အခွန်လျော့ကောက်ရန် ဆွေးနွေးမှုတွင် အမေရိကန်ဘက္မှ လိုက်လျောမှုအချို့ရှိဟု ဘင်္ဂလားဒေရှ့်ဆို

 အခွန်လျော့ကောက်ရန် ဆွေးနွေးမှုတွင် အမေရိကန်ဘက္မှ လိုက်လျောမှုအချို့ရှိဟု ဘင်္ဂလားဒေရှ့်ဆို


ဘင်္ဂလားဒေရှ့်နဲ့ အမေရိကန်ကြား အခွန်ကောက်ခံမှုနဲ့ပတ်သက်လို့ ဆွေးနွေးနေကြပါတယ်။ ဘင်္ဂလားဒေရှ့်အပေါ် အမေရိကန်ဘက်က သတ္မှတ်ထားတ့ဲ အခွန်ပမာဏဟာ အဓိကစီးပွားပြိုင်ဘက် ဗီယက်နမ်ထက်ပိုများနေသလို အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် တရုတ်တို့ထက်လည်း ပိုများနေတယ်လို့ ဘင်္ဂလားဒေရှ့်မီဒီယာတွေက အချက်အလက်နဲ့ ဖော်ပြကြပါတယ်။ 


ဇူလိုင်လ (31) နေ့မှာတော့ ဘင်္ဂလားဒေရှ့်နဲ့ အမေရိကန်ကြားက ဆွေးနွေးမှုတွေဟာ အဆုံးသတ္ခ့ဲပါတယ္။ အထူးသဖြင့်တော့ ဘင်္ဂလားဒေရှ့် အပေါ် အမေရိကန်က ကောက်ခံမယ့် အခွန် ၃၅% ကို လျော့ပေးဖို့ကိစ္စကို ဦးစားပေးပီး ဆွေးနွေးကြတယ်လို့ဆိုပါတယ်။ ဘင်္ဂလားဒေရှ့် ကုန်သွယ်စီးပွား ဝန်ကြီးဌာနအရာရှိတစ်ဦးကတော့ ဆွေးနွေးပွဲကြောင့် ဘင်္ဂလားဒေရှ့်အနေနဲ့ အခွန်ကောက်ခံမှုကို လျော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ ဒါေပမယ့် ဘင္လားဒေရှ့္ အပေါ်အခွန္ ဘယ်​ေလာက်လျော့​ေပးမယ် ဆိုတ့ဲ ရာခိုင်နှုန်းကိုတော့ သမ္မတထရန့်ကသာ ဆုံးဖြတ်ပေးရမှာပါ။ လက်ရှိမှာတော့ သမ္မတထရန့်ရဲ့ဆုံးဖြတ်ချက်ကိုပဲ စောင့်နေရပါတယ်။ 


ဧပြီလ ၂ ရက်နေ့က သမ္မတထရန့်က ဘင်္ဂလားဒေရှ့်အပေါ် အခွန် ၃၇% ကောက္မယ်လို့ ပြောခ့ဲပါတယ္။ ဒါပေမယ့် ဧပြီ ၇ ရက်နေ့မှာတော့ ဘင်္ဂလားဒေရှ့်ကို ၃၅% သာကောက္မယ်လို့ သမ္မတထရန့်က ဆိုလာပါတယ်။ အဲဒီ ၃၅% က ဘင်္ဂလားဒေရှ့်အတွက် ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် တရုတ်တို့ထက်လည်း ပိုများတ့ဲ ပမာဏဖြစ်နေပါတယ်။ အသင့်ထုတ်အဝတ်အထည်တင်ပို့မှုမှာ အိန္ဒိယနဲ့ ဗီယက်နမ်ဟာ ဘင်္ဂလားဒေရှ့်အတွက် စီးပွားရေးပြိုင်ဘက်တွေဖြစ်နေတာပါ။ အဲဒီပြိုင်ဘက်နှစ်နိုင်ငံထက် လျော့နည်းတ့ဲ ပမာဏမျိုးကို ဘင်္ဂလားဒေရှ့်က မျှော်လင့်နေတာပါ။ 


ဇူလိုင် ၃၀ ရက်နေ့က အိန္ဒိယအပေါ် အခွန် ၂၅% ချမှတ်ရခြင်းဟာ ရုရှားရဲ့ သဘာဝဓာတ်ငွေ့နဲ့ လောင်စာဆီ တွေကို

အိန္ဒိယဘက်က တင်သွင်းနေလို့ ဒဏ်ခတ်တာဖြစ်တယ်လို့ သမ္မတထရန့်က ပြောပါတယ်။ ဗီယက်နမ်ကိုတော့ အရင်က ၄၇% ကောက္မယ်လို့ပြောပြီး လက်ရှိမှာ ၂၀% ပဲ ကောက်တော့မယ်လို့ ထရန့်က ဆိုပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်က စီးပွားကုန်သွယ်ရေးအကြံပေး အက်စ်ကေ ဘာရှား အူဒင်(Sk Bashir Uddin)၊ အမျိုးသားလုံခြုံရေးအကြံပေး ကာလီလာ ရာမန် (Khalilur Rahman)၊ စီးပွားကုန်သွယ်ရေးဆိုင်ရာ အတွင်းရေးမှုး မာဘူဘာ ရာမန် (Mahbubur Rahman) နှင့် WTO ဆိုင်ရာ အထွေထွေဒါရိုက်တာ နက်ဇ်နီယင် ကိုင်ဇာ ချောင်ဒရီ ( Nazneen Kaiser Chowdhury) တို့ပါဝင္တ့ဲ ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်ကို စေလွတ်ပြီး အခွန်ကိစ္စကို ဆွေးနွေးနေကြတာပါ။


ဘင်္ဂလားဒေရှ့်ကိုယ်စားလှယ်အဖွဲ့ အမေရိကန်သို့ မထွက်ခွာခင်ကပင် အမေရိကန်ဘက်ကရော ဘင်္ဂလားဒေရှ့်ဘက်ကပါ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ ကျယ်ပြန့်

တ့ဲသဘောတူညီချက္တစ်ခုကို ရထားခ့ဲရင္တောင္ လာမယ့်အခု ဩဂုတ်လ ၁ ရက္မတိုင်မှီထိ လက္မှတ်ထိုးဖြစ်မှာမဟုတ်သေးဘူးလို့ ကုန်သွယ်စီးပွားအတွင်းရေးမှုး မာဘူဘာ ရာမန် (Mahbubur Rahman)က ဆိုပါတယ်။ အခုရရှိတ့ဲ နောက်ဆုံးအဆင့်သဘောတူညီချက်ဟာ အကြံပေးကောင်စီနဲ့  ဥပဒေရေးရာစိစစ်ချက်တွေကို လည်းဖြတ်သန်းရမှာပါ။ 


ဘင်္ဂလားဒေရှ့်ရဲ့ ပို့ကုန်မြင့်တင်ရေးဗြူရိုနဲ့ ဗဟိုဘဏ်တို့ရဲ့ အချက်အလက်တွေအရ အမေရိကန်ဟာ ဘင်္ဂလားဒေရှ့်အတွက် ကျယ်ပြန့်တ့ဲစျေးကွက္ဖြစ် တယ်လို့ဆိုပါတယ်။ နှစ်စဥ် ဘင်္ဂလားဒေရှ့်ရဲ့ ကုန်ပစ္စည်းတွေကို အမေရိကန်က ဒေါ်လာ သန်း ၈၀၀၀ လောက်အထိကို ဝယ်နေတာပါ။ ဘင်္ဂလားဒေရှ့်ဘက်ကနေ အမေရိကန်ကုန်ပစ္စည်းတွေကိုပြန်ဝယ်မှုဟာ နှစ်စဥ် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ လောက်ရှိပါတယ်။ ဒီတော့ ဘင်္ဂလားဒေရှ့်နဲ့ အမေရိကန်ကြားမှာ ကုန်သွယ်ရေးကွာဟချက် သန်း ၆၀၀၀ လောက်ရှိနေပါတယ်။ ဒီကွာဟချက်ကြောင့်ပဲ အမေရိကန်က အခွန်တိုးကောက်လာတာပါ။ အခွန်တိုးမကောက်စေချင်ရင် အမေရိကန်ဆီက ကုန်ပစ္စည်းတွေကိုများများပြန်ဝယ်ဖို့နဲ့ အမေရိကန်နိုင်ငံထဲမှာ လာရောက်ရင်းနှီးမြုပ်နှံ့ဖို့လိုပါတယ်။


ဒီလိုနဲ့ ဘင်္ဂလားဒေရှ့်ဘက်က အမေရိကန်ထုတ် ဘိုအင်းလေယဥ် ၂၅ စီးဝယ်ယူဖို့ဖြစ်လာတာပါ။ နောက်ပြီး တနှစ်မှာ ဂျုံ တန်ချိန် ၇၀၀၀၀၀ လောက်ကိုလည်း ဘင်္ဂလားဒေရှ့်ဟာ အမေရိကန်ဆီကနေဝယ်ရမှာပါ။ အမေရိကန်ဆီက ဝါဂွမ်းနဲ့ ပဲအမျိုးမျိုးကိုလည်း ဘင်္ဂလားဒေရှ့်ဘက်က ဝယ်ရပါမယ်။ ဝါဂွမ်းနဲ့ ပဲအမျိုးမျိုးဝယ်ယူဖို့ကိစ္စမှာတော့ ပုဂ္ဂလိက ကဏ္ဍကိုမြင့်တင်မှုလည်းပါပါတယ်။ 


ဘင်္ဂလားဒေရှ့်ဘက်က အမေရိကန္ကိုတင္ပို့တ့ဲကုန်ပစ္စည်းတွေထဲမှာ အဝတ်အထည်တွေက များပါတယ်။ ဘင်္ဂလားဒေရှ့်ရဲ့အဝတ်အထည်တွေကို အမေရိကန်ဘက်က ဝယ်နေရင်းနဲ့ကို အမေရိကန်ဘက်က ကုန်သွယ်မှုလိုငွေ တစ်နှစ်ကို သန်း ၆၀၀၀ နီးပါးရှိလာတာပါ။ ဒီတော့ အထည်ရက်လုပ်ဖို့ ဝါဂွမ်းကို အမေရိကန်ဆီကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ပြန် ဝယ်ခိုင်းပါတော့တယ်။


ဘင်္ဂလားဒေရှ့် ကိုယ်စားလှယ်အဖွဲ့ဟာ အဂင်္ါနေ့မှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေနဲ့ တွေ့ဆုံဖို့ရှိနေပြီး ကုန်သွယ်ရေးချဲ့ထွင်မှုဆိုင်ရာ စာချွန်လွှာ (MoU) တစ်ရပ်ကိုလည်း လက္မှတ်ရေးထိုးကြဖို့ရှိနေပါတယ်။


သီးခြားသီတင်းတရပ်အနေနဲ့တော့ ဂျပန်နဲ့ တောင်ကိုးရီးယားအပေါ်မှာ စည်းကြပ်ခွန် ၁၅% ကိုပဲ ထားတော့မယ်လို့ အမေရိကန်ဘက်က ကြေ ငြာထားပါတယ်။ 


ဖြည့်စွက်ချက် 

ဇူလိုင်လ (၃၁) ရက်နေ့စွဲနဲ့ အိမ်ဖြူတော္​ ကြေ ငြာချက္မှာတော့ ဘင်္ဂလားဒေရှ့်ဟာ အခွန် ၂၀% ပဲ ဆောင်ရတော့မှာပါ။ အဲဒီ ကြေ ငြာချက်အရ မြန်မာနဲ့ လာအိုကတော့ ၄၀% အခွန်ဆောင်ရမယ်လို့ဆိုပါတယ်။


ကိုးကား


https://www.tbsnews.net/bangladesh/us-indicates-positive-response-reducing-tariffs-bangladesh-commerce-secretary-1200071


https://www.tbsnews.net/economy/final-day-us-bangladesh-tariff-talks-today-awaiting-decision-officials-1201461


https://finance.yahoo.com/news/live/trump-tariffs-live-updates-trump-outlines-sweeping-new-tariffs-for-dozens-of-trade-partners-200619934.html


https://www.ndtv.com/world-news/donald-trump-sets-10-to-41-reciprocal-tariffs-on-dozens-of-countries-exports-8996365?hl=en-GB


https://www.whitehouse.gov/presidential-actions/2025/07/further-modifying-the-reciprocal-tariff-rates/?hl=en-GB


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း