥပမာ- တိုက်အိမ်ပိုင်သော သူအား သူ၏ တိုက်အိမ်၏ တန်ဖိုးအလိုက်၊ သာမန် အိမ်ပိုင်သော သူအား သူ၏ သာမန်အိမ်၏ တန်ဖိုးအလိုက် တနှစ်တကြိမ် လာရောက်ကာ တိုက်ရိုက် ကောက်ခံခြင်းမျိုးဖြစ်သည်။ တိုက်အိမ်အား ကောက်ခံသည့် အခွန်တန်ဖိုးနှင့် သာမန်အိမ်အား ကောက်ခံသည့် တန္ဖိုးမွာ တူမည်မဟုတ်ပေ။ ထိုအတူ အိမ်တစ်အိမ်ရှိသောသူအား ကောက်ခံမည့်တန်ဖိုးနှင့် အိမ်နှစ်အိမ်၊ သုံးအိမ်ရှိသောသူအား ကောက်ခံမည်တန်ဖိုးမှာလည်း တူမည်မဟုတ်ပေ။
သွယ်ဝိုက်ပေးဆောင်ရခြင်း
သွယ်ဝိုက်ပေးဆောင်ရခြင်း ဟူသည် " လက်ပြောင်း လက္လြဲ ပြုခြင်း တနည်း ရောင်းဝယ်ခြင်း အပေါ်တွင် တန္ဖိုးအရ သို့မဟုတ် အရေအတွက်အရ ပေးဆောင်ရခြင်း " ဖြစ်သည်။
နေ့စဉ်ဘဝရှင်သန်မှုစားဝတ်နေရေးနှင့် အခွန်
လူတစ်ဦးချင်းအလိုက် မည်သူမဆို မိမိ၏ နေ့စဉ်ဘဝရှင်သန်မှု စားဝတ်နေရေး ကိစ္စတွင် အုပ်ချုပ်သူအား အခွန်ဆောင်နေရသည်။ နေရင်း၊ ထိုင်ရင်း၊ အသက်ရှူ နေရင်း နှင့်ကို အချိန်တိုင်းအခွန် ဆောင်နေရသည်။ မည်သို့ မည်ပုံ ထိုသို့အခွန်ဆောင်နေရသနည်းဆိုသော် " ဥပမာ- လူတစ်ဦးသည် မနက်အိပ်ယာထပါက သွားတိုက်မည်၊ မျှက်နှာသစ်မည် ဖြစ်သည်။ သွားတိုက်မည်ဖြစ်၍ သွားတိုက်ဆေးလိုလာသည်။ သွားတိုက်ဆေးလိုလာသဖြင့် သွားတိုက်ဆေးကို ဝယ်ထားရသည်။ထို သွားတိုက်ဆေး မိမိလက်ထဲ ရောက်လာပုံကို ပြန်ဆန်းစစ်ကြည့်လျျှင် -
မိမိ ဝယ်သော သွားတိုက်ဆေးသည် " နဂို မူရင်းတန်ဖိုးအရ" ဆိုလျှင် ငွေ (1500) လောက်သာကျမည်။ ထို (1500) တန်သော ပစ္စည်းအား ကုန်သည်မှ သူ့အတွက် သယ်ယူပို့ဆောင်စရိတ် နှင့် အမြတ်ကျန်အောင် (1800)ကျပ် ဖြင့် ရောင်းမည်။ ကုန်သည်က ထို (1800) ဖြင့်ရောင်းမည့် သွားတိုက်ဆေးအား သယ်ယူလာသောအခါ လမ်းတွင် အုပ်ချုပ်သူ၏ ဂိတ္ကို ဖြတ်ရသည်။ ဂိတ်ဖြတ်ရာတွင် ဖြတ်သန်းခ (100) ပေးလိုက်ရသည်။ နောက်တဂိတ်ကို ဖြတ်လျှင်လည်း ဖြတ်သန်းခ (100) ပေးလိုက်ရသည်။ ထိုအခါ ကုန်သည်က ထို (1800) ဖြင့်ရောင်းမည့်သွားတိုက်ဆေးအား ဖြတ်သန်းခ ကုန်ကျစာရိတ် (200) ကိုပါ ထည့်ပေါင်းလိုက်သောအခါ သွားတိုက်ဆေး၏ တန်ဖိုးသည် (2000) ကျပ်ဖြစ်လာသည်။ ထို (2000) ကျပ်တန် သွားတိုက်ဆေးအား ဆိုင်တွင် ခ် ရောင်းသောအခါ ဆိုင်ခ အခွန် (200) အား အုပ်ချုပ်သူမှ လာကောက်ပြန်သည်။ ထိုအခါ သွားတိုက်ဆေးအား (2000) ကျပ်ဖြင့် ရောင်းချရန် ပြင်ဆင်ထားသော ကုန်သည်မှာ ဆိုင်ခ အခွန် (200) က်ပ္ကို ကာမိစေရန် သွားတိုက်ဆေးအား (2200)ကျပ် အထိ ဈေးတင်လိုက်ရ တော့သည်။ ထိုသွားတိုက်ဆေး (2200) ကျပ်အား ဝယ်ယူလိုက်သူမိမိသည် ထိုသွားတိုက်ဆေး၏ မူရင်းတန်ဖိုးလောက်ကိုသာ ပေးရသည်မဟုတ်တော့ဘဲ အုပ်ချုပ်သူ၏ ဂိတ္ကို ဖြတ်ခနှင့် ဆိုင်ခ အခြန္ကိုပါ ပေးနေရသည့် သ ဘောဖြစ်နေ တော့သည်။ ဤသို့ဖြင့် သွားတိုက်လိုက်တိုင်း တိုက်လိုက်တိုင်း မိမိတို့သည် အုပ်ချုပ်သူအား အခွန်ပေးနေရသည့် သ ဘောဖြစ်နေတော့သည်။ မိမိတို့၏ နေစဉ် လိုအပ်သော အသုံးအဆောင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများကို ကြည့်လျှင် အုပ်ချုပ်သူဖက်က တနည်းနည်းဖြင့် အခွန်ကောက်ထားမှုကို ခံထားရေသာ ပစ္စည်းများသာ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ဤသို့ဖြင့် လူတစ်ဦးချင်းအလိုက် မည်သူမဆို မိမိ၏ နေ့စဉ်ဘဝရှင်သန်မှု စားဝတ်နေရေး ကိစ္စတွင် အုပ်ချုပ်သူအား အခွန်ဆောင်နေရသည် ကို တွေ့ရမည်ဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် ဂိတ် ဖြတ်သန်းခ နှင့် ဆိုင်ခ အခွန်သည် ကုန်သည်အတွက် "တိုက်ရိုက်အခွန်" ဖြစ်ပြီး သွားတိုက်ဆေးကို ဝယ်ယူသူအတွက်တော့ "သွယ်ဝိုက်အခွန်" ဖြစ်သည်။
အခွန်အခ ကိုပေးရခြင်း၏ မူလရည်ရွယ်ချက်မှာ- "တန်းတူညီမျျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှု၊ တိုးတက်မှု မ်ားကို အုပ်ချုပ်သူ ဘက်မှ ဖော်ဆောင်ရန် အတွက် ပေးခြင်း " အတြက္သာ ဖြစ်ရာ ထိုက့ဲသို့ " တိုက်ရိုက်အခွန်၊ သွယ်ဝိုက်အခွန်" များပေးနေရခြင်းကြောင့် ပို၍တန်းတူညီမျှသော၊ ပို၍ တရားမ်ွတေသာ၊ ပို၍ လွတ်လပ်သော၊ ပို၍ တိုးတက်သော အ ခြေအနေကို ရရှိခံစားနေရသလားဟု ပြန်ဆန်းစစ်စရာရှိသည်။ အမေရိကန်သမိုင်းတွင် ထင်ရှားသော တရားသူကြီးတစ်ဦးဖြစ်သူ အိုလီဗါ ဝင်ဒဲလ် ဟော်လမီစ် ဂျူနီယာ ( Oliver Wendell Holmes Jr.) က " အခွန်ဆိုသည်မှာ ယဉ်ကျေး တိုးတက်သော လူ့အဖွဲ့အစည်းအတွက် ပေးရသော အဖိုးအခ ဖြစ်သည်" ဟု ဆိုထားသည်။
အခွန်အခ ၏ သ ဘောတွင် အခွန်အခ ကြောင့် လုပ်ငန်းနှင့် လူထု၏ အသက်ရှင်သန်တိုးတက်မှုကို အတားအဆီး ဝန်ပိစေ၍ မရ ချေ။ သို့ဖြစ်၍ အုပ်ချုပ်သူများသည် အ ခြေအနေ ကိုလိုက်၍ အခွန်ဖြေ လျော့မှုနှင့် အခွန်ကင်းလွတ်မှုကိုလည်း ဆောင်ရွက်ကြခြင်းဖြစ်သည်။
ဆိုရှယ်ဒီမိုကရက်တစ် စံနှုန်းအရ စီးပွားရေးနှင့် ဈေးကွက်ကို ထိန်းညိ့ှခြင်း
ဆိုရှယ်ဒီမိုကရက်တစ် စံနှုန်းအရ လွတ်လပ်သော ၊ ဒီမိုကရေစီဆန်သော ဈေးကွက်စီးပွားရေးစနစ်ကို အားပေးသည်။ လူထုအတွက် အကျိုးစီးပွား ထိခိုက်မှုဖြစ်လာသည့် အခြေအနေမျိုးတွင် လိုအပ်ပါက စီးပွားရေးနှင့် ဈေးကွက် အပေါ်တွင် အစိုးရမွ ဝင်ရောက်စွက်ဖက်သည်။ အစိုးရမွ ဝင်ရောက်စွက်ဖက်သည် ဆိုရာတွင်လည်း အာဏာပြ အမိန့်ထုတ်၍ စွက်ဖက်ခြင်းမျိုးမဟုတ်ပေ။ စီးပွားရေးရပ်ဝန်းတွင် အလုပ်ရှင်၊ အလုပ်သမား၊ ကုန်သည်၊ စားသုံးသူ အပါအဝင် အကျိုးစီးပွား ဆက်စပ်သူများ ပါဝင် ဆုံးဖြတ်ချက်ချမှတ်သည့် ပုံစံမျိုးကို အစိုးရမွ ဦးဆောင်၍ ပျိုးထောင်ယူသည့် ပုံစံမျိုးဖြင့် စွက်ဖက်ခြင်းဖြစ်သည်။
ဥပမာ- အစိုးရမွ လယ္သမားမ်ားကို စိုက်ပျိုးရေး ချေးငွေ ထုတ်ပေးခြင်း၊ မျိုးစေ့၊ မြေသြဇာ မွအစ သွင်းအားစုများအတွက် ထောက်ပံကူညီမှုပေးခြင်း တို့သည် စီးပွားရေးအ ပေါ် အစိုးရမွ ဝင်ရောက်စွက်ဖက်ခြင်း သဘောမျိုးဖြစ်သည်။ အ သေးစား အိမ်တွင်းလုပ်ငန်းများအား ချေးငွေ ထုတ်ပေးခြင်း၊ အရင်းအနှီးများမတည်ပေးခြင်းသည်လည်း အတူတူပင်ဖြစ်သည်။ ထိုသို့ အထောက်အပံများ ပေးထားပြီးနောက်တွင် ကုန်ထုတ်လုပ်မှုများရှိလာ၍ ထုတ်ကုန်များအပေါ် ဈေးနှုန်းအား သတ်မှတ် ထိန်းညိ့ှပေးသည်။ ဈေးနှုန်းအား သတ်မှတ်ထိန်းညိ့ှနိုင်ရန် အားထုတ်မှုတွင် သုံးစွဲဝယ်ယူသူ လူထုအကျိုးစီးပွားနှင့် ရောင်းချ ထုတ်လုပ်သူ၏ အကျိုးစီးပွား နှစ်ခုကြားတွင် ဟန်ချက်ညီအောင် မနစ်နာအောင် စီမံခန့်ခွဲယူသည်။ ဈေးနှုန်းအား ထိန်းသိမ်းရန် လိုအပ်ပါက အခြန္ကို ကင်းလွတ်ခွင့်ပေးသည်။ ဆိုရှယ်ဒီမိုကရက်စံနှုန်းတွင် ထိုသို့ ဆောင်ရွက်ခြင်းများ၌ အစိုးရသည် အကျိုးစီးပွား ဆက်စပ်သူ အားလုံးကို ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်နိုင်စေရန်အားထုတ်သည်။ ထိုသို့အားထုတ်လာသည့်အတွက် ဘက်ပေါင်းစုံမှ အသံမ်ားကို ကြားသိခွင့်ရလာကာ ဆုံးဖြတ်ချက်နှင့် မူဝါဒအား ခိုင်ခိုင်မာမာချမှတ်လာနိုင်သည်။ အာဏာရှင် ဆန်သော အစိုးရမ်ားက အမိန့်အာဏာပြမှု၊ အဂတိတရား၊ ဘက်လိုက်မှုများဖြင့် ဆောင်ရွက်ကာ လူထုအသံမွာ ပျောက်ကွယ်နေ တော့သည်။ အာဏာရှင်ဆန်သော အစိုးရများလက်အောက်တွင် အခွန်ကင်းလွတ်ခွင့်၊ အခွန်လျော့ပေါ့ခွင့်ဟူသည် အဂတိတရားမ်ား ပြည့်လျှံနေသော အရာဖြစ်ပြီး စီးပွားရေးတန်းတူညီမျှမှု ပျောက်ဆုံးကာ လက်ဝါးကြီးအုပ် ခရိုနီများကိုသာ မွေးထုတ်ပေးတတ်သော သ ဘောလည်းရှိနေသည်။
သို့ဖြစ်၍ ဆိုရှယ်ဒီမိုကရက်စံနှုန်းအား မည်မျှ အစပျိုးထားသည်ဆိုသည်ကို စီးပွားရေးဆိုင်ရာ လုပ်ရပ်များတွင် အာဏာရှိသူများသည် ကုန်ပစ္စည်းတစ်ခုချင်းစီ၏ သွင်းအားစုများဖြစ်သော
- အရင်းအနှီးငွေကြေးအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- လုပ်အားအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- နည်းပညာအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- ကုန်ကြမ်းပစ္စည်းအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- ကုန်ထုတ်ပစ္စည်းကိရိယာအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- သယ်ယူပို့ဆောင်ရေး အပေါ်တွင် အရင်းအနှီးအပံအပိုး မည်မျှရှိပါသနည်း။
- ဈေးကွက်အပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။ ဆိုသည့်အချက်များပါရှိသည့် မူဝါဒမျိုးကို လူထုအားခ်ျပ နေခြင်းရှိ၊ မရှိ ဖြင့်လည်း တိုင်းတာနိုင်သည်။
အစိုးရတရပ်သည် သူ၏ လုပ်ငန်းလည်ပတ်စေရန် အခွန်ကောက်ရန် လိုသည်။ ဆိုရှယ်ဒီမိုကရက်တစ်စနစ်ကို ပင်တိုင်ကျင့်သုံးနေ သော Nordic နိုင်ငံများတွင် အစိုးရများသည် အခြန္ကို ပိုမိုကောက်ခံကြသည်။ ကောက်ခံကြသ လောက်လည်း စီးပွားရေးတွင် ပြည်သူလူထုအား အထောက်အပံများ၊ အရင်းအနှီးများကို ပိုမို ပြန် ပေးထားသည်။ ဤသို့ဖြင့် Nordic နိုင်ငံများတွင် ပြည်သူလူထုသည် ၎င်းတို့၏ အခွန်အခ ဖြင့် "လူဖြစ်ရကျိုးနပ်သော နေရာ" တစ်ခုဖြစ်အောင် တည်ဆောက်ထားနိုင်ကြသည်။ အမေရိကန် တရားသူကြီး အိုလီဗါ ဝင်ဒဲလ် ဟော်လမီစ် ဂျူနီယာ စကားဖြင့် ပြောလျှင် Nordic နိုင်ငံများသည် ၎င်းတို့၏ တိုက်ရိုက်အခွန်၊ သွယ်ဝိုက်အခွန်များဖြင့် " ယဉ်းကျေးသော၊ တိုးတက်သော လူ့အဖွဲ့အစည်းများ" ကို တည်ဆောက်ထားနိုင်ကြသည်။
အာဏာရှင်ပုံစံ ဖြစ်နေသော ရပ်ဝန်းများတွင်တော့ လူထုသည် ၎င်းတို့၏ အခွန်အခဖြင့် " ဘဝရှင်သန်မှုကို သတ်ဖြတ်ခံနေရသည်။"
အာရက္ခလူ့ဘောင် နှင့် ဆိုရှယ်ဒီမိုကရက်တစ် စီပွားရေး
ULA/AA ဘက္က အာရက္ခလူ့ဘောင်အား ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းဖြင့် တည်ဆောက်မည်ဟု စကားချီးသန်းထားသည်။ အာရက္ခလူထုအနေဖြင့် စီးပွားရေးသွင်းအားစုများကို ULA/AA ဘက်မှ အထောက်အပံ ပေးမှုကိုလည်း မရရှိနိုင်သေးပါ။ အာရက္ခလူထု၏ အခြေခံ လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သော မျိုးစေ့၊ မြေသြဇာ၊ စိုက်ပျိုးရေး ပစ္စည်းများအပေါ်တွင် ULA/AA ဘက်မှ အထောက်အပံများ မတည်ပေးမှုများရှိမ နေသေးပါ။ အာရက္ခလူထု၏ နောက်ထပ်အ ခြေခံလုပ်ငန်းဖြစ်သော ရေလုပ်ငန်းများအတွက်လည်း မည်သည့်အရင်းအနှီးကိုမှ မပေးနိုင်သေးပါ။ အရင်းအနှီး အထောက်အပံများ မ ပေးနိုင်လျှင်တောင်မှ အဆိုပါလုပ်ငန်းများ အတွက် လိုအပ်သော သွင်းအားစုများအပေါ် အခွန်လျော့ပေါ့ပေးခြင်း၊ အခွန်ကင်းလွတ်ပေးခြင်းမျိုးလည်း ရှိမလာသေးပါ။ အခွန်ကင်းလွတ်ပေးခြင်းမျိုးမရှိ ခ့ဲလျှင်တောင် ဆိုရှယ်ဒီမိုကရက်စံနှုန်းအတွက် "စီးပွားရေးဒီမိုက ရေစီ ရပ်ဝန်း" တရပ်ပေါ် ပေါက်လာစေရန် လက်ရှိ အောက်ခြေအဆင့်တွင် မြေစမ်းခရမ်းပျိုးမှု အရိပ်အယောင်များလည်း အာရက္ခလူ့ဘောင်တွင် လက်ရှိ အခြေအနေထိ ရှိမလာသေးပါ။
အာရက္ခပြည်၏ ကုန်ဈေးနှုန်းသည် လက်ရှိအချိန်ထိ ကြီးမြင့်နေဆဲဖြစ်သည်။ ထိုသို့ ကြီးမြင့်ရသည့် အကြောင်းရင်းများထဲတွင် သယ်ယူပို့ဆောင်ရေး စာရိတ် ကုန်ကျမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ULA/AA ဘက်မှ ကုန်ကျစာရိတ်သက်သာသည့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ယဉ် ယန္တယားများကို တည်ထောင်၍ ပြည်သူလူထုအား ဝန်ဆောင်မှုပေးပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို တနည်းတဖုံ လျော့ချ ပေးနိုင်မည်ဖြစ်သည်။ ULA/AA ၏ ယဉ်များဖြင့် သယ်ယူပို့ဆောင်ရေးကို စာရိတ္သက္သာစြာ ပြေးဆွဲ ပေးလျင် သယ်ယူပို့ဆောင်ရေးစာရိတ်ကြောင့် တက်နေသည့် ကုန်ဈေးနှုန်း အချို့တဝက်သည် သက်သာသွားနိုင်မည်ဖြစ်သည်။ အခွန်အခ နေရာတွင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်ခ ဘက္ကို ရောက်သွားမည်ဖြစ်သည်။ ဆိုရှယ်ဒီမိုကရက်စံနှုန်းအရ ကြည့်လျျှင်လည်း ပြည်သူလူထု၏ ကုန်ဈေးနှုန်းကြီးမြင့်မှုဝန်ထုတ် ဝန်ပိုးအပေါ် အစိုးရမွ ဝင်ရောက်စွက်ဖက် ကူထမ်းပိုးပေးခြင်း သ ဘောလည်းဖြစ်နေမည်ဖြစ်သည်။ ဤသို့ အစိုးရမွ ကနဦးမတည်၍ အ ကောင်အထည်ဖော်ယူရမည့် လုပ်ငန်းများစွာကို အာရက္ခလူ့ဘောင်မှာ လိုအပ်လျက်ရှိနေပါသည်။ ထိုသို့ လုပ်ငန်းများတွင် လက်ဝါးကြီးအုပ်စနစ်မျိုး ဖြစ်မလာစေရန် အာရက္ခပြည်၏ မြေပြင် အနေအထားနှင့် ကိုက်ညီမည့် ပုဂ္ဂလိကနှင့် အစိုးရဖက်စပ်ပုံစံမျိုး ကို ကျင့်သုံးနိုင်သည်။ အပြန်အလှန် ထိန်းကျောင်းမှုနှင့် ဒီမိုကေရစီ စီးပွားရေးရပ်ဝန်း ရှင်သန်လာစေရန် စုပေါင်းစပ်ပေါင်း စနစ်မျိုးကိုလည်း ကျင့်သုံးနိုင်သည်။ အခြားသင့်လျော်ရာ ပုံစံတမျိုးမျိုးကိုလည်း ကျင့်သုံးနိုင်သည်။ အဘယ်ကြောင့် ဆိုသော် ULA/AA အနေဖြင့် ကုန်းလမ်းအတွက် မော်တော်ကား မတည်ဆောက်နိုင်သော်လည်း ရေလမ်းအတွက်တော့ မော်တော်စက်လှေများ တည်ဆောက်နိုင်၍ ဖြစ်သည်။ လွတ်လပ်သော ဈေးကွက်ကို အားပေးသည့်အနေဖြင့် အျခားသူမ်ား၏ မော်တော်စက်လှေများကို ပြည်သူပိုင်သိမ်းစရာမလိုပေ။ ULA/AA အနေဖြင့် အစိုးရပိုင်စက်လှေများကို တည်ဆောက် ပြေးဆွဲကာ ပြည်သူလူထုအား ဝန်ဆောင်မှုပေး၍ ရသည်။ အာရက္ခလူထုအတွက် ထောက်ခံစာ ဝန်ဆောင်မှုထက် လူမှုစီးပွားဘဝကို အစိုးရမွ မောင်းနှင်ပေးနိုင်သည့် ဝန်ဆောင်မှုမျိုးက ပို၍ အသက်ရှူဖြောင့်နိုင်မည်ဖြစ်သည်။
Comments
Post a Comment