ဆိုရှယ်ဒီမိုကရေစီမိတ်ဆက်
အပိုင်း-2
နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ
အရှေ့တီမော၏ အခင်းအကျင်းအားလေ့လာခြင်း-1
*လွတ်လပ်ရေးရပြီးစအချိန် အရှေ့တီမော ရင်ဆိုင်ခ့ဲရသော လူမှုရေး၊ စီးပွားရေးအခြေအနေ
2002 ခုနှစ် အင်ဒိုနီးရှားလက်အောက်မှ လွတ်မြောက်လာသောအခါ အရှေ့တီမော၏ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများမှာ အကုန်ပြိုပျက်နေပြီဖြစ်သည်။ အထူးသဖြင့် 2002 ခုနှစ်လွတ်လပ်ရေးမတိုင်မှီ ဖြစ်ပွားခ့ဲသော တိုက်ပွဲများတွင် အင်ဒိုနီးရှားစစ်တပ်နှင့် အရှေ့တီမော လွတ်လပ်ရေးကိုဆန့်ကျင်သောအုပ်စုများ၏ တိုက်ခိုက်မှုကြောင့် လမ်း၊ တံတား၊ ဆေးရုံ၊ တည်ငြိမ်သောလူနေထိုင်မှုတို့၏ 70% လောက်သည် ပျက်စီးခ့ဲရသည်။ စစ်ပွဲကြောင့် အရှေ့တီမောလူဦးရေ၏ 19% နီးပါးသည် ဘေးလွတ်ရာ နိုင်ငံ၏ အနောက်ဘက်သို့ အစုလိုက်အပြုံလိုက်ရွေ့ပြောင်းခ့ဲရသည်။ တည်ရှိနေခ့ဲသော စီးပွားရေးများရပ်ဆိုင်း ပြိုလဲခ့ဲရသည်။ ထိုအချက်များက အရှေ့တီမောအားပြန်လည်ထည်ထောင်ရန် အတွက် ပြည်ပနိုင်ငံများကိုများစွာ မှီခိုလာရမှုကို ဖြစ်လာစေတော့သည်။ လွတ်လပ်ပြီးစ အရှေ့တီမောအတွက် ပြည်သူ့ရေးရာကိစ္စများ၏ 80% နှင့် အစိုးရဘတ်ဂျက်၏ 40% သည် နိုင်ငံတကာအလှူရှင်များ၏ ငွေကြေးများအပေါ်တွင် မှီခိုနေရသည်။ အန်တီယက် (UNTEAT) ဟုခေါ်သော ကုလသမဂ္ဂ၏ အရှေ့တီမောဆိုင်ရာ ကြာကာလ စီမံအုပ်ချုပ်ရေး ( United Nations Transitional Administration in East Timor )၏ အကူအညီဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများ၊ အစိုးရယန္တယားတည်ဆောက်ရေးတို့ကို ဆောင်ရွက်ခ့ဲရသည်။ စီးပွားရေးဆိုင်ရာပြန်လည်တည်ဆောက်မှုတွင် လူမှုဘဝ၊ နေရာဒေသနှင့်အထိုင်ကျဖြစ်တည်နေသော အသက်မွေးမှုများ ( Existing economic activities)မွာ အဖတ်ဆည်မရ ပျက်သွားခ့ဲသည်။ အရှေ့တီမော၏ တစ်စိတ်တပိုင်းပြိုပျက်ခ့ဲသောလုပ်ငန်းများ၊ ပြန်လည်လတ်တလောစတင်နိုင်သောလုပ်ငန်းများနှင့် အစားထိုးနိုင်သောလုပ်ငန်းများ လည်ပတ်နိုင်ရန် အခက်အခဲမှာ မိမိရပ်ရွာမှစွန့်ခွာမှုကြီးမားနေခြင်းပင်ဖြစ်သည်။ မိမိရပ်ရွာကိုစွန့်ခွာ၍ ဘေးလွတ်ရာတွင်ရွေ့ပြောင်းနေရသောသူများအတွက် စိုက်ပျိုးရေးအစားထိုးလုပ်ငန်းများဖြင့် အလုပ်အကိုင်များဖန်တီးရာတွင် ပြဿနာမှာ ကျေးလက်နေအများစုသည် ရိုးရာအစဉ်အလာစိုက်ပျိုးရေးမှလွဲ ကျန်လုပ်ငန်းများတွင် ကျွမ်းကျင်မှုမရှိခြင်းဖြစ်သည်။ အရှေ့တီမောအတွက် ယခင်အထိုင်ကျခ့ဲသောလုပ်ငန်းများထဲတွင် စိုက်ပျိုးရေးမဟုတ်သော လုပ်ငန်းများကလည်းနည်းပါးခ့ဲသည်။
လွတ်လပ်ရေးရပြီးစတွင် အရှေ့တီမော၏ အလုပ်လက်မ့ဲဦးရေမှာ 75% ကျော်ရှိနေသည်။ စစ်ပွဲကာလကိုဖြတ်သန်းခ့ဲရသည့်အတွက် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းအဆောက်အအုံများထိခိုက်ခ့ဲရသည်။ ထိုထိခိုက်မှုက အရှေ့တီမောအတွက် လုပ်ငန်းနယ်ပါယ်စုံအလုပ်လုပ်နိုင်သည့် ပညာတတ်၊ ကျွမ်းကျင်အလုပ်သမားအလွှာအားနည်းခ့ဲရသည်။ ပညာတတ်၊ ကျွမ်းကျင်အလုပ်သမားအလွှာနှင့် လူလတ်တန်းစားနည်းပါးခြင်းက (Pervasive Poverty) ကိုဖြစ်စေပြီး အလုပ်လက်မ့ဲနှုန်းကိုမြင့်တက်စေသည်။ ဤသို့ဖြင့် အရှေ့တီမောသည် အခြေခံအဆောက်အအုံများပြန်လည်တည်ဆောက်ရေး၊ အင်စတီကျူးရှင်းများတည်ဆောက်ရေး၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့် ရှေရည်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအကောင်အထည်ဖော်ရေးတို့တွင် အခက်အခဲများတင်းပြည့်ရင်ဆိုင်ခ့ဲရသည်။
အာရက္ခလူ့ဘောင်၏ အခြေအနေနှင့် ဆန်းစစ်ခြင်း
အရှေ့တီမောလွတ်လပ်ရေးရပြီးစတွင် ရင်ဆိုင်ခ့ဲရသော တည်ငြိမ်သောလူနေထိုင်မှုတို့ပျက်စီးခြင်း၊ အခြေခံအဆောက်အအုံများပြိုပျက်ခြင်း၊ စီးပွားရေးပျက်သုန်းခြင်း၊ လူမှုဘဝ၊ နေရာဒေသနှင့်အထိုင်ကျဖြစ်တည်နေသော အသက်မွေးမှုများ ( Existing economic activities)မြာ အဖတ်ဆည်မရ ပျက်စီးခြင်း၊ တစ်စိတ်တပိုင်းပြိုပျက်ခ့ဲသောလုပ်ငန်းများ၊ ပြန်လည်လတ်တလောစတင်နိုင်သောလုပ်ငန်းများနှင့် အစားထိုးနိုင်သောလုပ်ငန်းများ လည်ပတ်နိုင်ရန် ခက်ခဲခြင်း၊ လုပ်ငန်းနယ်ပါယ်စုံအလုပ်လုပ်နိုင်သည့် ပညာတတ်၊ ကျွမ်းကျင်အလုပ်သမားအလွှာအားနည်းခြင်း စသည့် အခြေအနေများကို လက်ရှိအာရက္ခလူ့ဘောင်သည်လည်းရင်ဆိုင်နေရပုံခြင်းတူပါသည်။ အရှေ့တီမောအနေဖြင့် အဆိုပါကိစ္စရပ်များအပေါ် ပြန်လည်တည်ဆောက်ရာတွင် အခက်အခဲများကို ရင်ဆိုင်နေရသက့ဲသို့ အာရက္ခလူ့ဘောင်သည်လည်း စစ်ပွဲအလွန်ကာလနောက်ပိုင်းတွင် ရင်ဆိုင်နေရအုံးမည်ဖြစ်သည်။ အရှေ့တီမောနှင့်မတူသည်မှာ အရှေ့တီမောအနေဖြင့် အဆိုပါပြဿနာများကို လွတ်လပ်သည့်နိုင်ငံအနေဖြင့် ရင်ဆိုင်ခ့ဲရခြင်းဖြစ်ပြီး နိုင်ငံတကာအထောက်အပံများအောက်တွင် State Building ကိုစတင်ရခြင်းဖြစ်သည်။ အာရက္ခလူ့ဘောင်အနေဖြင့် မည့်သည့်နိုင်ငံရေးအဆင့်အတန်းမျိုးဖြင့် အဆိုပါကိစ္စရပ်များအား ရင်ဆိုင်မည်ကိုတော့ မသိနိုင်ချေ။ လက်ရှိ ULA/AA ထိမ်းချုပ်ထားသောဧရိယာအတွင်း State Building ကိစ္စရပ်များတွင်တော့ အဆိုပါ ပြဿနာများကို နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်နေပြီဖြစ်သည်။
*လွတ်လပ်ပြီးစအချိန် တရားဥပဒေစိုးမိုးရေးတည်ဆောက်မှု
လွတ်လပ်ရေးရလျှင်ရပြီးချင်း တရားဥပဒေစိုးမိုးရေးကိစ္စရပ်များအတွက် အရှေ့တီမောသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ချက်ချင်းပြဌာန်းနိုင်ခ့ဲသည်။ လွတ်လပ်ရေးရပြီးသည်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်အား ပြဌာန်းနိုင်မှုသည် "လွတ်လပ်ရေးတိုက်ပွဲကာလ အတွင်းကပင် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ကြိုတင်ပြင်ဆင်မှုရှိထားသော" သဘောဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံတွင် တရားဥပဒေစိုးမိုးရေးကိုအခြေခံသည့် ဒီမိုကရက္တန္ဖိုးမ်ား၊ အခြေခံအခွင့်အရေးများ၊ အာဏာသုံးရပ် ခွဲဝေမှုနှင့် တည်ဆောက်မှုများပါဝင်သည်။ အရှေ့တီမော၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကုလသမဂ္ဂလူ့အခွင့်အရေးစံနှုန်းများကိုတာဝန်ခံထားသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံ၍ ရှေ့နေချုပ်ရုံးနှင့် ပြည်သူ့ကွယ်ရေး၊ လုံခြုံရေးတပ်ဖွဲ့များကိုတည်ဆောက်ခြင်း၊ တရားရုံးအဆင့်ဆင့်နှင့် အကျဉ်းထောင်များကို တည်ဆောက်ခြင်းများကိုဆောက်ရွက်သည်။ အရှေ့တီမောကိုယ်တိုင် ရေးဆွဲထားသော အခြေအနေနှင့်ကိုက်ညီသော ဥပဒေပြုရေးမဏ္႑ိုင်၏ ဖွဲ့စည်းပုံမူကြမ်းအပေါ်တွင် နိုင်ငံတကာမှ ကျွမ်းကျင်သူများက အပံအပိုးများပေးခ့ဲကြရသည်။ ဥပဒေပိုင်းဆိုင်ရာ အင်စတီကျူးရှင်းများလည်ပတ်နိုင်ရေးအတွက် "တရားစီရင်ရေးအဓိက အစိတ်အပိုင်းများဖြစ်သော တရားသူကြီးများ၊ အစိုးရရှေ့နေများ"ကို သင်တန်းပေးခြင်း၊ "တရားစီရင်ရေး၏ အခြားသောအစိတ်အပိုင်းများဖြစ်သော ပြည်သူ့အခွင့်အရေး ကာကြယ္သူ (Public Defenders)မ်ား၊ ရှေ့နေအုပ်အကိုင်များ၊ အုပ်ချုပ်ရေးဝန်ထမ်းများ"ကို သင်တန်များပေးခ့ဲသည်။ အရှေ့တီမော၏ အသွင်ကူးပြောင်းရေးကြားကာလ တရားမျှတမှုအတွက် နိုင်ငံတကာဖက်စပ်ခုံရုံးဖြစ်သော ပြင်းထန်ပြစ်မှုများကိုင်တွယ်ရေး ပင်နယ်တရားသူများ (Special Penals For Serious Crimes- SPSC) ကိုဖွဲ့စည်းခ့ဲသည်။ SPSC အောက်တွင် ပြင်းထန်ပြစ်မှုများအတွက် အမှုတွဲတည်ဆောက်ရန် ရှေ့နေအဖွဲ့ (Special Crimes Unit- SCU) ကိုဖွဲ့စည်းထားသည်။ အမှုတွဲတည်ဆောက်ရန် SCU ရှိနေသက့ဲသို့ အမှန်တရားနှင့် ရင်ကြားစေ့ရေးဆိုင်ရာကော်မရှင် (Commission for Reception, Truth and Reconciliation (CAVR)) ကိုပါဖွဲ့စည်းစေခ့ဲသည်။ အဆိုပါယန္တယားများ၏ ဦးတည်ချက်မှာ " ပြစ်မှုကျူးလွန်သူများအား ကင်းလွတ်ခွင့်ရနေသည့် အခြေအနေများကို တိုက်ဖျက်ရန်" ဖြစ်သည်။ "စစ်ပွဲကာလအတွင်း ပြစ်မှု ကျူးလွန်ခ့ဲသော မည်သူမဆို" ပြန်လည်တာဝန်ခံမှုရှိစေရန် ဆောင်ရွက်သည်။
အရှေ့တီမောသည် ဒေသန္တရ ဂါမပညတ်ချက်များရှိသော နေရာဖြစ်သည်။ တရား ဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်မှုများတွင် မည်သည့်ဥပဒေကိုကျင့်သုံးမည်နည်းဆိုသောပြဿနာကိုဖြေရှင်းရာတွင် ဥပေဒ ရောပြွန်းစုံလင်မှု (Legal Pluralism) ဖြင့်ဖြေရှင်းသည်။ ဤတွင် ဒေသရပ်ရွာ ဓလေ့ထုံးတမ်းများကိုအခြေခံ၍ ဖြေရှင်းမှုများရှိလာခ့ဲသည်။ ထိုက့ဲသို့ အမှုကိစ္စရပ်များကိုဖြေရှင်းရာတွင် ရုံးရောက်ဂတ်ရောက်ပုံမှန်ဖြေရှင်းနည်းနှင့် ပုံမှန်မဟုတ်သော ဒေသန္တရထုံတမ်းအောက်မှ ဖြေရှင်းနည်းများကိုပါ ပေါင်းစပ်ဖြေရှင်းခ့ဲသည်။ ထိုက့ဲသို့ ပုံမှန်မဟုတ်သော တရားရေးစနစ် (Informal Justice System) ၏ ဦးတည်ချက်မှာ "ရင်ကြားစေ့ရေးနှင့် ပြေလည်ငြိမ်းချမ်းရေး" ရရှိရန်ဖြစ်သည်။ အရှေ့တီမော၏ ဥပဒေစိုးမိုးရေးနယ်ပါယ်၏ စိန်ခေါ်ချက်မှာ လုပ်ငန်း ကျွမ်းကျင်လူသားအရင်းအမြစ်မလုံလောက်မှုနှင့် တည်ဆောက်နေရသော စနစ်အတွင်း လုပ်ငန်းအထိုင်မကျမှုပင်ဖြစ်သည်။ ဤသို့ဖြင့် တရားစီရင်ရေး၏ အခြေခံလုပ်ငန်း Framework အားနည်းသည့် ပြဿနာကိုရင်ဆိုင်နေရသေည်။ တရားစီရင်ရေး၏ အခြေခံလုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်မှုအားနည်းခြင်းသည် အခြားတဖက်တွင် တရားစီရင်ရေးမဏ္႑ိုင်အပေါ် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအပါအဝင်အခြား (factor)မ်ားမွ ထိန်းကျောင်းမှုထက် ဝင်ရောက်လွမ်းမိုးမှုကိုပိုဖြစ်စေသည်။ တရားစီရင်ရေးအား ထိန်းကျောင်းခြင်းထက် ဝင်ရောက်လွမ်းမိုးခြင်းကပိုဖြစ်နေလျှင် တရားစီရင်ရေးသည် မလွတ်လပ်တော့ပေ။ တရားစီရင်ရေးမလွတ်လပ်လျှင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုမှာခက်ခဲသွားပြီး ရှေ့ဆက်မတိုးဘဲ မပြီးနိုင်မစီးနိုင် (backlogs) ဖြစ်နေတော့သည်။ ဤသို့ အခက်အခဲများကို အရှေ့တီမောသည်ရင်ဆိုင်နေရသည်။
((စနစ်သစ်တစ်ခုအတွင်း လုပ်ငန်းအထိုင်မကျခြင်းအား Unavailable Task ဆောင်းပါး အပိုင်း (1) နှင့် (2) တွင်ဖတ်နိုင်ပါသည်))
အပိိုင်း-1 (ကျင့်ဝတ်စံနှုန်း၊ ပဋိညာဉ်နှင့် Unavailable Task) https://bnanews.net/articles/4327/
အပိုင်း-2 (ကျင့်ဝတ်စံနှုန်း၊ အင်စတီကျူးရှင်းနှင့် Unavailable Task) https://bnanews.net/articles/4387/
အာရက္ခလူ့ဘောင်အခြေအနေနှင့် ဆန်းစစ်ခြင်း
လက်ရှိအာရက္ခလူ့ဘောင်တွင်လည်း ဥပဒေစိုးမိုးရေးနယ်ပါယ်တွင် လုပ်ငန်း ကျွမ်းကျင်လူသားအရင်းအမြစ်မလုံလောက်မှုနှင့် တည်ဆောက်နေရသော စနစ်အတွင်း လုပ်ငန်းအထိုင်မကျခြင်း၊ တရားစီရင်ရေး၏ အခြေခံလုပ်ငန်း Framework အားနည်းခြင်း စသည့်ပြဿနာများရှိနေသည်။ အရှေ့တီမောတွင်တော့ အဆိုပါပြဿနာများအား နိုင်ငံတကာ၏ အထောက်အပံများအောက်တွင်ဖြေရှင်းနေရသော်လည်း အာရက္ခလူ့ဘောင်တွင်တော့ တရားဥပဒေစိုးမိုးရေးအပိုင်းတွင် နိုင်ငံတကာမှ ကျွမ်းကျင်သူများ၊ အထောက်အပံများဆိုသည်က ဝေးလွန်းနေပါသေးသည်။ အာရက္ခလူ့ဘောင်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာလည်း အသံပင်မထွက်နိုင်သေးသော အခြေအနေတွင်ရှိနေသည့် အချိန်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသေးလျှင်တောင် လက်ရှိယာယီကျင့်သုံးနေသည့် တရားစီရင်ဆိုင်ရာ အခြေခံမူဘောင်စံတန်ဖိုးများကိုလည်း အများပြည်သူထံ ချပြနိုင်ခြင်းမရှိသေးပေ။ ဤသို့သောအခြေအနေမျိုးတွင် အာရက္ခတရားစီရင်ရေးသည် စစ်ဘက်၊ အုပ်ချုပ်ရေးဘက်ကို ပြန်လည်ထိန်းကျောင်းနိုင်သော သီီးခြားလွတ်လပ်သည့် အနေအထားမျိုးနှင့် ပို၍ဝေးကွာနေအုံးမည့်သဘောတွင်ရှိသည်။ ရှေ့ဆက်မတိုးဘဲ မပြီးနိုင်မစီးနိုင် (backlogs) ဖြစ်နေသော အမှုအခင်းများမှာလည်း အာရက္ခလူ့ဘောင်တွင် ရှိနေပြီး ထိုအတွက်လည်း ပြည်သူလူထုမှာ ဆုံးရှုံးနစ်နာမှုများရှိနေသည်။ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု၏ အခြားသောအစိတ်အပိုင်းများဖြစ်သော ပြည်သူ့အခွင့်အရေး ကာကြယ္သူ (Public Defenders)မ်ား ဆိုသည်မှာလည်း အာရက္ခလူ့ဘောင်တွင် ကျယ်ပြန့်သော အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုး ပျောက်ဆုံးနေဆဲဖြစ်သည်။ ULA/AA အနေဖြင့် ရပ်ရွာလူထုအား မည်သည့်အန္တရာယ်ပင်မဆိုမိမိကိုယ်ကိုကာကွယ်နိုင်မှုရှိခြင်းကို မြင်လိုမည်ဖြစ်သည်။ "မည်သည့် အန္တရာယ်ပင်မဆို မိမိကိုယ့်ကိုကာကွယ်နိုင်သော ရပ်ရွာလူထု" ဆိုသည့် အနှစ်သာရတွင် အာဆာ၊ စကစက့ဲသို့ အုပ္စုမ်ား၏ အန္တရာယ်မှ ကာကွယ်နိုင်ခြင်းဆိုသည့် ကာကွယ်ရေး၊လုံခြုံရေးဆိုင်ရာအမြင်ဘက်မှ အကောင်အထည်ဖော်ခြင်းမျိုးကိုကျော်လွန်၍ "တရားလက်လွတ် ဖြစ်နေသော အချို့သော အောက်ခြေမှ တာဝန်ရှိသူများ၏ လုပ်ရပ်များကိုလည်း မိမိကိုယ္ကို ကာကွယ်နိုင်သော ရပ်ရွာလူထု ဖြစ်လာရန်" ဆိုသည့် အမြင်မျိုးဘက်မှလည်း ချဉ်းကပ်အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ တိုက်ခိုက်ရေးနှင့် တည်ဆောက်ရေးကို တပြိုင်တည်းခြေလှမ်းလှမ်းနေရမှုသည် လက်ရှိအာရက္ခလူ့ဘောင်ရင်ဆိုင်နေရသည့် စိန်ခေါ်ချက်ဖြစ်သည်။ အာရက္ခလူ့ဘောင်အတွက် စစ်ပွဲအတွင်း ဆောင်ရွက်ရသော တည်ဆောက်ရေးတွင် စစ်ဘက်၏ စီမံခန့်ခွဲမှုသည် အရာရာထက် အမြင့်ဆုံးနေရာတွင် ရှိနေချိန်လည်းဖြစ်သည်။ စစ်မက်ပေါက်ကွဲနေဆဲ ဒေသများ၏ တည်ဆောက်ရေးတွင်တော့ ထိုအချက်သည် မှန်ပါသည်။ သို့ရာတွင် စစ်မက်စက်ကွင်းမှ လွတ်နေသော နေရာများလည်း အာရက္ခလူ့ဘောင်တွင် ရှိနေပါသည်။ ထိုနေရာများတွင် စတင်လာရသည့် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်တော့ စံနှုန်း၊ ကျင့်ဝတ်၊ တန္ဖိုးမ်ား ရှိလေ ကောင်းလေပင်ဖြစ်သည်။ ထိုက့ဲသို့ နေရာများ၏ တည်ဆောက်ရေးတွင် စံနှုန်း၊ ကျင့်ဝတ်၊ တန်ဖိုးများရှိနေပါကလည်း အာရက္ခလူ့ဘောင်အတွက် ဆိုးကျိုးဖြစ်လာစရာမရှိပေ။ မရှိမှသာ ပို၍ဆိုးမည်ဖြစ်သည်။
ရိုဟင်ဂျာ ဂျီနိုဆိုက် အရေးနှင့်ပတ်သက်၍ နိုင်ငံတကာယန္တယားများသည် လက်ရှိတွင် ကိုင်တွယ်နေပြီဖြစ်သည်။ ရိုဟင်ဂျာ ဂျီနိုဆိုက်သည် အာရက္ခနယ်မြေအား ULA/AA မွ မထိန်းချုပ်ခင်အချိန်တွင် ဖြစ်ပွားခ့ဲသော်လည်း လက်ရှိတွင် ULA/AA က မှုခင်း၏ မူလဖြစ်ပွားရာနေရာများကို ထိန်းချုပ်ထားပြီဖြစ်သည်။ ဤအခ်က္က အာရက္ခလူ့ဘောင်သည် နိုင်ငံတကာတရားစီရင်ရေး ယန္တယားများ၏ သက်ရောက်မှုကို တချိန်မဟုတ် တချိန်ရင်ဆိုင်လာရမည့်သဘောဖြစ်သည်။ ထိုသို့ ရင်ဆိုင်လာရချိန်တွင် အာရက္ခလူ့ဘောင်သည် စိန်ခေါ်ချက်အား အခွင့်အလမ်းအဖြစ် မည်မျှပြောင်းလဲနိုင်ပါမည်နည်း။ စိန်ခေါ်ချက်အား အခွင့်အလမ်းအဖြစ်ပြောင်းရန် ညဏ်ပညာနှင့် တရားမျှတမှုလိုသည်။ ညဏ်ပညာနှင့် တရားမျှတမှုဆိုသည်မှာလည်း ကျင့်ဝတ်၊ စံနှုန်းများရှိမှသာ ဖြစ်ပေါ်လာသည့် စွမ်းအားများဖြစ်သည်။
အရှေ့တီမောနည်းတူ အာရက္ခလူ့ဘောင်၏ သာမန်ပြည်သူလူထုသည်အခြေခံ စံတန္ဖိုးမ်ား၊ ကျင့်ဝတ်များအေပေါ်တွင် စိတ်ဝင်စားခြင်း နည်းပါးသည်။ ကြောင်ဖြူဖြု၊ မဲမဲ ကြွက်ဖမ်းရင်ပြီးရော အလုပ်ဖြစ်လျှင်ပြီးရော ဆိုသည့်အလေ့အထက အမြစ်တွယ်နေသည်။ ထို့အလေ့အထမျိုးက အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် State Building ကိစ္စများတွင် (backlogs) ကြန့်ကြာမှု မ်ားကို ဖြစ်စေသည်။ တရားစီရင်ရေးအပိုင်းမျိုးတွင် (backlogs) များသည်လူထုကို နစ်နာစေသည်။ အလုပ်ဖြစ်လျှင်ပြီးရောဆိုသည့်သဘောကြောင့် ပို၍အလုပ်မဖြစ်သည့်ဘက်ကို ရောက်သွားတတ်သည်။ စစ်ရေးစစ်ရာတွင် အထက်မှအမိန့်က အောက်ကိုစီးဆင်းသည့် ပုံမျိုးဖြင့် စွမ်းဆောင်နိုင်သော်လည်း (Public Defenders) ဖြစ်သော ရဲလုပ်ငန်းများ၊ တရားရုံးများနှင့် အုပ်ချုပ်ရေးတို့တွင် "ချင့်ချိန်စဉ်းစားမှု၊ ခွဲခြမ်းစိတ်ဖြာမှုနှင့် တီထွင်ကြံဆမှု စွမ်းရည်"တို့ကလိုလာသည်။
အရှေ့တီမောသည် ဒေသန္တရရပ်ရွာထုံးထမ်းဓလေ့အမျိုးမျိုးရှိသောနေရာဖြစ်ပြီး တရားစီရင်ရေးတွင် Civil Law System ကိုကျင့်သုံးသည်။ အမှုအခင်းများကို ကိုင်တွယ်ရာတွင် မိမိတို့ရပ်ဓလေ့ ရွာဓလေ့အောက်မှ " မိမိတို့၏ပြဿနာကို မိမိတို့ဖာသာဖြေရှင်းနိုင်မှု" ကိုလမ်းဖွင့်ပေးသည့် ပုံမှန်မဟုတ်သော တရားရေးစနစ် (Informal Justice System)ကိုကျင့်သုံးသည်။ အထူးသဖြင့် ရပ်ရွာလူထုကြားတွင် ဖြစ်ပွားသော ပြဿနာများကို "ရင်ကြားပြန်စေ့နိုင်ရန်နှင့် ပြေလည်ငြိမ်းချမ်းနိုင်ရန်" ဆောင်ရွက်ရာတွင် ရပ်ရွာလူထုကိုယ်တိုင်ပါဝင်နိုင်စေရန် ရည်ရွယ်ချက်ဖြစ်သည်။ တရားမျှတမှုကိုဖော်ဆောင်ရာတွင် "ကြားလူတစ်ဦးတစ်ယောက်က ဝင်ရောက်ဆုံးဖြတ်ပေးမှုကို ခံရခြင်းထက် မိမိတို့အချင်းချင်း ညိ့ှနှိုင်းဆွေးနွေး၍ သေဘာတူညီခ်က္ကို ရယူနိုင်ခြင်း" က ပိုကောင်းသည်ဟူသော သဘောသဘာဝရှိပါသည်။ Common Law စနစ်တွင်ဖြစ်စေ၊ Civil Law စနစ်တွင်ဖြစ်စေ၊ ရောပြွန်းစနစ်တွင်ဖြစ်စေ အမှုအခင်းပြဿနာရပ်များ၌ " ညိ့ှနှိုင်းဆွေးနွေးခြင်း (Negotiation Systems)မျိုးကို ကျင့်သုံးလေ့ရှိကြသည်။ အာရက္ခလူ့ဘောင်၏ သာမန်ပြည်သူလူထုအနေဖြင့် တရားရုံး၊ ရဲဌာန၊ ရှေ့နေရုံး၊ အုပ်ချုပ်ရေးစသော အင်စတီကျူးရှင်းများရှေ့တွင် လူသားဂုဏ်သိက္ခာအား သေးသိမ်အောင်ပြုလုပ်ခံရခြင်းမျိုးကိုသာ သမိုင်းတလျောက် ရင်ဆိုင်ခံစားနေခ့ဲရသည်။ အာရက္ခလူ့ဘောင် ရင်ဆိုင်ခ့ဲရသော "ညိ့ှနှိုင်း ဆွေးနွေးခြင်း (Negotiation)"မွာ လူသားဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းခွင့်ရအောင် တရားရုံး၊ ရဲဌာန၊ ရှေ့နေ၊ အုပ်ချုပ်ရေးတို့ဖက်မှ ဆောင်ရွက်ပေးခြင်းမရှိခ့ဲပေ။ လက်ရှိ ULA/AA အောက်တွင်ကော အာရက္ခလူူထုသည် အဆိုပါ အင်စတီကျူရှင်းများရှေ့၌ လူဂုဏ်သိက္ခာရှိရှိ မည်မျှလောက် ဖြတ်သန်းနေရသည်ဟု ခံစားနေရပါသနည်း။ လူဂုဏ်သိက္ခာရှိရှိဖြတ်သန်းခွင့်ကိုထားအုံး (backlogs) ဖြစ်စဉ်များကြောင့် အမိန့်မချနိုင်ခင်ပင် ကာလရှည်ဖမ်းဆီးရမှု၊ လူ့အသက်ဆုံးရံှုးမှုများပင် ကြုံလာရမှုများရှိနေသည်။
အာရက္ခလူ့ဘောင်ရင်ဆိုင်နေရသော ကျင့်ဝတ်ပိုင်းဆိုင်ရာပြဿနာ တစ္ခုမွာ "ယခင်က အရပ်ဖက် တက်ကြွလှုပ်ရှားသူများ၊ Human Rights Defenders များသည် အာဏာပိုင်အဖွဲ့အစည်းများ၏ အပြင်ဘက်တွင်ရှိနေပြီး အာဏာပိုင်များ၏ မတရားမှုများကို "သီးခြားလွတ်လပ်စွာ အသံထုတ်" နိုင်ခ့ဲသော်လည်း ယခုအချိန်တွင်တော့ ထိုသို့မဟုတ်တော့ပေ။ တချိန်က "သီးခြားလွတ်လပ်စွာ အသံထုတ်" ခ့ဲကြသောသူများမှာလည်း လက်ရှိတွင် အာဏာပိုင်အဖွဲ့အစည်းများအတွင်းသို့ ရောက်နေကြပြီဖြစ်သည်။ အာရက္ခလူ့ဘောင်၌ အရပ်ဘက်တက်ကြွလှုပ်ရှားသူဖြစ်စေ၊ အရပ်ဘက်အဖွဲ့အစည်းဖြစ်စေ၊ မီဒီယာဖြစ်စေ "သီးခြားလွတ်လပ်သော မဏ္႑ိုင်အဖြစ်ရပ်တည်မှု" သည်လည်း ပီပြင်မှုအားနည်းခ့ဲပြီဖြစ်သည်။
လက်ရှိ အာရက္ခလူ့ဘောင်၏ နယ်ပါယ်အသီးသီးတွင် ကဏ္႑အလိုက် ပရော်ဖက်ရှင်နယ် အဆင့်ထိအရည်အသွေးရှိသောပုဂ္ဂိုလ်များ နိုင်ငွတည်ဆောက်ရေးတွင် ပါဝင်မှုသည် ရှိသော်လည်း အားနည်းနေသေးသည်ဟု ဆိုကြသည်။ ဤတွင်ဆန်းစစ်စရာမှာ အာရက္ခလူ့ဘောင်သည် " ကြောင်ဖြူဖြူ ၊ မဲမဲ ကြွက်ခုတ်လျှင် ရပြီ" ဆိုသည့် အလုပ်ဖြစ်လျှင်ပြီးရော အလေ့အထကိုကော မည်မျှပြုပြင်ချင်စိတ်ရှိပါသနည်း ဆိုသည့်မေးခွန်းဖြစ်သည်။ လုပ်ငန်းနယ်ပါယ်တစ်ခုအလိုက် ပြောဆိုကြရာတွင် " သီအိုရီမ်ား၊ ကျမ်းစာအုပ်များကို ငါတို့အားလာမပြနှင့် ဆိုသည့် အပြောအဆို အလေ့အကျင့်များသည် အမှန်တကယ် ပညာကိုလိုအပ်နေသော ပုံစံမျိုးတော့မဟုတ်ပေ"။ "သီအိုရီမ်ား၊ စံတန္ဖိုးမ်ားကို သိပ်ဂရုစိုက်စရာမလို ဟူသောအလေ့အထအားကောင်းသည့်ဝန်းကျင်တွင် "နည်းနာ သီအိုရီများဖြင့် အလုပ်လုပ်နေရသည့် သူများအတွက်တော့ ရေခံမြေခံကောင်း"ဖြစ် မည်တော့မဟုတ်ပေ။ အကယ်၍ တရားသူကြီးတစ်ဦးအား တရားရေးစီရင်ရေးသဘောတရားများ၊ သီအိုရီမ်ားကို မလိုဟုလည်းကောင်း၊ တပ်မှုးတစ်ဦအား စစ်ရေး နည်းနာသဘောတရားများ၊ သီအိုရီမ်ားကို မလိုဟုလည်းကောင်း သွားပြောလျှင် အလုပ်ဖြစ်တော့မည် မဟုတ်တော့ပေ။
အာရက္ခလူ့ဘောင်အတွက် ကဏ္႑အလိုက် ကျွမ်းကျင်သော ပညာရှင်များလိုအပ်သည် ဟူသော အပြောသည် အပေါ်ယံအလွှာသာဖြစ်သည်။ လူ့ဘောင်တစ်ခုအတွက် "ပညာရှင်ကိုလိုသည်လား"၊ "ပညာကို လိုအပ်သည်လား" ဆိုသည့်စမ်းသပ်မှုလည်း ဖြစ်နေသည်။ ထိုနှစ်ခု၏ အဓိပ္ပါယ်မှာ အနှစ်သာရအားဖြင့် မတူပေ။ ဥပမာ- လေယဉ်ပျံတစ်စီးနှင့် လေယဉ်ပျံမောင်းတတ်သူအား လိုအပ်သည်လား၊ လေယဉ်ပျံတည်ဆောက်နည်း၊ လေယဉ်ပျံမောင်းနည်းကိုလိုအပ်သည်လား ဆိုသည့်သဘောသည် မတူပေ။ သာမန်အောက်ခြေလူထု နစ်နာသော ကိစ္စတိုင်းသည် "လုပ်ပိုင်ခွင့် တာဝန်ရှိသူများ၏ ကျင့်ဝတ် ကိုယ်ကျင့်သီလ စာရိတ္တပိုင်းတွင် ပျက်ကွက်မှုကြောင့်" ပေါ်လာခြင်းဖြစ်သည်။
အကယ်၍ "အာရက္ခလူ့ဘောင်၏ နိုင်ငံတည်ဆောက်ရေးတွင် ပညာရှင် အဆင့်များ ပါဝင်မှုအားနည်း နေသေးသည်" ဆိုသော နေရာတွင် "အာရက္ခလူ့ဘောင်၏ နိုင်ငံတည်ဆောက်ရေးတွင် ဆောင်ရွက်နေသူ အဆင့်ဆင့်တွင် ကဏ္႑အလိုက် အသိပညာ၊ အတတ္ပညာမ်ား လိုအပ်နေသေးသည်" ဟု အစားထိုးစဉ်းစားကြည့်လျှင် အမြင်သစ်၊ ချဉ်းကပ်ပုံ အသစ္ကို ရလာမည်ဖြစ်သည်။ ဤ ရှူဒေါင့်မှ ကြည့်လျှင် သာမန်အောက်ခြေလူထု နစ်နာသော ကိစ္စတိုင်းသည် လုပ်ပိုင်ခွင့် တာဝန်ရှိသူများ၏ ကျင့်ဝတ် ကိုယ်ကျင့်သီလ စာရိတ္တပိုင်းတွင် ပျက်ကွက်မှုကြောင့် ပေါ်လာခြင်းဖြစ်သည် ဆိုသောအချက်ကို ဆဝါးခံစား၍ရလာမည်ဖြစ်သည်။
ဥပမာ- နှစ်ပေါင်းများစွာ လယ်လုပ်လာသော လယ်သမားတစ်ယောက်သည် မိမိ၏ လယ်နှင့် ပတ်သက်သောအချက်အလက်များကို သာမန်လူများထက်ပိုသိသည်။ မည်သို့အခြေအနေမျိုးတွင် စပါးအထွက်တိုးနိုင်သည်၊ မည်သည့်အခြေအနေမျိုးတွင် စပါးအထွက်ကျဆင်းနိုင်သည် စသည့်အချက်များကို သူ့ဖာသာသူ ခန့်မှန်းတွက်ဆနိုင်သည်။ ဤသည်ကား လုပ်ငန်းသဘောသဘာဝမှပေးသော အသိတရားဖြစ်သည်။ ထိုလယ္သမားအား အာဏာရှိ၊ ပါဝါရှိသောသူတစ်ဦးမှလာ၍ "ဤသို့လုပ်ပါ၊ ထိုသို့လုပ်ပါ ဟုလာပြောလာသောအခါ အဆိုပါလယ်သမားသည် အာဏာပါဝါရှိသောသူ၏ ပြောသောနည်းလမ်းများက မိမိလယ်အနေအထားနှင့် သင့်တော်၏၊ မတော်၏ ကို လုပ်ငန်းသဘောသဘာဝအတွေ့အကြုံနှင့် စဉ်းစားအဖြေထုတ်နိုင်ပါသည်။ အကယ်၍ အဆိုပါ အာဏာပါဝါရှိသောသူမွပြောဆိုသောနည်းလမ်းများသည် မိမိ၏လယ်အနေအထားနှင့် မသင့်လျော်ဆိုပါက "မသင့်လျော်ကြောင်းကို လယ်သမားသည် ပြောဆိုရန်" တာဝန်ရှိသည်။ ပြောလည်း ပြောဆိုရဲရမည်ဖြစ်သည်။ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ဆိုသည်မှာ ထိုသဘောမျိုးဖြစ်သည်။ ထိုသို့ အကယ်၍ အာဏာပါဝါရှိသူဖြစ်၍ ပြန်မပြောနိုင်ပါက ကျင့်ဝတ်ပိုင်းအရ လယ်သမားသည် ကိုယ်၏အသိတရားအပေါ်တွင် သစ္စာဖောက်ရာရောက်သည်။ ထိုအတူ အသိပညာရှိသူတစ်ဦးဦးသည် ပရော်ဖက်ရှင်နယ်ကျင့်ဝတ်အရ " လူမှုပတ်ဝန်းကျင်တစ်ခု၏ လိုအပ်ချက်အပေါ် မိမိအသိဉာဏ်ပညာနှင့် ချင့်ချိန်၍ ထောက်ပြ ပြောဆိုရန် တာဝန်ရှိသည်"။ ထိုသို့ထောက်ပြ ပြောဆိုမှုကြောင့် မည်မျှပင်ထိုးနှက်ခံရပါစေ ပြောရမည်ဖြစ်သည်။ "လူမှုပတ်ဝန်းကျင်တစ်ခု၏ လိုအပ်ချက်အပေါ် မိမိအသိဉာဏ်ပညာဖြင့် အထောက်အကူပြုလိုသော စေတနာနှင့် အခွင့်အရေး နေရာလိုချင်သော ဆန္ဒသည်မတူသေးပေ။
လက်ရှိအာရက္ခလူ့ဘောင်၏ လူထုသည်ကား " ပညာကိုအခြေခံသည့် လူ့ဘောင်" သဘောမျိုးဖြစ်လာရန် မည်မျှလောက် ထိအာသီသ ပြင်းပြပါသနည်း။ ULA/AA ကိုယ်တိုင်သည်လည်းကောင်း၊ ULA/AA ကိုထောက်ခံပြနေသည့် သူများသည်လည်းကောင်း " အသိတရား၊ အကျိုးအကြောင်းဖြင့် ပြောဆိုမှုအပေါ် မည်မျှထိ လွတ်လပ်ခွင့်ပေးရဲပါသနည်း။ တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရက်စံနှုန်းကို အကောင်အထည်ဖော်မှုအပိုင်းတွင် အာရက္ခလူ့ဘောင်သည် အရှေ့တီမောထက်ပင် ပို၍စိန်ခေါ်ချက်ကြီးမားနိုင်ပါသည်။ အာရက္ခလူ့ဘောင်၏ စည်းလုံးညီညွှတ်ရေးသည် တန်းတူညီမျှမှု၊ တရားမျှတမှုအပေါ်တွင်တည်ဆောက်မှ ခိုင်မာမည်ဖြစ်သည်။ တန်းတူညီမျှမှု၊ တရားမျှတမှု ဆိုသည်မှာ တဖက်တွင် " နိုင်ငံရေးစိတ်စေတနာ" လည်းဖြစ်သည်။ ကြီးမားသော စိန်ခေါ်ချက်များကို ရင်ဆိုင်မည့် အာရက္ခလူ့ဘောင်အတွက် " နိုင်ငံရေးစိတ်စေတနာ" ပြင်းပြမှုသည်လည်း လိုအပ်ချက်တစ်ခုပင်ဖြစ်သည်။ ဤေနရာ၌ "အာရက္ခလူ့ဘောင်အတွက် နိုင်ငံရေးစိတ်စေတနာ" ဟုဆိုခြင်းတွင် ULA/AA ထဲရှိသူများကိုသာရည်ညွှန်းခြင်းမဟုတ်ဘဲ အာရက္ခလူထုတိုင်းသည်လည်း အာရက္ခပြည်အပေါ် "နိုင်ငံရေးစိတ်စေတနာ" ရှိရန်လည်းလိုအပ်သည် ဟုရည်ညွှန်းလိုရင်းဖြစ်သည်။
အပိုင်း-2 အားဆက်လက်ဖတ်ရှူပါရန်
Comments
Post a Comment