ငါးဖမ်းလုပ်ငန်းကို အကာအကွယ်ပေးရန် ဘင်္ဂလားဒေရှ့်ရေတပ် ကတိပြု

 ငါးဖမ်းလုပ်ငန်းကို အကာအကွယ်ပေးရန် ဘင်္ဂလားဒေရှ့်ရေတပ် ကတိပြု


ဘင်္ဂလားဒေရှ့်ရဲ့ငါးဖမ်းလုပ်ငန်းတွေကို အကာအကွယ်ပိုပေးသွားမယ်လို့ ဘင်္ဂလားဒေရှ့်ရဲ့ ရေတပ်က ဆိုပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ (၂၀၂၅)ခုနှစ် အမျိုးသားငါးလုပ်ငန်း ရက်သတ္တပတ်ကာလအတွင်း  ဩဂုတ် (၁၉)ရက်နေ့က ယခုလိုဆိုလိုက္တာပါ။ ငါးလုပ်ငန်းဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ စီးပွားရေးရဲ့ အဓိကဒေါက်တိုင်တွေထဲမှာပါတယ်လို့လည်း ဘင်္ဂလားဒေရှ့် ရေတပ် ကဆိုပါတယ်။ ဘင်္ဂလားဒေရှ့်ရဲ့ ကမ်းရိုးတန်းတွေ၊ ချောင်းတွေ၊ မြစ်တွေနဲ့ ပင်လယ်ပြင်ထဲမှာ ရှိနေ တ့ဲ ငါးဖမ်းလုပ်ငန်းတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖြစ်စေယုံသာမက နိုင်ငံခြားဝင်ငွေကိုလည်း ရှာပေးနေ တ့ဲ လုပ်ငန်းတွေ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေရဲ့ သွင်းအားစုတွေဟာ အကာအကွယ်ရဖို့ကိုလည်း လိုအပ်နေတယ်လို့ ဘင်္ဂလားဒေရှ့်ရေတပ်က ဆိုပါတယ်။


ငါးဖမ်းလုပ်ငန်းတွေဟာ မြစ်ကြောင်းတစ်လျှောက်နဲ့ ပင်လယ်နက်ပိုင်းနေရာတွေထိ ရေရှည်မှာ ခိုင်ခိုင္မာမာအားကောင်းကောင္းနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် ပင်လယ်ပြင်လုံခြုံရေးနဲ့ တရားမဝင်ငါးဖမ်းလုပ်ငန်းတွေကိုလည်း တားဆီးသွားမယ်လို့ ဘင်္ဂလားဒေရှ့်ရေတပ်က ဆိုပါတယ်။ ဘင်္ဂလားဒေရှ့်ရဲ့ ပင်လယ်ပြင်ကမ်းရိုးတန်းဟာ ၇၁၀ ကီလိုမီတာရှည်လျားပြီး အာရှမှာ ငါးဖမ်းမှုအများဆုံးနေရာတွေထဲမှာ ပါပါတယ်။ 


ဘင်္ဂလားဒေရှ့်နိုင်ငံ ပင်လယ်စားသောက်ကုန်ဆိုင်ရာကွန်ရက် (Sea Food Network) အဆိုအရ ဘင်္ဂလားဒေရှ့်နိုင်ငံထဲမှာ တံငါသည်အလုပ်ကိုလုပ်နေကြသူပေါင်းဟာ ငါးသိန်းကျော်ရှိတယ်လို့ဆိုပါတယ်။ အဲဒီထဲက တံငါသည် ခြောက်သောင်းရှစ်ထောင်ကျော်ဟာ စက်တပ်ယဉ်တွေကို အသုံးပြုနိုင်ကြပါတယ်။ ဒီငါးဖမ်းလုပ်ငန်းနဲ့ ပင်လယ်ပြင်ဆိုင်ရာဆက်စပ် လုပ်ငန်းစုတွေထဲမှာ ဒေါက်ကျင်း၊ စက်လှေထုတ်လုပ်ခြင်း၊ စျေးကွက်ကွန်ရက်၊ အအေးခန်း၊ ကုန်သည် အစရှိသဖြင့် အလုပ်နဲ့ အကျိုးစီးပွားဆက်စပ်သူပေါင်း၊ အလုပ်အကိုင်ရနေသူပေါင်းဟာ လူဦးရေ ၂.၅ သန်းကနေ ၂.၈ သန်းကြားမှာ ရှိနေမယ်လို့ဆိုပါတယ်။ 


ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)ရဲ့ အဆိုအရ ဘင်္ဂလားဒေရှ့်ဟာ ကမ္ဘာမှာ ရေထွက္ ကုန်ထုတ်လုပ်မှု အဆင့် ၆ မှာရှိပါတယ်။ ဘင်္ဂလားဒေရှ့်ရဲ့ ရေထွက်ကုန်လုပ်ငန်းမှာ အမျိုးအစား ၄ ခုရှိပါတယ်။ အဲဒါတွေက ကုန်းတွင်းရေပြင်ငါးဖမ်းခြင်းနှင့် မွေးမြူခြင်း၊ ပင်လယ်ပြင် ငါးမွေးမြူခြင်းနှင့် ငါးဖမ်းထုတ်လုပ်ခြင်းတွေပါ။ Global Fish လို ငါးလုပ်ငန်းဆိုင်ရာ နိုင်ငံတကာသုတေသနအဖွဲ့တွေက ဘင်္ဂလားဒေရှ့် အနေနဲ့ ရေချိုငါးမွေးမြူးရေးကိုလည်း ဦးစားပေးဖို့လိုအပ်တယ်လို့ ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။ 


တရားမဝင် စနစ်မကျတ့ဲ (IUU) စနစ်

ဘင်္ဂလားဒေရှ့်ဟာ တရားမဝင် စနစ်မကျတ့ဲ (IUU)ငါးဖမ်းလုပ်ငန်းတွေကြီးစိုးနေပြီး ဒီအပေါ်မှာ အစိုးရအနေနဲ့ ဥပဒေတွေအရထိန်းကျောင်းတာ အားနည်းတယ်လို့ Frontiers သုတေသနအဖွဲ့ရဲ့ စာတမ်းတစ်ခုကဆိုထားပါတယ်။ ဘင်္ဂလားဒေရှ့်ရဲ့ (IUU) ပုံစံငါးဖမ်းမှုတွေဟာ ပင်လယ်ပြင်နဲ့ ရေပြင်တွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးစိတ်တွေကို ထိခိုက်စေနိုင်တယ်လို့ဆိုထားပါတယ်။ အဆိုပါစာတမ်းမှာ ဘင်္ဂလားဒေရှ့်ရဲ့ ငါးဖမ်းပုံအလေ့အထအမျိုးမျိုးနဲ့ ဖမ်းပိုက်စနစ်၊ ဖမ်းယူစနစ်တွေကိုဆန်းစစ်ပြထားပါတယ်။ ဘင်္ဂလားဒေရှ့်အနေနဲ့ ၂၀၂၂ခု နှစ်မှာ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းကရတ့ဲ GDPဟာ ၂.၀၇ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာဘဏ်က ဆိုပါတယ်။ ၂၀၂၃ခု နှစ်မှာ အအေးခန်းပါ ငါးဖမ်းသင်္ဘော ၂၃၁ စီးနဲ့ လက်လုပ်လှေ သုံးသောင်းလောက်ဟာ ပင်လယ်ပြင်လုပ်ကွက်ပေါင်း ၂၀၀ ကျော်မှာ ငါးဖမ်းနေကြတယ်လို့ဆိုပါတယ်။ ဘင်္ဂလားဒေရှ့်ရဲ့ ကမ်းဦးရေတိမ်ဧရိယာ ၁၂ ရာခိုင်နှုန်းလောက်ဟာ ငါးဖမ်းလုပ်ကွက်တွေဖြစ်ပြီး အဲဒီ ဧရိယာတွေမှာ အလွန်အကျွံ ငါးဖမ်းမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေရှ့်ရဲ့ လက်လုပ်လှေတွေရဲ့ ပိုက်စနစ်နဲ့ ဖမ်းယူစနစ်တွေဟာ ရေနေသတ္တဝါတွေရဲ့ သားပေါက္မျိုးစိတ်တွေကို ပျက်စီးစေပြီး ရေပြင်နဲ့ ရေအောက်မျက်နှာပြင်တွေကိုပါ ထိခိုက်စေနိုင်တယ်လို့ ကမ္ဘာဘဏ်က သတိပေးထားပါတယ်။


ကိုးကား

ဘင်္ဂလားဒေရှ့် ပင်လယ်ပြင်နယ်နိမိတ် မြေပုံ

https://seafoodnetworkbd.com/bangladesh-to-form-rapid-response-committee-to-safeguard-maritime-territory


ငါးလုပ်ငန်းစိန်ခေါ်မှု

https://seafoodnetworkbd.com/the-future-of-sustainable-marine-fishing-in-bangladesh-challenges-opportunities

https://www.agrifarming.in/aquaculture-in-bangladesh-production-guide?hl=en-GB#


Global Fish

https://worldfishcenter.org/blog/aquaculture-bangladesh-more-just-load-carp?hl=en-GB#


Frontiers 

https://www.frontiersin.org/journals/marine-science/articles/10.3389/fmars.2023.1150213/full?hl=en-GB


ကမ္ဘာဘဏ် အစီရင်ခံစာ

https://www.worldbank.org/en/news/feature/2024/06/08/charting-a-course-toward-sustainable-marine-fisheries-in-bangladesh?hl=en-GB#

Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း