မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၁

 မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၁


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု



B.5. Integrate Land-Conflict Related Issues in Country Level Interventions

ခ.၅. နိုင်ငံအဆင့် ဝင်ရောက်စွက်ဖက်မှုတွင် မြေယာနှင့် ပဋိပက္ခသက်ဆိုင်သော အချက် ကိုထည့်သွင်းခြင်း


- ပြည်တွင်းနေရပ်စွန့်ခှာသူများနှင့် ဒုက္ခသည်များအရေးတွင် မြေယာကိစ္စရပ်အား ထည့်သွင်းစဉ်းစားခြင်း


- ပြည်တွင်းနေရပ်စွန့်ခှာသူများနှင့် ဒုက္ခသည်များ၏ ဖြစ်တည်ရာအခြေအနေကိုလိုက်၍ သတ်မှတ်ကာလအတွင်း ရလဒ်များပေါ်အောင် ဆောငျရှက်ရာတှင် အောက်ပါအခက်ြများပါဝင်သင့်သည်။

Reclamation and Resititution Right

- နိုင်ငံအဆင့်၊ တပြည်လုံးအဆင့် မြေနှင့်ဆက်စပ်သော  အခွင့်အရေးများအား ပြန်လည်ဖော်ဆောင်ပေးရန် ဥပဒေ၊ မူဝါဒ၊လုပ်ထုံးလုပ်နည်းများကို ခိုင်မာအားကောင်းစေရမည်ဖြစ်သည်။

International Standard

- မြေယာလျှော်ကြေး၊နစ်နာကြေးနှင့်ပတ်သက်၍ နိုင်ငံတကာစံနှုန်းများအပေါ်အလေးထားမှုရှိစေရမည်ဖြစ်သည်။

Ilegal Occupation of Abandoned Land

- ပလပ်မြေများကို ဥပဒေမ့ဲသိမ်းယူထားခြင်းနှင့် ပတ္သက္၍ အငြင်းပွားမႈမ်ားကို ဖြေရှင်းရန်အစီအမံများရှိစေရမည်ဖြစ်သည်။

Displacement Issues

- နေရာပြောင်းရွေရွခင်းနှင့်ပတ်သက်၍ မြေယာစီမံခန့်ခှဲမှုတွင် လက်ငင်းဆောင်ရွက်နိုင်သော အစီအမံများရှိစေရမည်ဖြစ်သည်။

Justice Mechanisms

- မြေယာအခှငျ့အရေးနှင့်ပတ်သက်၍ တရားမျှတမှုကိုရရှိရန် တရားစီရင်ရေးယန္တယားများကို တောင်းဆိုနိုင်သော အစီအမံများရှိစေရမည်ဖြစ်သည်။

Civil Registration

- မြေယာအခှငျ့အရေးကိုပြန်လည်ရရှိရန် အထောက်အကူဖြစ်စေ ​သော ဥပဒေကြောင်းအရအကျုံးဝင်သော မြေယာမှတ်ပုံတင် အချက်အလက်များထုတ်ပေးသော ယန္တယားများကြားတွင် ပေါင်းစပ်ဆောင်ရွက်နိုင်သော အစီအမံများရှိစေရမည်ဖြစ်သည်။

Displacement Women and Land Documentation

- နေရပ်စွန့်ခှာအမျိုးသမီးများအတွက် မြေယာအ ​ထောက်အထားများပေးနိုင်သော အစီအမံများရှိစေရမည်ဖြစ်သည်။

- လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသော နေရာများတွင် မြေယာကိစ္စရပ်အားထည့်သွင်းစဉ်းစားခြင်း


- လက်နက်ကိုင်များထိန်းချုပ်ထားသော နေရာများရှိ နေရပ်စွန့်ခွာသူများတွင် မြေယာကိစ္စရပ်နှင့်ပတ်သက်၍ တရားမျှတမှုကို တောင်းဆိုခွင့် ရှိစေရမည်ဖြစ်သည်။ နိုင်ငံတကာစံနှုန်းများမှ သွယ်ဖယ်သော ဥပဒေများ၊ လုပ်ကိုင်ဆောင်ရွက်နေသည့်ပုံစံများကိုလည်း ပြန်လည်သုံးသပ်ကာ ခွဲခြားဆက်ဆံမှုများမှ လွတ်ကင်းစေရမည်ဖြစ်သည်။ နယ်မြေလွတ်လပ်သွားသည့်အခါ ဒေသဆိုင်ရာ မြေယာအချက်အလက္များကို မြန်နိုင်သမျှမြန်ရန် ကောက်ယူရမည်ဖြစ်သည်။ မှတ်ပုံတင်ထားသော ပိုင်ဆိုင်မှုများကို လက်ပြောင်းလက်လွဲ ရောင်းဝယ်ခြင်းများအား ထိန်းချုပ်ထားရမည်ဖြစ်သည်။ လုံလောက်သောလုပ်ထုံးလုပ်နည်းဥပဒေများရှိနေရမည့်အပြင် နယ်မြေသို့ပြန်လာသူများအတွက် အထောက်အပံပြုသည့် ယန္တယားလုပ်ငန်းစဉ်များလည်းရှိရမည်ဖြစ်သည်။ ပလပ်ခံရသလိုဖြစ်နေသော၊ ပလပ်မြေဟုထင်စရာရှိသော မြေများသည် သွေးရိုးသားရိုးပလပ်ခံရခြင်းမဟုတ်ဘဲ စစ်ပွဲ၊ ပဋိပက္ခကြောင့်ဖြစ်လာသော ပလပ်မြေ (Forcibly Abandoned Lands)များသာဖြစ်သည်။ ထိုမြေများအတွက်သက်သေအထောက်အထားဆိုင်ရာ စံနှုန်းများကိုလည်း ပြဌာန်းနိုင်ရမည်ဖြစ်သည်။


- အခြားနယ်ပါယ်များတွင် မြေယာကိစ္စရပ်အားထည့်သွင်း စဉ်းစားခြင်း


- မြေယာသတင်းအချက်အလက် စီမံခန့်ခွဲမှုကိစ္စရပ်များ

ကုလသမဂ္ဂနှင့် ကုလသမဂ္ဂမဟုတ်သော အဖွဲ့အစည်းများသည်မြေယာနှင့် ပဋိပက္ခနယ်ပါယ်အား ကိုင်တွယ်ရသောအခါ  ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် ဦးတည်ချက်များအတွက် သတင်းအချက်အလက်စနစ်များကို ဖန်တီးရမည်ဖြစ်သည်။ အသိအမြင်ဗဟုသုတများ၊ သတင်းအချက်အလက္များ၏ လာရာမူရင်းအခြခံများ၊ နယ်မြေဆိုင်ရာ အပိုင်းအကန့်လိုက် အချက်အလက် (Geo-spatial Data)များ၊ နိုင်ငံရေးအရ စေ့စပ်ညှိ့နှိုင်းမှုများတိုးတက်စေရန်လိုအပ်ချက္များ၊ အစီအစဉ်များ၊ ပြန်လည်တင်ပြမှုများအား အပြန်အလှန် ဖလှယ်နိုင်ရမည်ဖြစ်သည်။ SDG အညွှန်းများကိုအသုံးပြု၍ အချက်အလက်ကောက်ယူမှုများ၊ လုပ်ငန်းဖော်ဆောင်နေသောနေရာများနှင့် ပဋိပက္ခတည်ရှိရာနေရာများတွင် သုံးစွဲနေသည့် နည်းလမ်းများ၊ နိုင်ငံများကို အထောက်အကူပြုရန် အလွတ်သဘော တပြည်လုံးဆိုင်ရာသုံးသပ်ချက္များတို့ကိုလည်း အထောက်အကူပြုနိူင်ရမည်ဖြစ်သည်။


- မြေယာမူဝါဒ၊ မြေယာစီမံခန့်ခွဲမှု၊ မြေယာပြုပြင်ပြောင်းလဲမှု၊ အငြင်းပွားခြင်းအားဖြေရှင်းမှုနှင့် အရည်အသွေးတိုးတက်စေရန်အားထုတ်ကိစ္စရပ်များ

မြေယာမူဝါဒအပါအဝင္ ဤခေါင်းစဉ်ငယ်တွင် ပါရှိသောအချက္များသည် ပဋိပက္ခသံသရာကို ဝင်ရောက်၍ ကိုင်တွယ်ရန် အစီအစဉ်များရေးဆွဲခြင်း၊ နိုင်ငံရေးဆိုင်ရာညှိ့နှိုင်းခြင်းတို့အတွက် ထိတွေ့ရမည် အဓိကအစိတ်အပိုင်းများဖြစ်သည်။ ဆန်ကျင့်ဘက်အုပ်စုများကြားတွင် ဝင်ရောက်ညှိ့နှိုင်းရန် ရည်ရွယ်ချက်အရလည်းကောင်း၊ ပဋိပက္ခများကို ကြိုတင်တားဆီးရန်လည်းကောင်း ဆောင်ရွက်နေသော တပြည်လုံးအဆင့်၊ နယ်မြေအဆင့်များတွင် မူဝါဒပိုင်းဆိုင်ရာတိုးတက္မှုနှင့် မြေယာမှုဝါဒဖြစ်စဉ်များအားကောင်းလာရန်အတွက် ကုလသမဂ္ဂသည် အပံအပိုးပေးရမည်ဖြစ်သည်။


- နိုင်ငံတစ်ခုအတွင်းရှိ အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ၎င်းနိုင်ငံထဲရှိ နိုင်ငံတကာအဖွဲ့အစည်းမြား၏ အခန်းကဏ္ဍကိစ္စရပ်များ 

တပြည်လုံးအတိုင်းအတာဖြင့် အလုပ်လုပ်နေကြသော အစိုးရ၊ လူမှုအခြေပြုအသိုက်အဝန်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် ပဋိပက္ခအပေါ်လိုက်လျောညီထွေရှိသော ဦးတည်ချက္များချမှတ်နိုင်ရန် အထောက်အကူပေးရမည်ဖြစ်သည်။ ဦးတည်ချက္များနှင့် အံဝင်ဆီလျှော်သော မြေယာစီမံခန့်ခွဲမှုဖြစ်စေရန် ၎င်းတို့၏ မြေယာဥပဒေပြဌာန်းမှုတွင် လူ့အခွင့်အရေးစံနှုန်းများလည်းပါဝင်ရမည်ဖြစ်သည်။ နိုင်ငံများသည် ၎င်းတို့၏ မြေယာစီမံခန့်ခွဲရေးယန္တယားများသည် လူထုအတွက် အကျိုးရှိ ထိရောက္မြန်ဆန်သော ရလဒ်များကို ပေးစွမ်းနိုင်ရန် အားထုတ်သင့်သည်။ ပြန်လည်နေရာချထားရေးနှင့် စည်းမျဉ်းဥပဒေအတိုင်းဆောင်ရွက္မှုမှန်ကန်စေရေးတို့အတွက် မြေကိစ္စရပ်များတွင် ပြင်ဆင်သင့်သည်။ ဥပဒေကြောင်းတရပ်ရပ်အရ မြေယာအားပိုင်ဆိုင်၊လုပ်ကိုင်၊အသုံးချ၊ ရရှိခွင့်များအား အကာအကွယ်ရှိစေရန် အရှိန်အဟုန်ဖြင့် လုပ်ဆောင်သင့်သည်။ အငြင်းပွားမှုအားဖြေရှင်းပေးခြင်းနှင့် ဥပဒေကြောင်းတရပ်ရပ်အရ ပိုင်ဆိုင်လုပ်ကိုင်အသုံးချရရှိခွင့်များမှာ အစောဆုံးဆောင်ရွက်ရမည့် အရာများဖြစ်သည်ကိုလည်း အလေးထားသင့်သည်။ နေရာရွေ့ပြောင်းရသည့်အခါ ဖြစ်ပေါ်လာနိုင်သော အခွင့်အရေးချိုးဖောက္မှုများ၊ ပဋိပက္ခများကိုလည်း လူထုအတွက် ကြိုတင်ကာကွယ်သော အစီအမံများလည်းရှိရမည်ဖြစ်သည်။ 



Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း