ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု

  မြေယာ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ (5)


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု


A.3. Interventions should be strategic, incremental and timely

A.3. ဝင်ရောက်စွက်ဖက်မှုမှာ မဟာဗျူဟာမြောက်မှု၊ တဆင့်ချင်းတိုးတက်မှုရှိမှု၊အချိန်အခါညီညွတ်မှု ရှိစေခြင်း


- ဒေသခံလူမှုအသိုက်အဝန်းအား မြေကိစ္စရပ်၌ ပိုမိုကောင်းမွန်စွာကူညီထောက်ပံမှုဖြစ်စေသော နည်းပညာဆိုင်ရာလုပ်ငန်းစဉ်များရှိသည်။ နမူနာအားဖြင့် ဆင်းရဲကာအထိအခိုက်မခံနိုင်သောအုပ်စုများအတွက် မြေယာပိုင်ဆိုင်မှုအပေါ် လက်လွဲလက်ပြောင်းလုပ်ပေးနိုင်မှု (Delivery Of Land Documents)များရှိရန်လိုအပ်သည်။ထိုသို့လက်ပြောင်းလက်လွဲလုပ်နိုင်ရန်အတွက် လက်ရှိပိုင်ဆိုင်အသုံးချခွင့် (Tenure Using ) အား အာမခံချက်ရှိရှိလုံခြုံစေရန် တဆင့်ချင်းအလိုက် တိုးတက်ခိုင်မာမှု (Incremental Strength) များရှိရန်လိုအပ်သည်။


-မဟာဗျူဟာမြောက်ရလဒ်များထွက်လာရန် တဆင့်ချင်းအလိုက် လုပ်ငန်းစဉ်များတိုးတက်စေရန်ချဉ်းကပ်မှု (Incremental Approaches)များက မြေယာစနစ် (Land System) အားကောင်းမှုအတွက်လိုအပ်သည်။ ထိုသို့ပြုလုပ်ရန်အတွက်ပင် နိုင်ငံရေးစိတ်ဆန္ဒနည်းမှု (Lack of Political Will) များ၊ နိုင်ငံအဆင့်နှင့် တမျိုးသားလုံးအဆင့်တွင် နည်းပညာဆိုင်ရာကွာဟချက် (National Technical Capacity Gaps) များလည်းရှိနေသည်။ ကွာဟချက်အစွန်းနှစ်ကြား သင့်တင့်သောကြားခံရလဒ် (Intermediate Results)များကို ရေရှည်ရလဒ်အကျိုးသက်ရောက်မှု (Long Terms Results) များအတွက် အသုံးချသင့်သည်။ (ဝေါဟာရ အဓိပ်ပါယျအရ နိုင်ငံအဆင့်နှင့် တမျိုးသားလုံးအဆင့်တွင် နည်းပညာဆိုင်ရာကွာဟချက် (National Technical Capacity Gaps) ဆိုသည်မှာ လုပ်ငန်းနယ်ပါယ်ကိစ္စရပ်တစ်ခုတွင် ပြည်သူတစ်ဦးချင်းစီမှအစ အစိုးရအဆင့်တိ နည်းပညာ၊ အတွေ့အကြုံ၊ စွမ်းဆောင်ရည်များလိုအပ်ချက်များရှိနေခြင်းကို ဆိုလိုရင်းဖြစ်သည်။


- သူ့ကဏ္ဍနှင့်သူ သူ့နေရာအလိုက် အံဝင်စီလျော်မှု (Fit-for-pourpose Approaches)ဖြင့်ချဉ်းကပ်ခြင်းက မြေယာစီမံခန့်ခွဲမှုကို အထောက်အကူဖြစ်စေသည်။ ရေရှည်ထိစိတ်ချရသော မြေယာစနစ် (Sustainable Land Systems)အား တတည်ဆောက်ရန် လက်ရှိပိုင်ဆိုင်မှု ကွင်းဆက်မပြတ်သော မြေယာပိုင်ဆိုင်မှု (Continuum of Land Tenure Types) အမျိုးမျိုးအတွက် ဆန်းသစ်သောနည်းပညာရလဒ်ခြိတ်ဆက်မှုက ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂကြားတွင် ရှိနေပြီဖြစ်သည်။ လက်ရှိပိုင်ဆိုင်မှု ကွင်းဆက်မပြတ်သော မြေယာပိုင်ဆိုင်မှု (Continuum of Land Tenure Types)များက ပဋိပက္ခပုံပန်းသဏ္ဍာန်အမျိုးမျိုး (Conflict Contexts) ကိုဖြေရှင်းရာတွင်သင့်လျော်ပြီး မြေယာအခွင့်အရေးများကိုသေချာစေမည်ဖြစ်သည်။ ပဋိပက္ခနှင့်ဆက်နွယ်သောမြေယာပြဿနာအားကိုင်တွယ်ရာတွင် (Fit-for-pourpose Approaches) ဖြင့်ချဉ်းကပ်သင့်ပြီး ထိုချဉ်းကပ်မှုတွင် လိုက်လျောညီထွေမှု၊ ပျော့ပျောင်းညင်သာမှု၊ ပါဝင်ပတ်သက်သင့်သူများအားပါဝင်စေမှု၊ လုပ်သာကိုင်သာရှိမှု (Affordable) နှင့် တာဝန်ယူ၊တာဝန်ခံနိုင်မှုတို့ပါဝင်ရမည်ဖြစ်သည်။ နိုင်ငံအချို့တွင် ပဋိပက္ခပုံစံအမျိုးမျိုးအတွက် အံဝင်စီလျော်မှုရှိသောချဉ်းကပ်မှုကိုဖော်ဆောင်ရန် အသင့်ပြင်ဆင်ပြီးအနေအထားတွင်ရှိနေကြပြီဖြစ်သည်။ (အဓိပ်ပါယျဖှင့ျဆိုမှုအရ သူ့ကဏ္ဍနှင့်သူ သူ့နေရာအလိုက် အံဝင်စီလျော်မှု (Fit-for-pourpose Approaches)ဖြင့်ချဉ်းကပ်ခြင်းဟူသည် ပဋိပက္ခအားဖြေရှင်းရန် အစိတ်အပိုင်းအလိုက် ချဉ်းကပ်မှုဖြစ်သည်။(Fit-Size-For-All Approaches or One-Size-Fit-All Approaches) ဆိုသည့် မူသေပုံစံတစ်မျိုးတည်းဖြင့် ပဋိပက္ခအစိတ်အပိုင်းအားလုံးကို ချဉ်းကပ်ခြင်းမျိုးမဟုတ်ပေ)


- ပဋိပက္ခ၏ ဇတ်ရှိန်မြင့်သော အခြေအနေ (Hot Spots) များအတွင်းရှိအချိန်နေရာနှင့် လုပ်ငန်းဖော်ဆောင်မှု အကန့်အသတ်ဖြင့်ဆောင်ရွက်သော (Pilot Projects) တွင် သတ်မှတ်အရည်အသွေး (Targeted Capacity Development) တိုးတက်မှုများပါဝင်သင့်သည်။ သတ်မှတ်အရည်အသွေးဟူသည် နိုင်ငံအဆင့်၊ တမျိုးသားလုံးအဆင့် မြေယာစီမံခန့်ခွဲမှုစနစ်အား  နယ်ပါယ်ပိုကျယ်ပြန့်လွမ်းခြုံ အကျိုးဖြစ်ထွန်းစေရန် အထောက်အပံဖြစ်စေမည်ဖြစ်သည်။ (Pilot Projects ) ဟူသည် အချိန်နေရာနှင့် လုပ်ငန်းဖော်ဆောင်မှုတွင် အကန့်အသတ်ဖြင့် ဆောင်ရွက်ရသော ကိစ္စမျိုးဖြစ်သည်။ လုပ်ကိုင်နိုင်စွမ်းအပေါ်လက်လှမ်းတမှီရှိမှု (Feasibility)မှာ (Pilot Projects) များတွင်လိုအပ်သည်။


A.4. Prioritize National Ownership and Recognize that Land is a Sovereign Issue

A.4. တမျိုးသားလုံးပိုင်ဆိုင်မှုကို အလေးထားခြင်းနှင့် မြေယာသည် အချုပ်အခြာအာဏာကိစ္စဖြစ်မှုကို အသိအမှတ်ပြုခြင်း


- မြေယာသည် စိတ်ခံစားမှုအပိုင်းနှင့်ဆက်စပ်နေပြီး အမျိုးသားရေးသရုပ်လက္ခဏာနှလုံးသည်းပွက်ပမာရှိတတ်သော အချုပ်အခြာအာဏာကိစ္စဖြစ်သည်။ မြေယာဆိုင်ရာ ကိစ္စရပ်များ (Land-Related Initiatives) များကို စတင်အကောင်အထည်ဖော်မှုများသည် တမျိုးသားလုံးဆိုင်ရာပိုင်ဆိုင်မှုဖြစ်သင့်ပြီး မည်သည့်နေရာတွင်မဆို တမျိုးသားလုံးအဆင့် သို့မဟုတ် ဒေသန္တရ အာဏာပိုင်များ၏ ဦးဆောင်မှုများရှိရမည်ဖြစ်သည်။ ကုလသမဂ္ဂမှဝင်ရောက်စွက်ဖက်ရသောဧရိယာ တနည်းအထောက်အပံပေးရသော (Supporting Areas) များမှာ မြေယာဥပဒေ၊ မြေယာမူဝါဒ၊ မြေယာစီမံခန့်ခွဲရေးများနှင့် သက်ဆိုင်လာသောအခါတွင်လည်းကောင်း၊ ဝင်ရောက်စွက်ဖက်မှုထဲတွင် ခိုင်မာသောချာသော နိုင်ငံရေးသဘောတူညီချက် (Political Buy-In) များရရှိရန် လွမ်းခြုံပါဝင်သောညှိ့နှိုင်းဆောင်ရွက်မှုများ ဖြစ်လာရန်အတွက်လည်းကောင်း ကဏ္ဍအလိုက်ဦးစားပေး ချဉ်းကပ်မှု (Particular Attention) မှာလိုအပ်သည်။


- မြေယာဆိုင်ရာကိစ္စအရပ်ရပ်အတွက်ဆောင်ရွက်ခြင်း (Land Resolution) တွင်  ပါဝင်ပတ်သက်ခွင့်ပေးခြင်း (Participatory Process) နှင့် ပါဝင်စေခြင်း (Inclusive Process) တို့က ပဋိပက္ခ၏အရင်းအမြစ် (Source of Conflict)များကို ကင်းဝေးစေမည်ဖြစ်သည်။ ပါဝင်ပတ်သက်ခွင့်ပေးခြင်း နှင့် ပါဝင်စေခြင်း  စသည့်ဖြစ်စဉ်များမရှိပါက  ဌာနေလူမျိုးများ၊လူမျိုးစုသရုပ်သကန်ကိုင်စွဲသောအုပ်စုများ၊ ပုံစံခွဲအမျိုးသားရေးလက္ခဏာကို ကိုင်စွဲထားသူများနှင့် နိုင်ငံအစိုးရများကြားတွင်  မြေယာဆိုင်ရာကိစ္စအရပ်ရပ်အတွက်စီမံဆုံးဖြတ်ဆောင်ရွက်ခြင်း (Land Resolution)သည်ပင်လျှင် ပဋိပက္ခ၏အရင်းအမြစ် (Source of Conflict) ဖြစ်လာမည်ဖြစ်သည်။ တမျိုးသားလုံးအတွက်သိမ်းခြင်း၊ ပြည်သူပြည်သားများ၏ လိုအပ်ချက်အရသိမ်းခြင်း (National Ownership) ကိစ္စများတွင် သက်ဆိုင်ရာ အရပ်ဘက်အခြပြုအဖွဲ့အစည်းများ၊ ထိခိုက်နစ်နာသူ (Victims) များ၊ အမျိုးသမီးအဖွဲ့များနှင့် ဒေသန္တရရပ်ရွာ အသိုက်အဝန်းတို့ပါဝင်သော စေ့စပ်ညှိ့နှိုင်းမှုများကိုပါ ဖော်ဆောင်သင့်သည်။


မြေကိစ္စရပ် (Land Issues) များသည် ဒေသအဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးရရှိသောနယ်မြေ (Sub National) အဆင့်များတွင် တန်ပြန်နိုင်သော ညှိ့နှိုင်းအဖြေရှာခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုလိုအပ်နေသည်။ ပဋိပက္ခဇတ်ရှိန်မြင့်သော ဧရိယာ (Hot Spots)များ၊ ဦးစားပေးရမည့်နယ်မြေ (Particular Territory) များ၏ ပဋိပက္ခပြဿနာများကို ဖြေရှင်းရန်အာရုံစိုက်သည့်အခါ ထိုနေရာများရှိ နိုင်ငံအဆင့်ကိုယ်စားပြုမဟုတ်သော ဇတ်ကောင်( Non State Actors)များ၊ ကွဲပြားခြားနားသော အစိုးရပုံစံ (Different Government Entities)များနှင့်ပတ်သက်၍ ကုလသမဂ္ဂသည် ကွဲပြားခြားနားသောအခန်းကဏ္ဍနှင့် တာဝန်ယူမှုများကို ဆောင်ရွက်ရမည်ဖြစ်သည်။ အချုပ်အခြာအာဏာကိစ္စ (Sovereignty Issue)ဟူသည် အလုပ်ဖြစ်နိုင်သော ဒေသတွင်းနိုင်ငံများအဆင့်၊ ဒေသတွင်းနီးစပ်နိုင်ငံများအဆင့်များနှင့် ဆွေးနွေးညှိ့နှိုင်းသည့်အခါတွင်လည်းကောင်း၊ မြေနှင့်ဆက်စပ်သောကိစ္စရပ် (Land-Related Issue) သည် နယ်နိမိတ်များကိုဖြတ်ကျော်မှု (Cross-Border Dimension) ဖြစ်နေသည့်အခါတွင်လည်းကောင်း၊ ဒေသတွင်းနိုင်ငံများအဆင့် မူဝါဒအခြေခံလုပ်ငန်းစဉ် (Regional Policy Frameworks)များနှင့် ယန္တယားများ (Mechanisms)များက အထောက်အပံပေးရန်အသင့်ဖြစ်နေသည့်အခါတွင်လည်းကောင်း ဆက်စပ်နေသောကိစ္စမျိုးဖြစ်သည်။


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)