လူမျိုးစုပဋိပက္ခများဖြစ်ပွားပြီးနောက် မဏိပူရပြည်နယ်အား သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဆက်ထားရန် အိန္ဒိယအထက်လွတ်တော်ဆုံးဖြတ်

 လူမျိုးစုပဋိပက္ခများဖြစ်ပွားပြီးနောက် မဏိပူရပြည်နယ်အား သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဆက်ထားရန် အိန္ဒိယအထက်လွတ်တော်ဆုံးဖြတ်


အိန္ဒိယရဲ့ အရှေ့မြောက်ပြည်နယ်ထဲက တခုဖြစ်တ့ဲ မဏိပူရပြည်နယ်မှာ ၂၀၂၃ခု နှစ်မေလ ကစပြီး  လူမျိုးစုပြဿနာတွေဖြစ်ပွားခ့ဲပါတယ္။ အထူးသဖြင့် ကသည်း (Meiteis) နှင့် ကူးကီး (Kuki) တွေကြားမှာ ကုန်ခ့ဲတ့ဲ ကာလတွေတလျှောက် ပြဿနာတွေဖြစ်နေ ခ့ဲပါတယ်။ ဒါကြောင့် မဏိပူရပြည်နယ်မှာ ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရင်ဆင်း (N Biren Singh)ဟာ ပြီးခ့ဲတ့ဲ ဖေဖော်ဝါရီလ ၁၃ ရက္မှာ နုတ်ထွက်သွားခ့ဲပါတယ်။ အဲဒီအချိန်ကစပြီး မဏိပူရပြည်နယ်ရဲ့အုပ်ချုပ်ရေးကို ဗဟိုအစိုးရက ရယူထားပါတယ်။ အိန္ဒိယရဲ့ နိုင်ငံတော်ဆိုင်ရာပြဌာန်းချက် (Statutory Resoultion) အရ ဒီလိုကိစ္စမျိုးမှာ အိန္ဒိယအထက်လွှတ်တော်ရဲ့အထည်ပြုချက်ကအရင်လိုပါတယ်။ပြီးရင် အောက်လွှတ်တော်ရဲ့အထည်ပြုချက်က ထပ်လိုပါတယ်။ အိန္ဒိယအထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ ဗဟိုအစိုးရက မဏိပူရပြည်နယ်ကို (၆) လ တာဝန်ယူရမှာပါ။ အထက်လွှတ်တော်ရဲ့အထည်ပြုချက်အရ ဒီသတ်မှတ်ချက်ဟာ အခု ဩဂုတ်လ (၁၃)ရက်ကနေပြီး ရှေ့ (၆)လ အထိဆက်သွားမှာပါ။ အငြင်းအခုံတွေကြားကပဲ ဒုတိယ အကြိမ် (၆) လသက်တမ်းကို အိန္ဒိယအထက်လွှတ်တော်က အတည်ထပ်ပြုလိုက်ပါတယ်။


အိန္ဒိယအထက်လွှတ်တော်ရဲ့ ဒုတိယ ဥက္ကဌ ဟာရိဗန်ရှ် (Harivsnsh) က  ပြည်ထဲရေးဝန်ကြီး နိသျှနန်ရိုင်း (Nityanand Rai) ကို နိုင်ငံတော်ပြဌာန်းချက်နှင့်ပတ်သက်လို့ ဆွေးနွေးရန် ဆင့်ခေါ်ထားပါတယ်။ ဒါကိုဆန့်ကျင်သူတွေကတော့ ဘီဟားရ်မှာ ပြုလုပ်ခ့ဲတ့ဲ ရွေးကောက်ပွဲရလဒ်ကို ပြန်စစ်ဆေးပေးဖို့ကို တောင်းဆိုနေပါတယ်။ ဘီဟားရ် (Bihar)ရွေးကောက်ပွဲမှာ မဲမသာမှု၊ မဲခိုးမှု၊ မဲစာရင်းမှားယွင်းမှုတွေရှိတယ်လို့ အတိုက်အခံတွေက ဆိုပါတယ်။


အိန္ဒိယရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၆ အရ မဏိပူရပြည်နယ်ဟာ သမ္မတရဲ့ ထိန်းချုပ်မှုအောက္မှာ နောက်(၆)လ အထိရှိနေတော့မှာပါ။ အတိုက်အခံပါတီတွေက ဆွေးနွေးခန်းမထဲက ထွက္သွားတ့ဲသူနဲ့ ကန့်ကွက်ကြောင်းကြွေးကြော်ကြသူ၊ စကားပြောခွင့်ရဖို့ ထိုင်ခုန်ကို ကိုင်ပေါက်တ့ဲသူနဲ့ အစရှိသဖြင့် အိန္ဒိယအထက်လွတ်တော်မှာ ပွဲစည္ခ့ဲပါတယ္။ 


ကသည်း (Meiteis)နှင့် ကူကီး (Kukis) ကြားကပြဿနာ


ကသည်းနဲ့ ကူကီးတွေဟာ မဏိပူရပြည်နယ်ရဲ့ ဌာနေလူမျိုးစုတွေဖြစ်ပါတယ်။ ကသည်း (Meitei) တွေက မဏိပူရပြည်နယ်လူဦးရေရဲ့ ၅၃% ရှိပြီး အများစု ဟိန္ဒုဘာသာဝင်တွေဖြစ်ပါတယ်။ ကသည်းတော်တော်များများဟာ အင်ဖာတောင်ကြား (Imphal Valley) မှာနေကြပြီး အဲဒီဧရိယာဟာ မဏိပူရနယ်မြေရဲ့ ၁၀% ရှိပါတယ်။


ကူးကီး-ဇို အုပ်စုတွေကတော့ ကသည်းတွေလောက်လူမများပါဘူး။ ၂၀၁၁ ခုနှစ် အိန္ဒိယ သန်းခေါင်စာရင်းအရ ကူးကီး-ဇို အုပ်စုဟာ မဏိပူရပြည်နယ် လူဦးရေရဲ့ ၁၅.၇% ကိုကိုယ်စားပြုပါတယ်။ အများစုက ခရစ်ယန်တွေဖြစ် မဏိပူရရဲ့ တောင်တန်းတွေမှာ နေထိုင်ကြပါတယ်။ ကူးကီ- ဇိုတွေ နေထိုင်တ့ဲ ဧရိယာဟာ မဏိပူရမြေယာရဲ့ ၉၀% လောက်ရှိနေပါတယ်။


မဏိပူရ နာဂတွေကတော့ ၂၀.၉% ရှိပါတယ်။ ကျန်တ့ဲလူနည်းစုေတွက ၁၀.၄% ရှိပါတယ်။


အဓိက ပြဿနာက မြေယာ


အထက်ကဆိုခ့ဲတ့ဲအတိုင်းပါပဲ။ လူဦးရေ ၅၃% ရှိတ့ဲကသည်းတွေက ပြည်နယ်ရဲ့ ၁၀% သောမြေကိုပိုင်ပြီး လူဦးရေ ၁၅.၇% ရှိတ့ဲ ကူကီး-ဇို တွေက ၉၀% ကိုပိုင်နေတာပါ။ 

ပဋိပက္ခ မြေပုံ (1)-(2)


အမှန်ကတော့ ကသည်းတွေက မဏိပူရမြေရဲ့ မြေပြန့်လွင်ပြင်နေရာတွေကို ယူထားတာပါ။ မြေပြန့်က တောင်တန်းတွေထက် ဖွံ့ဖြိုးဖို့လွယ်ပါတယ်။ တည့်တည့်ပြောရရင် မြေပြန့်က တောင်တန်းထက် မြို့ပြဖြစ်ထွန်းဖို့၊ မြို့ရွာတည်ဖို့နဲ့ စိုက်ပျိုးထွန်ယက်ဖို့ ပိုလွယ်ပါတယ်။ ပြည်နယ်မြို့တော် အင်ဖာဟာ ကသည်း​ေတွနေရာယူထားတ့ဲ အင်ဖာတောင်ကြားဝန်းကျင်ထဲမှာရှိပါတယ်။


ကသည်းတွေက လူဦးရများလာတ့ဲအခါ မြေနေရာတွေပိုလိုအပ်လာပါတယ်။ ဒီတော့ တောင်တန်းတွေကိုလိုက်ဝယ်ပါတယ်။ အဲဒီလိုဝယ်တ့ဲအခါ ကူကီး-ဇိုတွေက သူတို့ရဲ့ နေရာတွေ ပ့ဲပါသှားမှာကို ကြောက်ပြီး သူတို့ရဲ့ ဓလေ့ထုံးတမ်း ဥပဒေ (Tribal Law) အရ ပိတ်ပင်လိုက်ပါတယ်။ ကူကီး-ဇိုတွေက မဏိပူရပြည်နယ်ရဲ့ စာရင်းဝင်လူမျိုးစု (Scheduled list) ထဲမှာပါတ့ဲအခါ သူတို့မှာ သူတို့နယ်မြေနဲ့ပတ်သက်လို့ (Tribal law) ကိုသုံးလို့ရနေပါတယ်။ အဲဒီအခါ ကသည်းတွေကလည်း သူတို့ကို ပြည်နယ်ရဲ့ စာရင်းဝင်လူမျိုးစု ထဲသတ်မှတ်ဖို့ တောင်းဆိုလာပါတယ်။ ကူကီး-ဇိုတွေက အဲဒါကိုလန့်ပြီးကန့်ကွက်ပါတယ်။


အဲဒီလိုဖြစ်နေ တ့ဲအခါ (မဏိပူရပြည်နယ်ရဲ့ ဝန်ကြီးချုပ် ကသည်းလူမျိုးက) ကူကီး-ဇိုတွေဟာ မြန်မာဘက်က တရားမဝင်လာသူတွေဖြစ်တယ်။ ပြီးရင်တောင်တန်းတွေမှာ ဘိန်းစိုက်တယ်လို့ ပြောလာပါတယ်။ ဒီအချက်ကို ဌာနေ ကူကီး-ဇိုတွေက သူတို့ရဲ့ ဌာနေဖြစ်မှုကို စိန်ခေါ်တ့ဲအချက်လို့ ခါးခါးသီးသီးခံစားသွားရပါတော့တယ်။ မဏိပူရပြည်နယ်ထဲမှာ ကသည်း၊ ကူကီး-ဇို၊ နာဂ လူမျိုးစုတွေထဲမှာ နဂိုကပင်ပြဿနာတွေက ရှိထားပြီးသားပါ။ ပြီးရင် ကိုယ်စီကိုယ်စီ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံရေးအာဂျင်တာတွေက ရှိနေကြပါတယ်။ 


လောလောဆယ်မှာတော့ မဏိပူရပြည်နယ်ရဲ့ အခြေအနေက သမ္မတရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက္မှာ တည်ငြိမ်စပြုနေပါပြီ။ တည်ငြိမ်အောင်လည်း ဘက်အသီးသီးက အားထုတ်ကြိုးစားနေကြသူတွေက ဘက်အသီးသီးမှာရှိသလို ပွဲဖျက္မ့ဲသူတွေကလည်း ရှိနေပါတယ်။ နောက်ထပ် (၆)လ အလွန်မှာ တည်ငြိမ်မှုက တည်မြဲနေရင် ဗဟိုအစိုးရဘက်က ပြည်နယ်ကို အာဏာပြန်လွဲပေးရတော့မှာပါ။ ဘာပဲပြောပြော အိန္ဒိယရဲ့ အရှေ့မြောက်ပြည်နယ်တွေဟာ ပြဿနာတွေထဲကပဲ တိုးတက်ဖွံ့ဖြိုးမှုလက္ခဏာတွေ ပြနေပါတယ်။


ကိုးကားလင့်

https://m.economictimes.com/news/politics-and-nation/rajya-sabha-adopts-resolution-to-extend-president-rule-in-manipur-for-six-months/articleshow/123115535.cms


ရုပ်ပုံ ကိုးကားလင့်

https://acleddata.com/infographic/political-violence-indias-manipur-state-2023-2025


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)