အမေရိကန်နှင့် ဘင်္ဂလားဒေရှ့်တို့ ကျားမိုးကြိုး (TL- 2025) ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

 အမေရိကန်နှင့် ဘင်္ဂလားဒေရှ့်တို့ ကျားမိုးကြိုး (TL- 2025) ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်


ဒါက္ကာ (25 July 2025) 

သောကြာနေ့


ဘင်္ဂလားဒေရှ့်တပ်မတော်နဲ့ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ် [USARPAC- United States Army Pacific Command] တို့ပူးပေါင်းပြီး ကျားမိုးကြိုး-2025 (TL-2025 or Tiger Ligntning-2025) အမည်ရ ပူးတွဲစစ်ရေးလေ့ကျင့်မှုအခမ်းအနားကို ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ စတင်ဖွင့်လစ်တယ်လို့ ဘင်္ဂလားရှေ့်စစ်ဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီအခမ်းအနားကို ဆိုင်လ်ဟတ် (Sylhet) မှာရှိတ့ဲ အထူးကွန်မင်ဒိုတပ် ပါရာ ကွန်မင်ဒိုတပ်ရင်း (Para Commando Brigade) မှာကျင်းပခ့ဲတာပါ။ ဒီအခမ်းအနားမှာ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အစ္စကောတ် အေ ဝင်တာ ( Major General Ascot A. Winter) လည်း အထူးပုဂ္ဂိုလ်အနေနဲ့ တက်ရောက်ခ့ဲတယ်လို့ ဆိုပါတယ်။ ဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဘင်္ဂလားဒေရှ့် အထူးကွန်မင်ဒိုတပ်နဲ့ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်လက်အောက်ရှိ နီဗားဒါး ပြည်နယ်အစောင့်တပ်လည်း ပါဝင်တယ်လို့ဆိုပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုဟာ ဇူလိုင် 25 ရက်နေ့ကပင် ဇူလိုင် 30အထိ ခြောက်ရက်ကြာမြင့်မှာပါ။


ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ အကြမ်းဖက်္မှုတိုက်ဖျက်ရေး၊ ရာသီဥတုဘေးဒဏ်ကာကွယ်ရေးနဲ့ လူသားချင်းစာနမှုအကူအညီ စတ့ဲ ခေါင်းစဥ်တွေအောက်မှာ အမေရိကန်နဲ့ ဘင်္ဂလားဒေရှ့်ဟာ ပုံမှန်နှစ်စဥ် ပူးပေါင်းဆောင်ရွက္မှုရှိနေပါတယ်။ ဘင်္ဂလားဒေရှ့်ဟာ သဘာဝဘေးဒုက္ခနဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက္မှုတွေကို တာဝန်ယူမှုရှိရှိရင်ဆိုင်နေပြီး အမေရိကန်အပါအဝင်အခြား မိတ်ဘက်နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဘင်္ဂလားစစ်ဘက်က ဆိုပါတယ်။ အခုဒီ ကျားမိုးကြိုး (TL-2025) စစ်ဆင်ရေးဟာ အဆိုပါပူးပေါင်းဆောင်ရွက်မှုတွေထဲက အစိတ်အပိုင်းတစ်ရပ်သာဖြစ်ပြီး ပုံမှန်ပူးပေါင်းဆောင်ရွက္မှုနဲ့ ကြိုဆင်ပြင်ဆင်မှုကို ခိုင်မာအားကောင်းစေမှာဖြစ်ပါတယ်။ အခုစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် နီဗားဒါးပြည်နယ်အစောင့်တပ်မှ (၆၆)ဦးနဲ့ ဘင်္ဂလားဒေရှ့်ကွန်မင်ဒိုတပ်မှ (၁၀၀) ဦးပါဝင်မှာပါ။ 


အခုအခမ်းအနားကို လေတပ်၊ လေ့ကျင့်ရေးနဲ့ ကွန်မင်ဒိုတပ်ဖွဲ့တွေရဲ့ အကြီးတန်းစစ်ဘက်အရာရှိတွေလည်းတက်ရောက်တယ်လို့ ဘင်္ဂလားဒေရှ့်စစ်ဘက်က ဆိုပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုက တပ်ဖွဲ့များရဲ့ စစ်ဘက်ဆိုင်ရာ ပရိုဖက်ရှင်နယ်စွမ်းရည်တွေ တိုးတက်လာမှာဖြစ်ပြီး ဘင်္ဂလားဒေရှ့်နဲ့ အမေရိကန်ကြားမှာ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းစေမယ်လို့ ဘင်္ဂလားဒေရှ့်စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။





Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)