ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု

  မြေယာ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ (1)


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု


အနှစ်ချုပ်


နောင်လာမည့်ဆယ်စုနှစ်အတွင်း မြေယာဆိုင်ရာ ပြိုင်ဆိုင်မှုနှင့် ထိပ်တိုက်တွေ့မှု များသည် ဥတုရာသီပြောင်းလဲခြင်း၊ လူဦးရေတိုးတက်မှု၊ စားနပ်ရိက္ခာဆိုင်ရာမလုံလောက်မှု၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု နှင့် မြို့ပြပိုမိုဖွံ့ဖြိုးလာမှု စသည့်အချက်များ၏ ဆက်စပ်လျက်ရှိသည်။ မြေယာ၊ လက်နက်ကိုင်ပဋိပက္ခ၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု စသည့် များပြားလာသော အထောက်အထားများက  ကုလသမဂ္ဂ ယန္တယား၏ ပိုမို တာဝန်ယူနိုင်မှုကို အဖွဲ့ဝင်နိုင်ငံများနှင့် ကမ်ဘာလူဦးရေ တို့မှ လိုအပ်နေကြောင်း ဖေါ်ပြနေသည်။


ဤမှတ်စုသည် နိုင်ငံတကာစံနှုန်းစည်းမျဉ်းများ၊ 2030 စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂ၏ အတွေအကြုံများကို အခြေ ခံထားပါသည်။ ထိုသို့ အ ခြေခံထားခြင်းက မြေနှင့် ပဋိပက္ခပြဿနာ မ်ားကို ဖြေရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂ၏ ယန္တယားများကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။ ကုလသမဂ္ဂအတွက် စည်းမျဉ်းများနှင့် အခြေ ခံလုပ်ငန်းစဉ်များကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် မဏ္႑ိုင်များ၊ သတင်းအချက်အလက်များရပိုင်ခွင့်၊ ပူးပေါင်းပါဝင်နိုင်ခွင့် ၊ ကုလသမဂ္ဂ၏ ယန္တယားအစီီအစဉ်များနှင့် ဆော်သြတိုက်တွန်းမှုများစသည့် အချက်များပေါ်တွင် ခိုင်မာမှုနှင့် မဟာဗျူဟာကျကျ ချဉ်းကပ်နိုင်ရန် ရေးဆွဲထားခြင်းဖြစ်သည်။


ဤမွတ္စု၌ ကုလသမဂ္ဂ၏ အ ခြေခံမူဘောင် ထဲတွင် ပဋိပက္ခများကို လေ့လာဆန်းစစ်မှု၊ လုပ်ငန်းစဉ်ရေးဆွဲခြင်းနှင့် အချက်အလက်များကောက်ယူမှု၊ ကုလ၏ ဦးဆောင်မှုကို အထောက်အပံပေးမှု၊ ကုလသမဂ္ဂ၏ လုပ်ငန်းနယ်ပါယ်များဖြစ်သော ငြိမ်းချမ်းရေးသ ဘောတူညီချက်များကို အထောက်အပံပြုမှု၊ ငြိမ်းချမ်းရေးအတွက် ညိ့ှနှိုင်းဖြေရှင်းမှု၊ လူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှမှု၊ ဥပ ဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေး စသည့် အဓိက အချက်များကို ဆောင်ရွက်ရာတွင် မြေယာပြဿနာများအပေါ်သက်ရောက်နိုင်မှုမည်မျှရှိသည်ကို အလေးအနက်ထားရန် ဖေါ်ပြထားသည်။ ဤမွတ္စုပါ လမ်းညွှန်ချက်များတွင် မိတ်ဖက်အဖြစ်ပါဝင်နိုင်ခြင်းကို လမ်းဖွင့်ထားပြီး အဆိုပါ လမ်းညွှန်ချက်များအား ပြဿနာများကို ဆန်းစစ်ခြင်း၊ ညိ့ှနှိုင်းဆောင်ရွက်ခြင်းနှင့် အစီအမံ အစီအစဉ်များရေးဆွဲခြင်း တို့်တွင် အသုံးပြုနိုင်သည်။


ဤမှတ်စုတွင် ကနဦးမိတ်ဆက်ခြင်းနှင့် အပိုင်းသုံးပိုင်းပါဝင်ပါသည်။ အပိုင်း (A) တွင် မြေယာနှင့် ပဋိပက္ခများအ ပေါ် ကုလသမဂ္ဂမှ စေ့စပ်ညိ့ှနှိုင်းဖြေရှင်းရာတွင် လက်ရှိအသုံးပြုနေသော လမ်းညွှန်ချက်များကို ဖေါ်ပြထားပါသည်။ အပိုင်း (B) တွင် ကဏ္႑မဏ္႑ိုင်ကြီး သုံးရပ်ကို ကျော်လွှားရန်အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းဘက်မှ လက်ရှိအသုံးပြုနေသော လုပ်ငန်းစဉ်မူဘောင် ဖြစ်ပါသည်။ အပိိုင်း (C) တွင် ကုလသမဂ္ဂ၏ ယန္တယားလည်ပတ်မှုကို ဖေါ်ပြထားပါသည်။


(ကုလသမဂ္ဂ၏ အ တွေ့အကြုံ ဆိုရာတွင်- 

1- ကုလသမဂ္ဂ၏ ယန္တယားများမှ မြေယာနှင့် ပဋိပက္ခများအပေါ် ကျယ်ပြန့်စွာ စစ်တမ်းကောက်ယူထားမှုများ၊ တွေ့ရှိချက်များနှင့် အနှစ်ချုပ်အတည်ပြုချက်များ

2- UN- Habitat (2016) မြေယာနှင့် ပဋိပက္ခများ 

3- ကုလသမဂ္ဂ၏ ကျယ်ပြန့်သော စေ့စပ်ညိ့ှနှိုင်းမှု စွမ်းရည် ကို ဦးတည်၍ ပြဿနာ၏  နယ်ပါယ်နှင့် လေ့လာမှုမှ အနှစ်ချုပ်နှင့် အဓိက တွေ့ရှိချက်များ၊ အတည်ပြုချက်များ ပါဝင်ပါသည်။)


အပိုင်း (A) လက်ရှိ အသုံးပြုနေသော လမ်းညွှန်ချက်များ

1- မြေယာနှင့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အကူအညီပေးရာတွင် နိုင်ငံတကာစံနှုန်းများကို အ ခြေ ခံခြင်း

2- ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် မဏ္႑ိုင်သုံးရပ် အားခိုင်မာစေခြင်း

3- နေရာဒေသပုံစံ အချိန်အခါ နှင့် အံဝင်စီလျှော်သော မဟာဗျူဟာမြောက်ဖြစ်စေမည့် ပါဝင်ဆောင်ရွက်မှု ဖြစ်စေခြင်း

4- မြေယာသည် နိုင်ငံ၏ ပြည်သူလူထုဆိုင်ရာ ကနဦး ပိုင်ဆိုင်မှုဖြစ်ခြင်းနှင့် မြေယာဆိုင်ရာကိစ္စရပ်သည် နိုင်ငံတစ်ခုအတွက် ပြည်သူလူထု၏ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စရပ်ဖြစ်သည်ကို အသိအမှတ်ပြုခြင်း

5- လူ့အခွွင့်အရေး ကို ကျားကန် ထောက်ပံပေးခြင်းနှင့် ကျားမတန်းတူညီမျှမှု ကို လက်ခံ ချဉ်းကပ်ခြင်း

6- ကုလသမဂ္ဂ၊ ကုလသမဂ္ဂမဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံပြည်သူလူထုဆိုင်ရာ အဖွဲ့အစည်း လူပုဂ္ဂိုလ်များကြားတွင် ညိ့ှနှိုင်းပေါင်းစပ်မှု နှင့် မိတ်ဖက်ပြု ဆောင်ရွက်မှုကို ထောက်ပံပေးခြင်း


အပိုင်း (B) ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်မူဘောင်

1- ပဋိပက္ခများဖြေရှင်းရာတွင် မြေနှင့်ပတ်သက်သောပြဿနာ များသည် အရေးပါသော အစိတ်အပိုင်းဖြစ်သည်ကို အသိအမှတ်ပြုခြင်း

2- မြေနှင့်ပတ်သက်သော ပြဿနာ များနှင့် ပဋိပက္ခများကို ဖြေရှင်းရာတွင် အတွေ့အကြုံရှိသော ကုလသမဂ္ဂ၏ ပါဝင်ဦးဆောင်မှုကို အသိအမှတ်ပြုခြင်း

3- မြေနှင့်သက်ဆိုင်သော ကိစ္စရပ်များကို အဖွဲ့အစည်းများ၏ အ ရေးပါသော အချက်အလက်များစုဆောင်းမှုနှင့် လုပ်ငန်းစဉ်များရေးဆွဲရာတွင် တည့်သွင်းဆောင်ရွက်ခြင်း

4- မြေနှင့် ပတ်သက်သော ကိစ္စရပ်များကို ကုလသမဂ္ဂ အဖွဲ့ယန္တယား အချင်းချင်းကြားတွင် ပူးပေါင်း၍ အစီအစဉ်ချမှတ်ခြင်းနှင့် ဘဏ္႑ာငွေဆိုင်ရာ ရေးဆွဲခြင်း

5- နိုင်ငံအဆင့် မြေနှင့်ပတ်သက်သော ကိစ္စရပ်များကို ပါဝင်ဆောင်ရွက်ခြင်း

6- မြေနှင့် သက်ဆိုင်သော ပဋိပက္ခကိစ္စများကို ဆောင်ရွက်ရန် ကျယ်ပြန့်သော ယန္တယားများကို တည်ဆောက်ခြင်း

ွွွ7- ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နယ်မြေများနှင့် အဖွဲ့ဝင်မဟုတ်သော ပုဂ္ဂိုလ်၊ အစုအဖွဲ့များ၏ မိတ်ဖက္ေဆောင်ရွက်မှုကိုလမ်းဖွင့်ပေးခြင်း


8- မြေနှင့်သက်ဆိုင်သော ပြဿနာ ကိစ္စရပ်များအားဖြေရှင်းနိုင်သော လုပ်ငန်းစဉ်များ လက်တွေ့အသုံးဝင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခြင်း

အပိုင်း(C) ကုလသမဂ္ဂ၏ စနစ် ယန္တယား


မြေ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ (2)


မိတ်ဆက်


ကုလသမဂ္ဂ၏ ပဋိညာဉ်အရ ကုလသမဂ္ဂ၏ အဓိက ဦးတည်ချက် မဏ္႑ိုင်သုံးရပ်မှာ (1) နိုင်ငံတကာငြိမ်းချမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး ခိုင်မြဲရန်၊ (2)စီးပွားရေး ရှင်သန် အထ မြောက်ရန်၊ လူမှုရေး တိုးတက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ရရှိရန်၊ (3) လူ့အခွင့်အရေးအား လေးစားတန်ဖိုးထား ကာကွယ်ရန် တို့ဖြစ်သည်။ ဤမှတ်စုတွင် ဖေါ်ပြထားချက်များမှာ မြေနှင့် ပဋိပက္ခများအ ပေါ် ကုလသမဂ္ဂ၏ ကျယ်ပြန့်သော ယန္တယားများ၏ ညိ့ှနှိုင်းစေ့စပ်ဆောင်ရွက်မှုများမှ ရရှိလာသော အချက်များကို စုဆောင်းတင်ပြထားခြင်းဖြစ်သည်။ ထိုသို့ စုဆောင်းရာတွင် မြေနှင့် ပဋိပက္ခများအ ပေါ် ခိုင်မာသောမူဝါဒအထိုင်နှင့် အ ရေးပါသော ဦးတည်ချက်လားရာများကို အခိုင်အမာပြု ၍ စုဆောင်းထားခြင်းဖြစ်ပြီး ကုလသမဂ္ဂ၏ မဏ္႑ိုင်သုံးရပ်ကို ရှေးရှူကာ ဖေါ်ပြထားခြင်းဖြစ်သည်။


ဥတုရာသီပြောင်းလဲမှု၊ လူဦးရေ မွေးဖွားထူထပ်များပြားလာမှု၊ စားနပ်ရိက္ခာဖူလုံမှု လိုအပ်လာမှု၊ ရွေ့ပြောင်းဝင်ရောက်သောလူဦးရေများပြားလာမှု နှင့် လူနေထိုင်မှုသည် မြို့ပြအဆင့်ထိ တိုးတက်လာမှု တို့်ကြောင့် မြေနှင့်ပတ်သက်၍ ပြိုင်ဆိုင်ရယူမှုများ ပဋိပက္ခများ ပိုမိုများပြားနေသည်။ ထိုသို့ မြေအရင်းအမြစ်နှင့် ပတ်သက်၍ ပြဿနာများသည် နိုင်ငံတကာလုံးဆိုင်ရာ၊ တစ်ကမ်ဘာလုံးဆိုင်ရာ၊ နိုင်ငံတစ်ခုချင်းဆိုင်ရာနှင့် ဒေသဆိုင်ရာ အဆင့်များထိ ရင်ဆိုင်နေရသည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြားတွင် မြေအရင်းအမြစ်နှင့် သက်ဆိုင်မှုရှိသည့် အချက်အလက်အ ထောက်အထားများသည်လည်း များပြားလာနေသည်။ ပဋိပက္ခများနှင့်ပတ်သက်၍ မြေသည် အဓိက ပြဿနာ ဖြစ်သည်ဟူသော ရှူမြင်မှုများသည်လည်း ရှိလာသည်။ မြေသည် ပဋိပက္ခများကို ခွဲခြမ်းစိတ်ဖြာရန်နှင့် ပဋိပက္ခများကို ဆန်းစစ်ရန်အတွက်လည်း အ ရေးပါသော စံတစ်ခုဖြစ်သည်။ လက်တွေ့ဆောင်ရွက်ရသည့် မြေပြင်အရှိတရားများမှ ရရှိသော အထောက်အထားများက  မြေနှင့် ပတ်သက်၍ ဖြေရှင်းနိုင်လျှင် ရေရှည်တည်တံ၍ အချိန်ကြာမြင့်သော ငြိမ်းချမ်းရေးရလဒ်ကို ရရှိစေကြောင်း ဖေါ်ပြနေသည်။


ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်များ၏ 2030 စဉ်ဆက်မပြတ် ရေရှည်တည်တံသော ဖွံ့ဖြိုးမှု ပန်းတိုင် (SDGs) သို့ရောက်ရှိရန်အတွက် ထောက်ပံမှုပေးရန်မှာ ကုလသမဂ္ဂအ နေဖြင့် စွမ်းဆောင်ရည်၊ မဟာဗျူးဟာနှင့် မိတ်ဖက်အဖြစ် ပါဝင်ဆောင်ရွက်မှုများကို လိုအပ်သည်။ ကုလသမဂ္ဂ၏ 2030 စဉ်ဆက်မပြတ်တည်တံသော ဖွံ့ဖြိုးမှုပန်းတိုင်သည် အရေးပါပြီး မြေနှင့် ပတ်သက်သော အညွှန်းကိန်းများကို ဖေါ်ပြနေသည်။ ထိုအညွှန်းကိန်းများသည် သက်ဆိုင်ရာ နိုင်ငံအလိုက် ပြည်သူ့လူထုဆိုင်ရာ ပြန်လည် သုံးသပ်မှုများကို လည်း အ ထောက်အပံ ဖြစ်စေမည်ဖြစ်သည်။


ဇယား -1 မြေနှင့်ပတ်သက်သော ဖွင့်ဆိုချက်နှင့် သ ဘောထား


မြေနှင့် ပတ်သက်၍ သ ဘောထားအား ကျယ်ပြန့်စွာ အဓိပ္ပါယ်ဖွင့်ဆိုရလျှင် 


1- မြေသည် ကမ်ဘာကြီး၏ မျက်နှာသွင်ပြင်ဖြစ်သည်။ မြေ အောက်တွင် တွင်းထွက်ပစ္စည်းများပါဝင် နေသည်။ မြေ၏ အ ပေါ်တွင် လေထုရှိပြီး မြေနှင့် ထိကပ်စွဲမြဲနေသော အရာများရှိသည်။ မြေတွင် အ ဆောက်အအုံများ၊ အရင်းအမြစ် သံယံဇာတမ်ား ပါဝင်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တန်ဖိုးများနှင့် အမွတ္သ ငေ်္ကတ ဆိုင်ရာ တန်ဖိုးများရှိသည်။ 


2- မြေသည် ထုတ်ကုန်ထုတ်လုပ်ခြင်း၊ လှဲလှယ်မှု ဖလှယ်မှု စသည့် ကုန်သွယ်ရောင်းဝယ် ဖေါက်ကားခြင်းနှင့် ထပ်ဆင့် ကုန်ထုတ်လုပ်ခြင်း တို့အတွက်  ဆက်နွယ်ရှုပ်ထွေးစွာ နီးကပ်နေသည်။ အဆိုပါ ဆက်နွယ်ရှုပ်ထွေးစွာ နီးကပ်မှုသည် မြေအား လူမှုစီးပွားဘဝများအတွက် မဟာဗျူဟာမြောက်  သွင်းအားစုအရင်းအနှီးအဖြစ် ရှိနေ ကြောင်း ဖေါ်ပြနေသည်။ မြေသည် အကန့်အသတ်ဖြင့်သာ ရှိသော အရင်းအမြစ်သံယံဇာတဖြစ်ပြီး ထိုအကန့်အသတ်ဖြင့်သာ ရှိသော အရင်းအမြစ်သယံဇာတ ပေါ်တွင် မြင့်မားသော သွင်းအားစု အရင်းအနှီးများကို ပေးထားရသည်။ ထိုသို့အရင်းအနှီးများကို ပေးထားသောကြောင့် မြေကို ရယူ ပိုင်ဆိုင် ထိန်းချုပ် ခြင်း သဘောကိုဖြစ်လာသည်။ မြေကို ရယူပိုင်ဆိုင် ထိန်းချုပ်ခြင်းသည် သြဇာအာဏာ၊ ကြွယ်ဝချမ်းသာမှုနှင့် မည်သူမည်ဝါ ဖြစ်ကြောင်း သတ်မှတ်မှုတို့နှင့် သက်ဆိုင်လေ့ရှိသည်။ ဤ အချက်များကို ရရှိရန် ကမ်ဘာ့လူဦးရေ၏ အကြီးဆုံးရာခိုင်နှုန်းအစိတ်အပိုင်းသည် ယခုအချိန်ထိ ရုန်းကန်နေကြရဆဲဖြစ်သည်။





Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)