အမေရိကန်နှင့်ဆက်ဆံရေး‌ကြောင့် တရုတ်နှင့်ဆက်ဆံရေးတွင်အကြပ်ဆိုက်စေမည်မဟုတ်ဟု ဘင်္ဂလားဒေရှ့်ဆို

 

အမေရိကန်နှင့်ဆက်ဆံရေး‌ကြောင့် တရုတ်နှင့်ဆက်ဆံရေးတွင်အကြပ်ဆိုက်စေမည်မဟုတ်ဟု ဘင်္ဂလားဒေရှ့်ဆို

အိန္ဒိယနှင့် ဗီယက်နမ်တို့ထက် အခွန်ရာခိုင်နှုန်းလျော့ရန် ဘင်္ဂလားဒေရှ့်မျှော်မှန်းနေ

အမေရိကန်မှ အခွန် 35% ကောက်ရန်အဆိုပြုချက်ကို ဘင်္ဂလား‌ဒေရှ့်ဘက် မှ နောက်ဆုံးအကြိမ်ညှိ့နှိုင်းရန်အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေပါတယ်။ အစောပိုင်းကာလက အမေရိကန်ဘက်က ဘင်္ဂလား‌ဒေရှ့်ရဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် 37% ကောက်မယ်လို့ဆိုထားတာပါ။ ယခင်က 15% နှုန်းအခွန်ဆောင်နေရတဲ့ ဘင်္ဂလားဒေရှ့်ကုန်စည်တွေကို လက်ရှိမှာတော့ ထပ်တိုးအခွန် 35% ကောက်ဖို့ကို ဆွေးနွေးကြမှာပါ။ ဒီနှုန်းထားအတိုင်းဆိုရင် ဘင်္ဂလားဒေရှ့်ရဲ့ကုန်ပစ္စည်းအချို့ဟာ 50% အခွန်ဆောင်ရတော့မှာပါ။ 35%ကိုပဲ အခွန်ကောက်ဖို့အတွက် ဘင်္ဂလားဒေရှ့်ဟာ အမေရိကန်ထံကနေ လေယဉ် 25 စီး ပြန်လည်ဝယ်ယူမယ်လို့ဆိုပါတယ်။ ဒီကိစ္စအပေါ် ဝါရှင်တန်မှာဆွေးနွေးကြမှာဖြစ်ပြီး ဘင်္ဂလားဒေရှ့်ဘက်က ရလဒ်ကောင်းကို မျှော်လင့်နေပါတယ်။

ကုန်သွယ်ရေးကိစ္စ ဆွေးနွေးဖို့အတွက် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်သို့ စေလွတ်လိုက်ကြောင်း ဘင်္ဂလားဒေရှ့် အခြေစိုက် The Bussinesd Standard သတင်းစာက ဆိုပါတယ်။ အဆိုပါကိုယ်စားလှယ်အဖွဲ့မှာ စီးပွားကုန်သွယ်ရေးအကြံပေး အက်စ်ကေ ဘာရှား အူဒင်(Sk Bashir Uddin)၊ အမျိုးသားလုံခြုံရေးအကြံပေး ကာလီလာ ရာမန် (Khalilur Rahman)၊ စီးပွားကုန်သွယ်ရေးဆိုင်ရာ အတွင်းရေးမှုး မာဘူဘာ ရာမန် (Mahbubur Rahman) နှင့် WTO ဆိုင်ရာ အထွေထွေဒါရိုက်တာ နက်ဇ်နီယင် ကိုင်ဇာ ချောင်ဒရီ ( Nazneen Kaiser Chowdhury) တို့ပါဝင်တယ်လို့ဆိုပါတယ်။

ဘင်္ဂလားကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး အရာရှိတွေနဲ့ ဇူလိုင် 29 ရက်နဲ့ 30ရက် နေ့အထိ ဆွေးနွေးကြမှာပါ။ ဆွေးနွေးပွဲအနေအထားက ဇူလိုင် 31 ရက်နေ့အထိလည်း တာရှည်သွားနိုင်ပါတယ်။ သမ္မတထရန့်ရဲ့ ကုန်သွယ်ခွန်တိုးမြင့်ရေးက ပြီးခဲ့တဲ့ ‌ဩဂုတ်လ 1 ရက်နေ့ ကအသက်ဝင်လာပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်က လေယဉ်ပြန်လည်ဝယ်ယူရေးအစီအစဉ်က အမေရိကန်အနေနဲ့ အခွန်လျော့ပေးဖို့အတွက် အထောက်အကူဖြစ်စေပြီး ဒါဟာ ဘင်္ဂလားဒေရှ့်က အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို ကောက်ယူမယ့် နှုန်းထားထက် လျော့နည်းနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

" ကျွန်တော်တို့က ဘိုအင်းလေယဉ် 25 စီးဝယ်မှာပါ။ အိန္ဒိယနဲ့ ဗီယက်နမ်လည်း အဲဒီလို လုပ်ခဲ့တာပါပဲ။ သူတို့က လေယဉ် အစီး 100 လောက် မှာခဲ့တယ်။ ဒါဟာလည်း ဆွေးနွေးပွဲအတွက် အစိတ်အပိုင်းတစ်ခုအတွက် သူတို့သုံးခဲ့တာပါပဲ။ အင်ဒိုနီးရှားကလည်း အစီး 50 လောက် မှာခဲ့တယ်" လို့ စီးပွားကုန်သွယ်ရေးဆိုင်ရာ အတွင်းရေးမှုး မာဘူဘာ ရာမန် (Mahbubur Rahman)က ပြောပါတယ်။ သူက ဆက်ပြီး ဘင်္ဂလားဒေရှ့်အနေနဲ့  အိန္ဒိယနဲ့ ဗီယက်နမ်တို့ထက် အခွန်လျော့ကောက်ဖို့ကိုလည်း မျှော်လင့်နေတာပါ။ အမေရ်ကန်က အိန္ဒိယကို အခွန်  26% ကောက် မှာဖြစ်ပြီး ဗီယက်နမ်ကိုတော့ 46% သတ်မှတ်ချက်ကနေပြီး 20% အထိပြန်လျော့ပေးထားပါတယ်။

ဘိုအင်းလေယဉ်ဝယ်မယ့်ကိစ္စဟာ လက်ရှိမှာတော့ အစိုးရရဲ့ ကမ်းလှမ်းချက်အနေနဲ့ပဲ ရှိနေသေးတာပါ။ ဘင်္ဂလားဒေရှ့်ရဲ့လုပ်ထုံးလုပ်နည်းအရတော့ ဒီလိုဝယ်ယူရေးမျိုးအတွက် ကက်ဘိနက်အစိုးရရဲ့ စီးပွားရေးရာ ကော်မတီနဲ့ ဝယ်ယူရေးကော်မတီ စတဲ့ ကော်မတီများရဲ့ ရှင်းလင်းတဲ့ ဆုံးဖြတ်ချက် လိုပါတယ်။

"ဘင်္ဂလားဒေရှ့်အနေနဲ့ လေယဉ်လိုအပ်ချက်က ရှိနေဆဲပါ။ လေယဉ်အချို့ကတော့ နှစ်နှစ်အတွင်းရောက်လာနိုင်ပါတယ်။ ဘီမန် လေကြောင်းလိုင်းအတွက်လိုအပ်တာတွေအပါအဝင်ပေါ့။ ဘိုအင်း 14 စီးလောက်တော့ ကျွန်တော်တို့ဝယ်ထားပြီးပြီ" လို့အတွင်းရေးမှုး မာဘူဘာ ရာမန် (Mahbubur Rahman)က ဆိုပါတယ်။ ဒါပေမယ့် ဘီမန်လေကြောင်းလိုင်းတာဝန်ရှိသူတွေကတော့ ဒါနဲ့ပတ်သက်လို့ ဘာမှမသိဘူးလို့ပြောပါတယ်။ ဘီမန် ဘင်္ဂလားလေကြောင်းလိုင်းမှာ လေယဉ် 19 စီး၊ ဘိုအင်း 14စီးနဲ့ Dash 8-400s ယဉ်အမျိုးအစား ငါးစီးနဲ့ ‌ပြေးဆွဲနေပါတယ်။ နောက်ဆယ်နှစ်စီမံကိန်းအရ လေယဉ် 26 စီးထပ်ဝယ်မှာပါ။ 2032ခုနှစ်မှာ ဘင်္ဂလားဦေရှ့်ဟာ ခရီးသည်လေယဉ် 34 စီးထိ ပိုင်လာဖို့ရည်မှန်းထားပါတယ်။ အဲဒီနှစ်တွေထဲမှာပဲ Airbus ကုမ္ပဏီကနေ 10 စီးဝယ်မယ်လို့ဆိုပါတယ်။

လေ‌ကြောင်းဗိုလ်အရာရှိဟောင်း နာဇ်ရူလ် အစ္စလန် ( Nazrul Islam) က ဘိုအင်းလေယဉ်ဝယ်ယူမှုဟာ နိုင်ငံရေးဆိုင်ရာအကြောင်းပြချက်တွေကြောင့်ဖြစ်နိုင်တယ်လို့ပြောပါတယ်။ ဒါဟာကုန်သွယ်ရေးအရ သံခင်းတမန်ခင်းဖြစ်ပြီး တကယ်တော့ လေကြောင်းပျံသန်းရေးနဲ့ပတ်သက်လို့ ဘီနင်လေကြောင်းလိုင်းရဲ့ ပညာရှင်အုပ်စုက ဆုံးဖြတ်တာသာ ပိုကောင်းမယ်လို့ သူကပြောပါတယ်။ Airbus က ဆီစားသက်သာပြီး ဘိုအင်းကတော့ ကမ္ဘာမှာ အလွမ်းမိုးနိုင်ဆုံးပါ။ဒါပေမယ့် ဘိုအင်းမှာက လေယဉ်ပျက်ကျမှုနဲ့ပတ်သက်လို့ အမည်းစက်တွေရှိပါတယ်။ ဘင်္ဂလားဒေရှ့်အနေနဲ့ ဘိုအင်းနဲ့ Airbus အပေါ်မှာပါ လုံးလုံးကြီးမှီခိုနေရတာမျိုးတော့ မဖြစ်သင့်ဘူး။ ဘီနင်လေကြောင်းလိုင်းကို ပိုပြီး ပျံသန်းရေများ‌အောင်လုပ်ဖို့လိုပြီး နိုင်ငံခြားသို့ပျံသန်းမှုဟာ ဘင်္ဂလားဒေရှ့်ရဲ့ နိုင်ငံတကာဈေးကွက်ရဲ့ 75% အထိရှိနေပါတယ်။ ဒီဟာကို လိုက် မှီအောင် လာမယ့်ငါးနှစ်ထဲမှာကို လေယဉ်အစီးပေါင်း 20စီး ကနေ 25စီးအထိ လိုတယ်လို့ လေ‌ကြောင်းဗိုလ်အရာရှိဟောင်း နာဇ်ရူလ် အစ္စလန်က ဆိုပါတယ်။

စီးပွားကုန်သွယ်ရေးဆိုင်ရာ အတွင်းရေးမှုး မာဘူဘာ ရာမန်ကတော့ "အခုဘင်္ဂလားဒေရှ့်ရဲ့ စီးပွားရေးဟာ အမေရိကန်က ဘင်္ဂလားဒေရှ့်ကို တင်သွင်းမယ့် ပဲပိစပ် ပမာဏကိုပဲ ကြည့်နေရတဲ့ ဘဝ ဖြစ်နေပြီလို့ ဆိုပါတယ်။ ဘင်္ဂလား ပုဂ္ဂလ်က လုပ်ငန်းရှင်တွေက ဝါရှင်တန်မှာရှိတဲ့ ကိုယ်စားလှယ်တွေကနေတဆင့် အမေရိကန်က ပဲပိစပ်တင်ပို့မယ့်သူတွေကို ခြိတ်ဆက်ဖို့ကြိုးစားနေကြပါပြီ။ အမေရိကန်ကနေတင်သွင်းမယ့် ဝါဂွမ်းပမာဏဟာလည်း တုထည်ကကြီးပါတယ်။ လက်ရှိမှာ အခြေအနေမဟန်တဲ့ ပင်လယ်နက်ဒေသကို ဖြတ်လာရမှာပါ။ အရင်းအမြစ်အမျိုးမျိုးစုံလင်တာက အရေးကြီးပါတယ်။အဲဒီအရင်းအမြစ်တွေထဲကမှ မြောက်အမေရိကကိုပဲ ရွေးလိုက်ရတာက ယုတ္တိကျကျ စဉ်းစားမှုပါပဲ" လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း ဘင်္ဂလားဒေရှ့်ဟာ တစ်တန်ကို  302.57‌ ဒေါ်လာနှုန်းပေးပြီး ဂျံတန်ချိန် 2.2သိန်းနီးပါးကို အမေရိကန် ကနေ တင်သွင်းခဲ့ရပါတယ်။ လက်ရှိကမ္ဘာပေါက်ဈေးမှာ ဂျုံဟာ တစ်တန်ကို အမေရိကန်ဒေါ်လာ 240 ဝန်းကျင်ပဲရှိနေတာပါ။ ကမ္ဘာ့ပေါက်ဈေးထဲမှာ ဇူလိုင် 3ရက်နေ့က အမေရိကန်ဂျုံသည်ပင်လျှင် တစ်တန်ကို 225 ဒေါ်လာဈေးပဲရှိပါတယ်။ ဘင်္ဂလားဒေရှ့် စားနပ်ရိက္ခာဝန်ကြီးဌာနက ဂျုံကို ယူကရိမ်းကပဲဖြစ်ဖြစ် ရုရှားကပဲဖြစ်ဖြစ်ဝယ်ရင်အဲလောက်ထိ ဈေးမကြီးပဲ အများကြီးသက်သာတယ်လို့ ဆိုပါတယ်။

စီးပွားကုန်သွယ်ရေးဆိုင်ရာ အတွင်းရေးမှုး မာဘူဘာ ရာမန်ကတော့ အမေရိကန်က ဂျုံကို ဝယ်ရလို့ ဈေးကြီးတာနဲ့ပတ်သက်လို့ အစိုးရမူဝါဒကို ခုခံကာကွယ်ပါတယ်။
" ကျွန်တော်တို့က နှစ်တိုင်း 9 မီလီယံ ဖိုး အမေရိကန်ကနေ ဂျုံကို ဈေးကြီးပေးပြီးဝယ်နေရတာကိုချည်း ကွက် မကြည့်နေနဲ့ဗျ။ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေကို နှစ်တိုင်း ဒေါ်လာသန်း 8ရှစ်‌‌ ‌‌ထောင်ကျော် အမရိကန်ကဝယ်နေတာကိုလည်းပြန်ကြည့်ပါအုံး" လို့ပြောပါတယ်။

အစိုးရဲ ဝယ်ယူရေးကော်မတီဥက္ကလည်းဖြစ်ပြီး ကုန်သွယ်စီးပွားအကြံပေး  စလေဟူဒင် အာမက္ (Salehuddin Ahmed)က "ဈေးနှုန်းတွေ ဘယ်လောက်ရှိတယ်ဆိုတာကိုသိလည်း သိပါတယ်။ ဒါပေမယ့် မိတ်ဘက်ပြန်ပြုရတဲ့ ဆွေးနွေးမှု မဟာဗျူဟာကိုလည်းပြန်ကြည့်ကြပါ။ ကျွန်တော်တို့က ကုန်သွယ်ရေးမှာ ဟန်ချက်ညီအောင်လုပ်နေရတာပါ" လို့ဆိုပါတယ်။

ဘင်္ဂလားဒေရှ့်အပေါ် သတ်မှတ်ထားတဲ့ အခွန် 35% ဟာ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မညီမျှမှု 1.3 ထရီလီယံနှင့်ယှဉ်ရင် ပုစွန်ဆိတ်ငယ်သာသာပဲရှိပါတယ်။ အမေရိကန်-ဘင်္ဂလားဒေရှ့် ကုန်သွယ်ရေးသဘောတူညီမှုကို အဆိုထပ်ပြုထားတာရှိပါတယ်။ အဲဒီအဆိုပြုချက်ထဲမှာ ရင်းနှီးမြုပ်နှံမှုတွေအတွက် အချက်တွေလည်းပါပါတယ်။ ဒါပေမယ့် ကုန်သွယ်ရေးမှာ ဘက် မျှအောင် လုပ်ဖို့လိုနေပါသေးတယ်။

"အမေရိကန်က တရုတ်ကို ကြပ်နေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံအပါအဝင် နိုင်ငံတော်တော်များကို ကုန်ထုတ်လုပ်မှုတွေက ဝင်လာကြမှာပဲ။ တရုတ်ဆီမှာလုပ်နေတဲ့ ရင်းနှီးမြုပ်နှံမှုတွေ တရုတ်ထဲက ထွက်သွားကြမှာပဲ။ ဒါကိုလည်း အခွင့်အလန်းလို့မြင်ဖို့လိုပါတယ်"လို့ စီးပွားကုန်သွယ်ရေးဆိုင်ရာ အတွင်းရေးမှုး မာဘူဘာ ရာမန်က ဆိုပါတယ်။ ဒီလိုအနေအထားဟာ တရုတ်လိုမျိုး ကုန်သွယ်ဖက်နိုင်ငံနဲ့ ဆက်ဆံရေးကို ကင်းကွာစေမလားဆိုတဲ့ အမြင်ကိုလည်း သူက ဆန့်ကျင်ပါတယ်။ သူကဆက်ပြီး
"အမေရိကန်ဆီက အခုကျွန်တော်တို့ဝယ်နေတာတွေဟာ ကျွန်တော်တို့နဲ့ တရုတ်ကြားမှာပဲဖြစ်ဖြစ် အခြားနိုင်ငံတစ်ခုခုနဲ့ဖြစ်ဖြစ် ဆက်ဆံမှုကိုလည်း မထိခိုက်စေပါဘူး။ ဒါက လက်တွေ့အရှိတရားအရ ရွေ့နေတဲ့အရွေ့ထဲမှာ မနစ်မြုပ်အောင်လုပ်နေရတာလေ။ ဘင်္ဂလားဒေရှ့်အနေနဲ့ ဘယ်သူနဲ့မဆို ကုန်သွယ်မှုမှာ ကင်းကွာမနေပါဘူး။" လို့ ပြောသွားပါတယ်။

မူရင်း
https://www.tbsnews.net/bangladesh/trade-negotiations-bangladesh-orders-25-boeing-aircraft-delegation-leave-us-tomorrow?


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)