ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု

  မြေယာ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ (4)


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု


A.2. Ensure Coherence Across the Three Pillars for Land Interventions


A.2. မြေယာပြဿနာများအပေါ် ဝင်ရောက်စွက်ဖက်ဆောင်ရွက်ရာတွင် မဏ္ဍိုင်သုံးရပ်နှင့် သဟဇာတဖြစ်စေရန်စီမံခြင်း


-မြေနှင့်ဆက်စပ်နေသော ပဋိပက္ခများ (Land- Related Conflict Issues) များကို စေ့စပ်ညှိ့နှိုင်းရာတွင်လည်းကောင်း၊ ပဋိပက္ခ ရေခံမြေခံများအပေါ် သူ့အရပ်သူ့ဇတ်အရ ကွဲပြားသောစတင်ချဥ်းကပ်မှုများ (Entities' Different Entry Points) ပြုလုပ်ရန်ဆုံးဖြတ်ချက်ချမှတ်ရာတွင်လည်းကောင်း၊ ပဋိပက္ခသံသရာ (Conflict Cycle)၏ အဆင့်တိုင်း၊ ဖြစ်စဥ်တိုင်း၊ အခြေအနေအမျိုးမျိုးတိုင်းအတွက် ဖြေရှင်းရန်အစီအစဥ်များဖြင့် ကိုင်တွယ်မှု (Programming Approches) များတွင်လည်းကောင်း၊ ထိုသို့ အစီအစဥ်များဖြင့် ကိုင်တွယ်မှုအတွက် လုပ်ပိုင်ခွင့်ပေးအပ်မှု (Mandates) များတွင်လည်းကောင်း၊ မဏ္ဍိုင်များနှင့် ပဋိပက္ခရေခံမြေခံများကြားတွင် အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှုများကို ခွဲဝေရာတွင်လည်းကောင်း  ကုလသမဂ္ဂအနေဖြင့် မိမိ၏မဏ္ဍိုင်များအချင်းချင်းကြားတွင် ဟန်ချက်ညီသဟဇာတကျမှု(Coherence And Coordination Across) များရှိစေရန် ဆောင်ရွက်ရမည်။


- ပဋိပက္ခ၏ အခြေအနေအမျိုးမျိုးကိုဖြေရှင်းရန် အစီအစဥ်ရေးဆွဲမှု (Programming) တွင် ကိုယ့်ဖာသာကိုယ့်ရပ်တည်လည်ပတ်နိုင်သော ယန္တယားစနစ် (System Fragmentation)များကိုကျင့်သုံးသင့်ပြီး ထိုစနစ်ယန္တယားများက လုပ်ငန်းစဥ် ဆင့်ပွား ရလဒ်ကောင်း (Better Sequencing of Activities)ကိုဖြစ်ပေါ်စေကာ ပဋိပက္ခသံသရာလည်ပတ်မှုကို ရပ်တန့်နိုင်မည်ဖြစ်သည်။ ပဋိပက္ခ၏ အခြေအနေအမျိုးမျိုးကို ဖြေရှင်းရန်အစီအစဥ်ရေးဆွဲမှုတွင် မြေယာနှင့်ပတ်သက်သော ပဋိပက္ခအပေါ်ပူးတွဲ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု (Joint Conflict Analysis)၊ လုပ်ငန်းစဥ် (Planning) ရေးဆွဲခြင်း၊ အချက်အလက်များကောက်ယူခြင်း (Assessment)၊ စောင့်ကြည့်လေ့လာခြင်း (Monitoring)၊ အခြေအနေများကိုပြန်လည်တင်ပြခြင်း (Reporting) တို့ပါဝင်ရမည်။ ထိုအစီအစဥ်များအတွက် မြေနှင့်ပတ်သက်သော သတင်းအချက်အလက်များကို နိုင်ငံအဆင့် (National)၊ ဒေသတွင်းနိုင်ငံများအဆင့် (Regional)၊ နိုင်ငံတကာလွမ်းခြုံအဆင့် (Global)နှင့် ကုလသမဂ္ဂ၏ ယန္တယား အဆင့်ဆင့်တို့က ဖြန့်ဝေပေးရမည်ဖြစ်သည်။ (နိုင်ငံတကာဥပဒေစံနှုန်းများအရ "ကိုယ်ဖာသာကိုယ်ရပ်တည်လည်ပတ်နိုင်သော ယန္တယားစနစ် (System Fragmentation)" ဆိုသည့်မှာ လုပ်ပိုင်ခွင့်တာဝန်များကို အဆင့်ဆင့်သို့ ခွဲဝေပေးထားခြင်းဖြစ်ပြီး ထိုသို့ပေးအပ်ရာတွင် အခြေအနေကိုမူတည်၍ ကြုံတွေ့လာရသော အခက်အခဲများအပေါ်ဖြေရှင်းရန် လိုအပ်သောကိုယ်ပိုင်ဆုံးဖြတ်ချက်များချခွင့်ကိုပါ အဆင့်ဆင့်သို့ပေးအပ်ထားခြင်းဖြစ်သည်။ "မြေယာနှင့် ပတ်သက်သော ပဋိပက္ခများအပေါ် ပူးပေါင်း ခွဲခြမ်းစိတ်ဖြာမှု (Joint Conflict Analysis)" ဆိုသည်မှာ ပဋိပက္ခထဲတွင်အကျိုးစီးပွားအရ ဆက်စပ်နေကြသော အုပ်စုများအသီးသီး၊ ဘက်အသီးသီးအား ပူးပေါင်းကာ ပြဿနာအပေါ် ခွဲခြမ်းစိတ်ဖြာသုံးသပ်သည့် လုပ်ငန်းဖြစ်သည်။)


- မြေပြဿာနာပဋိပက္ခများတွင် နိုင်ငံရေး အခန်းဂဏ္ဍသရုပ်သဏ္ဍာန်ရှိမှု (Political Roles)များ၊ တာဝန်ခံမှုများ (Responsibilities) နှင့် သီအိုရီနည်းနာအခြေခံလုပ်ငန်းစဥ် (Technical Work Streams)များကြားတွင် ရှင်းလင်းပြတ်သားသောဆက်နွယ်မှု (Clearer Linkages) များရှိရမည်ဖြစ်သည်။ မြေကိစ္စရပ်များ၏ သဘောသဘာဝအရပင်  ရင်ဆိုင်နေရသောပြဿနာမှာ

1-အကာအကွယ်ပေးရန်ကိစ္စ (Protection Issue) သို့မဟုတ် နိုင်ငံရေးအရ ကိစ္စ (Political Issue) မျိုးဘက်ကိုသာရောက်နေသော ချက်ချင်းလက်ငင်းဆောင်ရွက်ရမည့်ကိစ္စ (Emergency Contexts) များအဖြစ်ရှိနေတတ်ခြင်း၊

2- ထိုသို့ ချက်ချင်းလက်ငင်းဆောင်ရွက်ရမည့်ကိစ္စများအဖြစ်ရှိနေသော်လည်း ပညာရပ်ဆိုင်ရာသဘောတရားအမြင် (Technical Aspects)များနှင့် ခြိတ်ဆက်မှုပြတ်တောက်ခြင်း (De-linked) များဖြစ်နေတတ်ခြင်း၊

3- မြေယာကိစ္စ၌ ပညာရပ်ဆိုင်ရာလုပ်ဆောင်ချက် (Technical Issues) များကိုလက်ခံလိုက်ရ၍  တိုးတက်မှု (Development Phase) များရှိနေသော်လည်း နိုင်ငံရေးနယ်ပါယ်၏ သဘောထားအမြင်က ထိုဖြစ်စဥ်တွင် ခြိတ်ဆက်မှုပြတ်တောက်နေပြန်ခြင်း၊

စသည့် အခြေအနေများဖြစ်သည်။


- အခရာကျသောဆုံးဖြတ်ချက်များချမှတ်ရန် လိုအပ်သောအချက်အလက်များအား ဖလှယ်ခြင်း (Relevent Data Exchange) နှင့် အချက်အလက်များအား ကဏ္ဍအလိုက်စုဆောင်းခြင်း (Integration of Data) များအတွက် ကုလသမဂ္ဂ၏ စဥ်ဆက်မပြတ်ဖွံ့ဖြိုးမှုအစီအစဥ် ရလဒ်များဖော်ဆောင်ရေးဆိုင်ရာ စောင့်ကြည့်ကြပ်မတ်ရေးအေဂျင်စီများကြားတွင် တိုးတက်သောပေါင်းစပ်ညှိ့နှိုင်းမှုများရှိရမည်ဖြစ်သည်။


- မြေကိစ္စရပ်သည် ပဋိပက္ခနှင့်ဆက်နွယ်နေသောအခါ ကုလသမဂ္ဂ၏ ဝင်ရောက်စွက်ဖက်မှုက ကဏ္ဍအသီးသီးအလိုက်စုပေါင်းလုပ်ကိုင်မှုဖြင့် ရလဒ် (Cross-Pillar Outcomes) များရရှိအောင်ဦးဆောင်ရမည်ဖြစ်သည်။ ထိုသို့ဦးဆောင်ရာတွင် မြေနှင့်ပတ်သက်သော ToC လုပ်ငန်းစဥ် များအပေါ်အခြေခံရမည်ဖြစ်သည်။ ToC လုပ်ငန်းစဥ်များသည်အာဏာလုပ်ပိုင်ခွင့်ဖြင့် မောင်းနှင်နိုင်စွမ်းရှိအုပ်စု (Power Dynamics)များနှင့် မြေယာဆက်နွယ်ပတ်သက်မှု (Land-Related Relationships)များအပေါ် လွမ်းမိုးနိုင်ဩဇာညောင်းနိုင်ရမည်ဖြစ်သည်။ ထိုသို့ လွမ်းမိုးနိုင်ရန် လိုအပ်သောအရည်အသွေးများကိုတိုးတက်မှု (Targeted Capacity Development)များ၊ ရှူဒေါင့်အသစ်ဖြင့်ချဥ်းကပ်မှု (Initiatives)များ၊ စုပေါင်းလုပ်ကိုင်ဖော်ဆောင်ခြင်း (Coalitions)များ၊ အခက်အခဲများကိုရင်ဆိုင်ကျော်လွှားနိုင်သူ (Champions) များပါဝင်သည့် စွမ်းရည်ကူးစပ်ပေးသော ဆောင်ရွက်မှု (Catalytic Activities) များကိုပါ ToCတွင်ဖော်ဆောင်ယူရမည်ဖြစ်သည်။ ကုလသမဂ္ဂမှ မြေယာကိစ္စရပ်နှင့် ဆက်နွယ်သောပဋိပက္ခအပေါ် ဝင်ရောက်စွက်ဖက်ရန် လမ်းကြောင်းများ အတည်ပြုခြင်း (Identify Entry Points)ကို ဖော်လာသည်နှင့် တပြိုင်နက် အဆိုပါ အချက်အားလုံးမှာ တချိန်တည်းတပြိုင်တည်းတိုးတက်မှု (Once Development) ရှိနေရမည်ဖြစ်သည်။ (ToC ဝေါျဟာရ၏အဓိပ်ပါယျမှာ ပြုပြင်ပြောင်းလဲခြင်း၏ သီအိုရီ (Theory of Change) ဖြစ်သည်။ Theory of Change တွင် အရေးပါသောအချက်များတွင်

1-အစီအစဥ်က မည်သည့်ကိုပြုလုပ်မည် ဆိုသော (Activities)

2-ထိုသိုပြုလုပ်ခြင်းမှ ထွက်ပေါ်လာသောတိုက်ရိုက်ရလဒ် (Outputs)

3- ထိုတိုက်ရိုက်ရလဒ်ကြောင့် ဖြစ်လာသော တစ်ဦးချင်းအလိုက်ခံရသည့်အကျိုးဆက် (Outcomes)

4- ထိုရလဒ်များ၊ အကျိုးဆက်များကြောင့် လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်ကို ရိုက်ခတ်လာမည့် ရေရှည်အကျိုးဆက် (Impact)

5- ထိုသို့ရလဒ်များ အကျိုးဆက်များ၊ ရိုက်ခတ်မှုများရှိကိုရှိလာမည်ဟု သီအိုရီအရ ယုံကြည်ယူဆချက် (Assumptions)

6- သီအိုရီအရ အကောင်အထည်ဖော်သောအခါ ဖြစ်လာမည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့်ပတ်ဝန်းကျင်အခြေအနေများကို နားလည်သဘောပေါက်ထားမှု (Context) 

တို့ပါဝင်သည်။)


- နိုင်ငံတကာလွမ်းခြုံအဆင့်နှင့် ဒေသတွင်းနိုင်ငံတကာအဆင့်များတွင် ပေါင်းစပ်ညှိ့နှိုင်းများက နယ်နိမိတ်များကိုကျော်လွန်မှု (Trangress Borders) ပုံစံဖြစ်လာသော မြေနှင့်ဆက်နွယ်သောပဋိပက္ခများ၏ မူလဇစ်မြစ် (Root Causes) ကိုကိုင်တွယ်ရာတွင်လိုအပ်သည်။ မြေနှင့်ဆက်နွယ်သော ပဋိပက္ခများသည် မကြာခဏဆိုသလို ဥတုရာသီပြောင်းလဲမှု၊ လူဦးရေထူထပ်များပြားလာမှု၊ မြို့ပြများကြီးထွားလာမှု၊ နိုင်ငံထဲမှ လူများထွက်ခွာသွားမှုနှင့် စားနှပ်ရိက္ခာမဖူလုံမှုများအဖြစ်လည်း ဖော်ပြခံနေရသည်။



Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း