တောင်မင်းကျော်ထွီးမြေ၌ နတ်သစ်ရွက်တို့ ပျောက်ဆုံးခြင်

 တောင်မင်းကျော်ထွီးမြေ၌ နတ်သစ်ရွက်တို့ ပျောက်ဆုံးခြင်း


ဟိန္ဒုတို့၏ ကျမ်းဂန်အဆိုအရ နတ်သစ်ရွက် (The Celestial Leaf) အဖြစ် တင်စားသော သစ်ရွက်အား တမ်ဘူလ (Tambula) ဟုခေါ်ကြသည်။ အဆိုပါ တမ်ဘူလမှာကား အခြားမဟုတ်။ ကွမ်းရွက် (Betel) ပင်ဖြစ်သည်။ 


လွန်ခ့ဲသော နှစ်ပေါင်း (1500) ကျော်ကာလက ရေးခ့ဲသော ဟိန္ဒုပေါရာဏကျမ်းများအဆိုအရ ကွမ်းရွက်သည် ဂန္ဓဝင်ဆန်၏။ ရာဇဝင်ဆန်၏။ ထိုကျမ်းများ၏ အဆိုအရ ကွမ်းရွက်အောက်ပိုင်းတွင် ကာလီစောင့်သည်။ အလယ်တွင် သူရဿတီစောင့်သည်။ အထက်တွင် လက္ခ်မီး စောင့်သည် ဟုဆိုသည်။ အချို့သော ပေါရာဏကျမ်းများတွင်ကား ကွမ်းရွက်၏ ဘယ်ဘက်အခြမ်းတွင် မင်္ဂလာနတ်သမီးစောင့်၍ ညာဘက်တွင်ကား ဘူမိဒေဝီ နတ်သမီးစောင့်သည်ဟု ဆိုကြသည်။ 


ထူးခြားချက်မှာ ဟိန္ဒု ပေါရာဏကျမ်းများတွင်သာမက ကွမ်းစားသော ဓလေ့ရှိကြသော ကမ်ဘာကြီး၏ နေရာဒေသ တော်တော်များများတွင် ကွမ်းရွက်အား တော်ဝင်မွန်မြတ်သည့် သဘောမျိုးကို ဖွဲ့ဆိုကြသည်။ ထိုပြင် လူမှုယဉ်ကျေးမှုအရ ကွမ်းအား အမျိုးသမီးများနှင့်  ပိုမိုဆက်ဆပ်ပြကြသည်။ ဥပမာ- ရပ္ဓေလ့၊ ရွာဓလေ့များ၌ ကွမ်းတောင်ကိုင် ဟူသော ဘွဲ့ပေးခံရခြင်းသည် နှယ်နှယ်ရရတော့ မဟုတ်ပေ။ 


လက်ရှိဘဝတွင်လည်း ထိုကွမ်းစားသော ဓလေ့ရှိသော ကမ်ဘာကြီး၏ နေရာဒေသများ၌  ကွမ်းမှာ  အမျိုးသမီးများနှင့် ပိုမိုဆက်နွယ်သော လူမှုစီးပွားဘဝ ရှိကြသည်ပင်။ 


ကမ်ဘာပေါ်တွင် ကွမ်းစားခြင်းဓလေ့အားဖြင့် ကွမ်းရွက်စားခြင်း (Betel Eating) နှင့် ကွမ်းသီးစားခြင်း (Areca Nut Eating) ဟူ၍ ရှိကြသည်။ ကွမ်းစားသည်ဟုပြောလျှင် ထိုနှစ်မျိုးစလုံးအကြုံးဝင်ပါသည်။ ကွမ်းစားသော ဓလေ့ရှိသော ကမ်ဘာကြီး၏ နေရာဒေသများမှာ

1-တောင်အာရှတွင် (7) နိုင်ငံ (အိန္ဒိယ၊ ဘင်္ဂလားဒေရှ်၊ နီပေါ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေရ့ှ်၊ သီရီလင်္ကာ၊ မော်လဒိုက်)

2- အရှေ့အာရှတွင် (2) နိုင်ငံ (ထိုင်ဝမ်၊ တရုတ်ဟိုင်နန်ဒေသနှင့် ဟူနန်ဒေသ)

3- သမုဒ္ဒရာပိုင်းဇုန်တွင်

(a)- ပါပူအာနယူဂီနီ၊ ဆော်လမွန်ကျွန်းစု၊ ပါလာအု၊ ဂူအမ်၊ ဗန်နူတူ စသည့် မာလေးနီးရှင်းနိုင်ငံများ

(b)- မိုင်ခရိုနီးရှား

(c)- ဖီဂျီ၊ ဆာမိုအာ၊ တွန်ဂါ စသည့် ပိုလီနီးရှားနိုင်ငံများ

4- စင်ကာပူမှ လြဲ၍ ကျန်အရှေ့တောင်အာရှဒေသ (9) နိုင်ငံ စသည့်နေရာဒေသများမှာ ကွမ်းစားခြင်းဓလေ့ (Betel and Areca Nut Eating) ရှိကြသည်။


ကွမ်းစားခြင်းဓလေ့ရှိသော ကမ်ဘာ့နေရာဒေသများ ပုံ (1)၊ ပုံ (2)

ကိုးကား ဝီကီပီဒီးယား


ထိုက့ဲသို့ ကွမ်းစားခြင်းဓလေ့ရှိသော နေရာဒေသများတွင် အများသူငါနေရာများ၌ ကွမ်းတံထွေး ထွေးခြင်း နှင့်ပတ်သက်၍ ပြဿနာ များရှိကြသည်မှာ ပုံမှန်ပင် ဖြစ်နေသည်။  ထိုပြဿနာများကို ဖြေရှင်းရာ၌လည်း အခက်အခဲ အချို့မှာတူညီကြသည်။အချို့မှာတူညီကြသည်။


2016 ခုနှစ်တွင် ပါပူအာနယူဂီနီ၏ မြို့တော် ပေါ့တ် မိုးစ္ဘီ (Port Moresby) တွင် FIFA U 20 World Cup ကျင်းပမည့်အချိန်တွင် လမ်းဘေးကွမ်းယာရောင်းချမှုကို တားမြစ်ခ့ဲသည်။ 2015 ခုနှစ်တွင်လည်း ပစိဖိတ်အားကစားပွဲတော် အတွက် ထိုသို့တားမြစ်ခ့ဲဖူးသည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုတားမြစ်ချက်ကို ဖောက်ဖျက်၍ ကွမ်းယာရောင်းချခ့ဲလျင် ဖမ်းဆီးခံရမည်ဖြစ်သည်။ ဤတွင် ပါပူအာနယူဂီနီအတွက် အခက်အခဲများရှိလာသည်။ အခက်အခဲတစ်ခုက ပါပူအာနယူဂီနီ၌ ကွမ်းစားခြင်းဓလေ့မှာ ယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်သည်။ ယဉ်ကျေးမှုအစဉ်အလာတစ်ခုအား ဥပဒေကိုချိုးဖောက်သောပြစ်မှုအဖြစ် သတ်မှတ်ရမည့်ကိစ္စလည်းမဟုတ်ပေ။ ဤသို့ဖြင့် ရဲတပ်ဖွဲ့အပေါ် မေးခွန်းများထုတ်လာကြတော့သည်။ ဒုတိယအခ်က္က အေသးစား၊ အလတ်စားလုပ်ငန်း (SME) များအတွက် အစိုးရး၏ အစီအစဉ်ဖြစ်သည်။ ပါပူအာနယူဂီနီအစိုးရ၏ အေသးစား၊ အလတ္စား လုပ်ငန်းများအတွက် သိသာထင်ရှားသော အရေအတွက်မှာ ကွမ်းရောင်းသူများပင်ဖြစ်သည်။ ဖြစ်ပျက်နေပုံက ပါပူအာနယူဂီနီအစိုးရသည် ထိုလမ်းဘေးကွမ်းရောင်းသူများအား အရင်းအနှီးများလည်းကူညီထောက်ပံသည်။ ကွမ်းရောင်းလျင်လည်းဖမ်းသူမှာ ပါပူအာနယူဂီနီ အစိုးရပင်ဖြစ်နေသည်။ ဤသို့ဖြင့် ပါပူအာနယူဂီနီသည် ကွမ်းကိစ္စတွင် ဒစ်လည်နေခ့ဲတော့သည်။ အစိုးရဒစ်လည်သည်က ကိစ္စမဟုတ်၊ ကွမ်းယာရောင်းနေရသည့် မရှိဆင်းရဲသားလူတန်းစားအတွက်တော့ အခက်အခဲ ဆိုက်တော့သည်။


ပါပူအာနယူဂီနီ အမျိုးသမီးတစ်ဦး ကွမ်းယာရောင်းနေပုံ (3) 

ကိုးကား Devpolicy blog


ထိုပြဿနာမျိုးနှင့် အလားတူ 2015 ခုနှစ်တွင် မြန်မာ့နိုင်ငံတွင်လည်း ဖြစ်ပွားဖူးသည်။ ထိုကာလက ပြည်သူ့လွတ်တော်တွင် ကွမ်းစားခြင်းနှင့်ပတ်သက်၍ ဆွေးနွေးကြဖူးသည်။ ဆွေးနွေးရင်းနှင့် ပါပူအာနယူဂီနီက့ဲသို့ ဒစ်လည်နေခ့ဲတော့သည်။


ကွမ်းနှင့် သေချာမှုသုံးရပ်


ကွမ်းစားခြင်းနှင့် ပတ်သက်၍ ကျမ်းမာရေးရှူဒေါင့်အရကြည့်ပါက မကောင်းသည်မှာ သေချာသည်။ ကွမ်းတံတွေးက ပတ်ဝန်းကျင်၌ ညစ်ပတ်စေသည်မှာ သေချာသည်။ ကွမ်းယာရောင်းချခြင်းလုပ်ငန်းတွင် အမျိုးသမီးများပါဝင်နှုန်းကများပြီး ထိုလုပ်ငန်းက စားဝတ်နေရေးကို ဖြေရှင်းပေးနေသည်မှာလည်း သေချာသည်။ 


မလေးနှင့် ထိုင်ဝမ် က့ဲသို့ နိုင်ငံများတွင်တော့ ကွမ်းနှင့်ပတ်သက်၍ နမူနာကောင်းများရှိသည်။ ကွမ်းတံတွေးထွေးခြင်းနှင့် ပတ်သက်၍ စည်းကမ်းများကိုလိုက်နာကြသည်။ ပါပူအာနယူဂီနီလိုမျိုးလည်း ရောင်းချခြင်းကို ပိတ်ပင်ကာ ဒစ်မလည်ခ့ဲပေ။ မလေးနှင့် ထိုင်ဝမ်တို့သည် ဒေသဓလေ့ထုံးတမ်းအရ ကွမ်းစားသော နိုင်ငံများဖြစ်သည်။ သို့သော် ၎င်းတို့၏ မြို့ပြများသည် သန့်ရှင်းလှပ နေသည်။ ကွမ်းယာရောင်းသည့်ဆိုင်များလည်းရှိသည်။ သုတေသန အချက်အလက်များအရ 2023-24 ခုနှစ်တွင် ကွမ်းယာရောင်းချမှုသည် ကမ်ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာသန်း 960 နီးပါးခန့်ရှိသည်ဟု ဆိုသည်။ (အကိုးအကားလင့်များကို အောက်တွင် ပေးထားပါသည်)


ထိုင်ဝမ် လမ်းဘေးကွမ်းယာဆိုင် ပုံ (4)

ကိုးကား Aljazeera 


ဗီယက္နမ္ကေတာ့ ကွမ်းနှင့် ကွမ်းသီးအား တရုတ်သို့ တင်ပို့မှုမှာ လစဉ် ဗီယက်နမ် ငွေကြေးဒေါင် (10) မီလီယံခန့်ရှိသည်။ တနှစ်ဆိုပါက ဗီယက်နမ် ဒေါင် (120) မီလီယံခန့်ရှိမည်။ ဘန်ကောက်ပိုစ့် အဆိုအရ ထိုင်းနိူင်ငံက 2023 ခုနှစ်အတွင်း ကွမ်းမှ ဘတ်ငွေ 2.55 ဘီလီယံ လောက်ဝင်ငွေရခ့ဲသည်။ ဩစတေးလျတွင် ကွမ်းသီး (1) ကီလိုဂရမ်အား အမေရိကန် ဒေါ်လာ 14.83 ဒေါ်လာမှ 25.71 ဒေါ်လာအထိဈေးပေါက်သည်။ တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ 6.73 ဒေါ်လာနှင့် 11.66 ဒေါ်လာဈေးပေါက်နေသည်။


ဗီယက်နမ် ကွမ်းတောင်ကိုင် ပုံ (5) (6)

ကိုးကား - ဗီယက်နမ်ခရီးသွားဝက်ဆိုက်များ


ဆိုလိုချင်သည်က ကွမ်းသည် ရောဂါကိုလည်းပေးသည်။ ကွမ်းတံတွေးသည် ပတ်ဝန်းကျင်ကိုလည်း ညစ်ပတ်စေသည်။ ထိုအတူ ကွမ်းသည် ဝင်ငွေကိုလည်းဖြစ်စေသည်။ 


တမ်ဘူလ ဓားစာခံဖြစ်နေသော တောင်မင်းကျော်ထွီး၏ မြေ


တန်းလွဲစားကျော်ထွီး ကွမ်းစားတတ်သလား၊ မစားတတ်လားဆိုသည်ကိုတော့ စာရေးသူလည်းမသိပါ။ မင်းထီးကတော့ ကွမ်းစားတတ်သည်။ ကွမ်းစား၍လည်း လက်ညိုးတစ်ချောင်း စတေးခံလိုက်ရသည်။ ကိုယ့်လက်ညိုးကိုယ် ဖြတ်ပြီးနောက် ဘုရင်မင်းထီးလည်း ကွမ်းဆက်စားသလားဆိုသည်ကိုတော့ မပြောတတ်ပါ။ သို့သော် လက်ရှိတွင်တော့ ကွမ်းသည် တောင်မင်းကျော်ထွီးမြေတွင် ဓားစာခံဖြစ်နေသည်။ 

ရခိုင်ဒေသသည် စီးပွားရေးပြန်လည်နိုးဆွရန် မနည်းရုန်းထနေရသည်။ နဂိုကပင် ရင်းနှီးမြုပ်နှံမှုကောင်းကောင်းမရှိသောရခိုင်ဒေသတွင် လက်ရှိကာလတွင်တော့ စီးပွားရေးမှာ အခြေအနေဆိုးဝါးနေပြီဖြစ်သည်။ ရခိုင်ဒေသ၏ စီးပွားရေးအတွက် ရခိုင်အချင်းချင်းသာ ကျောချင်းကပ် ရင်ချင်းအပ်ကာ ဖြေရှင်းရမည့် သဘောဖြစ်သည်။ ဤသို့သော အခြေအနေများတွင် ဒေသတစ်ခု၏ အေသးစား လုပ်ငန်းများ သူဖာသာသူ ပြန်လည်ပတ်မှုကို လမ်းဖွင့်ပေးရမည့် အချိန်သာဖြစ်သည်။ 

သူဖာသာသူ လမ်းဘေးကွမ်းယာဆိုင်ဖွင့်မည့် အမျိုးသမီးတစ်ဦးသည် ULA/AA ၏ စစ်ရေး၊ နိုင်ငံရေးကို အနှောင့်အယှက်ပေးနေပါသလား။ သို့မဟုတ် ULA/AA က အရင်းအနှီးထုတ်ပေးပါသလား။ သို့မဟုတ် လမ်းဘေးကွမ်းယာရောင်းခြင်းထက် ပိုကောင်းသော လုပ်ငန်းနှင့် စီးပွားရေးကို ဖန်တီးပေးနိုင်ပါပြီလော။ 

အဖြေက ရိုးရှင်းလှပါသည်။ အထက်တွင်မေးထားသော မေးခွန်းများမှာ မှားပါသည်။ အာဏာရှိသူက သူဆန္ဒ့တစ်ခုတည်းအမြင်ဖြင့် တားမြစ်ထားခြင်းဖြစ်ပါသည်။ အမိန့်တစ်ခုကြောင့် (Policy Victims) ဖြစ်သွားသော လမ်းဘေးကွမ်းယာရောင်းရင်အသက်မွေးနေရသည့် အမျိုးသမီးများ၏ စားဝတ်နေရေးကို မတွေးပေးပေ။


သို့ဖြစ်၍ ဗီယက်နမ်တွင် ခရီးသွားလာရေးဝက်ဆိုက်များက ကွမ်းစားခြင်းဓလေ့အား ခရီးသွားလာရေးအား အထောက်အကူပြုစေရန် ယဉ်ကျေးမှုတစ်ခုအဖြစ် ဖော်ပြချိန် တောင်မင်းကျော်ထွီးမြေ၌ကား နတ်သစ်ရွက်တို့ ပျောက်ဆုံးသည်။ 

ထိုင်ဝမ်တွင် Betel Nut Beaties ဟူ၍ ကမ်ဘာမီဒီယာများတွင် ဖော်ပြချိန်တွင် တောင်မင်းကျော်ထွီးမြေ၌ကား တမ်ဘူလမွာ မူဝါဒဓားစာခံဖြစ်နေသည်။


ထိုင်ဝမ် လမ်းဘေးကွမ်းယာ

https://www.aljazeera.com/amp/gallery/2012/9/18/taiwans-betel-nut-beauties


ဗီယက်နမ် ကွမ်းတောင်ကိုင်

https://www.vietvisiontravel.com/post/vietnamese-customs-of-chewing-betel-areca-nuts-smoking-thuoc-lao/

https://horizon-vietnamtravel.com/culture/the-betel-in-vietnam/


ဗီယက်နမ်း ကွမ်းမှ ဝင်ငွေ

https://van.nongnghiepmoitruong.vn/precarious-betel-nut-purchasing-and-exporting-business-vietnams-largest-betel-nut-export-village-d408110.html#:~:text=Good%20years%20and%20bad%20years,employment%20opportunities%20for%20local%20residents.

https://van.nongnghiepmoitruong.vn/precarious-betel-nut-purchasing-and-exporting-business-depending-on-chinese-merchants-d408188.html#:~:text=At%20its%20peak%2C%20the%20price,exports%20uncertain%2C%22%20Doan%20explained.


ကွမ်းလက်ရှိ ကမ်ဘာ့ဈေးကွက် 

https://www.cognitivemarketresearch.com/betel-nuts-market-report


မြန်မာ လမ်းဘေးကွမ်းယာ ဒစ်လည်ပုံ 

https://www.irrawaddy.com/news/burma/lawmakers-push-betel-nut-awareness-campaign.html


ပါပူအာ နယူဂီနီ လမ်းဘေးကွမ်းယာ ဒစ်လည်ပုံ 

https://devpolicy.org/betelnut-beyond-bans-spot-fines-20160825/


ကွမ်း ကမ်ဘာ့ပေါက်ဈေး

https://www.sphericalinsights.com/reports/betel-nuts-market?hl=en-GB


ဘန်ကောက်ပိုစ့်

https://www.bangkokpost.com/thailand/general/2794514/dry-betel-nut-traders-face-new-barriers


ေဩစတေးလျ ပေါက်ဈေး

https://www.selinawamucii.com/insights/prices/australia/areca-nut/



















Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)