ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက္မှတ်စု
မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ- (၇)
B. FRAMEWORK FOR UN ACTION
(ခ).ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်မူဘောင်
ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များတွင် မြေနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးတည်ဆောက္မှုကို ဆောင်ရွက်နိုင်သော (Priority Entry Points)များနှင့် အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်သော (Catalytic Levers) များအတွက် မဟာဗျူဟာမြောက် ရွေးချယ်မှုများပါရှိရမည်ဖြစ်သည်။ ပဋိပက္ခအပေါ် ကုလသမဂ္ဂ၏ မဏ္ဍိုင်သုံးရပ် ဖြင့်ချဉ်းကပ်မှုနှင့် ပဋိပက္ခစက်ဝန်းအားကိုင်တွယ်ရန်အတွက်လည်း မဟာဗျူဟာမြောက်ရွေးချယ်မှုများပါရှိရမည်ဖြစ်သည်။ နိုင်ငံတစ်ခုချင်းစီ၏ အခြေအနေအတွက် ဝင်ရောက်စွက်ဖက္မှုခိုင်မာအားကောင်းစေရန် ကုလသမဂ္ဂစနစ်များနှင့် ထိုယန္တယားများက ဦးဆောင်မှုများကြောင့် နိုင်ငံရေးနယ်ပါယ်နှင့် နည်းပညာနယ်ပါယ်တွင် ပူးပေါင်းချမှတ်သော မဟာဗျူဟာများကို အားကောင်းစေရမည်ဖြစ်သည်။ မြေလွှာကြောမြေပုံ၊ မြေပေါ်မြေအောက် တည်ရှိသောအရာများ စသည့် (Embedding Land)များနှင့် ပတ်သက်၍ မူဘောင်များမှာ ကုလသမဂ္ဂ၏ မြေပြင်ယန္တယားများတွင် ရှိနေရမည်ဖြစ်သည်။ အဆိုပါမူဘောင်များနှင့်ပတ်သက်၍ အရည်အသွေးမြှင့်တင်ခြင်း၊ ပူးပေါင်းဆောင်ရွက္မှု ခိုင်မာခြင်းတို့ရှိရမည်ဖြစ်သည်။ ထို Embedding land ဆိုင်ရာ မူဘောင်များကို ဖော်ဆောင်သည့်အခါ ကုလသမဂ္ဂ၏ စဉ်ဆက္မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်( SDG) များနှင့္လည္း ကွဲလွဲကောင်း ကွဲလွဲစွာဆောင်ရွက်နိုင်သည်။
B.1 Ensure Land is an Integral Part of Conflict Analysis
(ခ.၁) ပဋိပက္ခအပေါ်ခွဲခြမ်းစိတ်ဖြာမှုတွင် မြေသည် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ကို သေချာစေခြင်း
- ပဋိပက္ခတစ်ခုအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ရာတွင် မြေသည် ပဋိပက္ခနှင့် ဆက်စပ်နေသော ရေသောက္မြစ် (Root Causes)လား၊ ပဋိပက္ခအား အရှိန်မြင့်စေသော ကိစ္စ (Drivers)လား၊ ပဋိပက္ခဖြစ်စေရန် မောင်းခလုပ် (Triggers)လား ဆိုသည်ကို အချက်အလက်ကောက်ယူ ဆန်းစစ်သင့်သည်။
- မြေအား ပဋိပက္ခ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်သတ်မှတ်ရာတွင် မြေပဋိပက္ခ၏ ဇစ်မြစ်ကို ခွဲခြမ်းစိတ်ဖြာရန်လိုအပ်သည်။ ထိုသို့ ခွဲခြမ်းမှုအား နိုင်ငံရေးဆိုင်ရာ ဆွေးနွေးစေ့စပ်မှုနှင့် အစီအစဉ်ရေးဆွဲမှုတို့ကို ဖော်ဆောင်ရာတွင် အသုံးပြုသင့်သည်။
- မြေပဋိပက္ခ၏ ဇစ်မြစ်အား ခွဲခြမ်းစိတ်ဖြာခြင်း (Root Cause Analysis of Land Issues)
* ပဋိပက္ခနှင့်ဆက္နွယ်သော မြေယာပြဿနာလား၊ ပဋိပက္ခ၏ ဇစ်မြစ်လား၊ ပဋိပက္ခအား စတင်စေသော အချက်လား ဆိုသည်ကို ခွဲခြမ်းစိတ်ဖြာမှု အစိတ်အပိုင်းများ
၁။ နိုင်ငံရေးအရ ဖယ်ထုတ်ခြင်းပုံစံ (Politics of Exclusion)မြောက္မှုအချက္များ
- လူများအား ၎င်းတို့နေထိုင်ရာ ရပ်ရွာ (မြေယာနှင့် အိုးအိမ်)မှ ရွေ့ပြောင်းစေခြင်း။ (နိုင်ငံအတွင်း ရွေ့ပြောင်းစေခြင်း သို့မဟုတ် နိုင်ငံဖြတ်ကျော်ရွေ့ပြောင်းစေခြင်း စသည့်အချက်နှစ်ခုစလုံး အကြုံးဝင်သည်။)
၂။ သဘာဝအရင်းအမြစ် နည်းပါးလာမှု (Scarce natural resources) ပုံစံမြောက္မှုအချက္များ
- ဦးရေသိပ်သည်းမှု (Population Pressure)မှ ဖြစ်လာသော ရိုက်ခတ်မှုများရှိခြင်း၊ သဘာဝပတ်ဝန်းကျင် အရည်အသွေးနှိမ့်ကျပျက်ယွင်းလာခြင်း၊ မြေယာ အရည်အသွေးနှိမ့်ကျလာခြင်း၊ ရေအရင်းအမြစ်အပေါ်တွင် အငြင်းပွားမှု ဖြစ်လာခြင်း။
၃။ ဦးရေသိပ်သည်းမှု (Population Pressure) ပုံစံမြောက်မှုအချက္များ
- လူဦးရေနှင့် မြေယာဆက်စပ်မှု (လူဦးရေပထဝီဝင်)အရ လူဦးရေအရ မြေကိုလိုအပ်လာခြင်း၊ လူနှင့်မြေအချိုးမညီမျှခြင်း (increased land-to-people occupancy ratio)၊ မြို့ပြဖြစ်ထွန်းလာခြင်း၊ မြို့ပြကြီးမားကျယ်ပြန့်လာခြင်း၊ လူငယ်ဦးရေးတိုးပွားနေခြင်း (youth population bulge)
၄။ နိုင်ငံ၏ လက်တံခြေတံများမှ အုပ်စီးဝါးမြိုမှု (Capture of State Instruments) ပုံစံ မြောက္မှုအချက္များ
- လာဘ်စားလာဘ်ယူခြင်း၊ အဂတိလိုက်စားခြင်း၊ မြေယာ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို နိုင်ငံခေါင်းဆောင်များမှ နိုင်ငံရေးဇတ်သွင်းပေးထားခြင်း၊ ဩဇာအာဏာရှိသော အသိုင်းအဝန်းနှင့် ချမ်းသာကြွယ်ဝသူများမှ မြေယာမှတ်ပုံတင်ကိစ္စရပ်များကို အုပ်စီးဝါးမြိုထားခြင်းနှင့် မြေယာဥပဒေအား ၎င်းတို့အကျိုးအမြတ်အတွက် ပုံဖော်ခြင်း။
၅။ အသုံးချပိုင်ခွင့် အခွင့်အရေးအပေါ် အားပြိုင်မှု (Competition over use rights) ပုံစံမြောက္မှုအချက္များ
- မြေယာနှင့် ဆက်စပ်ပတ်သက္မှုရှိသော သရုပ်သကန်များကိုပိုင်ထားသော အုပ်စုအချင်းချင်းကြား အငြင်းပွားမှုများ၊ ဥပမာ- တိရစ္ဆာန်များကို မွေးမြူ၍ ရွေ့ပြောင်းသွားလာနေသူ (Pastoralists)များ နှင့် လယ်သမား (Farmers) များကြား အငြင်းပွားမှုများ။
၆။ သဘာဝသယံဇာတကို အလွန်အကြူးထုတ်ယူခြင်းနှင့် ရာဇဝတ်ပြစ်မှုမြောက်ခြင်း (Natural Resource Exploitation And Criminality)ပုံစံ မြောက္မှုအချက္များ
- လက်နက်ကိုင် ပုန်ကန်မှု၊ အာခံတွန်းလှန်မှု သို့မဟုတ် ရာဇဝတ်အုပ်စုများက ရံပုံငွေရရှိရန် သဘာဝသယံဇာတအား အလွန်အကြူးထုတ်ယူခြင်း။
၇။ အမျိုးသားနိုင်ငံတော်များ ကွဲပိုင်း ရှင်သန်ခြင်း (Nation State Fragmentation)ပုံစံ မြောက္မှုအချက္များ
- နယ်မြေနှင့် ဆက်နွယ်သော သရုပ်သကန်အုပ်စုများအနေဖြင့် လှုပ်ရှားလာခြင်း။
၈။ ဆင်းရဲမွဲတေမှု၊ ဆင္းရဲလျို့တ့ဲမှု (Poverty)ပုံစံ မြောက်မှုအချက္များ
- ဆင်းရဲမွဲတေမှု၊ မညီမျှမှုနှင့် မြေကိုလက်ရှိလက်ခံရယူခွင့်မရှိခြင်း၊ မြေယာဆိုင်ရာအခွင့်အရေးများ လျို့တ့ဲကန္ သတ္ခံရခြင်း။
၉။ သိမ်းပိုက်အုပ်ချုပ်ထားခြင်း (Occupation of land) ပုံစံမြောက္မှု အချက္များ
- လက်နက်ကိုင်အုပ်စုများကသော်လည်းကောင်း သိမ်းယူခြင်း၊ နိုင်ငံခြားတပ်ဖွဲ့များကသော်လည်းကောင်း သိမ်းယူခြင်း၊ နိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍အငြင်းပွားခြင်း စသည့်အချက္များကြောင့် ဖြစ်လာခြင်း။
၁၀။ ဥပဒေစနစ်ယန္တယားများ စုံလင်ခြင်း (Plural legal systems) ပုံစံမြောက္မှု၊ ဥပဒေအချင်းချင်းပွတ်တိုက်ခြင်း ပုံစံမြောက္မှု အချက္များ
- ပုဂ္ဂလိကနှင့် နိုင်ငံတော်ကြားတွင် အငြင်းပွားမှု၊ (ရပ်ရွာဒေသထုံးတမ်းအရ ပိုင်ဆိုင်မှု၊ ဓလေ့ထုံးတမ်းအရပိုင်ဆိုင်မှု၊ ဌာနေလူမျိုးစုများ၏ ဒေသန္တရထုံးတမ်းအရ ပိုင်ဆိုင်မှု၊ တိရိစ္ဆာန်များကို မွေးမြူ၍ လှည့်လည်သွားလာသူ (Pastoralists)များ၏ အစဥ်အလာအရပိုင်ဆိုင်မှု) စသဖြင့် ပိုင်ဆိုင်မှုပုံစံအမျိုးမျိုးဖြင့်အငြင်းပွားခြင်း။ (အငြင်းပွားကြသူများတွင် မြေနှင့် သက်ဆိုင်ဆက်နွယ်မှု၊ လက်ရှိအသုံးချခွင့်ရမှုတို့နှင့် ပတ်သက်၍ အထောက်အထားကိုယ်စီကိုယ်စီရှိနေကြသည်။ ထိုအထောက်အထားများကို ထုတ်ပေးသည့်ဥပဒေများသည်လည်းတည်ဆဲ ကျင့်သုံးဆဲ ဖြစ်နေကြသည်။ ထိုအခြေအနေမျိုးဖြင့် အငြင်းပွားကြခြင်းဖြစ်သည်။)
၁၁။ ပါဝါထုတည်အုပ်စုများကြားတွင် စီးပွားရေယဉ်ပြိုင်မှု၊ နိုင်ငံရေးယဉ်ပြိုင်မှု (Economic and Political Competition Between Power Blocks) ပုံစံမြောက္မှုအချက္များ
- နိုင်ငံခြားရင်းနှီးမြုပ်နှံသူများနှင့် ဒေသခံရပ်ရွာ လူမှုအသိုင်းအဝန်းကြား အားပြိုင်ကြခြင်း။
၁၂။ မြေယာစီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ တရားစီရင်ဆုံးဖြတ်မှုနှင့် ဥပဒေမူဝါဒများ ရေးဆွဲရာတွင် အားနည်းချက္များရှိမှု (Weak Land Administration Systems) ပုံစံ မြောက္မှုအချက္များ
- အားနည်းသောနိုင်ငံ ဖြစ်နေခြင်း၊ မြေယာမူဝါဒ၊ ဥပဒေ၊ အင်စတီကျူးရှင်းများ၊ မြေယာစီမံခန့်ခွဲမှု၊ မြေယာကြီးကြပ်မှု၊ မြေအသုံးချမှု အစီအစဥ်စနစ်ယန္တယားများရေးဆွဲမှု၊ မြေယာအုပ်ချုပ်ရေးစွမ်းရည်၊ မြေယာအုပ်ချုပ်ရေးအဆောက်အအုံ စသည့်အချက္များအားလုံး အားနည်းခြင်းနှင့် အငြင်းပွားမှုကို ဖြေရှင်းပေးနိုင်သော၊ ကိုင်တွယ်နိုင်သော စွမ်းရည်ပျောက်ဆုံးခြင်း။
၁၃။ သဘာဝဘေးအန္တရာယ်များ (Natural Disaster)ကြောင့် ပုံစံမြောက္မှုအချက္များ
- သဘာဝဘေးဒဏ်သင့်နေရာမှ လူများနေရာပြောင်းရွေ့ရခြင်း၊ ထိုသို့နေရာပြောင်းရွေ့သူများကို နေရာချရာတွင် မြေသိမ်းယူမှုများ ဖြစ်လာခြင်း။
၁၄။ မျိုးရိုးစက်ဝန်းတွင်း သို့မဟုတ် မိသားစုစက်ဝန်းတွင်း အကြမ်းဖက္မှု (Inter-Generational Violence) ပုံစံမြောက္မှုအချက္များ
- ကျား/မ လိင်ကွဲပြားမှုကို အခြေခံ၍ အကြမ်းဖက်ခြင်း၊ မိသားစုအတွင်း အမွေ၊ ဘုံပိုင် မြေယာကိစ္စများတွင် အားပြိုင်ကြခြင်း၊ ထိုသို့အားပြိုင်ရာတွင် ကျား/မ တန်းတူအခွင့်အရေးကို အသိအမှတ်မပြုခြင်း။
၁၅။ ပုံမကျ ပန်းမကျ မြို့ပြဖြစ်ထွန်းခြင်း (Chaotic urbanization) ပုံစံ မြောက္မှု အချက္များ
- ရပ်ရွာနယ်မြေတစ်ခုအတွင်းသို့ အစုအပြုံလိုက်အပြင်မှလူများဝင်ရောက်လာသောအခါ ဝင်လာသူများအတွက် မြေယာများ၊ အိုးအိမ်များ၊ အခြေခံအဆောက်အအုံများလိုအပ်လာခြင်း။ ထိုသို့လိုအပ်လာသောအခါ ပုံပန်းမကျ မြို့ပြများဖြစ်လာခြင်း။
Comments
Post a Comment