Hydropolitic ထဲက ဂုမ္မတီ မြစ်ကြောင်းအချိုးအကွေ့
Hydropolitic ထဲက ဂုမ္မတီ မြစ်ကြောင်းအချိုးအကွေ့
တီးစတာမြစ်စီမံကိန်းနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေရှ့်ဘက်က တရုတ်ထံကနေပြီး ချေးငွေရယူမယ်လို့ အသံထွက်လာတာနဲ့ အိန္ဒိယဘက်ကလည်း ထရိပူရပြည်နယ်ထဲက ဂုမ္မတီးမြစ်စီမံကိန်းကို ပြောဆိုလာပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့်တို့ရဲ့ နှစ်နိုင်ငံ သံခင်းတမန်ခင်းကိစ္စရပ်ထဲမှာ Hydropolitic လို့ခေါ်တ့ဲ ရေနိုင်ငံရေးက လည်းအဓိကဇတ်ကောင်တစ်ခုအနေနဲ့ ပါနေတတ်ပါတယ်။
မြစ်ချောင်း နိုင်ငံရေးများရဲ့ အမယ်စုံတွေ
မြစ်ချောင်းနိုင်ငံရေးတွေမှာ ပါဝင်နေ တ့ဲ အချက်တွေအများကြီးရှိပါတယ်။ တီစတာမြစ်စီမံကိန်းရဲ့ ရည်ရွယ်ချက်နဲ့ ဂုမ္မတီမြစ်စီမံကိန်းရဲ့ ရည်ရွယ်ချက်တွေဟာ လားရာခြင်းမတူပါဘူး။ တီစတာမြစ်နဲ့ ပတ်သက်နေ တ့ဲ နိုင်ငံရေးအလွှာဟာ စိုက်ပျိုးရေး၊မွေးမြူရေးအတွက် ရေခွဲဝေသုံးစွဲရေး ပိုင်းမှာ နှစ်နိုင်ငံ မျက်နှာခြင်းဆိုင်ရတာဖြစ်ပြီး ဂုမ္မတီမြစ်စီမံကိန်းကတော့ ကုန်းတွင်းရေကြောင်းသွာလာရေးနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအပိုင်းမှာ နှစ်နိုင်ငံ မျက်နှာခြင်းဆိုင်ရတာပါ။ တီစတာမြစ်စီမံကိန်းနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေရှ့်ဟာ အောက်စည်းကဆိုရင် ဂုမ္မတီးမြစ်စီမံကိန်းမှာတော့ အိန္ဒိယက အောက်စည်းက ဖြစ်ပါလိမ့်မယ်။ တီစတာမြစ်စီမံကိန်းနဲ့ ပတ်သက်လို့ ဆွေးနွေးမှုကို လုပ်လိုသူဟာ ဘင်္ဂလားဒေရှ့်ဖြစ်ပြီး ဆွေးနွေးမှုကို ရှောင်ဖယ်နေတာက အိန္ဒိယပါ။ ဂုမ္မတီမြစ်စီမံကိန်းမှာတော့ အခြေအနေက တီစတာမြစ်စီမံကိန်းနဲ့ ပြောင်းပြန်ပါ။
ထရိပူရမှသည် ကလ္လာကတ္တား ဆီသို့
ဘင်္ဂလားနဲ့ အိန္ဒိယကြားမှာ နှစ်နိုင်ငံကို ဖြတ် သန်းသွားတ့ဲမြစ်ကြောင်းပေါင်းဟာ ၅၄ ခုလောက်ရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယရဲ့ အရှေ့မြောက်ပြည်နယ်များရဲ့ စီးပွားရေးမှာ သွားလမ်းသာလို့ လာလမ်းဖြောင့်ဖို့အတွက်က ဘင်္ဂလားဒေရှ့်ထဲက ကုန်းလမ်း၊ ရေလမ်းနဲ့ ဆိပ်ကမ်းတွေဟာ အရေးပါပါတယ်။ ဒါတင်မကပါဘူး။ ဘင်္ဂလားဒေရှ့်ရဲ့ ပထဝီဝင်အရှိတရားဟာ အိန္ဒိယရဲ့ အရှေ့မြောက်ပြည်နယ်တွေရဲ့ တည်ငြိမ်မှုအတွက်လည်း အရေးပါနေတာပါ။
ထရိပူရ၏ နွားစားကျက္မြစ် သို့မဟုတ် ဂုမ္မတီနဒီ
ဂုမ္မတီ ဆိုတာဟာ နွားစားကျက်နေရာလို့ အဓိပ္ပါယ္ရပါတယ္။ ရှေးခေတ်ကာလ ဘိုးဘေးထရိပူရသားများဟာ မြစ်ကမ်းတလျှောက် နွားတွေမွေးပြီး လွတ္ကျောင္းတတ်တ့ဲအတွက် အဲလိုအမည်သမုတ်တာလို့လည်း ပါးစပ်ရာဇဝင်ရှိပါတယ်။ ဂုမ္မတီးမြစ်ရဲ့အရှည်ဟာ ခြောက်သွေ့ရာသီမှာ ၁၅၂ မိုင်ရှည်ပြီး စိုစွတ်ရာသီမှာတော့ ၂၁၀မိုင်လောက် ရေစီးကြောင်းရှိနိုင်တယ်လို့ မြစ်ချောင်းဆိုင်ရာသုတေသနစာတမ်းတွေက ခန်းမှန်းပါတယ်။ နှစ်ပိုင်းခွဲရင်တော့ အိန္ဒိယထဲမှာ ၁၀၄ မိုင်လောက် စီးဆင်းပြီး ဘင်္ဂလားဒေရှ့်ထဲမှာတော့ ခန့်မှန်းခြေ ၄၈ မိုင်ကနေ ၈၄ မိုင်လောက်ထိ စီးဆင်းနိုင်မယ်လို့ဆိုပါတယ်။ မြစ်အောက်ပိုင်း မြစ်ဝကျွမ်းပေါ်နေရာတွေမှာ မြစ်ကြောင်းတွေ ပေါင်းဆုံပြီး ပြန်ကွဲသွားတတ်တာနဲ့ မြစ်ကျိုးတာတွေရှိတတ်တော့ ဘင်္ဂလားဒေရှ့်ထဲမှာက မြစ်ရဲ့ စီးဆင်းမှုအရှည်ဟာ အပြောင်းအလဲရှိနေပါတယ်။ အချို့သုတေသနစာတမ်းတွေက ဂုမ္မတီးမြစ် ဘင်္ဂလားဒေရှ့်ထဲမှာ စီးဆင္းသွားတ့ဲအရှည္ဟာ ၅၉မိုင်လောက်ရှိတယ်လို့လည်း ဆိုကြပါတယ်။
လက်ရှိ ဂုမ္မတီမြစ်ရဲ့ နိုင်ငံရေး
ဩဂုတ်လ ၂၃ ရက်နေ့က ထရိပူရပြည်နယ်နဲ့ ဆိုင္တ့ဲ သတင်းတစ်ပုဒ်မှာ ဂုမ္မတီမြစ်ကို တူးပြီးချဲ့နေ တ့ဲကိစ္စနဲ့ ပတ်သက်လို့ ထရိပူပြည်နယ်ဘက်က အဆင့်မြင့်အရာရှိတွေနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်က အဆင့်မြင့်အရာရှိတွေဟာ ကှင်းဆင်းခဲ့ကွတယ်လို့ဆိုပါတယ်။ အိန္ဒိယဘက်က အဆိုအရ ဒါဟာ မြစ်ကြောင်း ၃.၇၃ မိုင်လောက်ကို တူးပြီးဖြစ်တယ်လို့ဆိုပါတယ်။ နှစ္နိုင္ငံသဘောတူထားတ့ဲ ၃၃.၅၅ မိုင်ထဲက ၂၉.၈၃ မိုင်ကို ဆက်တူးဖို့ကိစ္စက ရပ်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။ ဂုမ္မတီမြစ်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေရှ့်ဘက်က စိုးရိမ်တာက မြစ်ကြောင်းကို တူးတ့ဲအခါ ထွက်လာမယ့် အနယ်အနှစ်တွေကို ထားဖို့ကိစ္စပါ။ နှစ်စဉ်မိုးရာသီတိုင်း ရေကြီးပြီး နှုန်းတင်လို့ လယ်မြေတွေကို ထိခိုက်နေ တ့ဲ ပြဿနာက ရှိနေပါတယ်။ ဘင်္ဂလားဒေရှ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ဂုမ္မတီမြစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက္မှုတွေကို စိုးရိမ်နေတာပါ။အိန္ဒိယဘက်ကတော့ ဂုမ္မတီမြစ်စီမံကိန်းကို မြန်မြန်ဆက်သွားချင်နေပါတယ်။ ဒီနှစ်ထဲမှာ ဂုမ္မတီမြစ်အတွက် ရူပီးငွေ ၁၉.၅၀ သိန်းလျာထားပေမယ့် ဘတ်ဂျက်နှစ်အဆုံးသတ်ချိန်ထိ အဲဒီငွေကို ထိထိရောက်ရောက်အသုံးမချရသေးဘူးလို့ ထရိပူရပြည်နယ်ဘက်က ဆိုပါတယ်။ လက်ရှိမှာတော့ အိန္ဒိယဘက်က မြစ်ကြောင်းကိုဆက်တူးနေရာမှာ ဘင်္ဂလားဒေရှ့်နယ်စပ်နားအထိ ရောက်လာပါပြီ။ စီမံကိန်းရှေ့ဆက်ဖို့အတွက် နည်းလမ်းရှာသွားမယ်လို့ အိန္ဒိယဘက်က ဆိုပါတယ်။
ဂုမ္မတီမြစ်စီမံကိန်း အကျိုးအမြတ်
တကယ်လို့ ဂုမ္မတီမြစ်စီမံကိန်း အကောင္အထည္ဖော္ခ့ဲရင္တော့ ထရိပူရပြည်နယ်ဟာ ပင်လယ်ထွက်ပေါက်ကိုရလာမှာပါ။ ထရိပူရ ကနေပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ ဒူတ်ကန်တီကတဆင့် ကလ္လာကတ္တားအထိ ရေကြောင်းလမ်းပွင့်သွားမှာပါ။ ပြီးရင် ကုန်စည်ပို့ဆောင်ရေးကုန်ကျစရိတ်တွေ တော်တော်များများသက်သာသွားမှာပါ။ ထရိပူရပြည်နယ်အတွက်တော့ ကုန်းတွင်းရေကြောင်းပို့ဆောင်ရေးမှာ အခရာကျလာနိုင်ပါတယ်။ ဂုမ္မတီမြစ်ထဲ ကုန်တင်သင်္ဘောတွေ ဝင္ထွက္သွားလာနိုင္တ့ဲအထိ မြစ်ကြမ်းပြင်ကို တူးမယ့်ကိစ္စဟာ အိန္ဒိယအတွက် အရေးပါပါတယ်။ မြစ်ရဲ့ ကမ်းနှစ်ဘက္မှာ အခြေခံအဆောက်အအုံတွေ တိုးတက္မှုက နှစ်နိုင်ငံလုံးအတွက်ရော တောင်အာရှအတွက်ပါ အကျိုးအမြတ်ရှိနေမှာပါ။ တီးစတာမြစ်မှာတော့ မြစ်ကိုတူးချင်နေသူဟာ ဘင်္ဂလားဒေရှ့်ဖြစ်ပြီး ဂုမ္မတီးမြစ်မှာတော့ တူးချင်သူက အိန္ဒိယဖြစ်နေပါတယ်။ နိုင်ငံရေးအရ အကွင်းအကွက်ကိုကြည့်ရင် ဂုမ္မတီမြစ်ဟာ တီစတာမြစ်လောက်လည်းနတ်မကြီးသလို ကုလားတန်လောက်လည်း အိမ်နီးချင်းမတည်မငြိမ်ဖြစ်တာမရှိပါဘူး။ နိုင်ငံရေးအရ အိမ်နီးချင်းမတည်ငြိမ်မှုကြောင့် ဘေးထွက်သက်ရောက္မှုတွေရှိနေ တ့ဲ ကုလားတန်စီမံကိန်းမျိုးလိုမျိုး စီမံကိန်းတွေအပေါ် အမှီအခိုပြုရမှုမျိုးက ဂုမ္မတီမြစ်မှာ သိပ်မရှိပါဘူး။ ဂုမ္မတီမြစ်ဟာ မက္ကနာ (Meghna River) ထဲ စီးဝင်ပါတယ်။ မက္ကနာမြစ်က ပဒုမ္မာမြစ် (Padma River)ထဲ စီးဝင်ပါတယ်။ ပဒုမ္မာမြစ်ဟာ ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ်ထဲကို စီးဝင်ပါတယ်။ ဒါကြောင့် ဂုမ္မတီဟာ ဂင်္ဂါရဲ့ သားမြေးမြစ်တော်စပ်ပါတယ်။
၂၀၂၀ ခုနှစ် အင်ဒို ဘင်္ဂလားလမ်းကြောင်းပရိုတိုကော
၁၉၇၂ ခုနှစ်လောက်က အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့်ကြားမှာ ကုန်းတွင်းရေကြောင်း ကူးသန်းသွားလာရေးနဲ့ ကုန်သွယ်ရေး ပရိုတိုကော (PIWTT-Protocol on Inland Water Transit and Trade ) ကိုလက္မှတ်ထိုးခ့ဲပါတယ္။ အဲဒီ ပရိုတိုကောမူဘောင်နဲ့ ဆက္စပ္တ့ဲ အင်ဒို ဘင်္ဂလားလမ်းကြောင်း ပရိုတိုကော (IBP Indo-Bangladesh Protocol Route ) ကို ၂၀၂၀ ခုနှစ္လောက္မှာလက္မှတ္ထိုးခ့ဲကြပါတယ္။ ၂၀၂၀ ခုနှစ်က ဟာဇီနာလက်ထက်တုန်းပါပဲ။ လက်ရှိဘင်္ဂလားဒေရှ့် နိုင်ငံရေးအခြေအနေက ဟာဇီနာနဲ့ အဝါမီလိဂ်ကို ဖယ္ထုတ်ထားတ့ဲအနအေထားဖြစ်တော့ ဂုမ္မတီမြစ်စီမံကိန်းကိစ္စမှာလည်း ဟာဇီနာပုံရိပ်ထွက်လာမှာကို လိုလားပုံမရပါဘူး။ ဒီအခြေအနေဟာလည်း ဂုမ္မတီမြစ်စီမံကိန်းအပေါ် အဟန့်တစ်ခုဖြစ်စေမှာပါ။
၂၀၂၀ IBP ပရိုတိုကောမှာ ပါတ့ဲအချက်တွေထဲမှာ ဂုမ္မတီမြစ်နဲ့ပတ်သက်လို့ အရေးကြီးတ့ဲ အပိုင်းနှစ်ခုထပ်ထည့်ထားတယ်လို့ ဆိုပါတယ်။ အိန္ဒိယဘက်က ဆိုနာမုရ - ဒူတ်ကန်ဒီ အထိ ဂုမ္မမြစ်ကို တူးမှာ ချဲ့ယူမှာဖြစ်ပြီး ဘင်္ဂလားဘက်က ရာရှဟိ- ဒူလီယန် (Rajshahi-Dhulian) အပိုင်းကို အရိချာ (Aricha) ထိ ချဲ့ယူမှာဖြစ်ပါတယ်။
မြစ်ကြောင်းခရီးလမ်းတစ်လျှောက်က ဆိပ်ကမ်းသစ်တွေ
မြစ်ကြောင်းတစ်လျှောက် အိန္ဒိယဘက်က ဒူလီယံ(Dhulian)၊ မိုင်းအီယား (Maia)၊ ကိုလာဂတ်( Kolaghat)၊ ဆိုနာမူရာ (Sonamura) နဲ့ ဂျိုဂျီဂိုဖာ (Jogigopha) တို့မှာ ဆိပ်ကမ်းသစ်တွေထပ်တည်မှာပါ။ ဒီအထဲမှာမှ ဂျိုဂျီဂိုဖာဟာ အာသံ၊ မက္ကလာယာနဲ့ ဘူတန်အထိ ခရီးလမ်းက ဆန့်ပါအုံးမယ်။ ဘင်္ဂလားဒေရှ့်ဘက်က ရာရှဟီ ( Rajshahi)၊ ဆူလတန်ဂန်ဂျ် (Sultanganj)၊ ချဲလ်မာရီ (Chilmari)၊ ဒူတ်ကန်တီ (Daudkandi) နဲ့ ဘာဟာဒူရာဘတ်( Bahadurabad) တွေမှာ ဆိပ်ကမ်းသစ်တွေတည်မှာပါ။ ဂိုရာဆလ် (Ghorasal)၊ မုက်တာပူရ် ( Muktarpur ) တို့ကတော့ ဘင်္ဂလားဒေရှ့်ဘက်က ထပ္တိုးလာတ့ဲ ဆိပ်ကမ်းသစ်တွေပဲဖြစ်ပါတယ်။ အိန္ဒိယဘက်က ဆိုနာမူရာ- ဒူတ်ကန်တီ အပိုင်းမှာတော့ ၂၀၂၀ ကတည်းက ကုန်တင်သင်္ဘောတွေ ကိုနေရာချထားပြီးပါပြီ။ ဘင်္ဂလားဒေရှ့်ဘက်က ချဲလ်မာရီ နဲ့ အိန္ဒိယဘက်က ဒူဘရီ( Dhubri) ကြားမှာတော့ စက်တပ်ယဉ်တွေ ပြေးဆွဲဖို့အထိ သဘောတူထားပါတယ်။
လက်ရှိအချိန်မှာတော့ ဟာဇီနာကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေရှ့်နဲ့ အိန္ဒိယကြားမှာ အဖုအထစ်တွေရှိနေပါတယ်။ တီစတာမြစ်ကိစ္စမှာ ဘင်္ဂလားဒေရှ့်ဘက်က အောက်စည်းနဲ့ နေရရင် ဂုမ္မတီမြစ်မှာတော့ အထက်စည်းနဲ့ ဖြစ်နေမှာပါ။ လောလောဆယ်မှာတော့ နှစ်နိူင်ငံဟာ မြစ်ချောင်းနိုင်ငံရေးနဲ့ အပြန်အလှန်ခွေနေကြပေမယ့် ဂုမ္မတီကပေးတ့ဲ အကျိုးအမြတ်ကိုတော့ အထိအခိုက်ခံကြမှာမဟုတ်ပါဘူး။
Comments
Post a Comment