IIMM
IIMM ရဲ့ ဂျီနီဗာသတင်းစာရှင်းလင်းပွဲမှ ရခိုင်နှင့်သက်ဆိုင်သော အချက္အချို့
အခြားလူမျိုးစုအသိုင်းအဝန်းများ အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကိုလည်း စုံစမ်းစစ်ဆေးနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တယား IIMM အစီရင်ခံစာတွင် ဖော်ပြထား
မြန်မာနိုင်ငံတွင်ရှိသော လက်နက်ကိုင်အဖွဲ့တိုင်းရဲ့ နိုင္ငံတကာအဆင့္ပြင်းထန်ရာဇဝတ္ မှုကျူးလွန္ထားတ့ဲ လုပ်ရပ်တွေကို ပြီးခ့ဲတ့ဲနှစ္ တစ်လျှောက်လုံး စုံစမ်းစစ်ဆေးနေတယ်လို့ IIMM ရဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့စွဲဖြင့် ကုလလူအခွင့်အရေးကောင်စီကို တင်သွင်းတ့ဲ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒီနေ့ ဩဂုတ်လ ၁၂ရက်နေ့ ဂျီနီဗာမှာ ကျင်းပတ့ဲ သတင်းစာရှင်းလင်းပွဲမှာ အဆိုပါအစီရင်ခံစာအကြောင်းကိုလည်း IIMM က ထည့်သွင်းပြောကြားခ့ဲပါတယ်။
အစီရင်ခံစာထဲက ရခိုင်နဲ့ ဆိုင်တ့ဲအချက်တွေက ဘာတွေပါလဲ။
IIMM အနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ နှစ်ခုကို ဖွဲ့ထားပါတယ်။ တဖွဲ့ကတော့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တ့ဲ ရာဇဝတ်မှုတွေကိုစုံစမ်းနေပြီး ကျန်တဖွဲ့ကတော့ အခြားလူမျိုးစုတွေအပေါ်မှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းနေတာပါ။
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတ့ဲ လက်နက်ကိုင် ပဋိပက္ခများထဲမှာ အရပ်သားတွေကို ပစ္မှတ်ထားတိုက်ခိုက်တ့ဲ ရာဇဝတ်မှုတွေဟာ ဆက်ရှိနေပါတယ်။ ချင်း၊ ကချင်၊ ကယား၊ရခိုင်၊ ရှမ်း၊ မကွေးနဲ့ စစ်ကိုင်းတို့မှာ ဖြစ်ပွားခ့ဲတ့ဲ ရာဇဝတ်မှုအထောက်အထားတွေကို စစ်ဆေးမှုတွေ ပြုလုပ်ထားတယ်လို့ IIMM ကဆိုပါတယ်။ ဖြစ်ပြီးခ့ဲတ့ဲရာဇဝတ်မှုတွေရော အသစ်ဖြစ်နေ တ့ဲ ရာဇဝတ်မှုအားလုံးကိုပါ စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်။
IIMM ဘက်က စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အစီရင်ခံစာထဲမှာ ထုတ်ဖော်ထားပါတယ်။ စုံစမ်းစစ်ဆေးနေ တ့ဲကိစ္စရပ်တွေထဲမှာ
(က)- အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို မခွဲခြားဘဲ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက္မှု
(ခ)- အရပ်သားတွေကို သတ်ဖြတ်မှု၊ စစ်ပွဲအတွင်း ဖမ်းဆီးထားတ့ဲ တိုက်ခိုက်ရေးတပ်သားတွေကို သတ်ဖြတ်မှု
(ဂ)- လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု
တွေပါဝင္ပါတယ်။
အရပ်သားတွေကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးရမိတ့ဲ တဖက်တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှုတွေဟာ ပိုပြီးများပြားလာနေတယ်လို့ IIMM ကဆိုပါတယ်။အဆိုပါကျူးလွန်မှုတွေနဲ့ပတ်သက်လို့ စစ်တပ်အပါအဝင် အခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရာဇဝတ်မှု အထောက်အထားတွေကို IIMM ကလက်ခံရရှိခ့ဲပါတယ်။
ရာဇဝတ်မှုတွေကို ကျူးလွန္ခံရတ့ဲ ထိခိုက်နစ်နာသူများဟာ သက်ဆိုင်ရာ အင်အားစုတွေကို ကြောက်လန့်မှုတွေရှိနေပြီး IIMM အနေနဲ့ အခက်အခဲတွေကြားထဲက ခိုင္မာတ့ဲအထောက္အထားတွေကို ရရှိအောင် ဆောင္ရွက်နိုင်ခ့ဲတယ်လို့ဆိုပါတယ်။ စစ်တပ်ထဲမှာတင်မက ပြည်သူ့ကာကွယ်ရေးတပ် (PDF)နဲ့ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာပါ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာတွေရှိနေကြောင်း IIMMကပြောပါတယ်။
လက်ရှိ ရခိုင်ပြည်အခြေအနေနဲ့ ပတ်သက်လို့ ၂၀၂၄ခု နှစ်အစောပိုင်းကပင် IIMM ဟာ ဆန့်ကျင့်ဘက် လက်နက်ကိုင်အုပ်စုတွေကြားမှာ အရပ်သားတွေရဲ့ ထိခိုက္နစ္နာခ့ဲရတာတွေကို စတင္စုံစမ်းခ့ဲပါတယ်။ ရခိုင်၊ ရိုဟင်ဂျာနဲ့ အခြားလူမှုအသိုင်းအဝန်းတွေအပေါ်မှာ ကျူးလွန်တ့ဲ ရာဇဝတ်မှု အထောက်အထားတွေကို IIMMဘက်က ရရှိထားပါတယ်။ ရခိုင်ပြည်အနေအထားနဲ့ ပတ်သက်လို့ IIMM က စုံစမ္းစစ်ဆေးတ့ဲ အချက်တွေထဲမှာ
(က)- အရပ်သားတွေကို ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ရပ်ရွာမှ အတင်းအကြပ်နေရာရွေ့ပြောင်းခိုင်းခြင်း
(ခ)- အရပ်သားတွေကို ခွဲခြားမှုမရှိဘဲ သတ်ဖြတ်ခြင်း၊ အမျိုးသမီး၊ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုများကို သတ်ဖြတ်ခြင်း
(ဂ)- အရပ်သားပြည်သူများ ဝင်ထွက်သွားလာမှုကို ကန့်သတ်ပိတ်ဆို့ခြင်း၊ လူသားချင်းစာနာမှုအကူအညီများကို ပိတ်ပင်ခြင်း၊ စစ်တွေဧရိယာတွင် အခြေခံလိုအပ်ချက်များ ထောက်ပံမှုကိုကန့်သတ်ခြင်း၊
(ဃ)- အေအေထိန်းချုပ်ထားသော နေရာများရှိ အရပ်သားနှင့် အရပ်သားအဆောက်အအုံများကို ခွဲခြားမှုမရှိဘဲ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခြင်း၊ ရခိုင်လူမှုအသိုင်းအဝန်းထံ လူသားချင်းစာနာမှုအကူအညီများ မရောက်အောင်ပိတ်ပင်ထားခြင်း
စတ့ဲ အချက်တွေပါပါတယ်။ အဲဒီအချက်တွေနဲ့ပတ်သက်ပြီး ခိုင္မာတ့ဲ အထောက်အထားတွေ IIMM မှာရရှိထားတယ်လို့ ဆိုပါတယ်။ ဒါအပြင်အေအေတပ်ဖွဲ့ဝင်အချို့ ကျူးလွန်ထားတ့ဲ ရာဇဝတ်မှုတွေကိုလည်း စုံစမ်းဖို့ အစပြုနေပြီဖြစ်တယ်လို့ IIMM ရဲ့ ကုလလုံခြုံရေးကောင်စီကို တင္သွင်းတ့ဲ အစီရင်ခံစာ အပိုဒ် (၂၂)မှာ ဆိုထားပါတယ်။
ကိုးကား
https://www.unognewsroom.org/story/en/2760/independent-investigative-mechanism-for-myanmar-press-conference-launch-of-annual-report-12-august-2025
Comments
Post a Comment