မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၂
မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၂
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက္မှတ်စု
B.6. Enhance System-wide Capacity to Address the Land-Conflict Nexus
ခ.၆။ မြေယာနှင့်ပဋိပက္ခကြားဆက်စပ်မှုများကို ကိုင်တွယ်နိုင်သော ယန္တယားများ၏ စွမ်းဆောင်ရည်ကို တိုးတက္မှုရှိစေခြင်း
ကုလသမဂ္ဂယန္တယားစနစ်အတွင်းတွင်ပင် နိုင်ငံရေးနယ်ပါယ်ထဲမှလည်းကောင်း၊ နည်းပညာနယ်ပါယ်ထဲမှလည်းကောင်း မြေနှင့် ပဋိပက္ခကိစ္စရပ်များကို ကိုင်တွယ်ရန် စွမ်းဆောင်ရည်မှာကွာဟချက္များရှိနေပါသည်။ မြေနှင့် ပဋိပက္ခများကို နိုင်ငံရေးနယ်ပါယ်နှင့် နည်းပညာနယ်ပါယ်ထဲမှ ကိုင်တွယ်ရန် ကျယ်ပြန်သော အမြင်နှင့် နှိုင်းယှဉ်သုံးသပ် အဖြေထုတ်မှုများ လိုအပ်ပါသည်။
ကုလ အထွေထွေအတွင်းရေးမှုး၏ အထူးကိုယ်စားလှယ်များ၊ လက်ထောက်အထူးကိုယ်စားလှယ်များ၊ ဌာနေညှိ့နှိုင်းရေး ကိုယ်စလှယ်များ၊ လူသားချင်းစာနမှုဆိုင်ရာ ညှိ့နှိုင်းရေးကိုယ်စားလှယ်များမှာ တပြည်လုံးအရ ကျွမ်းကျင်သူများနှင့် ထိစပ်မှုရှိသည်။ အဆိုပါပုဂ္ဂိုလ်များတွင် မြေနှင့် သက်ဆိုင်သောပဋိပက္ခအား ဝင်ရောက်စွက်ဖက်ရန်၊ ကိုင်တွယ်ဆောင်ရွက္မှုပြုရန်အတွက် ဆော်ဩရန် စသည်တို့အတွက် အရင်းအမြစ်များ၊ နည်းလမ်းများ၊လုပ်ငန်းစဉ်များရှိသင့်သည်။ ထိုပုဂ္ဂိုလ်များသည် ပဋိပက္ခတွင္ မြေယာကိစ္စမှာ အဓိကအစိတ်အပိုင်းအဖြစ်ပါဝင်နေသာ ကိစ္စများ၌ မဟာဗျူဟာမြောက် စေ့စပ်မှုများ၊ အစီအစဉ်များ၊ ကုလသမဂ္ဂအချက်အလက်စုဆောင်းမှုများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်သင့်သည်။
ကုလသမဂ္ဂတွင် နိုင်ငံအဆင့် လုပ်ရည်ကိုင်ရည်များရှိရမည်ဖြစ်ပြီး နိုင်ငံများတွင် လုပ်ရည်ကိုင်ရည်များရှိစေရန်အတွက်လည်း ကုလသမဂ္ဂဘက္မှ မဟာဗျူဟာမြောက် ချဉ်းကပ်မှုများရှိရမည်ဖြစ်သည်။ ထိုချဉ်းကပ်မှုများတွင် အင်စတီကျူရှင်းအလိုက် လုပ်ရည်ကိုင်ရည်များ၊ ဦးဆောင်မှုခေါင်းဆောင်မှုပိုင်းမှ လုပ်ရည်ကိုင်ရည်များနှင့် အလယ်အလတ်အဆင့် စီမံခန့်ခွဲသူများ၏ လုပ်ရည်ကိုင်ရည်များ ရှိစေရန် အထောက်အကူများပေးရမည်ဖြစ်သည်။
နည်းပညာရပ်ဆိုင်ရာဝန်ထမ်းများ၊ အကြံညဏ်ပေးရေးဆိုင်ရာဝန်ထမ်းများအား မြေယာနှင့်ပတ်သက်သော ပဋိပက္ခများအား ပိုမို ထိတွေ့လာနိုင်ရန်၊ ကုလသမဂ္ဂ၏ နည်းလမ်းများ၊ယန္တယားများကို နိုင်ငံတကာအရေး၊ ပြည်တွင်းရေးများ၌ မည်သည်အချိန်တွင် မည်သို့ သုံးစွဲနိုင်သည်ကို ပိုမိုနားလည်နိုင်ရန် အတွက် ထိရောက်သော သင်တန်းများကို ပေးရမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ ယန္တယားများကိုလည်း မြေကိစ္စများနှင့် ပတ်သက်၍ စောစီးကြိုတင်အသိပေးချက္များ၊ စစ်တမ်းကောက်ယူအချက်အလက်စုဆောင်းမှုများ၊ ပဋိပက္ခအား ခွဲခြမ်းစိတ်ဖြာမှုများ၊ အစီအစဉ်ရေးဆွဲမှုများ၊ နိုင်ငံရေးအရ စေ့စပ်ညှိ့နှိုင်းမှုများ၊ လုပ်ငန်းစဉ်များရေးဆွဲမှုများ၊ စောင့်ကြည့်မှုများနှင့် ပြန်လည်အစီရင်ခံမှုများတွင် စွမ်းဆောင္ရည်များ ခိုင်မာအားကောင်းနေစေသင့်သည်။ မြေယာကိစ္စရပ်များပေါ်ပေါက်လာသောအခါ ကျွမ်းကျင်သူများ၊ ပညာရှင်များသည် အစုအဖွဲ့ငယ်များစုဖွဲ့ကာ နေရာအသီးသီးခွဲဝေ၍ ပြည်တွင်းအစိုးရများ၊ ပြည်တွင်းရှိကုလသမဂ္ဂယန္တယားများအား ဖြစ်နိုင်သမျှစောစီးစွာ အကူအညီပေးသင့်သည်။ ထိုပြင် အဆိုပါ ကျွမ်းကျင်သူ၊ ပညာရှင်အစုအဖွဲ့ငယ်များသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုမှ ငြိမ်းချမ်းရေးရေရှည်တည်တံရေး၊ ဖွံဖြိုးရေးလုပ်ငန်းစဉ်များဆောက်ရွက်ရေးအထိ အသွင်းကူးပြောင်းမှုကာလများတွင်လည်း ဖြစ်နိုင်သမျှစောစီးစွာ အကူအညီပေးသင့်သည်။
ပဋိပက္ခစက်ဝန်းထဲမှ အချိန်မဆွဲသင့်သော အချက္များ(Perpetual Factor)အတွက် ပြင်ဆင်မှု
ပဋိပက္ခစက်ဝန်းတွင် ေမြယာကိစ္စရပ်သည် ေဖြရှင်းရန် အချိန်မဆွဲသင့်သော အချက္များထဲတွင် ပါဝင်နေပြီး ထိုမြေကိစ္စရပ်ဖြစ်စဉ်တစ်လျှောက် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖံွ့ဖြိုးမှုရည်မှန်းချက်အညွှန်းကိန်းများနှင့် ဆန့်ကျင်နေသော အချက္များရှိနေပါက ထိုအချက္များကို အစီရင်ခံခြင်း၊ ခိုင်မာသေချာသော အချက်အလက္များကို စုဆောင်းခြင်းများအပြင် ခွဲခြမ်းစိတ်ဖြာမှုများပြုနိုင်ရန်အတွက် ခိုင်မာသော အချက်အလက်ယန္တယား အဆောက်အအုံများ ပြည်တွင်းရှိ ကုလသမဂ္ဂအဖွဲ့များတွင်ရှိနေရမည်။
အသိအမြင်နှင့် စွမ်းရည်ဆိုင်ရာ ဘုံစုဆောင်းမှု (Common pool of knowledge and capacities) အားတည်ဆောက်ခြင်း
ကုလသမဂ္ဂ၏ အတွင်းစည်းတွင်ရော၊ အပြင်စည်းတွင်ပါ နိုင်ငံတကာအဆင့်၊ ဒေသတွင်းနိုင်ငံများအဆင့်၊ ပြည်တွင်းအဆင့်နှင့် ဒေသန္တရအဆင့်များ၌ ယန္တယားများထံမှ ကျယ်ပြန့်သော အထောက်အပံကို ပေးနိုင်ရန် ဘုံ အသိအမြင်နှင့် စွမ်းရည်ဆိုင်ရာ စုဆောင်းမှုများရှိနေရမည်။ ထိုအချက်အလက္များတွင် ပြည်တွင်း၌ လူ့အခွင့်အရေးစံနှုန်းများကို ကျင့်သုံးနိုင်ရန် ပြင်ဆင်ထားမှု၊ အဆင့်အလိုက်သတ်မှတ်ချက္များထားရှိမှု၊ စည်းမျဉ်းလိုက်နာမှုများ၊ အထောက်အထား သိမ်းဆည်းထားရှိခြင်းများရှိမှု စသည့် ကောင်းသော အလေ့အကျင့်များ၏ မှတ်တမ်းမှတ်ရာများလည်း ပါရှိနေရမည္။ ကုလသမဂ္ဂယန္တယားများထဲတွင်ပင္လျှင် မြေနှင့် ပဋိပက္ခ၏ ဆက်စပ်သော အစိတ်အပိုင်းများကို သိမြင်သဘောပေါက္မှု၊ မြေကိစ္စရပ်မှာ မည်သို့ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့် ကျားမတန်းတူမှုများနှင့် ဆက်စပ်နေသည်ကို နားလည်မှုတို့ အားကောင်းစွာရှိစေရမည်ဖြစ်သည်။
မြေယာဆိုင်ရာ ရှူဒေါင့်ပေါင်းစုံ ရှိခြင်း
မြေယာဆိုင်ရာ ရှုဒေါင့်စုံမှ သုံးသပ်ချက္များကို ပဋိပက္ခခွဲခြမ်းစိတ်ဖြာရာတွင် ထိရောက်သော အချက္များအဖြစ်အသုံးချသင့်ပါသည်။ ထိုအချက္များကို ကုလသမဂ္ဂ၏ လုပ်ငန်းမစ်ရှင်များ ဖော်ဆောင်ရေးတွင်လည်းကောင်း၊ ကုလသမဂ္ဂပါဝင်သော အချက်အလက်ကောက်ယူရေး မစ်ရှင်များနှင့် ကုလသမဂ္ဂ မပါဝင်သော အချက်အလက် မစ်ရှင်များ၊ အစီအစဉ်များတွင်လည်းကောင်း အသုံးချသင့်ပါသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများ၏ မြေယာလုပ်ပိုင်ခွင့် (Land Mandate)
အသိအမြင်ပိုင်းနှင့် နည်းပညာပိုင်းအရ ပဋိပက္ခများကို စေ့စပ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းများအတွက် ကုလသမဂ္ဂ၏ ယန္တယားများတွင် မြေယာနှင့်ပတ်သက်၍လုပ်ပိုင်ခွင့်များ ရှိရမည်ဖြစ်သည်။
Comments
Post a Comment