ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု-2
မြေ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ (3)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု
3- မြေသည် စီးပွားရေး၊ လူမှုရေး၊နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ နှင့်သက်ဆိုင်ပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေး၊ တိုးတက်ဖွံ့ဖြိုးမှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိသည်။
4- မြေတွင် နိုင်ငံတကာစံနှုန်းများအရ ပိုင်ဆိုင်မှု့အခွင့်အရေး၊ နယ်နိမိတ်နယ်မြေနှင့် တရားဝင်မှုရရှိသော မြေအသုံးချမှု စသည့်အချက်များပါဝင်ပါသည်။ အိုးအိမ် (Housing)၊ မြေ (Land) နှင့် ပိုင်ဆိုင်ရရှိခွင့် (Property) တို့သည် လူသားဆန်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်ပါယ်ထဲမှ ချဉ်းကပ်ရသော အချက်များဖြစ်သည်။ အိုးအိမ် (Housing)၊ မြေ (Land) နှင့် ပိုင်ဆိုင်ရရှိခွင့် (Property) စသည့်အခွင့်အရေးများကို အတိုကောက်အားဖြင့် (HLP) Rights ဟုခေါ်သည်။ မြေအခွင့်အရေး၊ မြေ ကြီးကြပ်ခန့်ခွဲမှု၊ မြေဆိုင်ရာ အုပ်ချုပ်မှု၊ မြေ စီမံခန့်ခွဲမှုနှင့် မြေပြင်ဆိုင်ရာ အစိတ်အပိိုင်းအလိုက် အချက်အလက် စနစ္မ်ားကို အစိုးရမ်ားက ချမှတ်ရာတွင် အဆိုပါ (HLP) အခွင့်အရေးကို ဖေါ်ဆောင်ကျင့်သုံးရန်လိုအပ်သည်။ လူသား သဘာဝအရ မြေနှင့် မြေ၏ အရင်းအမြစ်သံယံဇာတများကို တန်ဖိုးထားကြသည်။ လူသားများကြား ရှုပ်ထွေးသော လူမှုဆက်ဆံရေးအရ ဆက်နွယ်မှုတွင် မြေအသုံးချခြင်းတရားဝင်ရရှိခြင်းသည် တည်ရှိနေသည်။
5- မြေအသုံးချခြင်း တရားဝင်မှုရရှိခြင်း ပုံစံအမျိုးမျိုး မွာ ဥပေဒ ကြောင်းအရ တရားဝင်မှု အမျိုးအစားစုံလင်စွာ ရှိနေသည်။ မြေနှင့် ပတ်သက်၍ လူမှုရေးဆိုင်ရာ ကိစ္စရပ်များရှိနေသည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။ ရပ်ရွာလူ့အသိုက်အဝန်း၊ ဒေသ လူ့အသိုက်အဝန်း မ်ား စသည့် လူ့အသိုက်အဝန်းများ၏ အမြင်တွင် ပုံမှန် မြေအသုံးချခြင်း တရားဝင်မှုရရှိခြင်းသည်လည်းကောင်း၊ ပုံမှန်မဟုတ်သော မြေအသုံးချခြင်း တရားဝင်မှုရှိနေခြင်းသည်လည်းကောင်း တရားဝင်သည်ဟု ရှူမြင်ကြသည်။ ရပ်ရွာ ဒေသ လူ့အသိုက်အဝန်း၏ အမြင်တွင် မြေသည် ရောင်းဝယ် ဖလှယ်စရာလောက်သာ မဟုတ်ပေ။ မြေဆိုင်ရာ အချက်အလက် အထောက်အထားများသည် ဥပ ဒေ ကြောင်းအရ အထမြောက်ရမည်ဟု ရှူမြင်ကြသည်။ မြေအသုံးချခြင်း တရားဝင်မှုရရှိခြင်း တွင် မြေငှားရမ်းအသုံးချမှု သ ဘောတူညီချက်များ၊ အိုးအိမ်အ ဆောက်အအုံံတည်ရှိမှုများ၊ မြေငှားရမ်းခြင်းများ၊ ရပ်ရွာ ဒေသ၏ ဓလေ့ထုံးတမ်းများနှင့် ဌာနေလူမျိုးစုများ၏ အခွွင့်အရေးများ၊ လူ့အသိုက်အမြုံ အုပ္စုမ်ား၏ အခွွင့်အရေးများ၊ မြို့ပြကျူးကျော်နေထိုင်သူများ၏ ပုံမှန်မဟုတ်သော မြေယာများ စသဖြင့် ပါဝင်သည်။
မြေသည် ကုလသမဂ္ဂ၏ မဏ္႑ိုင်သုံးရပ်နှင့် ဆက်စပ်ပတ်သက်နေသည်။
1- ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် မြေသည် လက်နက်ကိုင် ပဋိပက္ခများ၏ အ ရေးပါသော ဇစ်မြစ်ဖြစ်သည်။ ပဋိပက္ခများ ပြန်လည်ငြိမ်သက်ရန်နှင့် ငြိမ်းချမ်းရေးရေရှည်တည်တံရန် ဆောင်ရွက်ရသည့် အချိန်အတောအတွင်းတွင်လည်း မြေသည် အ ရေးပါသော အချက်ဖြစ်သည်။
2- လူ့အခွင့်အရေးနှင့် မြေ ကိစ္စရပ်သက်ဆိုင်မှုတွင် ဖိအားပေး နေရာစွန့်ခွာစေခြင်းက့ဲသို့သော မြေနှင့်ဆက်နွယ်ပတ်သက်သော လူ့အခွင့်အရေးချိုးဖေါက်မှုများကို ဖြစ်စေပြီး လူဦးရေများပြားစွာ နေရာရွေ့ပြောင်းရမှုကိုလည်း ဖြစ်စေသည်။
3- ဖွံ့ဖြိုးတိုးတက်မှုနှင့် မြေသက်ဆိုင်မှုတွင် မြေ မွာ ပဋိပက္ခများကို ပြန်လည်သုံးသပ်ရမည့် လုပ်ငန်းစဉ်တ လျောက်လုံးတွင် အ ရေးပါသော အချက်အဖြစ်ရှိနေသည်။ ထိုပြင် စီးပွားရေးဆိုင်ရာပြန်လည်သုံးသပ်မှုနှင့် အဆုံးသတ်နေရာ ပြောင်းရွေ့မှုများတွင်လည်း မြေသည် အ ရေးပါသော အချက်တစ်ခုဖြစ်သည်။
မဟာဗျုဟာမြောက် ချဉ်းကပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်ရာတွင် မြေနှင့်ပတ်သက်သော ကိစ္စရပ်များ၌ ခိုင်မာသေချာသော ဆောင်ရွက်ချက်များသည် မြေ ပဋိပက္ခ အရှုပ်အထွေးများ မဖြစ်စေရန် တားဆီးနိုင်သော အချက်များ ဖြစ်လိမ့်မည်။ ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်ရာတွင် မြေနှင့် ပတ်သက်သော ခိုင်မာသေချာသည့် ဆောင်ရွက်ချက်များနှင့် မဟာဗျူဟာ မြောက်စွာ ချဉ်းကပ်မှုတို့မှ ရရှိသော သင်ခန်းစာများသည် ပဋိပက္ခများတွင် စေ့စပ်ပါဝင်ဆောင်ရွက်သည့် သက်ဆိုင်သူများအနေဖြင့် တင်းမာမှုများကို လျော့ချနိုင်မည်ဖြစ်ပြီး လူ့အဖွဲ့အစည်းနှင့် နိုင်ငံအင်စတီကျူးရှင်းကြားတွင် အားကောင်းသော ချိတ်ဆက်မှုကိုရရှိမည်ဖြစ်သည်။
1-အရပ်သားပြည်သူဆိုင်ရာ အရာဝတၳုပစ္စည်းများကို အကာအကွယ်ပေးခြင်း- ( Protection of civillian objects)
နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရ အရပ်သားပြည်သူဆိုင်ရာ အရာဝတၳုပစ္စည်းများအား တိုက်ရိုက်တိုက်ခိုက်ခြင်းအား တားမြစ်ထားသည်။ အရပ်သားပြည်သူဆိုင်ရာ အရာဝတၳုပစ္စည်းများဆိုသည်မှာ စစ်ဘက်ဆိုင်ရာမှ အသုံးပြုနေသော အရာဝတၳုပစ္စည်းများကို ဆိုလိုခြင်းဖြစ်သည်။ စစ်ဘက်ဆိုင်ရာမှ အသုံးပြုနေသော အရာဝတၳုပစ္စည်းများဆိုသည်မှာ စစ်ရေးဆိုင်ရာ အကျိုးရှိရန် ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်ထားသောအခြေအနေအတွင်း စစ်ဘက်ဆိုင်ရာသဘာဝအရ၊ စစ်ဘက်ဆိုင်ရာတည်ရှိမှုအရ၊ စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်အရ စစ်ရေးတွင် အသုံးပြုနေသော အရာဝတၳုပစ္စည်းများဖြစ်သည်။ ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်၌ စစ်ရေးဆိုင်ရာ အကျိုးအတွက် အစိတ်အပိုင်းအားဖြင့်ဖြစ်စေ အားလုံးကိုဖြစ်စေ ဖျက်စီးထားသော အရာဝတ္တုပစ္စည်းများနှင့် သီးခြား ခွဲခြမ်းထုတ်ယူထားသောအရာဝတ္တုပစ္စည်းများလည်းပါဝင်သည်။ မြေယာပေါ်တွင် ထိုဖွင့်ဆိုချက်များနှင့် ကိုက်ညီသော အရာဝတ္တုပစ္စည်းများမရှိသမျှကာလပတ်လုံး ထိုမြေယာသည် အရပ်သားပြည်သူဆိုင်ရာ အရာဝတ္တုပစ္စည်းများထဲတွင် ပါဝင်ပြီး ဥပဒေကြောင်းအရ စစ်ဘက်ဆိုင်ရာပစ်မှတ်မဟုတ်ပေ။
2-အသေးစိတ်သတ်မှတ်ချက်ရှိသော အရပ်သားပြည်သူဆိုင်ရာ အရာဝတ္တုပစ္စည်းများကို အကာအကွယ်ပေးခြင်း (Protection of specific civilian objects)
အသေးစိတ်သတ်မှတ်ချက်ရှိသော အရာဝတ္တုပစ္စည်းများဆိုသည်မှာ သဘာဝအားဖြင့် ပိုင်ဆိုင်မှုအရလည်းကောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာပိုင်ဆိုင်မှုအရ လည်းကောင်း၊ ယဉ်ကျေးမှုဆိုင်ရာပိုင်ဆိုင်မှု အရလည်းကောင်း အစရှိသဖြင့် အရေးကြီးသည်ဟု သတ်မှတ်ထားသော အရာများဖြစ်ပြီး ထိုအရာဝတ္တုပစ္စည်းများအား တိုက်ခိုက်ခံရခြင်း၊ ဖျက်ဆီးခံရခြင်းမှ အသေးစိတ်အကာအကွယ်ပေးထားသော အရာဝတ္တုပစ္စည်းများဖြစ်သည်။
3- ပိုင်ဆိုင်မှုများအား ဖျက်စီးခြင်း (Destruction of property)
နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအနေဖြင့် ပိုင်ဆိုင်မှုများအား ဖျက်ဆီးခြင်း သို့မဟုတ် ထိန်းချုပ်ထားခြင်းကို စစ်ရေးဆိုင်ရာအရ လုံးဝမရှိမဖြစ် လိုအပ်ချက် (Imperative Military Necessity)ကြောင့်ပြုလုပ်ခြင်းမှလွဲ၍ မပြုလုပ်ရန်တားမြစ်ထားသည်။
4- သဘာဝသယံဇာတအား တရားလက်လွက်ထုတ်ယူခြင်း ( Exploitation of natural resources )
နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရ အတင်းအဓမ္မလုယက်မှု (Pillage)အား တားမြစ်ထားသည်။အတင်းအဓမ္မ လုယက်မှု ဟူသောစကားရပ်အဓိပ္ပါယ်တွင် သဘာဝသယံဇာတ အရင်းအမြစ်များအား လုယက်မှု (Pillage of natural resources) ကိုပါ ထည့်သွင်းနိုင်သည်။
5- စစ်၏ ကြွင်းကျန်နေသော ပေါက်ကွဲပစ္စည်းများ (Explosive remnants of war)
စစ်၏ကြွင်းကျန်ပေါက်ကွဲနိုင်သောပစ္စည်းများဆိုင်ရာ (2003) ခုနှစ် ပရိုတိုကော အဖွဲ့ဝင်နိူင်ငံများသည် ၎င်းတို့ထိမ်းချုပ်နယ်မြေများအတွင်း စစ်၏ကြွင်းကျန်ပေါက်ကွဲနိုင်သောပစ္စည်းများကို ဖယ်ရှားခြင်း၊ ဖျက်ဆီးခြင်းကိုပြုရမည်ဖြစ်ပြီး ရှင်းလင်းသော စည်းမျဉ်းများကိုချမှတ်ရမည်ဖြစ်သည်။
6-နေရပ်စွန့်ခွာခြင်း၊ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ (Displacement, refugees and internally displaced persons (IDPs))
နေရပ်မှစွန့်ခွာရသော ကိစ္စရပ်တိုင်းတွင် မြေနှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းမှာ အမြဲတန်းပုံမှန်ဖြစ်နေသည်။ နေရပ်အား ဖျက်ဆီးခံရခြင်း၊ တရားမဝင်သိမ်းပိုက်ခံရခြင်း၊ စွန့်ပစ်ခံမြေယာနှင့် အဆောက်အအုံ (Abandoned Land and Building) မ်ားအား ဖိအားပေးရောင်းချခံရခြင်း စသည့်အချက်များမှာ နေရပ်မှစွန့်ခွာရသော ကိစ္စရပ်တိုင်းတွင် မြေနှင့် ပတ်သက်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည်။ ဤအခြေအနေများပေါ်တွင် မြေယာအခွင့်အရေးအား တရားလက်လွတ်ပြုခံရမှုနှင့်ချိုးဖောက်ခံရမှုအား သက်သေပြနိုင်ခြင်း (Remedying) နှင့် မြေယာအခွင့်အရေးအား ပြန်လည်ပေးအပ်ခြင်း (Restoring Land Rights) တို့သည် တရားမျှတမှဖြစ်ထွန်းခြင်း၊ ငြိမ်းချမ်းရေတည်ဆောက်ခြင်း၊ မိမိကိုယ်ကိုပြန်လည်ရပ်တည်နိုင်ခြင်း (self-reliance)၊ ဒုက္ခသည်များအနေဖြင့် ခိုလုံရာနေရာတွင် မိမိကိုယ်ကိုပြန်လည်ရပ်တည်နိုင်ခြင်း၊ ရေရှည်စိတ်ချရသော ဖြေရှင်းမှု (Durable Solutions) ကိုရရှိခြင်းတို့ အတွက် အရေးပါသောကိစ္စရပ်များဖြစ်သည်။ မိမိဆန္ဒအလျောက် စောစီးအောင်မြင်စွာနေရပ်ပြန်နိုင်မှု (Early Successful Voluntary Returns) အတွက် စောင့်ကြည့်ခြင်း (Monitoring) ၊ တိုက်တွန်းတောင်းဆိုခြင်း (advocacy)၊ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကြိုတင်အသင်ဖြစ်နေစေရန်အစီအစဉ်ရေးဆွဲခြင်း စသည့်လုပ်ငန်းစဉ်များမှာလိုအပ်သည်။ (ဥပဒေကြောင်းဆိုင်ရာနယ်ပါယ်အရ စွန့်ပစ်ခံမြေယာနှင့် အဆောက်အအုံ (Abandoned Land and Building) ဆိုသည်မှာ မိမိအသုံးပြုနေသော၊ ပိုင်ဆိုင်လုပ်ကိုင်နေသော၊ မိမိအကျိုးစီးပွားနှင့် တစ်စုံတစ်ရာဆက်နွယ်နေသော မြေ သို့မဟုတ် အဆောက်အအုံအား ကပ်ဘေးကြောင့်သော်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခက်အခဲကြောင့်သော်လည်းကောင်း အသုံးမပြုနိုင်တော့သော မြေ သို့မဟုတ် အဆောက်အအုံကို ဆိုလိုခြင်းဖြစ်သည်။ ရေရှည်စိတ်ချရသော ဖြေရှင်းချက် (Durable Solutions) ဆိုသည်မှာ နေရပ်ရွေ့ပြောင်းခံရေသောသူများအတွက် အခက်အခဲအကြပ်အတည်းများကို ရင်ဆိုင်ရမှုလျော့နည်းစေရန်နှင့် မိမိနေရပ်သို့ အမြန်အခြေချ အတည်တကျဖြစ်စေရန် ဖြေရှင်းမှုကို ဆိုလိုခြင်းဖြစ်သည်။)
7-အမျိုးသမီးများအားခွဲခြားဆက်ဆံခြင်း (Discrimination against women)
မကြာခဏဆိုသလိုပင် လက်ထပ်မှု၊ အမွေဆက်ခံမှု၊ ဥပဒေကြောင်းအရရပ်တည်ချက်နှင့် အရင်းအမြစ်များ ခွဲဝေမှုများတွင် အမျိုးသမီးများစွာမှာ မြေအား လက်ခံခွင့်၊ အသုံးချခွင့်၊ ထိန်းချုပ်ပိုင်ဆိုင်ခွင့် တို့မှာဆုံးရံှုးလျက် ခွဲခြားဆက်ဆံမှုကိုရင်ဆိုင်နေရသည်။ ပဋိပက္ခကာလအတွင်းနှင့် ပဋိပက္ခအလွန်ကာလများတွင် အမျိုးသမီးများအနေဖြင့် အိုးအိမ်များအပေါ်ဦးစီးရမှုများမြင့်တက်လာသော်လည်း မြေယာအားပိုင်ဆိုင်လက်ခံခွင့်မှာမရရှိဘဲ ၎င်းတို့၏ အသက်မွေးမှုမှာ ခိုင်မာ ရေရာသေချာမှုလည်းမရှိပေ။ စိန်ခေါ်ချက်များမှာ အမျိုးသမီးများ၏ အခွင့်အရေးအပေါ်မျက်ကွယ်ပြုနေခြင်း၊ မြေယာအားမည်သို့ပိုင်ဆိုင်ဆက်နွယ်နိုင်သည်ကို ဖော်ပြနိုင်သော မြေယာဆိုင်ရာအထောက်အထား (Land Documents) မ်ားမွာ မရှိခြင်းနှင့် တောင်းဆိုရန် အရင်းအမြစ်များမရှိခြင်းတို့ဖြစ်သည်။ နိုင်ငံတကာဆိုင်ရာကြေငြာချက်များ၊ ကတိကဝတ်များ၊ သဘောတူညီချက်များ၊ စာချုပ်စာတမ်းများက အမျိုးသမီးများတွင်လည်း အမျိုးသားများက့ဲသို့ မြေယာအားပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ခွင့်၊ လုပ်ကိုင်ခွင့်၊ လက်ခံခွင်များရှိသည်ဟု ပြဌာန်းထားပြီး အဆိုပါအခွင့်အရေးများနှင့် ပတ်သက်၍ အမျိုးသမီးများအား ခွဲခြားဆက်ဆံပိတ်ပင်မှုကို တားမြစ်ထားသည်။ ခွဲခြားဆက်ဆံခံရသော အနေအထားအောက်တွင်ပင် အမျိုးသမီးများ၌လည်း မြေယာအားပိုင်ဆိုင်ရန်အခွင့်အရေးရှိသည်။
8-ဌာနေလူမျိုးများ၏ မြေအခွင့်အရေး (Indigenous peoples land rights)
ဖိအားပေးကာ မောင်းထုတ်ခံရမှုမှာ ဌာနေလူမျိုးများ၏မြေတွင် ဖြစ်ပွားနေသည်။ ဌာနေလူမျိုးများ၏ အခွင့်အရေးအား ILO C 16913 နှင့် UNDRIP က့ဲသို့ အသေးစိတ်ပြဌာန်းထားသော နိုင်ငံတကာဆုံးဖြတ်ချက်များရှိသည်။ ထိုနိုင်ငံတကာဆုံးဖြတ်ချက်များမှာ ပိုင်ဆိုင်မှုအခွင့်အရေးကိုအခြေခံထားသည်။ ထို့ပြင် ဌာနေလူမျိုးများ၏ ရိုးရားဓလေ့ထုံးထမ်းပိုင်ဆိုင်မှုနှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများတိုးတက်ရေးအတွက် လွတ်လပ်၍ ကြိုတင် မိမိသဘောဆန္ဒရဆုံးဖြတ်ခွင့် (FPIC) အပေါ်တွင်လည်းအခြေခံထားသည်။
9-စီးပွားရေးနှင့် လူ့အခွင့်အရေး (Business and human rights)
ကျယ်ပြန့်သော မြေကိုအသုံးပြုရသော နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများနှင့် ပြည်တွင်းရင်းနှီးမြုပ်နှံမှုများက တခါတရံတွင် လူထုအား မြေပေါ်မှ နှင်ထုတ်မောင်းချခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် အသက်ရှင်သန်ရန်အတွက် ဆောင်ရွက်နေရသောလုပ်ငန်းစဉ် ှှှအသက်မွေးဝမ်းကျောင်းမှုများကို ဖျက်ဆီးခံရခြင်းတို့်ကိုဖြစ်ပေါ်စေသည်။ နိုင်ငံတကာစံနှုန်းများက ရှင်းလင်းသော်လည်း အစိုးရနှင့် စီးပွားရေးသမားများဘက်မှ အကောင်အထည်ဖော်မှုမှာ ပြည့်စုံမှုမရှိပေ။ အစိုးရကိုယ်တိုင်ပင်လျှင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ကာကွယ်ရန်တာဝန်ရှိသလို စီးပွားရေးသမားများကိုလည်း ကာကွယ်ရန်တာဝန်ရှိသည်။ တသီးပုဂ္ဂလ အခွင့်အရေး (Individual Rights) ပေါ်တွင် ချိုးဖျက်မှုမရှိစေရန်နှင့် စီမံကိန်းကြောင့် စတေးခံ၊နစ်နာခံရသူများအတွက် ၎င်းထိခိုက်ခံရမှုအား သက်သေပြသခွင့်ပေးခြင်း (Remedies For Victims) က့ဲသို့ အနုတ်လက္ခဏာဆောင်သော သက်ရောက်မှု (Negative Impacts)မ်ားအား ပြန်လည်တာဝန်ယူ၊ တာဝန်ခံပေးမှုဆိုင်ရာ (CSR or Corporate responsibility) လုပ်ငန်းစဉ်တွင်ကျင့်သုံးရမည်ဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် လုပ်ငန်းစဉ်မင်ရှင်ချမှတ်ထားသည့်နယ်ပါယ်နှင့် လုပ်ငန်းစဉ်မင်ရှင် မချမှတ်ထားသည့်နယ်ပါယ်များတွင်ပါ မြေ သည် ပြဿနာ၏ အရင်းအမြစ်ဖြစ်နေ၍ ပဋိပက္ခများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို ပိတ်ပင်ထားသည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပဋိပက္ခကိုပိုမိုကြီးထွားစေသည့် ကိစ္စရပ်များ အပေါ် ပါဝင်စေ့စပ်ဆောင်ရွက်သင့်သည်။
Comments
Post a Comment