မြေယာ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ စာတမ်းအကြောင်းမိတ်ဆက်

  မြေယာ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ စာတမ်းအကြောင်းမိတ်ဆက်


မြေပြဿနာဟူသည်နှင့် မြေသိမ်းခံရမှု၊ မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်းတို့တွင်သာ ဒစ်လည်နေကြသည်။ မြေပြဿနာသည် ထိုနှစ်ခုထက်မက ကျယ်ပြန့်ပါသည်။ မြေသိမ်းခံရမှုကိုပြန်လည်ကုစားခြင်းသည်လည်းကောင်း၊ မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်းကို ဖြေရှင်းခြင်းသည်လည်းကောင်း အရေးကြီးသော်လည်း မြေကိစ္စရပ်သည် ထိုဖြစ်စဉ်နှစ်ရပ်အောက်တွင်သာ စီမံခန့်ခွဲမှုအရ လမ်းဆုံးနေသည်မဟုတ်ပေ။ ဆိုလိုချင်သည်က မြေသိမ်းခံရမှုကို ဖြေရှင်းနိုင်ခြင်း၊ မြေအငြင်းပွားမှုကို ဖြေရှင်းနိုင်ခြင်း စသည့်လုပ်ငန်းစဉ်နှစ်ခုကို ဖော်ဆောင်ယုံဖြင့် မြေပြဿနာ အားကိုင်တွယ်နိုင်ပြီဟူ၍ ထင်မြင်ယူဆနေ၍မရပေ။ လွန်ခ့ဲသောဆယ်စုနှစ်များစွာ ပြည်တွင်းစစ်ဒဏ်မခံဖူးခ့ဲသော ရခိုင်ဒေသနှင့် ဗမာဒေသအတွက် မြေသိမ်းခံရမှုနှင့် မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်း တို့မှာ မြေပြဿနာ၏ ခေါင်းစည်းပိုင်းအဖြစ်တည် ရှိနေခ့ဲသည်။ 


အမှန်တကယ်ဥပဒေကြောင်းအရကြည့်လျင်သော်လည်းကောင်း၊ စီမံခန့်ခွဲပိုင်ခွင့်ရှိသော အာဏာ၏ လုပ်ငန်းသဘောသဘာဝအရကြည့်လျှင်သော်လည်းကောင်း မြေသိမ်းခံရမှုနှင့် မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်း ဆိုသည့်အချက်နှစ်ရပ်သည် တရားမျှတမှုရလဒ် မြန်မြန် ထွက်လာရန် ဖြေရှင်းရမည့် ကိစ္စရပ်နှစ်ခုဖြစ်သည်။ ထိုကိစ္စရပ်နှစ်ခုအပေါ် အချိန်တိုတိုအတွင်း တရားမျှတမှုရလဒ်မြန်မြန်ထွက်အောင် ကိုင်တွယ်နိုင်လေ ကောင်းလေဖြစ်သည်။ သို့သော် ရခိုင်ဒေသနှင့် ဗမာဒေသများအတွက်  မြန်မြန်ဖြေရှင်းပေးရမည့် ရလဒ်ကိုပင်လျှင် အချိန်ဆွဲကာ ရှည်လျားဇတ်မျောအဖြစ် ပုံသွင်းခြင်းကို ခံခ့ဲရပြီးပြီလည်းဖြစ်သည်။


လက်ရှိစစ်ပွဲအား မျက်မြင်ကြုံ့တွေနေရသော ရခိုင်ဒေသနှင့် ဗမာဒေသအချို့နေရာများမှ ပြည်သူများအနေဖြင့် လက်ရှိစစ်ပွဲကာလနှင့် စစ်ပွဲအလွန်ကာလတွင် မြန်မြန်ဖြေရှင်းပေးရမည့် မြေပြဿနာများတွင် မြေသိမ်းခံရမှု၊ မြေယာပိုင်ဆိုင်မှုအငြင်းပွားမှု လောက်သာမဟုတ်တော့ဘဲ နောက်ထပ်တိုးလာသော ခေါင်းစဉ်များကိုပါ ရင်ဆိုင်လာရမည့် သဘောတွင်ရှိနေပါသည်။ 


ဥပမာ- စစ်ပွဲကာလအတွင်း အရပ်သားများနှင့် အရပ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည်လည်း မြေနှင့်ပတ်သက်၍ မြန်မြန်ဖြေရှင်းပေးရမည့် ကိစ္စများထဲတွင် စာရင်းခြိတ်လာပါ၏။ အထူးသဖြင့် စစ်ပွဲကာလအတွင်း

-အရပ်သားပြည်သူဆိုင်ရာ အရာဝတၳုပစ္စည်းများကို အကာအကွယ်ပေးခြင်း

-အသေးစိတ်သတ်မှတ်ချက်ရှိသော အရပ်သားပြည်သူဆိုင်ရာ အရာဝတ္တုပစ္စည်းများကို အကာအကွယ်ပေးခြင်း 

- ပိုင်ဆိုင်မှုများအား ဖျက်စီးခြင်း 

- သဘာဝသယံဇာတအား တရားလက်လွက်ထုတ်ယူခြင်း

- စစ်၏ ကြွင်းကျန်နေသော ပေါက်ကွဲပစ္စည်းများ

-နေရပ်စွန့်ခွာခြင်း၊ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ စသည့်ကိစ္စရပ်များတွင် မြေကိစ္စနှင့် ဘာဆိုင်သနည်းဟု ထင်စရာရှိပါ၏။ သို့သော် ထိုကိစ္စများသည်ပင်လျှင် မြေနှှင့်ဆက်နွယ်မှုများမှာ ဆက်တိုက်ရှိလာနေကာ မြန်နိုင်သမျှ မြန်အောင် ဖြေရှင်းရမည့် ကိစ္စရပ်များထဲတွင် ပါဝင်လာပါ၏။ ထိုကိစ္စရပ်များသည် မြေပြဿနာနှင့် မည်သို့မည်ပုံ ဆက်နွယ်ကြောင်း၊ထိုသို့ဆက်နွယ်နိုင်အောင် နိုင်ငံတကာစံနှုန်းများဘက်က မည်သို့ချဉ်းကပ်ထားကြောင်း စသဖြင့် အချက်များမှာ "ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု " တွင်ဖော်ပြထားပါ၏။


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု တွင် မြေကိစ္စရပ်အပေါ် အောက်ပါအချက်များကို ဆက်စပ်ပြထားသည်။


1-အရပ်သားပြည်သူဆိုင်ရာ အရာဝတၳုပစ္စည်းများကို အကာအကွယ်ပေးခြင်း

2-အသေးစိတ်သတ်မှတ်ချက်ရှိသော အရပ်သားပြည်သူဆိုင်ရာ အရာဝတ္တုပစ္စည်းများကို အကာအကွယ်ပေးခြင်း 

3- ပိုင်ဆိုင်မှုများအား ဖျက်စီးခြင်း 

4- သဘာဝသယံဇာတအား တရားလက်လွက်ထုတ်ယူခြင်း

5- စစ်၏ ကြွင်းကျန်နေသော ပေါက်ကွဲပစ္စည်းများ

6-နေရပ်စွန့်ခွာခြင်း၊ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ

7-အမျိုးသမီးများအားခွဲခြားဆက်ဆံခြင်း

8-ဌာနေလူမျိုးများ၏ မြေအခွင့်အရေး

9-စီးပွားရေးနှင့် လူ့အခွင့်အရေး


သေချာသည်ကတော့ ထိုအချက်များဆက်နွယ်နေသော မြေပြဿနာဆိုင်ရာကိစ္စရပ်များသည် ရခိုင်ဒေသအတွက် နောက်တိုးအဖြစ်ရင်ဆိုင်ရမည့် မြန်မြန်ဖြေရှင်းရန်လိုနေမည့် ပြဿနာများဖြစ်နေမည်ပင်။ 


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စုတွင် ထိုပြဿနာများအပါအဝင် မြေနှင့်သက်ဆိုင်သော အခြားကျယ်ပြန့်သည့်အ ကြောင်းအရာများလည်ပါဝင်ပါ၏။ 

Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)