တီမော အာဆီယံအဖွဲ့ဝင်ဖြစ်ရေးနှင့် တရုတ်အကျိုးစီးပွာ
တီမော အာဆီယံအဖွဲ့ဝင်ဖြစ်ရေးနှင့် တရုတ်အကျိုးစီးပွား
ဇူလိုင်လ (၂၄) ရက်နေ့က ရန်ကုန်တွင်ရုံးဖွင့်ထားသော တီမောနိုင်ငံသံရုံး၏ ယာယီတာဝန်ခံ မစ္စတာ အိုလန်ဒီနို ရူဒီး အန်ဒရဒ် (Mr. Orlandino Rude Andrade)က စကစ၏ နိုင်ငံရေးခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးနှင့် တွေ့ဆုံခ့ဲသည္။ တွေ့ဆုံပွဲ၏ အဓိကဆွေးနွေးချက္မှာ အရှေ့တီမော အာဆီယံအဖွဲ့ဝင်ဖြစ်လာရေးနှင့် ပတ်သက်၍ ဆွေးနွေးကြခြင်းဖြစ်သည်။ စကစ ဒု နိုင်ငံခြားရေးဝန်ကြီးက အရှေ့တီမော ယာယီသံရုံး တာဝန်ခံအား မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် ပွောကွားခ့ဲသည်ဟုဆိုသည္။
အရှေ့တီမောအနေဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အာဆီယံ အဖှဲ့ဝင်ဖြစ်လာမည်ဟု အရှေ့တီမော၏ အစိုးရမှ ၂၀၂၅ ခုနှစ် မေလ (၂၆) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ လက်ရှိ အနေအထားအရ အထစ်အငေါ့များရှိနေသော်လည်းအရှေ့တီမောမှာ အာဆီယံ အဖွဲ့ဝင် ဖြစ်လာမည်မှာတော့ သေချာနေသည်။ အချိန်ကာလအနေအထားကသာရှေ့တိုးနောက်ဆုတ် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ပြီးခ့ဲသော ဇူလိုင်လ (၇) ရက်နေ့က အာဆီယံအစည်းအဝေးတွင် အရှေ့တီမော အဖွဲ့ဝင္ဖြစ်လာရေးအပေါ်စကစ ဘက္မှကန့်ကွက်ခ့ဲသည်။ အရှေ့တီမောအနေဖြင့် အာဆီယံအဖှဲ့ဝင်ဖြစ်ရေးအပေါ် ချောမွေ့ညင်သာရန်အတွက် လက်တွေ့ကျကျ ချဥ်းကပ်နေပြီဖြစ်သည်ကိုတော့ ဇူလိုင် (၂၄) ရက်နေ့ တွေ့ဆုံမှုက ဖော်ပြနေပြီဖြစ်သည်။
အဆိုပါချဥ်းကပ်မှုအပေါ်တွင် တရုတ်နိုင်ငံဘက်က စောင့်ကြည့်အကဲခတ်နေမည်က သေချာပါသည်။ အရှေ့တီမောတွင်ရော မြန်မာတွင်ပါ တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံများက ရှိနေသည်။ အရှေ့တီမော အနေဖြင့် အာဆီယံအဖွဲ့ဝင်ဖြစ်လာခြင်းက တရုတ်နိုင်ငံ၏ အကျိုးစီးပွားအရ အရှုံးမရှိသည့်အပြင် အမြတ်ထွက်သည့် ကိစ္စဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့က အရှေ့တီမော သမ္မတနှင့် တရုတ်သမ္မတတို့ ဘေကျင်းတွင် တွေ့ဆုံခ့ဲသည်။ ထိုတွေ့ဆုံပွဲတွင် တရုတ်သမ္မတ ရှီကျင်းပင်က အရှေ့တီမောသမ္မတအား" ထုံးထမ်းစဥ်လာဆက်ဆံရေးအား ဂုဏ်ပြုရသော ကာလ " (Time-honored traditional relationship) အဖြစ် အမွှန္းတင္ပြောဆိုခ့ဲသည္။ ရှီကျင်းပင် ရည်ညွှန်းလိုသည်က အရှေ့တီမော၏ လွတ်လပ်ရေးကို စောစောစီးစီးအသိအမှတ်ပြုခ့ဲသော နိုင်ငံများထဲတွင် တရုတ္နိုင္ငံလည္းပါခ့ဲသည္ကိုဖြစ်သည်။ အဆိုပါ အရှေ့တီမောသမ္မတ၏ ဘေကျင်းခရီးစဥ်သည် တရုတ်နိုင်ငံအတွက် သံခင်းတမန်ခင်း အောင်မြင်မှုတစ်ခုလည်းဖြစ်သည်။ အဆိုပါ ခရီးစဥ်အတွင်း ရှီကျင်းပင်နှင့် ဂျိုဆေး ရာမိုစ်ဟော်တာ တို့က အချက် (၁၇) ချက်ပါ ပူးတွဲကြေငြာချက်ကို ထုတ္ပြန်ခ့ဲသည္။ အဆိုပါ ကြေ ငြာချက် အပိုဒ် (၆) တွင် ထိုင်ဝမ်သည် တရုတ်ပြည်၏အစိတ်အပိုင်းဖြစ်ကြောင်း အရှေ့တီမောဘက်က အသိအမှတ် ပြုခ့ဲသည်။ ထိုပြင် ကျန်ဂျန်း (Xinjiang) နှင့် ဇီကျန်း ( Xizang) ပြည်နယ်များတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို အရှေ့တီမောအနေဖြင့် လေးစားကြောင်းလည်း ထည့်သွင်းထားသည်။ အပိုဒ် (၁၁) တွင် တရုတ်နိုင်ငံဘက်က အရှေ့တီမော အာဆီယံအဖွဲ့ဝင် ဖြစ်လာရေးကို ထောက်ခံကြောင်းဖော်ပြထားသည်။
ပေါ်တူဂီ စကားပြောလွမ်းမိုးသော တရုတ်နိုင်ငံ၏ မကာအိုဒေသနှင့် အရှေ့တီမောကြားတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်္မှုကို အရှိန်အဟုန်မြင့်တင်ရန်လည်း အဆိုပါပူးတွဲကြေ ငြာချက်တွင်ပါရှိထားသည်။ အရှေ့တီမော၏ စိုက်ပျိုးရေး၊ ပြည်တွင်းလေကြောင်းလိုင်း၊ အသံလွင့်လုပ်ငန်းအပါအဝင် အခြားသောအခြေခံအဆောက်အအုံ များတွင် တရုတ်၏ ရင်းနှီးမြုပ်နှံမှုက ခြေသွက်လက်သွက်ရှိနေသည်။ ဆွိုင် အဝေးပြေးလမ်းမ (Suai High Way) စီမံကိန်းနှင့် တီဘာ ရေနက်ဆိပ်ကမ်း (Tibar Deep Sea Port) စီမံကိန်းအပါအဝင် အခြားသော စီမံကိန်းနှစ်ခုအတွက် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ရင်းနှီးမြုပ်နှံနေသည်။
မြန်မာ၏ နွေဦးတော်လှန်ရေးအာ ကနဦးပိုင်းတွင် အရှေ့တီမောအနေဖြင့် ပေါ်ပေါ်ထင်ထင် ထောကျခံခ့ဲကာ NUG နှင့္လည္းထိတွေ့ဆက္ဆံခ့ဲသည္။ ထိုအချက္များက အရှေ့တီမောအား စကစမှ ကန့်ကွက်္မှုကို ဖြစ်စေ ခ့ဲသည္။
လက်ရှိတွင်တော့ တရုတ်နိုင်ငံအနေဖြင့် အရှေ့တီမော နှင့် စကစ ကြားတွင် လူသိရှင်ကြား ပါဝင်မည်မဟုတ်ပေ။ တိုးတိုးတိတ်တိတ်ဖြင့် မိမိဩဇာကိုသုံး၍ ဆောင်ရွက်ခြင်းကိုသာ ပြုနိုင်ဖွယ်ရှိသည်။ တရုတ်သည် အရှေ့တီမောနှင့်မြန်မာအတွက် အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေးတွင် အကြီးစားမိတ်ဖက်ဖြစ်သည်။ ရင်းနှီးမြုပ်နှံမှုကို လက်နက်တစ်ခုအဖြစ်အသုံးချ၍ နှစ်ဖက်စလုံးအား အထိန်းအကွပ်လုပ်နိုင်သည်။ အရှေ့တီမော အာဆီယံအဖွဲ့ဝင်ဖြစ်သွားပါက တရုတ်၏ ခါးပတ်လမ်းစီမံကိန်း အာဆီယံအပေါ်လွမ်းခြုံမှုအတွက် ပိုမိုချောမွေ့လာမည်ဖြစ်သည်။ နောက်တချက်က တောင်တရုတ်ပင်လယ်အရေးတွင် အာဆီယံအတွင်း မိတ်ဖက်တနိုင်ငံတိုးလာနိုင်သော အခွင့်အရေးဖြစ်သည်။ ထိုအခွင့်အရေးကိုလည်း တရုတ်အနေဖြင့် အဆုံးရှုံးခံလိုမည်မဟုတ်ပေ။ အရှေ့တီမောတွင် ရင်းနှီးမြုပ်နှံမှုအားကောင်းခြင်းက အရှေ့တီမောအား အနောက်ကမ္ဘာ၏ရင်ခွင်မှ ခွာထားနိုင်မည်ဖြစ်သည်။
အကယ်၍ အရှေ့တီမော အာဆီယံအဖွဲ့ဝင်ဖြစ်ရေးတွင် အထစ်အငေါ့ကြုံလာပါက တရုတ်အနေဖြင့် စကစအား ကန့်လန့်ကာနောက်ကွယ်မှ ဖိအားဖြင့်သာ ထိန်းထေ့ရင်း အရှေ့တီမောအား အာဆီယံ အဖွဲ့ဝင် ဖြစ်လာစေရန် ကျားကန်ပေးမည်ဖြစ်သည်။
ကိုးကား
https://www.channelnewsasia.com/asia/china-power-timor-leste-indonesia-morowali-nickel-infrastructure-economy-5027691?hl=en-GB
https://timor-leste.gov.tl/?p=43569&lang=en&n=1&hl=en-GB#:~:text=Print,May%20of%202025%2C%2015%3A06h
https://www.mfa.gov.cn/eng/xw/zyxw/202407/t20240730_11462823.html?hl=en-GB
https://timor-leste.gov.tl/?p=34331&lang=en&n=1&hl=en-GB#:~:text=Print,September%20of%202023%2C%2015%3A09h
https://www.mfa.gov.cn/eng/xw/zyxw/202408/t20240801_11464718.html?hl=en-GB
Comments
Post a Comment