ဗီယက်နမ်၏ 1980 ပြည့်လွန်ကာလများ ပြန်လည်တည်ဆောက်မှုကိုလေ့လာခြင်း
ဆိုရှယ်ဒီမိုကရေစီမိတ်ဆက်
အပိုင်း-2
နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ
ဗီယက်နမ်၏ 1980 ပြည့်လွန်ကာလများ ပြန်လည်တည်ဆောက်မှုကိုလေ့လာခြင်း
သုတေသနအစီရင်ခံစာအချို့၏ အဆိုအရ ဗီယက်နမ် စီးပြားရေး တိုးတက်မှုပမာဏသည် 2025 ခုနှစ်၌ အာရှတွင် အဆင့် 12 နေရာသို့တက်လှမ်းနေမည်ဟုဆိုသည်။ အရှေ့တောင်အာရှတွင်တော့ ဗီယက်နမ်၏ စီးပွားရေးတိုးတက်ရေး အဆင့်သည် နံပါတ် 4 နေရာတွင်ရှိသည်။ ဤက့ဲသို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်မှာ 1980 ပြည့်လွန်ကာလများမှ စတင်ခ့ဲသည့် မူဝါဒမ်ား၏ အကျိုးဆက်ပင်ဖြစ်သည်။ 1980 ပြည့်နှစ်မတိုင်ခင်ကာလများဖြစ်သော 1946ခုနှစ်မှ 1979 ခုနှစ်ကာလအထိ နှစ်ပေါင်း သုံးဆယ့်သုံးနှစ်နီးပါးသည် ဗီယက်နမ်အဖို့ စစ်မြေပြင် ဖြစ်နေခ့ဲသည်။ 1979 ခုနှစ်ကာလတွင် တရုတ်ကွန်မြူနစ်များနှင့် စစ်ဖြစ်သည်။ တရုတ်ကွန်မြူနစ်များနှင့် စစ်မဖြစ်ခင် 1978 ခုနှစ်ကာလ၌ ဗီယက်နမ်ကွန်မြူနစ်များက ကမေ်ဘာဒီးယား ခမာနီကွန်မြူနစ်များကို ဝင်တိုက်သည်။1964ခုနှစ်မှ 1975 ခုနှစ်အထိ ဆယ့်တစ်နှစ်နီးပါး အမေရိကန်ပါဝင်ပတ်သက်သည့် ပြည်တွင်းစစ်ကိုတိုက်နေခ့ဲသည်။ 1975 ခုနှစ် အမေရိကန်ပါဝင်နေသော ပြည်တွင်းစစ်၏ အောင်ပွဲသည် လာအိုပြည်တွင်းစစ်ကိုပါရိုက်ခတ်ခ့ဲပြီး လာအိုတွင် ကွန်မြူနစ် ပက်သက်လောများကိုပါ အောင်ပွဲရစေခ့ဲသည်။ 1954 ခုနှစ်မှ 1964 ခုနှစ် ဆယ်နှစ်နီးပါးကာလသည် တောင်ဗီယက်နမ်၊ မြောက်ဗီယက်နမ် နှစ်ပိုင်းကွဲနေသောကာလဖြစ်သည်။ တောင်မြောက်နှစ်ပိုင်းကွဲရခြင်းသည် 1954 ခုနှစ် ပြင်သစ်နှင့် ချုပ်ဆိုသော ဂျီနီဗာသဘောတူညီချက်၏ အကျိုးဆက်ဖြစ်သည်။ 1946 ခုနှစ်မှ 1954ခုနှစ်အထိ (8) နှစ်နီးပါးကာလသည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကာလများဖြစ်သည်။ထိုက့ဲသို့ ပြဿနာပဋိပက္ခများနှင့် လုံးခြာနေခ့ဲပြီး ဗီယက်နမ်၏ စီးပွားရေးတည်ဆောက်မှုသည် 1980 ပြည့်လွန်ကာလများတွင်မှ စတင်လာနိုင်ခြင်းဖြစ်သည်။ အမှန်တော့ 1980 ပြည့်လွန်ကာလများသည် စီးပွားရေးတည်ဆောက်မှုမျှသာမဟုတ် ဗီယက်နမ်ကွန်မြူနစ်များ၏ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကို စတင် အကောင်အထည်ဖော်ရသောကာလများလည်းဖြစ်တော့သည်။
ဒွိုင်မွိုင် ပြုပြင်ပြောင်းလဲရေး (Doi Moi Reform)
1986 ခုနှစ်တွင် အရင်းရှင်စီးပွားရေးကို ပုံဖော်သည့် ဒွိုင်မွိုင်အစီအစဉ်အား ဗီယက်နမ်ကွန်မြူနစ်များ စတင်လာတော့သည်။ ဗီယက်နမ်၏ 1980 ပြည့်နှစ်အလွန် နိုင်ငံတည်ဆောက်ရေး၊ စီးပွားရေးတည်ဆောက်ရေးတို့ကိုကြည့်ပါက အယူအဆပိုင်းတွင် "ကိုယ်လိုရာကိုယ်သုံး" ပုံစံမျိုးကိုမြင်ရမည်ဖြစ်သည်။ စစ်အေးကာလ လက်ဝဲကွန်မြူနစ်ကမ်ဘာတွင် အယူအဆပိုင်း၌ အုပ်စုနှစ်ခုပေါ်ခ့ဲသည်။ ဆိုဗီယက်ပြည်ထောင်စုတွင် မက်စ်- လီနင် ကွန်မြူနစ် အယူအဆကြီးစိုးသည်။ တရုတ်တွင် မော်စီတုန်း ကွန်မြူနစ်အယူအဆ ကြီးစိုးသည်။ ကွန်မြူနစ်အုပ်စုတွင် ထိုသို့ကွဲရခြင်း၏ အကြောင်းတရားမှာ ဥရောပနိုင်ငံများတွင် မြို့ပြနှင့် စက်မှုလူ့အဖွဲ့အစည်းထွန်းကားသည်။ ရုရှားသည်လည်း ဥရောပနှင့်တိုက်ရိုက်ထိစပ်သော ရေခံမြေခံရှိသဖြင့် မြို့ပြထွန်းကားသည်။ တရုတ်တွင်တော့ ထိုသို့မဟုတ်ခ့ဲပေ။ ကျေးလက်လူတန်းစားကသာများပြားနေခ့ဲသည်။ ဥရောပရေခံမြေခံရှိသော မက်စ်-လီနင် ဆိုဗီယက်အုပ်စုများ မြို့ပြ စက်မှုလူ့မှုအဆောက်အအုံ၏ အလုပ်သမားလူတန်းစားကို အခြေခံသည်။ တရုတ် မော်ဝါဒီ ကျေးလက်စိုက်ပျိုးရေးလူမှုအဆောက်အအုံ၏ လယ်သမားလူတန်းစားကို အခြေခံသည်။ ဆိုဗီယက် ကွန်မြူနစ်များတွင်ရှိသော မြို့ပြအခြေခံအဆောက်အအုံမျိုး တရုတ်တွင်မဖွံ့ဖြိုးပေ။ မြို့ပြလူနေမှုသည် ကျေးလက်ထက် ပို၍ကျစ်လစ်ထူထပ်သည်။ ကျေးလက်လူနေမှုက ကျယ်ပြန့်ကာ လူသိပ်သည်းမှုနည်းသည်။ ဆိုဗီယက် မက်စ်- လီနင်ဝါဒီများအတွက် အလုပ်သမားလူတန်းစားကို ဗဟိုချုပ်ကိုင်မှုအဆောက်အအုံဖြင့် စုစည်းမှုက လွယ်ကူသလောက် ကျေးလက်အခြေခံ တရုတ်အဖို့က မလွယ်ကူပေ။ တရုတ်အဖို့က ပျံကျဲနေသဖြင့် ဗဟိုချုပ်ကိုင်မှုထက် လိုက်လျောညီထွေဖြစ်မှုကိုသာ ဦးစားပေးရန်ဖြစ်လာသည်။ ဤသို့ လူ့မှုပတ်ဝန်းကျင် အခြေအနေမတူညီမှုက ကွန်မြူနစ်အုပ်စုအတွင်း မက်စ်-လီနင်ဝါဒီအုပ်စုနှင့် မော်စီတုံးဝါဒီအုပ်စုဟူ၍ ကွဲလာကြသည်။ ဆိုဗီယက်ခေါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များသည် ထိုခေတ်အချိန်ကာလက ကွန်မြူနစ်ကမ်ဘာ၏ ဦးဆောင်သူများလည်းဖြစ်ကြသည်။ လူသားဗီဇအရ ကိုယ့်ဘက်ကိုယ်ဆွဲလုပ်ကြသောအခါ နောက်ဆုံး မက်စ်-လီနင်ဝါဒသမားနှင့် မော်စီတုံးဝါဒသမားများ ကွန်မြူနစ်အချင်းချင်း အစာမကြေကြတော့ချေ။ ဆိုဗီယက္က တရုတ်၏ အထနှေးမှုကို ရာနှုန်းပြည့် ကွန်မြူနစ်မဆန်ဟုဝေဖန်သည်။ ဆိုဗီယက္က အနောက်အုပ်စုများနှင့် ငြိမ်းချမ်းစွာယှဉ်တွဲရေးကို ပြောလာသောအခါ တရုတ်က ဆိုဗီယက်အား ရာနှုန်းပြည့် ကွန်မြူနစ်မဆန်ဟု ဝေဖန်ပြန်သည်။ ဆိုဗီယက္က လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ဘက်စုံဒေါင်စုံရှုမြင်မှုများကိုထည့်သွင်း၍ ဗဟိုချုပ်ကိုင်မှုမြင့်မားသော တပါတီစနစ္ကို တည်ဆောက်သည်။ တရုတ်က ပါတီနဲ့ လူထုအလွှာကြား နီးနီးကပ်ရှိနေလျှင်ရပြီ။ ပါတီကိုတည်ဆောက်ပြီးခါမှ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ဘက်စုံဒေါင့်စုံအမြင်များကို ရှာဖွေမည်။ ဤသို့ဖြင့် "ထမင်းအိုးထဲ ဆန်အရင်ထည့်မည်၊ ရေအရင်ထည့်မည် " စသဖြင့် အားပြိုင်ကြတော့သည်။ ရလဒ္က တပါတီစနစ္က "အိုးထဲ ဆန်ပဲအရင်ထည့်ထည့်၊ ရေပဲအရင်ထည့်ထည့် ကျက်လာသော ထမင်းမှာ ဗြိ၊ မနပ် ဖောက်ဆပ်များသာ" လူထုအတွက် ထွက်လာတော့သည်။ ဆိုဗီယက်ကွန်မြူနစ်ရော၊ တရုတ်ကွန်မြူနစ်ပါ အရင်းရှင်စနစ်မကောင်းကြောင်း ဟစ်ကြွေးပြီးခါမှ အရင်းရှစ်စနစ်ဆီ ခုန်ကူးကြတော့သည်။
ဗီယက်နမ်ကွန်မြူနစ်များသည်လည်း ထိုနည်းလည်းကောင်းပင်။ မက်စ်-လီနင်အုပ်စုထံ ပိုနီးကပ်ပြပြီး အတုယူသည်အခါတော့ မော်ဝါဒီကို အတုယူသည်။ 1986ခုနှစ် ဒွိုင်မွိုင် ပြုပြင်ပြောင်းလဲရေးသည် တရုတ်၏ စီးပွားရေးပြုပြင်ပြောင်းလဲရေးကို နမူနာယူထားခြင်းလည်းဖြစ်သည်။ 1964 ခုနှစ်မှ 1975 ခုနှစ် (11) နှစ်နီးပါးကာလ တိုက်ပွဲသည် မြောက်ပိုင်း လက်ဝဲကွန်မြူနစ်အုပ်စုနှင့် တောင်ပိုင်း လက်ယာအရင်းရှင်အုပ်စုကြား အချင်းချင်းကြား တိုက်ကြသော အမေရိကန် ဝင်ပါလာသည့် ပြည်တွင်းစစ်ဖြစ်သည်။ 1978 ခုနှစ် ကမေ်ဘာဒီးယား ခမာနီမ်ားကို ဗီယက်နမ်မှ တိိုက်သည့်တိုက်ပွဲနှင့် ဗီယက္နမ္ကို တရုတ်မှ (1979) ခုနှစ်တွင် ဝင်တိုင်သော တိုက်ပွဲများသည် ကွန်မြူနစ်အချင်းချင်းကြား တိုက်သည့်တိုက်ပွဲဖြစ်သည်။ ခမာနီမ်ားက မော်စီတုံးဝါဒီ အယူအဆသမားများဖြစ်သည်။ ရုရှားကိုဆရာတင်ထားသော ဗီယက္နမ္က ခမာနီကိုတိုက်၊ ဗီယက္နမ္ကို တခါ တရုတ်ကဝင်တိုက် စသည့်ကိစ္စများသည် ကွန်မြူနစ်အချင်းချင်းကြားအားပြိုင်မှုများလည်းဖြစ်သည်။ ဗီယက်နမ်ကမ်းရိုးတန်း၏ သမိုင်းအဖြစ်အပျက်များက လက်ဝဲ လက်ယာအားပြိုင်မှု၊ လက်ဝဲအချင်းချင်းအားပြိုင်မှု စသည့်ပါဝါအားပြိုင်မှုများကိုမြင်နေရသည်။ ထိုပြင် ဒေသန္တရ အမျိုးသားရေးအစွဲများနှင့် သမိုင်းကြောင်းဆိုင်ရာထပ်နေသည့် သဘောကိုလည်းမြင်နေရသည်။
ဒွိုင်မွိုင်ပြုပြင်ပြောင်းလဲရေးသည် ဗီယက်နမ်ကွန်မြူနစ်များအဖို့ အရင်းရှင်စနစ်စီးပွားရေးကို တည်ဆောက်ခြင်းဖြစ်သည်။ ဒွိုင်မွိုင်ပြုပြင်ပြောင်းလဲရေး၏ အဓိကထင်သာမြင်သာသော အချက်များမှာ ဘုံပိုင် စုပေါင်းပိုင် မြေယာစနစ်ကိုဖျက်သိမ်းကာ မြေယာပြန်လည်ခွဲဝေပေးမှုဖြစ်သည်။ ကိုယ်လုပ်သမျှ ကိုယ်ခံစားစေဟုဆိုကာ လုပ်အား အရင်းအနှီး၏ တန္ဖိုးကို ပိုင်ဆိုင်ခွင့်ပေးမှုဖြစ်သည်။ ဤသို့ဖြင့် စိုက်ပျိုးရေးထွက်ကုန်များရှိလာပြီး ဗီယက်နမ်သည် ကမ်ဘာပေါ်တွင် အဓိကဆန်တင်ပို့သော နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်လာတော့သည်။ ဗီယက်နမ်ကွန်မြူနစ်များသည်လည်း အသေးစားစီးပွားရေးလုပ်ငန်းများအပေါ်တွင် အပံအပိုးများပေးခ့ဲသည်။ ဗီယက်နမ်၏ ပုဂ္ဂလိကပိုင်ဆိုင်မှုသည် မြေယာပြုပြင်ပြောင်းလဲရေးနှင့် အသေးစားစက်မှုလုပ်ငန်းများကို ပံပိုးမှုမှစသည့်ဟုဆိုရမည်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးမှ ရလာသောကုန်ကြမ်းများကို ကုန်ချောထုတ်လုပ်မှုဘက်ကို ရောက်အောင် အစီအစဉ်များချမှတ်လာသည်။ ဈေးနှုန်းနှင့် ကုန်သွယ်မှုအားလွတ်လပ်ခွင့်ပေးကာ ဈေးကွက်အား အပြည့်အဝဖွင့်ပေးလိုက်သည်။ ဤသို့ဖြင့် ဗီယက်နမ်၏ ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်သို့ရောက်သွားသလို နိုင်ငံတကာမှ ကုန်ပစ္စည်းများလည်း ဗီယက်နမ်သို့ ရောက်လာတော့သည်။ ဤတွင် ကုန်ပစ္စည်းအရည်အသွေးနှင့် တန်ဖိုးပေါ်တွင် ယှဉ်ပြိုင်လာရပြီး မိမိ၏ ကုန်ပစ္စည်းအား ပိုမိုကောင်းမွန်စေရန် ထုတ်လုပ်လာရတော့သည်။ ဤသို့ ထုတ်ကုန်အရည်အသွေးကိုတောင်းဆိုမှုက ပညာရေးနှင့် လူမှုအဆောက်အအုံများပေါ်တွင် ရင်းနှီးမြုပ်နှံ့မှုကို ဖြစ်စေတော့သည်။ လက်ရှိတွင် ပညာတတ်၍ ငယ်ရွယ်သော၊ လုပ်ငန်းကျွမ်းကျင်သော၊ လုပ်အားခသက်သာသော လုပ်သားထုက နိုင်ငံခြားရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်နေသည်။ လမ်းပန်းဆက်သွယ်ရေးများကို ပိုမိုကောင်းမွန်အောင်တည်ဆောက်လာနိုင်မှုက ပြည်တွင်းကုန်စည်စီးဆင်းမှုကို ပိုမိုမြန်ဆန်လည်ပတ်စေသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရာတွင် 1987ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကို ပြဌာန်းပြီး စက်မှုဇုန်များ၊ စီးပွားရေးဇုန်များအတွက် အခြေခံလိုအပ်ချက်များကို ပြည့်မှီအောင် တည်ဆောက်ကာ ဆွဲဆောင်သည်။ ဗီယက်နမ်၏ အဓိက ပို့ကုန်စီးပွားရေးအတွက် ထုတ်ကုန်များသည် အထည်အလိပ်များ၊ ခြေအိပ်များ၊ ဖိနပ်များနှင့် လျှပ်စစ်လူသုံးကုန်ပစ္စည်းများဖြစ်သည်။ 2007 ခုနှစ်တွင် ကမ်ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲဝင်ရောက်မှုက ဗီယက်နမ် အထည်အလိပ်များအတွက် ဈေးကွက်အသစ်များကို ရလာစေခ့ဲသည်။ ကျေးလက်မွေးမြူရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖွံ့ဖြိုးလာစေရန် အစိုးရမွ အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်စသည့်နယ်ပယ်များတွင် အပံအပိုးများပေးခ့ဲသည်။
ဗီယက်နမ်၏ စီးပွားရေးအပြောင်းအလဲတွင် သိသာထင်ရှားမှုမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အသေးစားလုပ်ငန်းငယ်များကို ဖွံ့ဖြိုးလာစေရန် အစိုးရမွ အားစိုက်ပေးခ့ဲခြင်းဖြစ်သည်။ ဗီယက်နမ်သည် တောထောင်ထူထပ်သော အလျားရှည်၍ သေးသွယ်သော Elongated State တစ်ခုဖြစ်သည်။ ဗီယက်နမ် နိုင်ငံ၏ 75% သောဧရိယာသည် တောင်ကုန်းတောင်တန်းများဖြစ်သည်။ မြစ်နီမြစ်ဝန်းဒေသနှင့် မဲခေါင်မြစ်ဝန်းဒေသများတွင်သာ မြေပြန့်လွင်ပြင်များရှိသည်။ အဆိုပါ မြေပြန့်လွင်ပြင် အကန့်အသတ်ရှိသော စိုက်ပျိုးရေးလုပ်ငန်းများက ဗီယက်နမ်အတွက်များစွာ အားစိုက်နေရသော လုပ်ငန်းများလည်းဖြစ်သည်။ ဗီယက်နမ်၏ လှေကားထစ်တောင်ယာစိုက်ပျိုးရေးမှာ အကန့်အသတ်များနှင့် အရင်းအနှီးစိုက်ထုတ်မှုများပြားသောကြောင့် ထုတည်ကြီးကြီးမားမားဆောင်ရွက်နိုင်သေးခြင်းမရှိပေ။ သို့သော်လည်း ဗီယက်နမ် ့မြောက်ပိုင်းရှိ လွိုင်ကိုင်း (ဆာပါ)၊ ယဲင်ဘိုင်း၊ ဟာဂ(ယန်း) ဒေသများတွင်တော့ လှေကားထစ်တောင်ယာလုပ်ငန်းများရှိပြီး ထိုလုပ်ငန်းများက ခရီးသွားလာရေးလုပ်ငန်းများကို တနည်းတဖုံအကျိုးပြုနေသည်။
ဆိုရှယ်ဒီမိုကရက်စံနှုန်းမှ ဗီယက်နမ်၏ အခင်းအကျင်းအားသုံးသပ်ခြင်း
ဗီယက်နမ်သည် ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းကို ကျင့်သုံးသောနိုင်ငံမဟုတ်ပေ။ ဗီယက်နမ် ကွန်မြူနစ်များ၏ 1980 ပြည့်နှစ်အလွန် နိုင်ငံပြန်လည်တည်ဆောက်ရေးကာလများ၌ စီးပွားရေးအားမြှင့်တင်ပေးလာသော လုပ်ရပ်များတွင် ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းတချို့တော့ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားလုပ်ငန်းများကို အစိုးရအပံအပိုးများပေးခြင်းမျိုးနှင့် လွတ်လပ်သောဈေးကွက်စီးပွားရေးကို ကျင့်သုံးခြင်းများဖြစ်သည်။ ဈေးကွက်စီးပွားရေးက ဗီယက်နမ်ကွန်မြူနစ်များအား ပညာရေးတွင် ရင်းနှီးမြုပ်နှံမှုရှိလာစေပြီး ပညာတတ်လူလတ်တန်းစားများကို မွေးထုတ်ပေးလာသည်။
ပါဝါအားပြိုင်မှု သပွတ်အူ
ဗီယက်နမ်သည် ပါဝါအားပြိုင်မှု၏ စက်ကွင်းဖြစ်ခ့ဲသည်။ ဗီယက်နမ်များအဖို့လည်း လာအိုနှင့် ကမေ်ဘာဒီးယားအပေါ်တွင် သြဇာလွမ်းမိုးမှုရှိသည်။ ဗီယက်နမ်တောင်ပိုင်း မဲခေါင်မြစ်ဝှမ်းလွင်ပြင်သည် သမိုင်းအရ ကမေ်ဘာဒီးယား ခမာအင်ပါယာကာလများနှင့် ဆက်စပ်မှုများရှိခ့ဲသည်။ ကမေ်ဘာဒီးယား၌ ခမာနီကွန်မြူနစ်များသည် မော်စီတုန်းဝါဒီများဖြစ်သည်။ မော်စီတုန်းဝါဒီများက ကျေးလက်စိုက်ပျိုးရေးလူတန်စားကို ဗဟိုပြုသည့် ကွန်မြူနစ်များဖြစ်သည်။ ၎င်းတို့ ခမာနီများအာဏာရလာသောအခါ ကမေ်ဘာဒီးယားလူဘောင်အား သာတူညီမ်ွ ကျေးလက်လူတန်းစား စိုက်ပျိုးရေးထုတ်ကုန်အခြေခံ နိုင်ငံတော်အဖြစ်တည်ဆောက်တော့သည်။ ပညာတတ်များ၊ ဘုန်းကြီးများ၊ မြို့ပြလူတန်းစားများ၊ ကုန်သည်များကို လယ်ထွန်ခိုင်းတော့သည်။ ခမာနီမ်ားက ၎င်းတို့၏ နိုင်ငံရေးအာဂျင်တာနှင့်ပတ်သက်၍ အယူအဆကွဲပြားမှုကို သည်းခံသည်မဟုတ်။ ဤသို့ဖြင့် လူသန်းပေါင်းများစွာအသက်ကို သေဆုံးစေခ့ဲတော့သည်။ ခမာနီကွန်မြူနစ်များ နိုင်ငံရေးအာဂျင်တာအား သွေးဆာစွာ အကောင်အထည်ဖော်မှုအပေါ် ပြင်းထန်သည့် အမျိုးသားရေးဝါဒဖြင့်ကျားကန်ထားသည်။ ထိုအမျိုးသားရေးဝါဒကပင် ခမာနီမ်ားကို ပြန်လည်၍ နိဂုံးချုပ်စေရန် အကြောင်းတရားများထဲမှ အချက်တစ်ခုဖြစ်လာစေခ့ဲသည်။ ခမာနီမ်ား၏ အလုံပိတ်နိုင်ငံရေးအာဂျင်တာဖြင့် မောင်းနှင်မှုကို မခံနိုင်သောသူများက ဗီယက္နမ္ဘက္ကို ဝင်ပြေးကြသည်များရှိသည်။ ထိုသူမ်ားကို ခမာနီမ်ား လိုက်ရင်း ဗီယက်နမ်နယ်မြေထဲတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများရှိလာတော့သည်။ ရှေးခေတ် ကမေ်ဘာဒီးယား ခမာအင်ပါယာကာလက ပါဝင်ခ့ဲသော ဗီယက်နမ်တောင်ပိုင်းနယ်မြေများနှင့် ပတ်သက်၍ ခမာနီတို့၏ အမျိုးသားရေးပုံဖော်မှုသည် ဗီယက်နမ်ကွန်မြူနစ်များကို ရိုက်ခတ်လာခ့ဲသည်။ ခမာနီများလုပ်ရပ်နှင့် ပတ်သက်၍ ခမာနီ၏ ဆရာတရုတ်ကွန်မြူနစ်များကလည်း ထိန်းကျောင်းမှုအားနည်းသည်ဟု ဗီယက်နမ် ကွန်မြူနစ်များကလည်း ခံစားလာရသည်။ တောင်မြောက်ရှည်သော Elongated State ပထဝီဝင်ရှိသည့် ဗီယက်နမ်အဖို့ တောင်ပိုင်း မြောက်ပိုင်း ကွဲပြားမှုသည် ခေါင်းစားစရာဖြစ်သည်။ တောင်ပိုင်း မြောက်ပိုင်း ပြည်တွင်းစစ်တွင် အမေရိကန်နှင့်ပါ စစ်ခင်းထားရမှုသည် 1975 ခုနှစ်တွင်မှ အဆုံးသတ်ခ့ဲသည်။ နောက်သုံးနှစ်အကြာ 1978 ခုနှစ်တွင် ခမာနီမ်ားက ဗီယက်နမ် တောင်ပိုင်း၏ နယ်မြေအချို့တွင် အစုလိုက်အပြုံလိုက် ဝင်ရောက်သတ်ဖြတ်မှုများဖြစ်လာသောအခါ ဗီယက်နမ်ကွန်မြူနစ်များအနေဖြင့် ခမာနီကွန်မြူနစ်များကို ဖယ်ရှားယုံမှလွဲ၍ အခြားမရှိတော့ပေ။ ကမေ်ဘာဒီယားကို ဝင်တိုက်သည့်အကျိုးဆက်က ဆိုဗီယက်အပေါ် အစာမကြေဖြစ်နေသည့် တရုတ်များအဖို့ ဗီယက်နမ်အား ဝင်တိုက်မှုကို ဖြစ်စေတော့သည်။ ဤသို့ဖြင့် ဗီယက်နမ်သည် စစ်ပွဲတာရှည်နေခ့ဲရသည်။ ဗီယက်နမ်တောင်ပိုင်းတွင် အရင်းရှင်စနစ် ကျောထောက်နောက်ခံ အစိုးရတရပ်တက်လာခ့ဲသော်လည်း အာဏာရှင်ဆန်မှု လူထုအပေါ်နှိပ်ကွပ်မှုများကြောင့် တောင်ပိုင်းသားလူထုသည် မြောက်ပိုင်းသားကွန်မြူနစ်များဘက်ကို ယိုင်သွားကြသည်။ ဤအခ်က္က ပြည်တွင်းစစ်တွင်ပါဝင်လာသော အမေရိကန်အဖို့ နှမ်းထွက်မကိုက်ဖြစ်ခ့ဲရသည်။ တောင်ပိုင်း အရင်းရှင်အစိုးရ၏ လူမဆန်မှုက တဖက်တွင် မြောက်ပိုင်းကွန်မြူနစ်များအတွက် ဗီယက်နမ်အားပြန်လည်စုစည်းရန် အထောက်အကူဖြစ်ခ့ဲပုံရသည်။
အာရက္ခလူ့ဘောင်နှင့် နှိုင်းယှဉ်ခြင်း
အာရက္ခလူ့ဘောင်တွင်တော့ ဗီယက်နမ်လူ့ဘောင်လိုမျိုး အယူအဆပိုင်းဆိုင်ရာ အားပြိုင်မှုနှင့် ပြင်ပပါဝါအားပြိုင်မှု၏ ရိုက်ခတ်မှုကိုခံရနိုင်သော်လည်း လာအိုနှင့် ကမေ်ဘာဒီးယားပေါ်တွင် ဗီယက်နမ်သြဇာရှိသက့ဲသို့ ပါဝါသပွတ်အူလိုက်ကာ ရှုပ်ထွေးမှုကတော့ ဖြစ်လာနိုင်ချေမရှိပေ။ သို့သော် ချင်းပြည်တောင်ပိုင်းနှင့် ပြည်မရှိ လက်နက်ကိုင်အဖွဲ့များအပေါ် ULA/AA ကျောထောက်နောက်ခံပြုထားသည်က တချိန်ချိန်တွင် သပွတ်အူလိုက်လာမည်လားတော့ မသိနိုင်ချေ။ တောင်ပိုင်း မြောက်ပိုင်းကွဲပြားမှုနှင့် ပတ်သက်၍ တောင်ဗီယက်နမ်အရင်းရှင်အစိုးရ၏ ဖိနှိပ်မှုများက တောင်ပိုင်းလူထုအား မြောက်ပိုင်း၏ နိုင်ငံရေးဦးဆောင်မှုဘက်ကို ယိုင်သွားစေခ့ဲသည်။ ထိုနည်းအတူ စစ်အာဏာရှင်များ၏ ဖိနှိပ်မှုက အာရက္ခလူ့ဘောင်၏ တောင် မြောက် ပထဝီဝင်ကို ပြန်လည်စုစည်းရန် အခွင့်အရေးပေးနေသလိုဖြစ်နေသည်။
ဗီယက္နမ္က ခမာနီအားဖြုတ်ချသောအခါ တရုတ်က ဗီယက်နမ်အားဝင်တိုက်ခ့ဲသည်။ ထိုတိုက်ခိုက်မှုအား တရုတ်က "ဗီယက်နမ်အား သင်ခန်းစာပေးခြင်း" (Teach Vietnam A Lesson) ဟု သုံးနှုန်းခ့ဲသည်။ ဤစကားလုံးကား ကျားဖျန့်ကိစ္စနောက်ပိုင်း "ကြောက်ရွံ့ကျိုးနွံမှုနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်" ဟူသည့် PSLF/TNLA အားပို့သည့် တရုတ်၏ ရာဇသံကို အမှတ်ရမိစေသည်။ အမှန်တော့ Teach Vietnam A Lesson သည် ဗီယက်နမ်မှ ခမာနီအား ဝင်တိုက်မှုတစ်ခုတည်း အကြောင်းတရားသက်သက်ကြောင့်တော့မဟုတ်ပေ။ နယ်စပ်ပြဿနာနှင့် ဗီယက်နမ်အတွင်းရှိ တရုတ်လူမျိုးများအပေါ်ဖိနှိပ်မှုကို တန်ပြန်ရန်၊ ဆိုဗီယက်ကွန်မြူနစ်များ၏ သြဇာကို ထိန်းညိ့ှရန်ရည်ရွယ်ချက်လည်းပါသည်။ အာရက္ခလူ့ဘောင်တွင်လည်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရ့ှ်၊ ပြည်မ တို့၏ အကျိုးစီးပွားနှင့် ဆက်စပ်သော ကိစ္စရပ်များရှိနေသည်။ ဤအချက်များက အာရက္ခလူ့ဘောင်၏ တည်ငြိမ်မှုအပေါ်တွင် တနည်းတဖုံရိုက်ခတ်မှုရှိလာနေမည်ဖြစ်သည်။ တဖက်တွင် ထိုရိုက်ခတ်မှုများအား အခွင့်အလန်းအဖြစ်လည်း ဖန်တီးနိုင်သည်။ အခွင့်အလန်းအဖြစ်ဖန်တီးနိုင်ရန် အာရက္ခလူ့ဘောင်အတွင်း လူမျိုးစုများ၊ မတူကွဲပြားသောဘာသာရေးအုပ်စုများနှင့် ဒေသန္တရ လေယူလေသိမ်းအုပ်စုများထဲတွင် တန်းတူညီမျှမှုနှင့် တရားမျှတမှုကို ဖော်ဆောင်ထားနိုင်ရန်လည်းလိုသည်။
ခမာနီဖြစ်စဉ်မှ ပေးသောသင်ခန်းစာအရ တန်းတူညီမျှမှု၊ တရားမျှတမှုကင်းမ့ဲသည့် အလွန်အကျွံအမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံရေးအရ မတူကွဲပြားမှုကို သည်းမခံဘဲ နိုင်ငံရေးအာဂျင်တာအား အကောင်အထည်ဖော်မှုများသည် အိမ်နီးချင်းများကို ဝန်ထုတ်ဝန်ပိုးဖြစ်စေသည်။ ထိုဝန်ထုတ်ဝန်ပိုးများသည် သမိုင်းကြောင်းအရလည်းထပ်သည့် အခြေအနေမျိုးပေါ်သက်ရောက်လာပါက ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုကို ပို၍နက်ရှိုင်းစေသည်။ လာအိုကွန်မြူနစ်များက ခမာနီက့ဲသို့မဟုတ်ဘဲ နိုင်ငံရေးအာဂျင်တာအား အကောင်အထည်ဖော်ရာတွင် ပျော့ပျောင်းသည်ဟု ဆိုရမည်။ ခမာနီမ်ား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများက့ဲသို့ လာအိုကွန်မြူနစ်များမပြုလုပ်ခ့ဲပေ။ ဗီယက်နမ်များဝင်ရောက်တိုက်ခိုက်မှုက ကမေ်ဘာဒီးယား ခမာနီကွန်မြူနစ်များအတွက် နိုင်ငံတကာစစ်ခုံရုံးများကို ပေါ်ပေါက်လာစခေ့ဲသည်။ အာရက္ခလူ့ဘောင်တွင်လည်း အခြားသောလူ့အသိုက်အမြုံများနှင့် သမိုင်းကြောင်းအရ ဆုံထပ်နေသောနေရာများလည်းရှိနေသည်။ အိမ်နီးချင်းများအတွက် ဝန်ထုတ်ဝန်ပိုးများဖြစ်နေသည့် ကိစ္စများလည်းရှိနေပြီးဖြစ်သည်။ အာရက္ခလူ့ဘောင်၏ လူမျိုးစုများ၊ မတူကွဲပြားသောဘာသာရေးအုပ်စုများနှင့် ဒေသန္တရ လေယူလေသိမ်းအုပ်စုများထဲတွင် တန်းတူညီမျှမှုနှင့် တရားမျှတမှုကို တည်ဆောက်ရန်လည်း လိုအပ်နေဆဲဖြစ်သည်။ ဗီယက်နမ်က့ဲသို့ ပါဝါဆုံချက်များ သပွတ်အူလိုက်မှုမျိုးမဟုတ်သော်လည်း ကုလသမဂ္ဂမှ အဆိုပြုသော "လူသားချင်းစာနာမှု စင်္ကြန်" က့ဲသို့ ကိစ္စရပ်များကို အာရက္ခလူ့ဘောင်အနေဖြင့် မျက်မှောက်ပြုလာရနိုင်သည်။ တဖက်တွင် အာရက္ခနယ်မြေတွင် ဖြစ်ပွားခ့ဲသော စစ်ရာဇဝတ်မှုများကလည်း နိုင်ငံတကာတရားစီရင်ရေးစနစ်ထဲ ရောက်ရှိနေပြီဖြစ်ပြီး ဘယ်အချိန်တွင် ဇတ်ရှိန်မြင့်လာမည်ကိုလည်းမသိနိူင်ချေ။ ဤအခြေအနေများအား အာရက္ခပြည်အတွက် အခွင့်အလမ်းအဖြစ်ပြောင်းလဲနိုင်ရန်မှာ အာရက္ခလူ့ဘောင်၏ ဉာဏ်ပညာနှင့် တရားမျှတမှုအပေါ်တွင်သာ မူတည်နေမည်ဖြစ်သည်။ လက်ရှိ အခြေအနေတွင်တော့ ဗီယက်နမ်ကွန်မြူနစ်များသည် ပါဝါသပွတ်အူထဲတွင်လည်း ဝဲလည်လည်မလုပ်တော့ပေ။ အားလုံးသူနှင့် အဆင်ပြေအောင် ဆက်ဆံသည့် Bamboo Policy ဝါးပင်ယိမ်းမူဝါဒကိုသာ လက်ကိုင်ထားတော့သည်။
Comments
Post a Comment