မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၀

 မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၀


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက် မှတ်စု



B.5. Integrate Land-Conflict Related Issues in Country Level Interventions

ခ.၅. နိုင်ငံအဆင့် ဝင်ရောက်စွက်ဖက် မှုတွင် မြေယာနှင့် ပဋိပက္ခသက်ဆိုင်သော အချက်ကို ထည့်သွင်းခြင်း


-  ဝင်ရောက်ဖြန့်ဖြေညှိ့နိုင်းမှုများနှင့် အငြင်းပွားမှုဖြေရှင်းရေးတွင်မြေယာကိစ္စရပ်များအား ထည့်သွင်းခြင်း


ညှိ့နိုင်းဖြေရှင်းပေးမှုများနှင့် အငြင်းပွားမှုအားဖြေရှင်းရေးများသည် ပဋိပက္ခများ၊ပြဿနာများအရှိန်မြင့်နေသော နေရာဒေသများကိုချဉ်းကပ်ရာတွင် သုံးသင့်သည်။ ဝင်ရောက်စွက်ဖက် မှုမပြုခင်အချိန်တွင်လည်း ကြိုတင်ချဉ်းကပ်သည်အနေဖြင့် သုံးသင့်သည်။ ပဋိပက္ခနှင့် အကျိုးစီးပွားသက်ဆိုင်သူများကြား အငြင်းပွားမှုများကို ကိုင်တွယ်ရန် ဦးတည်ချက်ထားသောအချက် များတွင်လည်း သုံးသင့်သည်။ ညှိ့နှိုင်းဖြေရှင်းမှုလှုပ်ငန်းစဉ်များကို  နိုင်ငံရေးဆိုင်ရာ စေ့စပ်မှုများဆောင်ရွက်ခြင်းနှင့် နိုင်ငံရေးအစီအမံများရေးဆွဲခြင်းများတွင်လည်း ကျယ်ကျယ်ပြန်ပြန့်သုံးသင့်ပါသည်။ ထိုသို့အသုံးပြုရာတွင်  ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ကြားခံနယ်များကိုလည်း ထားရှိသင့်သည်။ ပဋိပက္ခအဝိုင်းအဝန်းများထဲတွင်ပင် အမျိုးသားအဆင့်တရားရုံးများကို သီးခြားလွတ်လပ်စွာ ဖွဲ့စည်းသင့်သည်။ ထိုသို့ဖွဲ့စည်းရာတွင် မြေယာအငြင်းပွားမှုများ ထုထည်ကြီးမားသည့်ဧရိယာအားလုံးအတွက် တပြိုင်နက်တချိန်တည်း ဖွဲ့စည်းချင်မှ ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ မဖွဲ့စည်းနိုင်သေးပါက ဖွဲ့စည်းနိုင်ရန်အထောက်အပံပြုရမည်ဖြစ်သည်။ ထိုသို့တရားရုံးများ၊ ခုံရုံးများကို ဖွဲ့စည်းရာတွင် ပဋိပက္ခနေရာ၏ ဥပဒေများ၊ ကျင့်သုံးနေသည့်လူမှုဆိုင်ရာစံများ၊ စနစ်များ၊ စုံစမ်းစစ်ဆေးရေး၊ တရားစီရင်ရေးနှင့် ကြားနာဆုံးဖြတ်ရေးတို့တွင် ကျင့်သုံးနေသည့် ဒေသဓလေ့ထုံးတမ်းပုံစံများကို အထောက်အပံဖြစ်စေရန် အတွက်ဖွဲ့စည်းရမည်ဖြစ်သည်။ ပဋိပက္ခနှင့် အငြင်းပွားမှုအား ဖြေရှင်းပုံဖြေရှင်းနည်းတွင် ဒေသ၌ကျင့်သုံးလေ့ရှိသော စနစ်များ၊ယန္တယားများကို  ကုလသမဂ္ဂ၏ ကြားဝင်စေ့စပ်မှုကြောင့် ခိုင်မာအားကောင်းလာစေရမည်ဖြစ်သည်။ ပဋိပက္ခနှင့် အငြင်းပွားမှုဖြစ်နေသော နေရာဒေသ၏ မြေယာအမှုအခင်းသီးသန့်ကိုင်တွယ်သော တရားရုံးများ၊ခုံရုံးများကိုလည်း အထောက်အပံများပေးရမည်ဖြစ်သည်။ အမျိုးသမီးအုပ်စုများ၊ ရပ်ရွာအခြေပြုလူမှုအသင်းအဖွဲ့များတွင် ပဋိပက္ခနှင့် အငြင်းပွားမှုများအား စေ့စပ်ညှိ့နှိုင်းမှုအစပြုလာစေရန် အရေးပါသော အခန်းကဏ္ဍများတွင်ရှိသည်ကိုလည်း အသိအမှတ်ပြု၍ အထောက်အပံများပေးသင့်ပါသည်။ စေ့စပ်ညှိ့နှိုင်းဖြေရှင်းမှုများကြောင့်  ကျင့်သုံးဆဲ လုပ်ထုံးလုပ်မြဲဖြစ်သော ဥပဒေများအချင်းချင်းတွင် ဟန်ချက်ညီခြိတ်ဆက်နိုင်မှုနှင့် ဥပဒေ ရလဒ်များအချင်းချင်းခြိတ်ဆက် မှုများ ခိုင်မာအားကောင်းစေသင့်သည်။

- တရားဥပဒေစိုးမိုးရေးအတွက်ဆောင်ရွက်ချက်တွင် မြေယာကိစ္စရပ်အားထည့်သွင်းဆောင်ရွက်ခြင်း


ကုလသမဂ္ဂ၏ ဝင်ရောက်စွက်ဖက် မှုကြောင့် တရားဥပဒေစိုးမိုးရေးအင်စတီကျူရှင်းများခိုင်မာလာစေရမည်ဖြစ်သည်။ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၊ ပြန်လည်ရင်ကြားစေ့ရေး၊ နိုင်ငံရေးဆိုင်ရာအငြင်းပွားမှုများကိုဖြေရှင်းခြင်း၊ ငြိမ်းချမ်းရေးသဘောတူညီချက်များ စသည့်အချက် များမှာ ကုလသမဂ္ဂ၏ ဝင်ရောက်စွက်ဖက် မှုမှ အထောက်အပံပြုရမည့်အဓိကအချက် များဖြစ်သည်။ မြေအားဖျက်ဆီးခြင်း၊ ခြိတ်ပိတ်သိမ်းယူခြင်း၊ ထိန်းချုပ်ခြင်းနှင့် လုယက်ခြင်းများအပါအဝင် အတင်းအကြပ်နှင္ထုတ္ခြင်းက့ဲသို့ ကိစ္စရပ်များအား ဝင်ရောက်စွက်ဖက် မှုတွင် ကုလသမဂ္ဂသည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို လိုက်နာပါသည်။ အစိုးရတစ်ရပ်အနေဖြင့် ဥပဒေကြောင်းအရ တရားဝင်မှုတစ်ရပ်ရပ်ဖြင့် ပိုင်ဆိုင်သော မြေများမှ အတင်းအကြပ်နှင်ထုတ်ခံရမှုမရှိစေရန် အကာအကွယ်ပေးရမည်ဖြစ်သည်။ မြေနှင့်ပတ်သက်၍ ဖိအားများခံစားရစေခြင်း၊ ခြိမ်းခြောက်ခြင်းများမှာ နိုင်ငံဥပဒေနှင့် နိုင်ငံတကာဥပဒေအောက်တွင် အစိုးရတစ်ရပ်မှ ကျင့်သုံးသောလုပ်ငန်းစဉ်များ မဖြစ်သင့်ပေ။ မြေနှင့် ပတ်သက်၍ ဥပဒေများဆိုင်ရာ အချက် များ၌ အောက်တွင်ဖော်ပြထားသော စံနှုန်းများနှင့် ပြည့်စုံသင့်ပါသည်။

- မြေနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းများတွင် စီရင်ဆုံးဖြတ်ခွင့်၊ ညှိ့နှိုင်းပေးခွင့်၊ လျော်ကြေးပေး၊ နစ်နာကြေးပေးရေးစသည့်တို့တွင် ဆုံးဖြတ်ချက် များချမှတ်ပိုင်ခွင့်များ ရှိသင့်ပါသည်။ 

- မြေနှင့်သက်ဆိုင်သော လူ့အခွင့်အရေးများကို အကာအကွယ်ပေးသည့် ဥပဒေများကို ပြဌာန်းခြင်း၊ပြင်ဆင်ခြင်း စသည့် ဥပဒေပြုရေးအာဏာများရှိသင့်ပါသည်။

- ဥပဒေအဖြစ်သတ်မှတ်ရာတွင် မြေနှင့်သက္ဆိုင္သော ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ဌာနေလူမျိုးစုများ၏ မြေနှင့်သက်ဆိုင်သော ထုံးထမ်းဓလေ့များ၊ ကြိုတင်အသိပေး၍လွတ်လပ်သော သဘောဆန္ဒရယူခြင်း ဖြစ်စဉ်များကိုလည်း ဥပဒေများအဖြစ်သတ်မှတ်သင့်ပါသည်။ ထိုသို့သတ်မှတ်သောအခါ ပုံမှန်တည်ဆဲဥပဒေ၊ ဓလေ့ထုံးတမ်း၊ဘာသာရေးနှင့် လူမျိုးစု စသဖြင့်ဆိုင်ရာဆိုင်ရာအလိုက် ဥပဒေများဖြစ်နေပြီး ရောပြွန်းဥပဒေဆိုင်ရာ စနစ်ဖြစ်လာသောကြောင့် ဥပဒေတစ်ခုနှင့်တစ်ခုကြားတွင် ဟန်ချက်ညီမှုများလည်းရှိသင့်ပါသည်။

- မြေနှင့်ပတ်သက်၍ အမျိုးသမီးများတွင်လည်းတန်းတူအခွင့်အရေးရှိသင့်ပါသည်။

- မြေယာပိုင်ဆိုင်ခွင့်သည် အိုးအိမ်ရရှိခွင့်၏ အစိတ်အပိုင်းဖြစ်သောကြောင့် မြေပိုင်ခွင့်အပေါ်အကာအကွယ်ပေးသော ဥပဒေစိုးမိုးမှုများ ရှိသင့်ပါသည်။

- မြေယာအခွင့်အရေးနှင့်ပတ်သက်၍ မကြေနပ်ချက်ရှိပါက တရားမျှတအောင် ဆောင်ရွက်ပေးနိုင်သည့်လမ်းကြောင်းရှိသင့်ပါသည်။ ထိုသို့တရားမျှတမှုများရရှိရန် ဥပဒေစိုးမိုးရန်အားထုတ်ခြင်းကိုလည်းဆောင်ရွက်သင့်ပါသည်။ အများပြည်သူလူထုအတွက် မြေယာအားရယူရသည့်အခါ တရားမျှတမှုရှိစေခြင်း၊ ပြည့်စုံသော လျှော်ကြေးပေးခြင်းများရှိသင့်ပါသည်။

- ပြည်တွင်း၌ ကျင့်သုံးသော ဥပဒေများ၊ အမိန့်များသည် အတင်းအကြပ်နှင်ထုတ်ခြင်းကို တားဆီးပေးသည့် နိုင်ငံတကာစံနှုန်းများကို လေးစားသင့်ပါသည်။

- မြေယာနှင့်ပတ်သက်၍ တောင်းဆိုမှုများ၊ အငြင်းပွားမှုများတွင် ဥပဒေပိုင်း အထောက်အကူများပေးသင့်ပါသည်။ အရပ်ဘက်လူမှု့အသိုင်းအဝန်းနှင့် လူ့အခွင့်အရေးကို လေးစားကာကွယ်သူများအား မြေနှင့်ပတ်သက်သော လူ့အခွင့်အရေးချိုးဖောက် မှုများကို စောင့်ကြည့်နိုင်ရန် အရည်အသွေးများကို မြင့်တင်ပေးသင့်ပါသည်။




Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း