ဝင်ရောက်စွက်ဖက် ဆောင်ရွက်မှုအား ခွင့်ပြုပေးရခြင်းနှင့် ကျူးကျော်ခံရခြင်း
ဝင်ရောက်စွက်ဖက် ဆောင်ရွက်မှုအား ခွင့်ပြုပေးရခြင်းနှင့် ကျူးကျော်ခံရခြင်း
ဝင်ရောက် စွက်ဖက်ဆောင်ရွက်မှုအား ခွင့်ပြုပေးရခြင်းနှင့် ကျူးကျော်ခံရခြင်း တို့သည် မတူပေ။ လူ့သဘာဝတွင် တစ်ဦးတည်း ဖြေရှင်းရန် မတတ်နိုင်သည့် ကိစ္စရပ်များ၌ အျခားသူထံမွ အကူအညီကို ယူရသည့် ဖြစ်စဉ်များရှိသည်။ နိုင်ငံများ၊ လူ့အသိုက်အမြုံများတွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ တစ်နိုင်ငံတည်း ဖြေရှင်းရန် မတတ်နိုင်သော ဖြစ်စဉ်များတွင်လည်း အခြားနိုင်ငံများ၏ အကူအညီကိုရယူကြရသည်။ လူတစ်ဦးတွင် မိမိ၏ ကိစ္စရပ်ပြဿနာ သည် မိမိ၏ အတွင်းစည်းအဝိုင်းအဝန်းဖြစ်သည်။ အခြားသူတစ်ဦးအား မိမိ၏ ကိစ္စရပ်ပြဿနာ အပေါ် ကိုင်တွယ်ပေးရန် တံခါးဖွင့်ပေးရခြင်းသည် မိမိ၏ အတွင်းစည်း အဝိုင်းအဝန်းသို့ ဝင်ရောက်ရန် လက်ခံပေးရသည့် သဘောလည်းဖြစ်သည်။ မိမိ၏ အတွင်းစည်း အဝိုင်းအဝန်း ဟူသည် နိုင်ငံတစ်နိုင်ငံ၊ လူ့အသိုက်အမြုံ တစ္ခု အတွက် ပြောရပါမူ ထို နိုင်ငံ၊ ထိုလူ့အသိုက်အမြုံ၏ အချုပ်အခြာ အာဏာ နယ်ပါယ်ပင်ဖြစ်သည်။ အခြားနိုင်ငံ၊ အခြားလူ့အသိုက်အမြုံ မ်ားမွ အကူအညီကိုရယူရသည့် သဘောသည် နိုင်ငံတစ်ခု၊ လူ့အသိုက်အမြုံတစ်ခုအနေဖြင့် မိမိ၏ အချုပ်အခြာ အာဏာအဝိုင်းအဝန်း၏ ကိစ္စရပ်အပေါ် အခြားအချုပ်အခြာအာဏာများကို "ဝင်ရောက်စွက်ဖက် ဆောင်ရွက်ရန် ခွင့်ပြု ပးလိုက်ရသည့် သ ဘောဖြစ်သည်။"
ဝင်ရောက်ဆောင်ရွက်ခြင်းစံနှုန်း နှင့် အချုပ်အခြာအာဏာ စံနှုန်းကြား လွန်ဆွဲမှု
နိုင်ငံတစ်ခု၊ လူ့အသိုက်အမြုံတစ်ခု၏ အချုပ်အခြာအာဏာဟူသည် ထိုနိုင်ငံ၊ ထိုလူ့အသိုက်အမြုံ၏ ပြည်သူလူထုများအား ဘေးကင်းလုံခြုံ သာယာဝ ပြောရန် ဆောင်ရွက်ရမည် တာဝန်ရှိသည်။ ထိုတာဝန္ကို ဆောင်ရွက်ရန် မိမိတစ်ဦးတည်း မတတ်နိုင်ပါက အခြားအချုပ်အခြာအာဏာများ၏ အကူအညီကို ရယူရသည်။ (အချုပ်အခြာအာဏာ သေဘာသဘာဝအား လီဗီးယားသန်တွင် ဖတ်နိုင်ပါသည်။)
အချုပ်အခြာအာဏာ၏ သဘောတွင် မိမိကိစ္စအပေါ် မိမိဖာသာ ဆုံးဖြတ်မှု တနည်းအားဖြင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် သဘောသည်ပါသည်။ တပါးသူ၏ ကိစ္စရပ်အပေါ် ဝင်ရောက်စွက်ဖက်ခြင်းသည် မူလသဘောအရဆိုလျှင် လူသားစံနှုန်းအရ ရိုင်းစိုင်းသော အပြုအမှုဖြစ်သည်။ ထိုအတူ နိုင်ငံတစ်ခု၊ လူ့အသိုက်အမြုံ တစ္ခု၏ ကိုယ့်ကိစ္စအပေါ် ကိုယ့်ဖာသာ ဆုံးဖြတ်မှုကို အခြားသော နိုင်ငံတစ်ခု၊ လူ့အသိုက်အမြုံတစ်ခုမှ ဝင်ရောက်စွက်ဖက်ခြင်းသည်လည်း ရိုင်းသောအပြုအမှုဖြစ်သည်။ သို့ရာတွင် လူတစ်ဦးဖြစ်စေ၊ နိုင်ငံတစ်ခု လူ့အသိုက်အမြုံ တစ်ခုဖြစ်စေ
1- မိမိကိစ္စရပ်ပြဿနာ အား မိမိဖာသာ ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲ ရှိနေ သောအခါ
2- မိမိ၏ ကိစ္စရပ်ပြဿနာသည် အခြားသူတစ်ဦးကိုဖြစ်စေ၊ အခြားနိုင်ငံ အခြားလူ့အသိုက်အမြုံ တစ္ခုကို ဖြစ်စေ ထိခိုက်မှုရှိနေသော အခါ
ထိုက့ဲသို့ ကိစ္စရပ်များ၌ မိမိကိစ္စရပ်ဖြစ်၍ မိမိပြဿနာအား မိမိဖာသာ ဆုံးဖြတ်ကိုင်တွယ်ယုံဖြင့် မလုံလောက်တော့ချေ။ ထိုအခါ အခြားသောသူများ၏အကူအညီကိုရယူရန်အတွက် မိမိ၏ အတွင်းစည်းအဝိုင်းအဝန်းထဲသို့ ဝင်လာရန် တံခါးပွင့်ပေးရ တော့သည်။
ကျင့်ဝတ်ဘက်မှ ကြည့်လျှင်လည်း လူတစ်ဦးဖြစ်စေ၊ နိုင်ငံတစ်ခု လူ့အသိုက်အမြုံတစ်ခုဖြစ်စေ အခြားသူတစ်ဦးဦးကို ကိုယ့်ကြောင့် ဝန်ထုတ်ဝန်ပိုး အခက်အခဲ မဖြစ်စေသင့်ပေ။ ထိုပြင် လူတစ်ဦးဖြစ်စေ၊ နိုင်ငံတစ်ခု လူ့အသိုက်အမြုံတစ်ခုဖြစ်စေ အခက်အခဲ ဖြစ်နေသူအား ကိုယ်တပ်နိုင်သလောက် ဖေးမကူညီရန် တာဝန်လည်း လူ့လောက ကျင့်ဝတ်အရ ရှိနေသေးသည်ပင်။
တလွဲတချော် ဇာတိမာန်နှင့် လိုတမျိုး မလိုတမျိုး အမူအကျင့်
မြန်မာ့ လူ့ဘောင်၏ အုပ်ချုပ်သူအဆက်ဆက် သည် အနှစ်သာရအားဖြင့် " အချုပ်အခြာအာဏာ" အား ပြည်သူလူထုပိုင်သောအရာဆိုသည့်ဘက်မှ အဓိပ္ပါယ်ဖွင့်ဆိုမှု ပျောက်ဆုံးနေခ့ဲသော လူ့ဘောင်တစ်ခုလည်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် " အချုပ်အခြာအာဏာ ကိစ္စ" အား နိုင်ငံရေးကိစ္စဟူမြင်ပြီး နိုင်ငံရေးကိုကား " မိမိ၏ အသက်ရှင်ရပ်တည်မှုကိစ္စ၊ မိမိစားဝတ်နေရေးကိစ္စ" ဟုမမြင်သည်မှာ ကြာခ့ဲပြီဖြစ်သည်။ ဤသို့ဖြင့် မိမိ၏ကိစ္စကို မိမိနားမလည်နိုင်အောင် ပြုထားသည့် အတွေးအခေါ်များဖြင့် ဒစ်လည်နေသော လူ့ဘောင်တစ်ရပ်အတွက် " အခက်အခဲ ဖြစ်လာသည့်အချိန်တွင် ကိုယ့်ကိစ္စကို ကိုင်တွယ် ဖြေရှင်းရန်မှာလည်း အတားအဆီးမ်ားကို ရင်ဆိုင်နေရမည်ဖြစ်သည်။ ပညာရေး၊ ကျမ်းမာရေး၊ လူမှုစီးပွားဘဝအရေးနှင့် အာဏာအင်စတီကျူးရှင်းများ ကိစ္စများသည် အချုပ်အခြာအာဏာ ကိစ္စများဖြစ်သည်။ မြန်မာ့လူ့ဘောင်၏ အုပ်ချုပ်သူများသည် ပညာရေးတွင် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သော ယူနီဆက်မှ ထောက်ပံနေခြင်း၊ ကျမ်းမာရေးတွင် WHO မွ ထောက်ပံနေခြင်း၊ အခြားလူမှုစီးပွားဘဝ အရေးများနှင့် အ ခြေခံအဆောက်အအုံများ ကိစ္စများတွင် WFP၊ FAO၊ UNDP၊ ICRC၊ ILO စသည့်အဖွဲ့အစည်းများမှ ထောက်ပံနေခြင်း စသည်တို့ကိုကား အခြားအချုပ်အခြာအာဏာမှ မိမိတို့၏ အချုပ်အခြာအာဏာအား "ဝင်ရောက်စွက်ဖက် ဆောင်ရွက်ခြင်းကို ခွင်ပြုပေးရခြင်း" အဖြစ်ပုံဖော်လေ့ သိပ်မရှိကြချေ။ "လူ့အခွင့်အရေး၊ တရားမျှတမှု၊ လူမျိုးစုငယ်များ၏တန်းတူညီမျှ မှု"တို့နှင့် ပတ်သက်၍ "အာဏာ အင်စတီကျူးရှင်းများအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများဘက်မှ ပြုပြင်ပြောင်းလဲရန် တိုက်တွန်းလာသည့်အခါ တွင်တော့ မြန်မာ့လူ့ဘောင်၏ အုပ်ချုပ်သူများသည် " မိမိတို့၏ အချုပ်အခြာအာဏာ၊ မိမိတို့ပြည်တွင်းရေးအား မိမိတို့ ဆုံးဖြတ်ခွင့်" စသဖြင့် အသံထွက်ပြကာ "ကျူးကျော်ထိပါးမှုအဖြစ်ပင် တံဆိပ်ကပ်" ၍ ငြင်းဆန်ပါယ်ချ တတ်ကြသည်။ ဥပမာ- ICC၊ ICJ စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ တရားမျှတမှု အတွက် ဝင်ရောက် ကိုင်တွယ်လာသောအခါ မြန်မာလူ့ဘောင်၏ အုပ်ချုပ်သူများသည် မိမိတို့၏ ပြည်တွင်းရေးကိစ္စအပေါ် " မိမိတို့၏ အချုပ်အခြာအာဏာ၊ မိမိတို့ပြည်တွင်းရေးအား မိမိတို့ ဆုံးဖြတ်ခွင့်" ဆိုသည့် စကားလုံးများဖြင့် အ ကြောင်းပြခုခံတတ်ကြသည်။ သေဘာတရားအရ ပညာရေးတွင် အျခားသူမ်ား၏ အကူအညီကိုယူရခြင်းသည် မိမိတို့၏ ပညာရေး အချုပ်အခြာအာဏာတွင် အခြားအချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက် ဆောင်ရွက်ရန် ခွင့်ပြုပေးထားရခြင်းဖြစ်သည်။ ကျမ်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ကိစ္စရပ်များတွင်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ အခု လက်ရှိ 2025 ခုနှစ် ငလျင်ကာလတွင် ကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှ အကူအညီမ်ား လာရောက်သည့် ကိစ္စသည်လည်း သေဘာတရားအရ အတူတူဖြစ်သည်။ မြန်မာလူ့အသိုက်အမြုံ၏ အချုပ်အခြာအာဏာသည် ပြည်သူလူထုကို ပြန်လည်ကယ်ဆယ်ရန် တာဝန်ရှိသည်။ သို့ရာတွင် လက်ရှိအနေအထားအရ မြန်မာ့လူ့အသိုက်အမြုံ၏ အချုပ်အခြာအာဏာသည် မိမိတို့ရင်ဆိုင်ရ သော ငလျင်ဒဏ်ကို မိမိဖာသာ မိမိဆုံးဖြတ်ချက်၊ မိမိအင်အားဖြင့် ဆောင်ရွက်ရန် လုံလောက်သော စွမ်းရည်မရှိပေ။ သို့ဖြစ်၍ နိုင်ငံတကာ၏ အကူအညီကို ယူရတော့သည်။ ဤသို့အခြေအနေမျိုးတွင် မြန်မာလူ့ဘောင်အပေါ် အုပ်ချုပ်သူဘက်မှ "မိမိတို့ပြည်တွင်းရေးကိစ္စ၊ ပြင်ပမှ လာရောက်စွက်ဖက်စရာမလို" ဟူသော အသံမ်ား မထွက်တော့ချေ။
ဤဖြစ်စဉ်များအပေါ် ကောက်ချက်ပြုရလျှင် မြန်မာလူ့ဘောင်၏ အုပ်ချုပ်သူအဆက်ဆက်သည် " နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက် ဆောင်ရွက်ခြင်း" နှင့် " ဇာတိမာန်" တို့အ ပေါ် အဓိပ္ပါယ်ဖွင့်ဆိုရာ၌ ပြည်သူလူထုအတွက် အနှစ်သာရရှိရှိ ဖွင့်ဆိုကာ ဆောင်ရွက်ရန် ပျက်ကွက် နေမှုက ရှိနေဆဲ ဖြစ်သည်။ " နိုင်ငံတကာစံနှုန်းအရ ဝင်ရောက်စွက်ဖက် ဆောင်ရွက်ခြင်း" ၏ အခြေခံသဘောတရားတွင် " ပြည်သူလူထု၏ အကျိုးစီးပွားအတွက် " ဖြစ်ရမည်ဟူသောအချက်ပါဝင်ပါသည်။ "အချုပ်အခြာအာဏာတစ်ခုသည် သူ၏ ပြည်သူလူထုအား ကာကွယ်ရန် ပျက်ကွက်လျှင် အခြားသော အချုပ်အခြာအာဏာများက ထို အကာအကွယ်လိုအပ်နေသော ပြည်သူလူထုကို ဝိုင်းဝန်းကာကွယ်ရန် တာဝန်ရှိသည်ဟူသော ဖွင့်ဆိုချက်မျိုးအပေါ် မြန်မာ့လူ့ဘောင်၏ အုပ်ချုပ်သူအဆက်ဆက်သည် ပြည်သူလူထုအား ချပြရန် ပျက်ကွက်နေဆဲ ဖြစ်သည်။"
နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်မှု အခြေခံစံနှုန်း
နိုင်ငံတကာစံနှုန်းအရ အခြားနိုင်ငံ အခြားလူမှုအသိုက်အမြုံ တစ္ခု၏ အချုပ်အခြာအာဏာ ပြည်တွင်းရေး ပြဿနာ မ်ားကို ဝင်ရောက်စွက်ဖက်မှုသည် " စွက်ဖက်ခံရ သော ထိုနိုင်ငံ ထိုလူမှုအသိုက်အမြုံ ထဲတွင် "၎င်းတို့၏ အချုပ်အခြာအာဏာအား တည်ငြိမ်အေးချမ်းစွာ ပြန်လည်ထူထောင်နိုင်ရန်" နှင့် " မိမိကိစ္စအား မိမိဖာသာ ရပ်တည်ဖြေရှင်းနိုင်ရန်" အတွက်အကူအညီပေးခြင်းဖြစ်သည်။ ထိုသို့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာတွင် "အစွက်ဖက်ခံရ သော နိုင်ငံ၊ လူ့အသိုက်အမြုံ၏ စံနှုန်းတန်ဖိုးများ အောက်မှ ဆောင်ရွက်နိုင်ချေ ရှိခြင်း၊ မရှိခြင်း"ကို အရင်စဉ်းစားသည်။ အကယ်၍ မရှိခ့ဲလျှင် " နိုင်ငံတကာ စံနှုန်း တန္ဖိုးမ်ား" အောက်မှ အကောင်အထည်ဖော်ရန် စဉ်းစားသည်။
အာရက္ခလူ့ဘောင် နှင့် နိုင်ငံတကာ မွ ဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုပေးရခြင်း
အာရက္ခလူ့ဘောင်၏ ပြည်သူလူထုသည်လည်း အချုပ်အခြာအာဏာ ဆိုင်ရာ ကိစ္စအေပေါ် မိမိတို့၏ စားဝတ်နေရေးကိစ္စဟု လေးလေးနက်နက် သဘောပေါက်မှုသည် အားနည်းနေဆဲဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပြန်လည်ထူထောင်ရေး၊ နေရပ်စွန့်ခွာ ဒုက္ခသည် အရေးများသည်အာရက္ခလူ့ဘောင်၏ အတွင်းစည်း အဝိုင်းအဝန်းကိစ္စများဖြစ်သည်။
ထိုအရေးများနှင့် ပတ်သက်၍ အာရက္ခလူ့ဘောင်သည်
1-မိမိကိစ္စရပ်ပြဿနာ အား မိမိဖာသာ ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲများရှိနေလျှင်လည်းကောင်း
2-မိမိ၏ ကိစ္စရပ်ပြဿနာသည် အခြားသူတစ်ဦးကိုဖြစ်စေ၊ အခြားနိုင်ငံ အခြားလူ့အသိုက်အမြုံ တစ္ခုကို ဖြစ်စေ ထိခိုက်မှုဖြစ်နေလျှင်လည်းကောင်း အခြားသော အချုပ်အခြာအာဏာများထံမှ အကူအညီကိုတောင်းခံ၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုပေးရမည်ဖြစ်သည်။ ဥပမာ- "မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခံရမှုများအတွက် ULA၏ (15-5-2023) ရက်နေ့ ကြေငြာချက် အမှတ် (02/2023) ဖြင့် ကမ်ဘာ့နိုင်ငံကြီးများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစွဲ့အစည်းများမှ အမိုးအကာမ်ား၊ ဆေးဝါးများ၊ စားနပ်ရိက္ခာများနှင့် အရေးပေါ် အကူအညီမ်ားကို "အားကိုးတကြီး" တောင်းခံခ့ဲရသည်။ (16-8-2024) ရက်နေ့တွင်လည်း မောင်တောစစ်ဘေးရှောင်များအတွက် လိုအပ်သော ဆေးဝါးများကို အကူအညီပေးရန် အာရက္ခပြည်သူ့ကျမ်းမာရေးဌာနက နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများကို အကူအညီတောင်းခံခ့ဲရသည်။ (24-5-2024) ရက်နေ့ ULA ကြေငြာချက်အမှတ် (10/2024) တွင်လည်း စစ်ဘေးရှောင်များအတွက် လိုအပ်နေသော အကူအညီကို နိုင်ငံတကာသို့ တောင်းခံထားသည်။" " စစ်တပ်မှ ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍လည်း ULA/AA ၏ (14-2-2020)ရက်နေ့ ကြေငြာချက်တွင် နိုင်ငံတကာ မိသားစုမ်ားမွ မြန်မာ့တပ်မတော်မှ ကျူးလွန်နေသော လုပ်ရပ်များနှင့် မတရားမှုများကို လက်ပိုက်ကြည့်မနေဘဲ တရားမျှတမှုနှင့် အမှန်တရားပေါ်ပေါက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြပါရန်၊ ပြစ်မှုကျူးလွန်သူများကို စောင့်ကြည့်ပေး၍ တားမြစ်ပေးခြင်း၊ အရေးယူပေးခြင်း ပြုလုပ်ပေးပါရန် ပြည်သူလူထုကိုယ်စား ULA/AA မွ အကူအညီတောင်းခံကြောင်း ဖော်ပြထားသည်။ ထိုပြင် (13-3-2020) ရက်နေ့ ULA/AA ၏ ကြေငြာချက်တွင် "မြန်မာ့ တပ်မတော်၏ ရခိုင်ဒေသတွင်း အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းအပါအဝင် လူမျိုးရေးအမုန်းတရားဖြင့် ဆိုးဝါးသော ရာဇဝတ်မှုကျူးလွန်ခြင်းများကို နိုင်ငံတကာအဖွဲ့အစည်းများဘက်မှ ထိရောက်စွာ တားမြစ် အရေးယူပေးရန် မေတ္တာရပ်ခံကြောင်း ကိုဖော်ပြထားသည်။
ဤသို့ဖြင့် အာရက္ခလူ့ဘောင်သည် မိမိ၏ အရေးကိစ္စအား မိမိဖာသာကိုင်တွယ်ဖြေရှင်းရန် မတတ်နိုင်သော အခြေအနေမျိုးတွင် နိုင်ငံတကာမှ စွက်ဖက်ဝင်ရောက် ကူညီရန် တောင်းခံမှုရှိခ့ဲသည်။ အနာဂတ်ကာလ၌လည်း ပြန်လည် ထူထောင်ရမည့် နယ်ပါယ်အသီးသီး လုပ်ငန်းစဉ် အသီးအသီးအတွက် အာရက္ခလူ့ဘောင်သည် အခြားအချုပ်အခြာအာဏာများအား "မိမိ၏ အချုပ်အခြာအာဏာအပေါ် ဝင်ရောက်စွက်ဖက်မှုကိုခွင့်ပြုပေးရမည့် အခြေအနေတွင် ရှိနေသည်။"
ထိုသို့ ခွင့်ပြုပေးရာတွင် " အာရက္ခ လူ့ဘောင်၏ စံနှုန်း တန္ဖိုး" ကိုမည်မျှ ခိုင်မာ အောင်ပြုလုပ်ထားနိုင်ခြင်း ရှိ၊ မရှိမှာလည်း အဓိကကျသည့် အချက်ဖြစ်လာသည်။ အာရက္ခလူ့ဘောင်၏ စံနှုန်း တန္ဖိုး ဟူသည် အာရက္ခ ပြည်သူလူထုအတွက် "တရားမျှတမှု၊ တန္တူညီမ်ွမွု၊ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ သူ့ဖက်ကိုယ့်ဖက် အကျိုးစီးပွားကို ဖော်ဆောင်နိုင်မှု" တို့ရှိပါမှ ခိုင်မာမှုရှိမည်ဖြစ်သည်။ ဤသို့ ခိုင်မာသော စံနှုန်း တန္ဖိုးမ်ားကသာ "မိမိ ခြေထောက်ပေါ် ရပ်တည်နိုင်သော လူ့ဘောင် တစ္ခု"အဖြစ်သို့ တည်ဆောက်နိုင်ရန် မောင်းနှင် နိုင်မည်ဖြစ်သည်။
ထိုသို့မဟုတ်ပါက အရက္ခလူ့ဘောင်သည်လည်း မြန်မာလူ့ဘောင်နည်းတူ "တလွဲတရှော် ဇာတိမာန်စိတ်"က ကိန်းဝပ်ကာ ကန့်လန့်တိုက်တတ်သော ဗီဇစိတ်ရှိနေသည့် လူ့ဘောင်ဖြစ်နေတတ်၍ ဖြစ်သည်။ အာရက္ခ လူ့ဘောင်အတွက် " နိုင်ငံတကာ အကူအညီများသည် အမှန်ပင်လိုအပ်ပါသည်။"အကူအညီပေးမည့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အာရက္ခလူ့ဘောင်အား ပြန်လည်တည်ဆောက်ရန်အတွက် အခြေခံချဉ်းကပ်နိုင်မည့် "အာရက္ခ စံနှုန်း တန္ဖိုး"ကို တောင်းဆိုလာမည်ဖြစ်သည်။ အာရက္ခ စံနှုန်း တန်ဖိုးအားနည်းနေလျှင် ထိုအားနည်းသော နေရာ၌ နိုင်ငံတကာစံနှုန်းတန်ဖိုးက အစားထိုးနေရာယူလာမည် ဖြစ်သည်။ ထိုသို့ နေရာယူလာသော်အခါ " တလွဲတရှော် ဇာတိမာန်" စိတ္က ပြဿနာ ဖြစ်လာမည်ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ အာရက္ခလူ့ဘောင်အတွက် နိုင်ငံတကာ အကူအညီမ်ား ပိုမိုဝင်ရောက်လာရန်မှာ "ရိုဟင်ဂျာ" ကိစ္စသည် အဓိက နေရာတွင် ရှိနေသည်။ "အာရက္ခ စံနှုန်း တန္ဖိုး" ကို သက်သေပြရမည့်ကိစ္စများတွင်လည်း ရိုဟင်ဂျာ ကိစ္စသည်လည်း တစ္ခု အပါအဝင် ဖြစ်သည်။ အထူးသဖြင့် အာရက္ခနယ်မြေများအတွင်း ULA/AA မထိန်းချုပ်နိုင်ခင်ကာလက ဖြစ်ပျက်ခ့ဲသော "ရိုဟင်ဂျာ" များအပေါ် ကျူးလွန်ခ့ဲသည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုကို "အာရက္ခ စံနှုန်း တန္ဖိုး" သည် မည်မျှ အ ကောင်အထည် ဖော်ပေးနိုင်သည်ကို သက်သေပြရမည်ဖြစ်သည်။ ULA/AA ၏ (2-3-2024) ရက်နေ့ ကြေငြာချက် (6/2024) တွင် " ULA ဘက်မှ အာရက္ခဒေသတွင်း အုပ်ချုပ်ရေးထူထောင်စဉ်ကပင် မတူညီသော အသိုင်းအဝန်းများကြား သဟဇာတက် အတူယှဉ်တွဲနေထိုင်နိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ခ့ဲကြောင်း၊......... အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတွင် ဒေသခံများကို ပါဝင်စေခ့ဲကြောင်း၊ ကိုဗစ်နှင့် မိုခါဆိုင်ကလုန်းက့ဲသို့ ကျမ်းမာရေးနှင့် သဘာဝ ဘေးအန္တရာယ်များကျရောက်ချိန်တွင် တန်းတူညီမျျှစောင့်ရှောက်မှု ပေးခ့ဲကြောင်း၊ ထိုဖြစ်စဉ်များကို ဒေသတွင်းနှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများ၊ အဖွဲ့အစည်းများဘက်မှလည်း အကောင်းမြင်သော မှတ်ချက်များဖြင့် အသိအမှတ်ပြုထားကြောင်း၊ .......စစ်ကောင်စီဘက်မှ စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ကာ မူဆလင်အသိုင်းအဝိုင်းအား စစ်မှုထမ်းရန် ကြိုးပမ်းနေခြင်းမှာ သာမန်ပြည်သူလူထုအား စစ်မြေပြင် သေတွင်းသို့ တွန်းပို့နေခြင်းဖြစ်ကြောင်း၊ အရက္ခပြည်၏ အနာဂတ် တည်ငြိမ်အေးချမ်းရေး၊ ညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရိုက်ချိုးဖျက်ဆီးခြင်းဖြစ်ကြောင်း၊ 2017 ခုနှစ် ရက္ခိုင်ပြည်မြောက်ဖက်မြို့နယ်များတွင် မြန်မာစစ်တပ်မှ (ယခု စစ်ကောင်စီ) ၏ အစုလိုက်အပြုံလိုက် အကြမ်းဖက်နှိပ်စက်သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနှင့် ဂုဏ္သ ရေရှိ နိုင်ငံကြီးများမှ ပြေလည်ရန် ကြိုးပမ်းနေခြင်းအပေါ် မိမိတို့ ULA မွ ကြိုဆိုကြောင်း၊ မူဆလင် အသိုင်းအဝန်းအား စစ်ကောင်စီ၏ စစ်မှုထမ်းရန် အကောင်အထည်ဖော်မှုသည် အရက္ခဒေသတွင်း မတည်ငြိမ်မှုများကို တိုးပွားစေကြောင်း၊ ဒုက္ခသည်များနေရပ်ပြန်ရေးမျှော်လင့်ချက်ကိုလည်း ဝေကွာစေကြောင်း၊ ထိုမတည်ငြိမ်မှုသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ စီမံကိန်းများကို ခြိမ်းခြောက်နေကြောင်း၊ ဤသည်မှာ စစ်ကောင်စီသည် ဒေသတွင်း မိတ်ဖက်နိုင်ငံကြီး၏ မဟာဗျူဟာမြောက် အကျိုးစီးပွားကို ထိပါးနှောင့်ယှက်ရန် ကြိုးပမ်းခြင်းလည်း ဖြစ်ကြောင်း၊ အာဆီယံ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းများအနေဖြင့် စစ်ကောင်စီ၏ လုပ်ဆောင်မှုအား ပိုမိုအာရုံစူးစိုက်စွာ စောင့်ကြည့်ပြီး ကြိုတင်ဟန့်တားနိုင်ရန် အထူးကြိုးပမ်းပေးကြရန်လိုအပ်နေကြောင်း ကို ထုတ်ပြန်ထားသည်။ ထို ULA/AA ၏ ကြေငြာချက် (6/2024) အရပင် အာရက္ခပြည်၏ အရေးကိစ္စသည် အခြားသော နိုင်ငံများ၏ အကျိုးစီးပွားကိုပါ ရိုက်ခတ်နေသည်ကို တွေ့နေရသည်။ လက်ရှိ ARSA၊ RSO အပါအဝင် လက်ရှိတွင် အရပ်သားများကို အကြမ်းဖက်နေသည့် မူဆလင်လက်နက်ကိုင်များကိစ္စ၏ အခြေခံအကြောင်းတရားများထဲတွင် စစ်ကောင်စီ၏ မူဆလင်များကို စစ်မှုထမ်းခိုင်းမှုသည်လည်း အဓိက အချက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အာရက္ခဒေသအတွင်း ဖြစ်ပေါ်ခ့ဲသော စစ်ရာဇဝတ်မှုများကို "အာရက္ခ စံနှုန်း တန္ဖိုး" သည် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရစေရန် မောင်းနှင်နိုင်ကြောင်းကို သက်သေပြရတော့မည်ဖြစ်သည်။ ထိုသို့ သက်သေပြရန်အတွက် အခက်အခဲမှာ
- ကျူးလွန်သူများဖြစ်သည့် အာဆာသည်လည်းကောင်း၊ စစ်တပ်သည်လည်းကောင်း စသည့်အဖွဲ့အစည်းများ၏ တာဝန်ရှိသူများသည် အာရက္ခနယ်မြေဒေသ၏ အပြင်ဘက် ပြည်မနှင့် ဘင်္ဂလားဒေရ့ှ်တွင် ရောက်နေ၍ မိမိအာဏာစက်အတွင်းတွင် ရှိမနေခြင်း
- ကျူးလွန်ခံရသူများသည်လည်း မိမိ အာဏာစက်အတွင်းတွင် အမ်ားစု ရှိမနေခြင်း
-စစ်ရာဇဝတ်မှုများကို ကျူးလွန်သူများနှင့် စစ်ရာဇဝတ်မှုကို ကျူးလွန်ခံရသူများသည် လက်ရှိတွင် အာရက္ခနယ်မြေအတွင်းရှိမနေသော်လည်း စစ်ရာဇဝတ်မှုများသည် အာရက္ခနယ်မြေထဲတွင် စတင်ဖြစ်ပွားခ့ဲခြင်း
-ထို စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာတရားစီရင်ရေးအရ ကိုင်တွယ်နေသည့် အဆင့်ကို ရောက်ရှိ နေပြီဖြစ်ခြင်း
- ထိုစစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာ တရားစီရင်ရေး၏ ကိုင်တွယ်မှုသည် "ရိုဟင်ဂျာ" များပင်မက အာရက္ခနယ်မြေအတွင်း ကျန်သော အခြားလူမျိုးစုငယ်များနှင့် ဒေသန္တရလေယူလေသိမ်း အမျိုးမျိုးရှိသော ရခိုင်လူမျိုး များအတွက်ပါ အကာအကွယ်ဖြစ်လာခြင်း တို့ကြောင့် ULA/AA အနေဖြင့် စစ်ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးတွင် နိုင်ငံတကာ၏ အကူအညီကို ယူကို ယူရမည်ဖြစ်သည်။ နိုင်ငံတကာဖြစ်စဉ်များနှင့် ပတ်သက်၍ နှိုင်းယှဉ်သုံးသပ်ကြည့်လျှင် စစ်ရာဇဝတ်မှုများအတွက် အာရက္ခနယ်မြေထဲ၌ နိုင်ငံတကာက ပါဝင်ဆောင်ရွက်သော တရားရုံး ယန္တယားများသည် တချိန်မဟုတ်တချိန်တွင် ပေါ်ပေါက်လာနိုင်ချေ ရှိနေပါသည်။ ထိုသို့ ပေါ်ပေါက်လာလျှင် အဆိုပါနိုင်ငံတကာအဆင့် တရားရုံးယန္တယားများက စစ်ရာဇဝတ်မှုများကို ကိုင်တွယ်နိုင်သည့် "တရားစီရင်ရေးဆိုင်ရာ အာရက္ခစံနှုန်းတန်ဖိုး" မ်ားကို အရင်တောင်းဆိုလာမည်ဖြစ်သည်။ အကယ်၍ အဆိုပါ နိုင်ငံတကာအဆင့် တရားရေးယန္တယားများ ကောင်းစွာ လည်ပတ်နိုင်သည့် "အာရက္ခ စံနှုန်း တန္ဖိုး"မ်ား မရှိပါက ထိုနေရာတွင် နိုင်ငံတကာ စံနှုန်း တန္ဖိုးမ်ားက နေရာယူလာမည်ဖြစ်သည်။ စစ်ရာဇဝတ်မှုများအား တရားစီရင်ရေးတွင်သာမဟုတ် အာရက္ခနယ်မြေအတွင်းရှိ ပညာရေး၊ ကျမ်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့် အခြားသောနယ်ပါယ် အသီးသီးတွင်လည်း နိုင်ငံတကာမှ အကူအညီများဝင်ရောက်လာရန်အတွက် လုပ်ငန်း ကဏ္႑အလိုက် "အာရက္ခ စံနှုန်း တန္ဖိုး" များကိုလိုအပ်နေပါသည်။ (စစ်ရာဇဝတ်မှုများအား ULA/AA အနေဖြင့် တကိုယ်တည်းကိုင်တွယ်နိုင်မည်လား ဆောင်းပါးအား အောက်ပါလင့်တွင် ဖတ်နိုင်ပါသည်)
ဤသို့ အခြေအနေများအား အာရက္ခလူ့ဘောင်၏ ရေရှည်အကျိုးစီးပွားအဖြစ် အာရက္ခပြည်သူလူထုက မည်မျှအထိ ပြောင်းလဲဖော်ဆောင် ယူနိုင်သည် ဆိုသည့်အချက်က အနာဂတ်အာရက္ခအတွက် စောင့်ကြည့်ချင်စရာ ကောင်းသည့် ဇတ်ခုံ ကကွက်များလည်း ဖြစ်နေမည်ဖြစ်သည်။
Comments
Post a Comment