ဘင်္ဂလားဒေရှ့် စစ်ဦးချုပ် တရုတ်သို့သွားမည်

 ဘင်္ဂလားဒေရှ့် စစ်ဦးချုပ် တရုတ်သို့သွားမည်


ဘင်္ဂလားဒေရှ့်ရဲ့ စစ်တပ်အကြီးအကဲ ဝါကာအုစ် ဇာမန်နဲ့ အခြားစစ်ဘက် အရာရှိတွေဟာ တရုတ်သို့  တရားဝင်ခရီးစဉ်အတွက် ဒီနေ့ ဩဂုတ်လ ၂၁ ရက်နေ့မှာ ထွက်ခွာသွားပြီလို့ ဘင်္ဂလားဒေရှ့် သတင်းဌာနတွေက ဆိုပါတယ်။


အဆိုပါခရီးစဉ်အတွင်းမှာ တရုတ်ရဲ့ အရပ်ဘက်၊စစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး နှစ်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး အတွက် သဘောထားအမြင်တွေကို ဖလှယ်ကြမယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေရှ့်စစ်ဘက်ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ စစ်ဦးစီးချုပ်ရဲ့ ခရီးစဉ်ဟာ ဩဂုတ်လ ၂၇ ရက်နေ့မှာ ပြီးဆုံးမယ်လို့ဆိုပါတယ်။


အမေရိကန်၊ တရုတ်နဲ့ အိန္ဒိယ စတ့ဲနိုင္ငံတွေကြားမှာ သံတမန်ရေးအရ ပြန်ပြီးအထိန်းအထေ့လုပ်ဖို့အတွက် ဘင်္ဂလားဒေရှ့်ဟာ အမြဲတန်းကြိုးစားနေရပါတယ်။ တရုတ်နဲ့ ဘင်္ဂလားဒေရှ့်ကြားမှာ စစ်ရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက္မှုတွေရှိပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက ရွှေမိတ်ဆွေစစ်ဆင်ရေး (Golden Friendship-2024) ကိုနှစ်နိုင်ငံ ပြုလုပ်ခ့ဲပါတယ်။ ရွှေမိတ်ဆွေ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောက်က အကြမ်းဖက္မှုတန်ပြန်ရေးအတွက် လုပ်တာလို့ နှစ်နိုင်ငံစလုံးက ဆိုခ့ဲပါတယ္။ အိန္ဒိယ သတင်းစာတစ်ခုကတော့ ဒီစစ်ဆင်ရေးကို ဘင်္ဂလားဒေရှ့်နဲ့ တရုတ်ကြား ပထမဆုံးအ ကြိ​မ္လုပ္တ့ဲ စစ်ဆင်ရေးလို့ ဆိုပြီး မျက်စိတောက်လျှောက်ကြည့်နေ ခ့ဲပါတယ္။ 


နောက်တချက်က လက်နက်ဝယ်မှုပါ။ ဘင်္ဂလားဒေရှ့်ဟာ တရုတ်ဆီက လက္နက္ဝယ္ယူမှုများတ့ဲ နိုင်ငံတွေထဲမှာပါနေပါတယ်။ တင့်ကား၊ ဖရီးဂိတ်၊ မစ်ဇိုင်းလှေ၊ တိုက်လေယဉ်နဲ့ စစ်ဘက်သုံးပစ္စည်းမျိုးစုံကို ဝယ်ယူနေတာပါ။ ဘင်္ဂလားဒေရှ့်စစ်တပ်အနေနဲ့ (Forces Goal 2030) ရည်မှန်းချက်အရ ခေတ်မှီစစ်တပ်တစ်ခုအဖြစ်ကြိုးစားနေတာမှာ တရုတ်ဆီက လက်နက်ဝယ်ယူမှုက အရေးပါနေပါတယ်။ နောက်တချက်က ရေတပ်အချင်းချင်းပူးပေါင်းဆောင်ရွက္မှုပါ။ တရုတ်ဘက် ဘင်္ဂလားဒေရှ့်ကို စစ်သုံးရေယဉ်၊ အပေါစားစစ်သုံးရေယဉ် နဲ့ ရေငုတ်သင်္ဘော တွေကို ရောင်းချထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေရှ့်ဟာ တရုတ်ဆီက ရေငုတ်သင်္ဘော နှစ္ စီးဝယ္ခ့ဲတယ္လို့ဆိုပါတယ္။ တရုတ်ဘက်က စစ်သုံးပစ္စည်းတွေ ရောင်းချမှုတင်မကဘဲ အဲဒီပစ္စည်းတွေကို အသုံးချတ့ဲသင်တန်းမျိုးတွေကိုပါ ဘင်္ဂလားဒေရှ့်ဘက်ကို ပေးနေတာတွေရှိပါတယ်။


ကိုးကား


ဘင်္ဂလားစစ်တပ်အကြီးအကဲ၏ တရုတ်ခရီးစဉ်

https://www.thedailystar.net/news/bangladesh/news/army-chief-waker-uz-zaman-leaves-four-day-visit-china-3967481?hl=en-GB


ရွှေမိတ်ဆွေ စစ်ဆင်ရေး

https://www.ptinews.com/story/national/china-bangladesh-armies-to-hold-first-military-exercises-next-month-pla/1455198?hl=en-GB


ဘင်္ဂလားဒေရှ့်လက်နက်ဝယ်ယူရေး

https://www.bdmilitary.com/analysis/geopolitics-diplomacy/bangladesh-strengthening-defence-relations-with-china-pakistan-turkiye-and-the-united-states/2558/?hl=en-GB


ရေတပ်

https://thediplomat.com/2024/10/why-bangladesh-china-defense-ties-are-poised-to-strengthen-after-the-monsoon-revolution/?hl=en-GB







Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း