ဝင်္ဂချိုင့်ဝှမ်းထဲက Teesta River
တီးစတာ (Teesta River)မြစ်ကမ်းစီမံကိန်းအတွက် တရုတ်က ဘင်္ဂလားဒေရှ့်ကို ငွေချေးမှာလား
ဘင်္ဂလားဒေရှ့်က မြစ်ကမ်းစီမံကိန်းအတွက် တရုတ်ထံမှ ဒေါ်လာသန်းငါးရာကျော်ကို မျှော်လင့်နေဆဲဟုဆို
အိန္ဒိယနဲ့ ရေခွဲဝေသုံးစွဲမှုအပိုင်းမှာ ဆယ်စုနှစ်နဲ့ချီပြီး အငြင်းပွားနေတဲ့ တီးစတာမြစ်ကမ်းပေါ်မှာ ဘက်စုံစီမံကိန်းတစ်ခုကို ဘင်္ဂလားဒေရှ့်ဘက်က စတင္ချင်တ့ဲ အရိပ်အယောင်မျိုး အသံထွက်လာပါတယ်။ ဒါဟာ ဘင်္ဂလားဒေရှ့်ကြားဖြတ်အစိုးရက အိန္ဒိယကို အဝါမီလိဂ်ပါတီကိစ္စနဲ့ပတ်သက်ပြီးတောင်းဆိုချက်တစ်ချို့ ရှိခ့ဲပြီးနောက္ပိုင္းမှာ အခုလိုအသံထွက်လာတာပါ။ ဩဂုတ်လ ၂၁ ရက်မှာ ဘင်္ဂလားဒေရှ့်ရဲ့ စစ်တပ်ဦးစီးချုပ်ဟာ တရုတ်ကို တရားဝင်အလည်အပတ်သွားမယ့် ခရီးစဉ်လည်းရှိနေပါတယ်။
မဆုံးသေးတ့ဲပုံပြင်ဟောင်း
တီးစတာမြစ်နဲ့ပတ်သက်လို့ အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြားမှာ ခိုင္မာတ့ဲအ ဖြေကို အခုထိမရသေးပါဘူး။ အလားတူ တီးစတာမြစ်ကမ်းစီမံကိန်းဟာလည်း အကောင်အထည်က အခုထိပေါ်မလာသေးပါဘူး။ ဗြဟ္မာပုတ္တရမြစ်ရဲ့ အောက်ပိုင်းက ယမုံနာမြစ်ရဲ့လက္တက္တခုဖြစ်တ့ဲ တီးစတာမြစ်ဟာ အိန္ဒိယရဲ့ ဟိမဝန္တာအရှေ့ဘက်မှာ မြစ်ဖြားခံပါတယ်။ တီးစတာမြစ်စီးဆင်းရာတလျှောက်ဟာ အိန္ဒိယထဲမှာ ၁၉၀ မိုင်ရှိပြီး ဘင်္ဂလားဒေရှ်ထဲမှာ ၆၈ မိုင်ရှိတယ်လို့ ဆိုပါတယ်။ တီးစတာမြစ်ဟာ ယမုံနာမြစ်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံထဲမှာ လာဆုံပါတယ်။ အိန္ဒိယထဲမှာ ဆစ်ဆင်းနဲ့ အနောက်ဘင်္ဂလားပြည်နယ်တွေကို ဖြတ်သန်းသွားပြီး ဘင်္ဂလားဒေရှ့်ထဲမှာ စီရင်စုခရိုင်လေးခုကို ထပ်မံဖြတ်သန်းစီးဆင်းသွားပါတယ်။
ဝင်္ဂတိုင်းသားတွေကြားက အငြင်းပွားမှု
အိန္ဒိယရဲ့ အနောက်ဘင်္ဂလားပြည်နယ်အတွက်ရော၊ ဘင်္ဂလားဒေရှ့်နိုင်ငံတွေထဲ နေရာဒေသအချို့အတွက်ပါ ခြောက်သွေ့ရာသီမှာ တီးစတာမြစ်ဟာ အရေးပါနေပါတယ်။ တီးစတာမြစ်ရဲ့ ရေဆင်းပမာဏဟာ မိုးရာသီကာလတွေမှာ အမြင့်ဆုံး တစ်စက္ကန့်ကို ခန့်မှန်း ကုဗပ ၂၈၀၀၀၀ လောက်စီးပြီး ခြောက်သွေ့ရာသီတွေမှာ တစ်စက္ကန့်ကို ခန့်မှန်းကုဗပ ၁၀၀၀ လောက်စီးတယ်လို့ဆိုပါတယ်။ ၁၉၈၃ ခုနှစ်မှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့်ကြားမှာ ရေခွဲဝေသုံးစွဲရေးဆိုင်ရာ ယာယီသဘောတူညီချက်တစ်ခုရှိခ့ဲပါတယ္။ အိန္ဒိယဘက်က ၃၉% ကိုသုံးစွဲမှာဖြစ်ပြီး ဘင်္ဂလားဒေရှ့်ဘက် ၃၆% ကိုသုံးစွဲခွင့်ရပါတယ်။ နောက်ပိုင်း ၂၀၁၁ ခုနှစ်မှာတော့ ဘင်္ဂလားဒေရှ့်က ခြောက်သွေ့ရာသီတွေမှာ ၃၇.၅% လောက်ကိုသုံးစွဲခွင့်ရဖို့အတွက် ဆွေးနွေးလာတ့ဲအခါမှာ အဲဒါဟာ မူကြမ်းတစ်ခုအနေနဲ့ပဲ ရှိနေပါသေးတယ်။
အိန္ဒိယဘက်က တီးစတာမြစ်စီးဆင်းတ့ဲ နေရာတွေဟာ သူတို့အတွက် လျှပ်စစ်၊ စိုက်ပျိုးရေးမွေးမြူရေး၊ဆည်မြောင်းစနစ်နဲ့ သုံးရေသောက်ရေအဖြစ်မှီခိုနေရပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ကလည်း ထိုနည်းလည်းကောင်းပါပဲ။ အိန္ဒိယဘက်က တီစတာမြစ်ပေါ်မှာ ဆည်ပေါင်းဒါဇင်နဲ့ချီပြီးဆောက်ထားပါတယ်။ ခြောက်သွေ့ရာသီမှာ ရေလုံးအင်အား စီးဆင်းမှုနည်းလာတ့ဲအခါ ဘင်္ဂလားဒေရှ့်အတွက် စိုက်ပျိုးရေးထုတ်လုပ်မှုကို ထိခိုက္မှုရှိလာပါတယ်။ နိုင်ငံတကာ စားနပ်ရိက္ခာမူဝါဒရေးရာ သုတေသန အင်စတီကျူ ( theInternational Food Policy Research Institute(IFPRI)) ရဲ့အဆိုအရ ဘင်္ဂလားဒေရှ့်ဟာ ရေမလုံလောက္မှုကြောင့် နှစ်စဉ် စပါး တန်ချိန် (၁.၅)သန်း လောက်ဟာ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။ အိန္ဒိယဘက်အခြမ်းက အနောက်ဘင်္ဂလားပြည်နယ်အတွက် တီးစတာမြစ်ဟာ နိုင်ငံရေးအရ အကဲဆတ်ပါတယ်။ တကယ်လို့ တီးစတာမြစ်ရေကို လျော့သုံးမယ်လို့ဆိုလာရင် ဒါဟာ နိုင်ငံရေးအရ ကျဆုံးမယ့်လမ်းကို ရွေးသလိုဖြစ်နေပါလိမ့်မယ်။
ဘင်္ဂလားဒေရှ့်ရဲ့ တီးစတာမြစ်ကမ်းစီမံကိန်း
ဘင်္ဂလားဒေရှ့်ဘက်ကတော့ တီးစတာမြစ်ရေခွဲဝေမှုနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေရပ်တန့်နေရခြင်းဟာအိန္ဒိယဘက်က ရှောင်ဖယ်နေလို့ဖြစ်တယ်လို့ ဆိုပါတယ်။ တီးစတာမြစ်ကို မြစ်ကြမ်းပြင်ပြန်တူးဖို့နဲ့ ဆည်တွေဆောက်ဖို့ကို ဘင်္ဂလားဒေရှ့်ဘက်က ပြန်လည်စတင်လာမယ့် အရိပ်အယောင်တွေကို ဖော်ပြလာပါတယ်။ မြစ်ကြမ်းပြင်ကိုတူးကာ ထွက်လာမယ့်မြေသားတွေကို မြစ်ကမ်းဘေးမှာ မြေဖို့ပြီး အဲဒီဖို့မြေတွေပေါ်မှာ လယ်ယာမြေ၊ အိမ်ယာမြေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ဆောက်လုပ်ဖို့ကို ဘင်္ဂလားဒေရှ့်က ရည်ရွယ်နေတာပါ။ ဒီစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၇၄၇.၂၅ သန်းလောက်လိုပါတယ်။ အဲဒီထဲက အမေရိကန် ဒေါ်လာ ၅၅၀ သန်းကို တရုတ်ဘက်က ချေးငှားဖို့ ဘင်္ဂလားဒေရှ့်က လိုလားနေတာပါ။ ဘင်္ဂလားဒေရှ့်ရဲ့ အစီအစဉ်က တီးစတာမြစ်ကို နက်စေပြီး မြစ်ကြောင်းကို ဖြောင့်သလို ဖြစ်နေမှာပါ။
တရုတ်ဘက်က တီးစတာစီမံကိန်းကို စိတ်ဝင်စားသလား
ကုန္ခ့ဲတ့ဲ ဆယ်စုနှစ်တစ်ခုနီးပါးအကြာ ၂၀၁၆ ခုနှစ်က တီးစတာမြစ်စီမံကိန်းနဲ့ပတ်သက်လို့ တရုတ်နဲ့ ဘင်္ဂလားဒေရှ့်ကြားမှာ နားလည်မှုစာချွန်လွှာတွေ လက္မှတ်ထိုးခ့ဲပါတယ္။ ဒါပေမယ့် ဘာမှ အကောင်အထည်ပေါ်မလာပုံကိုကြည့်ရင် တရုတ်ဟာ တီးစတာမြစ်စီမံကိန်းကို စစ်တကောင်းဆိပ်ကမ်းလောက် လှိုက်လှိုက်လှဲလှဲ မရှိဘူးဆိုတာ တွေ့ရမှာပါ။ ဒါပေမယ့် လက်ရှိ ၂၀၂၅ ခုနှစ်အခြေအနေမှာတော့ ထူးခြားမှုရှိနိုင်မလားဆိုတာကတော့ ပုံသေပြောဖို့ခက်ပါတယ်။
ဝင်္ဂချိုင့်ဝှမ်း (Bangal Basin)ထဲက ပါဝါအရှိန်အဟုန်တွေ
လက်ရှိ ဘင်္ဂလားဒေရှ့်ကြားဖြတ်အစိုးရနဲ့ အိန္ဒိယအစိုးရကြားမှာ ဟာဇီနာနဲ့ သူမရဲ့အဝါမီလိဂ်ပါတီကိစ္စနဲ့ ပတ်သက်ပြီး ဆက်ဆံရေးအဆင်မပြေပါဘူး။ တရုတ်နဲ့ အိန္ဒိယကြားမှာလည်း ဒေသတွင်းပြိုင်ဘက်တွေဖြစ်တော့ အဆင်မပြေပါဘူး။ ဒီကြားထဲ ဩဂုတ်လ ၁၉ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက နယူဒေလီကိုလာသွားပြီး မိုဒီနဲ့ တွေ့ဆုံခ့ဲပါတယ္။ တရုတ်ဖက်က တီးစတာမြစ်ကမ်းစီမံကိန်းအတွက် ဒေါ်လာသန်းတထောင် ရင်းနှီးမြုပ်နှံဖို့လျာထားသလိုလိုလည်း လေဖမ်းဒန်းစီးပြထားပါတယ်။ တဖက္မှာတော့ ဒါဟာ ဝင်္ဂချိုင့်ဝှမ်းထဲ တရုတ်ရဲ့ ဩဇာဖြန့်ကျက်လာနိုင်မှုအဖြစ် အိန္ဒိယကလည်းမြင်နေမှာပါ။ တီးစတာမြစ်စီမံကိန်းနဲ့ပတ်သက်လို့ တရုတ်ဘက်က ဘင်္ဂလားဒေရှ့်ကို ဘာမှရေရေရာရာ ပြောထားတာလည်းမရှိသေးပါဘူး။ ဇူလှိုင်လက အမေရိကန်နဲ့ ကျားမိုးကြိုး (TL-2025)ပူးတွဲစစ်ရေးလေ့ကျင့်ထားတ့ဲ ဘင်္ဂလားဒေရှ့်ရဲ့စစ်တပ်အကြီးအကဲဟာ ဒီဩဂုတ်လ မကုန်ခင်မှာဘဲ တရုတ်ကိုခရီးထွက်ပါတော့မယ်။ လောလောဆယ်မှာတော့ ဘင်္ဂလားဒေရှ့်ထဲက တီးစတာမြစ်ကမ်းနှစ်ဖက်ရဲ့ တာတမံတွေဟာ ဟောင်းနွမ်းယိုယွင်းနေပါပြီ။ နှစ်စဉ်လည်းရေကြီးမှုဒဏ်ကိုခံနေရပါတယ်။ ဒေသတွင်းပါဝါကစားပွဲ ဇတ်ခုံထဲမှာ တီးစတာမြစ်ကမ်းနှစ်ဘက်ဟာ အကျိုးအမြတ်ကိုယူနိုင်မှာလား၊ အရှုံးပေါ်မှာလား၊ ဒါမှမဟုတ်အရင်လိုပဲ မဆုံးနိုင္တ့ဲပုံပြင်ဟောင္း ဖြစ်နေမလားဆိုတာကတော့ ဘင်္ဂလားဒေရှ့်ရဲ့ သံတမန်ရေးစွမ်းရည်ကပဲ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။
ကိုးကား
https://en.m.wikipedia.org/wiki/Teesta_Water_Dispute
https://www.tbsnews.net/bangladesh/govt-now-awaits-550m-chinese-loan-revive-decade-old-teesta-project-1216896
Comments
Post a Comment