ရိုဟင်ဂျာအရေး ကုလသမဂ္ဂအထွေထွေညီလာခံတွင် တင်ပြရန် ဘင်္ဂလားဒေရှ့်ဆောင်ရွက်
ရိုဟင်ဂျာများအပေါ်ရက်စက်ကြမ်းကြုတ်မှုတွေကိုတာဝန်ခံမှုရှိစေရေးအပါအဝင် ခေါင်းစဉ်ငါးခုပါသော ဆွေးနွေးပွဲတစ်ရပ်အား ပြုလုပ်ရန် ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေ ငြာ
ရိုဟင္ဂျာတွေရင်ဆိုင္နေရတ့ဲ အခြေအနေတွေနဲ့ ပတ်သက်လို့ အကျိုးစီးပွားပါဝင်ပတ်သက်သူများရဲ့ ဆွေးနွေးပွဲ ( Stakeholders Dialogue) တစ်ရပ်ကို ကောစ့်ဘဇားမှာ ကျင်းပမယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးက ဒီကနေ့ ဩဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းမှာ ကြေ ငြာပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးရဲ့ ထုတ်ပြန်ချက်အရ အဆိုပါဆွေးနွေးပွဲကို ဩဂုတ်လ ၂၄ ရက်ကနေ ဩဂုတ်လ ၂၆ ရက်နေ့အထိ ကျင်းပမယ်လို့ဆိုပါတယ်။
ဒီဆွေးနွေးပွဲဟာ လာမယ့် စက်တင်ဘာလ ၃၀ရက် နယူးယောခ့္မှာ ပြုလုပ်မယ့် ရိုဟင်ဂျာ အကြပ်အတည်းအပေါ် ဆွေးနွေးကြမယ့် အဆင့်မြင့်ဆွေးနွေးပွဲတွေအတွက် အကြိုဆွေးနွေးခြင်းဖြစ်တယ်လို့ဆိုပါတယ်။ နယူယောခ်ဆွေးနွေးပွဲကအချက်တွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။
ပြည်တွင်းပြည်ပ ကျွမ်းကျင်သူတွေ၊ သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပညာရှင်တွေနဲ့ ရိုဟင်ဂျာတွေရဲ့ ကိုယ်စားလှယ်တွေဟာ အဲဒီဆွေးနွေးပွဲတွေမှာ ပါဝင်ကြမှာပါ။ ရိုဟင်ဂျာ အမျိုးသား၊အမျိုးသမီးနဲ့လူငယ်တွေရဲ့ အသံတွေကို ဒီဆွေးနွေးပွဲတွေက ကြားရမယ်လို့ဆိုပါတယ်။ ဒါအပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရံပုံငွေအခက်အခဲတွေ၊ ရခိုင်ပြည်နယ်ထဲက လက်ရှိအခြေအနေတွေ၊ ဂုဏ်သိက္ခာရှိစွာနေရပ်ပြန်နိုင်ရေးတွေနဲ့ ဒီအကြပ်အတည်းကို ရေရှည်စိတ်ချရတ့ဲ ဖြေရှင်းနည်းတွေကိုလည်း ဆွေးနွေးကြမယ်လို့ဆိုပါတယ်။ အစီီအစဉ္ တွေထဲမှာ လူသားချင်းစာနာမှုအကူအညီ၊ ေနရပ်ပြန်နိုင္ရေးအတွက္ယုံကြည္မှုတည်ဆောက္ရေး၊ ရက်စက် ြကမ်းကြုတ်မှုတွေကို တာဝန်ခံမှုရှိစေရေး၊ ရိုဟင်ဂျာအကြပ်အတည်းအပေါ်ရေရှည်စိတ်ချရပြီး အချိန်ကာလမူဘောင္သတ္မှတ္ချက်ထားနိုင္တ့ဲ ဖြေရှင်းနည်းတွေကို ဆွေးနွေးကြမယ်လို့ဆိုပါတယ်။
Comments
Post a Comment