ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု
မြေယာ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ (6)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု
A.5. လူ့အခွင့်အရေးနှင့် ကျား/မ တန်းတူညီမျှမှုအပေါ်အခြေခံ၍ ချဉ်းကပ်မှု
A.5. Support Human Rights-Based and Gender-Sensitive Approaches
- ပဋိပက္ခများကိုတားဆီးကာကွယ်ခြင်း (Conflict Prevention) နှင့် ပဋိပက္ခများ၏ အခြေခံစိတ်ခံစားမှုအထာများကိုသိရှိခြင်း (Conflict Sensitivity) များအားကောင်းလာစေရန်အတွက် မြေနှင့်ဆက်နွယ်သော နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းညွှန်ကြားချက်များကို အကျွမ်းတဝင်(Domestication) ရှိရန်လိုအပ်သည်။ ထိုနိုင်ငံတကာစံနှုန်းများက အတင်းအကျပ်ဖိအားပေးမောင်းထုတ်ခံရခြင်း (Forced Evictions)မရှိစေရန်အကာအကွယ်ပေးထားသည်။ ထို့ပြင် ဒုက္ခသည်များ၊နေရပ်စွန့်ခွာသူများနှင့် အမျိုးသမီးများ၏ မြေယာအခွင့်အရေးကိုပြန်လည်ဖော်ထုတ်မှု (Recover Land Rights) များကိုလည်း အကာအကွယ်ပေးထားသည်။ ထိုစံနှုန်းများကို မြေနေရာအကျယ်အဝန်းများစွာလိုအပ်သော ရင်းနှီးမြုပ်နှံမှုများကိုလုပ်ဆောင်ရာတွင်လည်းကျင့်သုံးရန်လိုအပ်သည်။ ဌာနေလူမျိုးစု သို့မဟုတ် ဓလေ့ထုံးတမ်းပုံစံများ (Indigenous/Customary land) ဖြင့် အသုံးချမှုရှိသော မြေယာများအား (FPIC)စံဖြင့်ချဉ်းကပ်မှုတွင်လည်း ကျင့်သုံးရန်လိုအပ်သည်။ မြေယာအပေါ်စီမံခန့်ခွဲအုပ်ချုပ်မှုများနှင့် မြေအားပိုင်ဆိုင်လုပ်ကိုင်မှု လက်ရှိစဉ်ဆက်မပြတ်ရှိခြင်း (Continuum of Land Tenure Types)များကို တိုးတက်သောစီမံခန့်ခွဲမှုရှိရန်အတွက်လည်း ထိုစံနှုန်းများအား ကျင့်သုံးရန်လိုအပ်သည်။ ( ပဋိပက္ခများကို ကာကွယ်တားဆီးခြင်းနှင့် ပဋိပက္ခ၏ စိတ်နေစိတ်ထားအထာကို သိရှိနားလည်ခံစားခြင်း (Conflict Prevention and Sensitivity) ဆိုသည်မှာ ပဋိပက္ခ၏ စတင်ဖြစ်စေရန်ဖြစ်နေသော အခြေအနေအရပ်ရပ်ကို သိရှိနားလည်ပြီး ပဋိပက္ခကြောင့် ဆိုးဝါးသောသက်ရောက်မှုများကိုလျော့နည်းနိုင်သမျှလျော့နည်းစေရန် (To Minimize Negative Impact) အတွက်အားထုတ်ခြင်းနှင့် ဖြေရှင်းဆောင်ရွက်သောနည်းလမ်းများကြောင့် ကောင်းသောသက်ရောက်မှု (To Maximize Positive Impact) များရှိလာစေရန် အားထုတ်ချဉ်းကပ်မှုဖြစ်သည်။)
- မြေယာနှင့်ပတ်သက်သော ဆောင်ရွက်ချက် (Land Activities) တိုင်းသည် ပဋိပက္ခ၏ အခြေခံစိတ်နေစိတ်ထားကို သိရှိနားလည်မှု (Conflict- Sensitive)မျိုးဖြစ်သင့်ပြီး လူ့အခွင့်အရေးနှင့် နိုင်ငံတကာလူသားခြင်းစာနာမှုဥပဒေ များကို ချိုးဖောက်မှုမျိုးတော့မဖြစ်သင့်ချေ။ မြေယာနှင့်သက်ဆိုင်ပိုင်ဆိုင်မှုအထောက်အထားများ ထုတ်ပေးခြင်းစနစ်/ ပိုင်ဆိုင်မှု၊ အသုံးချမှုအမည်ပေါက် အထောက်အထားထုတ်ပေးခြင်းစနစ် (Land-Titling Systems)များ ခိုင်မာအားကောင်းနေရန် လိုအပ်သည်။ ဓလေ့ထုံးထမ်းပိုင်ဆိုင်မှု (Customary Land Ownership) အလေ့အထလွမ်းမိုးနေသော လူနည်းစုများ၊ အကျိုးစီးပွားထိခိုက်လွယ်သောရပ်ရွာအသိုက်အဝန်းအုပ်စုများအား ၎င်းတို့၏ ဓလေ့ထုံးတမ်းအလိုက်အမည်ပေါက်အထောက်အထားများ ထုတ်ပေးထားသင့်သည်။ ထိုသို့ထုတ်ပေးသည့် စနစ်ယန္တယားအားကောင်းမှုက တပါးသူ၏ပိုင်ဆိုင်မှုကို သွားရောက်ထိခိုက်ခြင်း (Expense of Orthers)ကိုဟန့်တားပေးနိုင်ပြီး တသီးပုဂ္ဂလပိုင်ဆိုင်မှုများအတွက် လိုက်လံအထောက်အပံပြုရမှုများ၊ အရှုပ်အရှင်းဖြေရှင်းပေးရမှုများ လျော့နည်းခြင်း (To Avoid Support for Individual Ownership) ကိုဖြစ်စေမည်ဖြစ်သည်။
- ကုလသမဂ္ဂသည် ကျား/မ ဆိုင်ရာခံယူမှုကြောင့် မြေယာအခွင့်အရေးကို ဆုံးရှုံးမှုမဖြစ်စေခြင်း ( Gender-Responsive Approaches) အပေါ်ထောက်ပံမှုပေးသည်။ မြေယာအပေါ် ကျား/မ ကွဲပြားမှုအရချဉ်းကပ်ခြင်း ( Gender-Responsive Approaches)တွင် အမျိုးသမီးများ၏ အခွင့်အရေးများတွင် မြေယာနှင့်ပတ်သက်၍ ပိုင်ဆိုင်ခွင့် (Own)၊ လက်ခံခွင့်၊ လက်ရှိထားခွင့် (Access)၊ ထိန်းချုပ်စီမံခွင့် (Control) နှင့် အမွေဆက်ခံခွင့် (Inherit) များကို မြင့်တင်ပေးရမည်ဖြစ်သည်။ အဆိုပါ အမျိုးသမီးအခွင့်အရေးများကို ကုလသမဂ္ဂမှကူညီပံပိုးသော တနိုင်ငံလုံးအဆင့်၊ တပြည်လုံးအဆင့် ဆွေးနွေးပွဲများ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုများနှင့် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အခင်းအကျင်း (Legal Reform Initiatives) များတွင် ပါဝင်ထည့်သွင်းရမည်ဖြစ်သည်။ မြေယာအပေါ် ကျား/မ ကွဲပြားမှုအရချဉ်းကပ်ခြင်း ( Gender-Responsive Approaches) နိုင်ငံတကာစံနှုန်းများနှင့် အကျွမ်းတဝင်ရှိလာစေရန် အထောက်အပံများရှိသင့်သည်။ မိမိတို့၏ ဆုံးရှုံးနစ်နာမှုများကြောင့် ပြန်လည်အရေးဆိုခြင်း၊ အလျော်ပေးရန်တောင်းဆိုခြင်း (Restitution Process) ဖြစ်စဉ်များတွင် အမျိုးသမီးများ၏ မြေအပေါ် လက်ရှိထားခွင့်၊ လက်ခံထားခွင့် (Women's Access)များကို အကာအကွယ်ပေးရမည်ဖြစ်သည်။ အမျိုးသမီးများ၏ မြေနှင့်သက်ဆိုင်သောအခွင့်အရေးများကို သေချာသော ဥပဒေကြောင်းအရ အကောင်အထည်ဖော်ခြင်း (Enforcement Measures) များရှိရမည်ဖြစ်သည်။ (Gender-Responsive Approaches ဟူသည် လူ့ဘောင်တစ်ခုအတွင်း ကျင့်သုံးနေသော စံတန်ဖိုးများ၊ဥပဒေများ၏ ကျား/မ အခွင့်အရေးတန်းတူမှုမရှိသည့်ကိစ္စများကို ရှာဖွေဖေယ်ထုတ်ကာ တန်းတူညီမျှမှုရှိစေရန်အားထုတ်ခြင်းဖြစ်သည်။ ကျင့်သုံးနေသောစံတန်ဖိုးများ၊ အလေ့အထများက အမျိုးသမီး၊အမျိုးသား၊ မိန်းကလေး၊ ယောြက်ားလေး တို့၏ တစ်ဦးချင်းလိုအပ်ချက်များ၊ အခွင့်အရေးများ၊ အကျိုးစီးပွားများအပေါ်တွင် တန်းတူ ညီမျှမှုရှိစေရန် အကောင်အထည်ဖော်၍ ချဥ်းကပ်ခြင်းဖြစ်သည်။)
- ပါဝင်ပတ်သက်ခွင့်ရှိစေခြင်း၊ ပါဝင်စေခြင်း (Participatory and Inclusive Approach)က သဘောတူညီမှု(Buy-In)များ၊ တာဝန်ယူမှု (Accountability)၊ ပွင့်လင်းမြင်သာမှု (Transparency)နှင့် ရေရှည်တည်တံခိုင်မြဲမှု (Sustainability) တို့ကို ပိုမိုအားကောင်းစေသည်။ အကျိုးစီးပွားအရ ပါဝင်ပတ်သက်ဆက်စပ်သူများတွင်
- အစိုးရလုပ်နေသူများ (Government Actors)
- နိုင်ငံရေးပါတီများ (Political Parties)
- အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းများ (CSOs)
- မြေယာကိစ္စရပ်နယ်ပါယ်တွင် တတ်သိနားလည်သူ ပရိုဖက်ရှင်နယ်များ (Land Professionals)
- မြေယာနှင့် ပတ်သက်သောပညာရှင်များ (Academics)
- ယုံကြည်မှုကိုအခြေခံ၍ ဖွဲ့စည်းထားသော အုပ်စုများ (Faith-Based Organizations)
-ရပ်ရွာလူထု၏ ဒေသဓလေ့ထုံးတမ်းအစဥ်အလာအရ ခေါင်းဆောင်များ
-ဌာနေ လူမျိုးစု ခေါင်းဆောင်များ
- ရပ်ရွာလူမှုအသိုင်းအဝန်းများ
- ဌာနေလူမျိုးစု အသိုက်အဝန်းများ
- ကိုယ်စားပြု အင်စတီကျူးရှင်းများ (Representative Institutions) များ
- လယ်သမားအုပ်စုများ
- မွယောမ့ဲမြား (Landless)
- ပြည်သူလူထုများ (General Public) စသည့်အုပ်စုများပါဝင်သည်။
အထူးအလေးပြုထားရမည်မှာ မည်သို့ပင်ဆိုစေကာမူ ထိုအုပ်စုများတွင်ပင်လျှင် အတိပ်သမိုင်းကာလတလျောက် ဓလေ့ထုံးတမ်းအစဥ်အလာ အလေ့အထပင်ကိုအရပင် အမျိုးသမီးများနှင့် အမျိုးသမီးအခွင့်အရေးအုပ်စု (Women's Rights Organizations)များကို ဖါယ်ထုတ်ထားတတ်သည့်သဘောရှိနေသည်ကိုလည်း သတိပြုသင့်သည်။
- ကျယ်ဝန်းသောမြေဧရိယာများကိုလိုအပ်သည့် ရင်းနှီးမြုပ်နှံမှုများ (Large-Scale Land-Based Investment) များက မြေယာပေါ်တွင် ပဋိပက္ခများနှင့် ယှဉ်ဘက်ပြိုင်ဘက် (Comprtition)ပုံစံများကို မကြာခဏဆိုသလိုဖြစ်စေသည်။ မြေဧရိယာကျယ်ဝန်းမှုကိုလိုအပ်သော ရင်းနှီးမြုပ်နှံမှုများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သဘာဝအရင်းအမြစ်များအပေါ်တွင် ပဋိပက္ခဖြစ်မှု (Conflict Around Natural Resources) များကိုပါ တပါတည်းပေါ်ပေါက်စေနိုင်သည်။ စီးပွားရေး ရင်းနှီးလုပ်ကိုင်မှုအတွက်လိုအပ်ချက် (Needs of Business Enterprises) နှင့် ရပ်ရွာလူမှုအသိုင်းအဝန်း၏ အကျိုးစီးပွား (Community Intrests) ကြားတွင် ပြည့်စုံလုံလောက်သော ဟန်ချက်ညီသဟဇာတဖြစ်မှု (Adequated Balance) များရှိရန်လိုအပ်သည်။ ထိုစီးပွားရေးဆိုင်ရာလိုအပ်ချက်နှင့် ဒေသခံတို့၏ အကျိုးစီးပွားကြားတွင် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းလမ်းညွှန်ချက်များဖြင့် ချဉ်းကပ်ဆုံးဖြတ်သင့်သည်။ ကုလသမဂ္ဂအနေဖြင့် အများပြည်သူ့အကျိုးအတွက် ရင်းနှီးမြုပ်နှံမှု (Public Investment) နှင့် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု (Private Investment) များတွင် မြေယာမှ အတင်းအကျပ် နှင်ထုတ်ခြင်း၊ အတင်းအကျပ် နေရာရွေ့ပြောင်းခိုင်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း စသည့်အချက်များမရှိစေရန် တာဝန်ခံယူများကို အထောက်အပံများ ပေးသင့်သည်။ (သဘာဝအရင်းအမြစ်များအပေါ်တွင် ပဋိပက္ခဖြစ်မှု (Conflict Around Natural Resources) ဟူသည် မြေကိုသော်လည်းကောင်း၊ ရေကိုသော်လည်းကောင်း၊ ရေ၏ သဘာဝတည်ရှိမှုကို သော်လည်းကောင်း၊ ရေ၏ သကျရှိသကျမ့ဲ သယံဇာတများကိုလည်းကောင်း၊ တွင်းထွက်ပစ္စည်းများကိုသော်လည်းကောင်း၊ သစ်တောနှင့် သစ်တောထွက်ပစ္စည်းများ
ကိုသော်လည်းကောင်း လက်ရှိပိုင်ဆိုင်ရန် (Access to)၊ ပိုင်ဆိုင်ထိန်းချုပ်ရန် (Control Over)၊ အသုံးချရန် (Uses of) အတွက် သဘောတူညီချက်မရနိုင်သော အခြေအနေမျိုးကိုဆိုလိုသည်။ သဘာဝသယံဇာတအပေါ် ပဋိပက္ခဖြစ်မှုသည်
- သဘာဝအရင်းအမြစ်ရှားပါးခြင်း (Resource scarcity) အပေါ်တွင်လည်းကောင်း
- သဘာဝ အရင်းအမြစ်ပေါများခြင်း (Resource abundance) အပေါ်တွင်လည်ကောင်း
- သဘာဝသယံဇာအပေါ်တွင်လည်းကောင်း
စီမံခန့်ခွဲမှုလွဲမှားခြင်း (Resources Mismanagement) ကြောင့်ဖြစ်လာနိုင်သည်။ သယံဇာတအပေါ်အခြေပြုသော ပဋိပက္ခသည် အကြမ်းဖက်မှုများကို ပိုမိုအရှိန်မြင့်လာစေသည်။ ပဋိပက္ခဖြစ်ရာဒေသအတွင်းတွင်လည်း အုပ်ချုပ်ရေးအားပျော့မှု (Weak Governance)နှင့် နိုင်ငံရေးစနစ်ကျိုးပျက်မှု (Fragile Political Systems) ကိုဖြစ်စေသည်။ သဘာဝအရင်းအမြစ်များကို ညီမြှမှုမ့ဲစှာထုတျယူခွငျး (Exploitation of Resources)က ပဋိပက္ခများ၊ အကြမ်းဖက်မှုများကို တာရှည်စေတတ်သည်။)
A.6. ကုလသမဂ္ဂ၊ ကုလသမဂ္ဂမဟုတ်သောအဖွဲ့အစည်းများနှင့် တပြည်လုံးတမျိုးသားလုံးဆိုင်ရာ အာဏာပိုင်အဆင့်ကြားတွင် မိတ်ဘက်ပြုမှုနှင့် ပူးပေါင်းညှိ့နှိုင်းဆောင်ရွက်မှု အားကောင်းလာစေရန် အထောက်အပံပေးခြင်း
A.6. Support Effective Coordination and Partnerships between the UN, Non-UN Organizations and National Actors
- ကုလသမဂ္ဂ၏ အားထုတ်မှုများသည် မြန်ကောင်းသက်သာထိရောက်မှု (Comparative Advantages) အပေါ်တွင်လည်းကောင်း၊ လက်ရှိရေခံမြေခံတွင် အသုံးဝင်မှု (Available Tools) များအဖြစ်လည်းကောင်း၊ အချိန်တိုင်းအခြေအနေတိုင်းအတွက် အသုံးချ၍ရသောနည်းလမ်း (Whenever Aviailable)များအဖြစ်လည်းကောင်း ရှိနေရန် ဦးတည်ချက်ထားသည်။ အချိန်အခါတိုင်းသုံးနိုင်သောနည်းလမ်းများထဲတွင် ကုလသမဂ္ဂ၏ ယန္တယားများ သက်ဆိုင်ရာနိုင်ငံထဲတွင်တည်ရှိခြင်း (In-country Presence)၊ စွမ်းဆောင်ရည်များရှိလာစေရန် လက်တွဲဆောင်ရွက်ခြင်း (Convening Capacity)၊ ပဋိပက္ခကိုပိုမိုကြီးထွားစေသော သံတမန်ရေးကိုတားဆီးခြင်း (Preventive Diplomacy)၊ ညှိ့နှိုင်းပေါင်းစပ်နိုင်သောစွမ်းရည် (Mediation Capacity) ရှိခြင်း၊ ပဋိပက္ခများကြားတွင် ဘက်လိုက်မှုကင်းသော တတိယအုပ်စု (Good Offices) အဖြစ်ရှိခြင်း၊ မြေယာဆိုင်ရာ မဟာဗျူဟာများ (Land-Related Strategies)များ အားကောင်းနေချိန်တွင် ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သောသူများ (non-UN actors) များနှင့် ဆက်ဆံခြင်းတို့ပါဝင်သည်။ (ပညာရပ်ဆိုင်ရာ အဓိပ်ပါယျဖှငျ့ဆိုမှုအရ မြန်ကောင်းသက်သာထိရောက်မှု (Comparative Advantages)ဟူသည် အခြားနည်းလမ်းတစ်ခုနှင့်နိုင်ယှဉ်ပါက ပို၍အရင်းအမြစ်စိုက်ထုတ်ရမှုနည်းကာ ထိရောက်မှုရှိသော အခင်းအကျင်းဖြစ်သည်။ ထိုအခင်းအကျင်းက ကျန်ရှိသော အရင်းအမြစ်များကိုအခြားနေရာတွင် အသုံးချနိုင်ခြင်း၊ မျက်နှာသာရခြင်းဆိုသည့် အခွင့်အလမ်းအတွက်သုံးစွဲနိုင်မှု (Opportunity Cost) ကိုဖြစ်စေသော အဓိပ်ပါယျဖွဈသညျ။ (Available Tools)ဟူသည် လုပ်ငန်းစဉ်တစ်ခုအတွက် အသုံးဝင်သော နည်းပညာ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အသိအမြင်၊ ငွေကြေးနှင့် ရုပ်ဝတ္ထုပစ္စည်းများကိုခေါ်ခြင်းဖြစ်သည်။ (Whenever Aviailable)ဟူသည် အချိန်တိုင်း၊ နေရာတိုင်းတွင် အသုံးပြု၍ရနိုင်သော နည်းပညာ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အသိအမြင်၊ ငွေကြေးနှင့် ရုပ်ဝတ္ထုပစ္စည်းများ ကိုခေါ်ခြင်းဖြစ်သည်။ (In-country Presence) ဟူသည် ပဋိပက္ခဖြစ်နေသောနိုင်ငံထဲတွင်ရုံးထိုင်နေသော ကုလသမဂ္ဂမှ ဌာနေကိုယ်စားလှယ်လိုမျိုး၊ WHO၊ WFP အစရှိသော ယန္တယားများ၏ ရုံးသဘောမျိုးဖြစ်သည်။ (In-country Presence) ၏ အဓိပ်ပါယျတှငျ ပြဿနာတစ်ခုချင်းအလိုက်၊ ပဋိပက္ခခေါင်းစဉ်အလိုက် ကုလသမဂ္ဂက ကိုယ်စားလှယ်ထားရှိပေးခြင်းမျိုးလည်းပါဝင်သည်။ ဥပမာ- မွနျမာနိုငျငံဆိုငျရာလူ့အခှငျ့အရေးအစီရငျခံစာတငျသှငျးသူက့ဲသို့ ယန္တယားမျိုးလည်းပါဝင်သည်။ (Convening Capacity)ဟူသည် ပဋိပက္ခများ၊ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်သော အရည်အသွေးမျိုးရရှိစေရန်အတွက် ကူလသမဂ္ဂနှင့် ပူးတွဲလုပ်ဆောင်ခြင်းမျိုးဖြစ်သည်။ (Preventive Diplomacy)ဆိုသည်မှာ ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေသော သံခင်းတမန်ခင်းမျိုးမဖြစ်စေရန်အတွက် အားထုတ်မှုဖြစ်သည်။ (Preventive Diplomacy)သည် နိုင်ငံတကာဆက်ဆံရေးနယ်ပါယ်တွင် ကယြျပွနျ့သောအဓိပ်ပါယျဖှငျ့ဆိုခကြျရှိပါသညျ။သံခငျးတမနျခငျးနှငျ့ နိုင်ငံတကာဆက်ဆံ အသိအမှတ်ပြုမှုတွင် ပဋိပက္ခကို ပိုမိုအားကောင်းစေမှုဖြစ်စေသော ကိုယ်စားပြုမှု သို့မဟုတ် အကြမ်းဖက်ပဋိပက္ခကို ပိုမိုအရှိန်မြင့်စေသော အငြင်းပွားမှု (Disputes from escalating into violent conflicts) မျိုးမဖြစ်စေရန် ဆောင်ရွက်သည့်လုပ်ရပ်ကိုဆိုလိုခြင်းဖြစ်သည်။ (Good Offices) ဟူသည် ပဋိပက္ခအုပ်စုများကြားတွင် ဘက်လိုက်ခြင်းမရှိဘဲ ကြားဝင်စေ့စပ်နိုင်သော အုပ်စုကိုခေါ်ခြင်းဖြစ်သည်။ (non-UN actors) ဟူသည်လည်း နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာပဋိပက္ခ ဖွေရှငျးရေးဆိုငျရာနယျပါယျတှငျ ကယြျပွနျ့သောအဓိပ်ပါယျရှိပါသညျ။ (non- UN actors) ဆိုရာတွင် ကုလသမဂ္ဂမဟုတ်သည့်/ ကုလအဖွဲ့ဝင်မဟုတ်သည့်/ ကုလသမဂ္ဂနှင့် ဆက်စပ်ခြင်းမရှိသည့် နိုင်ငံအဆင့်အစိုးရများ၊ ဒေသန္တရအစိုးရများ၊ ကမ်ဘာ့ဘဏျက့ဲသို့ နိုင်ငံများစုဖွဲ့ထားသည့် အင်စတီကျူးရှင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်အဖွဲ့များ၊ နိုင်ငံတကာအဆင့် INGOs များ၊ ပုဂ္ဂလိကများ၊ နိုင်ငံအခြေစိုက် အလှူရှင်များ စသည့်အုပ်စုများပါဝင်သည်။
- နိုင်ငံအဆင့်များတွင် ကုလသဂ္ဂမဟုတ်သော (non- UN actors)များနှင့် မိတ်ဖက်ပြုဆောင်ရွက်ရန်လိုအပ်သည်။ ထိုသို့မိတ်ဖက်ပြု ပေါင်းစပ်ဆောင်ရွက်ခြင်းက ဒေသအခွပွေုလုပျငနျးစဉျ အဆင့်များ၊ အားစိုက်မှုများ (Local Dynamics)ကိုပိုမိုကောင်းမွန်လာစေသည်။ ထိုပေါင်းစပ်ဆောင်ရွက်ခြင်းကပင် မြေယာဆိုင်ရာကိစ္စရပ်များအား သရုပ်သကန်ခွဲခြားခြင်း (Land Issues To Identify)နှင့် ရေရှည်အကျိုးကိုရည်ရွယ်၍ အဖြေရှာခြင်း (Long-Term Solutions) များအပေါ် ညှိ့နှိုင်းပေါင်းစပ်ဖြေရှင်းနိုင်ခြင်းနှင့် လုပ်ငန်းစဉ်ဖော်ဆောင်ရမည့် နေရာဒေသရေခံမြေခံအထာများ/ သဘောသဘာဝ (Local Expertise)များကို နားလည်ကျွမ်းကျင်မှုတိုးတက်စေသည်။ (မြေယာဆိုင်ရာကိစ္စရပ်များအား သရုပ်သကန်ခွဲခြားခြင်း (Land Issues To Identify) ဆိုသည်မှာ မြေယာပိုင်ဆိုင်မှုစနစ်၊အသုံးချမှုစနစ် မြေယာစီမံခန့်ခွဲမှုစနစ်၊ မြေယာဥပဒေကျင့်သုံးမှုစနစ် စသည့်တို့ကြောင့် လူနှင့် ပတ်ဝန်းကျင်ကို သက်ရောက်လာသည့် ကိစ္စရပ်ပြဿနာများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြစ်သည်။ မြေသိမ်းခံရမှု၊ မွေအငွငျးပှားမှုတို့မှအစ မြစ်ကမ်းပါးပြိုကျ၍ နေထိုင်ရာမြေဆုံးရှုံးခြင်း၊ ကျွဲနွားများ စားကျက်မြေနည်းပါးလာခြင်းအလယ် မြေဩဇာခမ်းခြောက်ခြင်း၊ မြေဆီလွှာပျက်ခြင်း၊ ရေအရင်းအမြစ်ခမ်းခြောက်ခြင်း၊ ကန္တာရ ဖြစ်လာခြင်း စသည့် များမြောင်လှသော မြေနှင့်ဆက်နွယ်သည့်ပြဿနာများကို သရုပ်သကန်ခွဲခြားမှုကို ဆိုလိုရင်းဖြစ်သည်။
Comments
Post a Comment