မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၉

 မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၉


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက် မှတ်စု



B.5. Integrate Land-Conflict Related Issues in Country Level Interventions

ခ.၅. နိုင်ငံအဆင့် ဝင်ရောက်စွက်ဖက္မှုတွင် မြေယာနှင့် ပဋိပက္ခသက်ဆိုင်သော အချက္ ကို ထည့်သွင်းခြင်း


ကုလသမဂ္ဂမှ ဝင်ရောက်စွက်ဖက်ရသောအခါ နိုင်ငံအဆင့်တွင် မြေယာနှင့် ပဋိပက္ခကြား သက်ဆိုင်သော အချက္များကို ထည့်သွင်းရမည်ဖြစ်သည်။ မြေယာနှင့် ပဋိပက္ခကြားဆက်စပ်သော အချက္များမှာ အောက်ဖော်ပြပါ ခေါင်းစဉ်များတွင် ပါဝင်ရမည်ဖြစ်သည်။

- ငြိမ်းချမ်းရေးသဘောတူညီချက်ကိစ္စရပ်များ

- ဝင်ရောက်ဖြန့်ဖြေညှိ့နိုင်းမှုများနှင့် အငြင်းပွားမှုဖြေရှင်းမှုကိစ္စရပ်များ

- တရားဥပဒေစိုးမိုးရေးအတွက်ဆောင်ရွက်ချက်ကိစ္စရပ်များ

- ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များအတွက် ထည့်သွင်းစဉ်းစားရမည့်ကိစ္စရပ်များ

- လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသော နေရာများနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ

စသည့်တို့တွင် မြေယာကိစ္စရပ်အား ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ မြေကိစ္စရပ်အား ထည့်သွင်းစဉ်းစားရမည့် အခြားနယ်ပါယ်များတွင်

- မြေယာသတင်းအချက်အလက် စီမံခန့်ခွဲမှုကိစ္စရပ်များ

- မြေယာမူဝါဒ၊ မြေယာစီမံခန့်ခွဲမှု၊ မြေယာပြုပြင်ပြောင်းလဲမှု၊ အငြင်းပွားခြင်းအားဖြေရှင်းမှုနှင့် အရည်အသွေးတိုးတက်စေရန်အားထုတ်ခြင်းကိစ္စရပ်များ

- နိုင်ငံတစ်ခုအတွင်းရှိ အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ၎င်းနိုင်ငံထဲရှိ နိုင်ငံတကာအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကိစ္စရပ်များ 

စသည့်နယ်ပါယ်များလည်း ပါဝင်ပါသည်။


ထိုသို့ ထည့်သွင်းစဉ်းစားရမည့် အချက္များကို အသေးစိတ် ထပ်မံဖော်ပြထားပါသည်။


- ငြိမ်းချမ်းရေး သဘောတူညီချက္များတွင် မြေကိစ္စရပ်အားထည့်သွင်းခြင်း 


မြေကိစ္စရပ်သည် 

-ပဋိပက္ခကို ဖြစ်စေသော အဓိကအကြောင်းရင်း သို့မဟုတ် ပဋိပက္ခကိုဖြစ်စေရန် စတင်လိုက်သော စနက်တံ ဖြစ်နေသည်ဟု သတ်မှတ်နိုင်သော အခြေအနေမျိုးမှာရှိနေတတ္်သည္။ ထို့ပြင် မြေကိစ္စရပ်သည် ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေသော အချက္များနှင့်လည်း ဆက်နွယ်နေတတ်သည်။ ထိုသို့အခြေအနေမျိုးများရှိနေလျှင်  မြေကိစ္စရပ်အား

၁-နိုင်ငံရေးအရ ညှိ့နှိုင်းဆွေးနွေးမှု၊

၂-ငြိမ်းချမ်းရေးသဘောတူညီမှု၊ 

၃-အထက်ပါအချက် (၁)နှင့် (၂)အား အကောင်အထည်ဖော်မှု

၄-ထိုသို့အကောင်အထည်ဖော်ရန် ကုန်ကျစာရိတ်အား တွက်ချက္မှု

စသည့်နယ်ပါယ်များအထိ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ 


- ငြိမ်းချမ်းရေးတည်ဆောက်ရန် ဝင်ရောက်စွက်ဖက္မှုများကြောင့်

၁- မြေကိစ္စရပ်များ၏ ရှုပ်ထွေး ခြိတ်ဆက်နေသော အခြေအနေများ (Nexus)

၂- ဇစ်မြစ်များ(Root)

၃- ထပ်၍အကြိမ်ကြိမ် ဖြစ်နေမှုများ (Relapse)

စသည့် အခြေအနေများကို ကုစားနိုင်ရမည်ဖြစ်သည်။


- ပြည်တွင်းနေရပ်ရွေ့ပြောင်းနေရသူ (IDPs) များ၏ လိုအပ်ချက္များကို ထောက်ပံရာတွင်လည်း မြေကိစ္စရပ်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ အထူးသဖြင့် မိသားစုစားဝတ်နေရေးကို တာဝန်ယူနေရသော အမျိုးသမီးများနှင့် ၎င်းတို့၏မိသားစုဝင်များ၏ လိုအပ်ချက်ကို ထောက်ပံရာတွင် မြေကိစ္စရပ်ကို ထည့်သွင်းစဉ်းစားရမည်။ IDPs များနှင့် မိသားစုအရေးခေါင်းပေါ်ထမ်းနေရသော အမျိုးသမီးများသည် မကြာခဏဆိုသလို အခြားသော လူမှုစီးပွားဆိုင်ရာ ဝန်ဆောင်မှုများကိုရရှိရန်  မြို့ပြနေရာများကို ပြောင်းရွေ့နေရသည်။ ၎င်းတို့တွင်အိုးအိမ် သို့မဟုတ် မြေယာအား အမည်ပေါက်သုံးစွဲခွင့် ရရန်အတွက်လည်းကောင်း၊ ပဋိပက္ခ၏ တာညောင်းရှည်ကြာနေသော ပတ်ဝန်းကျင်မှ လွတ်မြောက်စေရန်လည်းကောင်း မြိပြဧရိယာများသို့ ရွေ့ပြောင်းနေရသည်။ ထိုက့ဲသို့ကိစ္စရပ္များတွင် ၎င်းတို့၏ မြေကိစ္စရပ်အား ထည့်သွင်းစဉ်းစား ရမည်ဖြစ်သည်။ မြေကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင်

၁- ပဋိပက္ခ၏ ဇစ်မြစ်ကို သုံးသပ်ခြင်း/သုံးသပ်ချက်ကို ဖြန့်ဝေခြင်း

၂- အကောင်အထည်ဖော်နေသော အစီအစဉ်များထဲတွင် ပဋိပက္ခအား ထိန်းကျောင်းကိုင်တွယ်ခြင်း

စသည့်အချက္များပါဝင်ရမည်ဖြစ်သည်။


- မြေယာအပေါ်ကိုင်တွယ်ရန် အသစ်ဖွဲ့စည်းသော အင်စတီကျူရှင်းများ၊ ဖြစ်စဉ်များအနေဖြင့် ရှုပ်ထွေး၍ မျက်နှာမူစရာများစွာဖြင့် ရင်ဆိုင်ရမည်ကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်သည်။ မျက်နှာချင်းဆိုင်လာရမည့် အချက္များတွင် သမိုင်းကြောင်းတလျှောက် တရားမျှတမှုမရှိသော အချက္များကို ဖော်ထုတ်လာခြင်းက့ဲသို့ အချက္များလည်းပါဝင်လာမည်ဖြစ်သည်။


မြေယာအုပ်ချုပ်မှုအဆင့်တိုင်း၌ ညှိနှိုင်းမှု၊ အငြင်းပွားမှုအား ဖြေရှင်းမှုများကို အရှိန်မြင့်ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ ထိုသို့ ဖြေရှင်းရာတွင် ပြန်လည်နေရာချထားရေး အစီအစဉ်များ၊ အိုးအိမ်ရရှိမှုများ၊ လျော်ကြေး  (Restitution) နှင့် နစ်နာကြေး (Compensation) ဆိုင်ရာကိစ္စရပ်များကို ဦးစားပေးအကောင်အထည်ပေးသည့် ယန္တယားရှိရမည်ဖြစ်သည်။ ထိုအစီအစဉ်များနှင့် ယန္တယားများက အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှုအခွင့်အရေးများကို ချိုးဖောက်ခံရသူများအတွက် ပြန်လည်ကုစားမှုကို သေချာစေရမည်ဖြစ်သည်။ မြေယာမှတ်ပုံတင်ခြင်းအပေါ် လက်ဝါးကြီးအုပ်ထားမှုများကိုလည်း တားဆီးနိုင်ရမည်ဖြစ်သည်။ ရာဇဝတ်မှုမြောက်သည့် မြေသိမ်းမှုများအတွက် အရေးယူနိုင်မည့် ဥပဒေဆိုင်ရာ အပြောင်းအလဲများကိုလည်း ဖြစ်ပေါ်စေရမည်ဖြစ်သည်။ 









Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း