ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေးအတွက် လမ်းကြောင်းတစ်ခုအား ရှာဖွေရန် ဘင်္ဂလားဒေရှ့်က ကုလသမဂ္ဂကို တောင်းဆို

 ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေးအတွက် လမ်းကြောင်းတစ်ခုအား ရှာဖွေရန် ဘင်္ဂလားဒေရှ့်က ကုလသမဂ္ဂကို တောင်းဆို


ဘင်္ဂလားဒေရှ့်မှာ လာမယ့်နှစ် ဖေဖော်ဝါရီမှာ ပြုလုပ်မယ့် ရှေးကောက္ပွဲနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအကြီးတန်းအရာရှိတွေဟာ ဘင်္ဂလားဒေရှ့်ကို ရောက်နေကြပါတယ်။ အကြံပေးပုဂ္ဂိုလ် ပရော်ဖက်ဆာ မိုဟာမက္ယူနွတ် ဟာ ကုလသမဂ္ဂ ဌာနေညှိ့နှိုင်းရေးအရာရှိ ဂွင်လူဝစ် (Gwyn Lewis)နဲ့တွေ့ဆုံခ့ဲသလို နိုင်ငံခြားရေးဆိုင်ရာ အကြံပေး အမ်ဒီ တောဟစ် ဟူစိန် (Md Touhid Hossain) ကတော့ ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ် အီဗိုဖရီးဂျင် (Ivo Freijsen)နဲ့ တှေ့ဆုံခ့ဲတယ္လို့ ဘင်္ဂလားဒေရှ့် သတင်းဌာနတွေက စက်တင်ဘာ ၄ ရက်နေ့က ဖော်ပြကြပါတယ်။

အကြံပေးပုဂ္ဂိုလ် မိုဟာမက္ယူနွတ်နဲ့ ကုလဌာနေညှိ့နှိုင်းရေးအရာရှိ ဂွင်လူဝစ်တို့ တွေ့ဆုံရာမှာ ဘင်္ဂလားဒေရှ့်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးဆွေးနွေးကြသလို ရိုဟင်ဂျာ အရေးအပေါ်မှာလည်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ ပြီးခ့ဲတ့ဲလက ကျင်းပခ့ဲတ့ဲ ရိုဟင်ဂျာကွန်ဖရင့်နဲ့ နယူယောက်ခ့္မှာကျင်းပမယ့် ကုလအထွေထွေညီလာခံအတွက် ပြင်ဆင်ထားမှုတွေကိုလည်း ဆွေးနွေးကြပါတယ်။ လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ရံပုံငွေဖြတ်တောက်ခံရမှုဟာ ဒုက္ခသည်စခန်းက ပညာရေးနဲ့ အခြားဝန်ဆောင်မှုပိုင်းဆိုင်ရာတွေကိုလည်း ထိခိုက္မှုရှိနေတယ်လို့  ဆိုပါတယ်။ လက်ရှိ ရိုဟင်ဂျာတွေကို တာဝန္ယူထားရတ့ဲ ဘင်္ဂလားဒေရှ့်ရဲ့ လူသားချင်းစာနာမှု လုပ်ငန်းစဉ်တွေအတွက် ရံပုံငွေတွေရရှိဖို့လိုတယ်လို့ မိုဟာမက္ယူနွတ်ကဆိုပါတယ်။

ဘင်္ဂလားဒေရှ့် အကြံပေးပုဂ္ဂိုလ် မိုဟာမက္ယူနွတ်နဲ့ ကုလဌာနေညှိ့နှိုင်းရေးအရာရှိတို့ကြား အဓိကဆွေးနွေးချက်က ရံပုံငွေကိစ္စဖြစ်ပေမယ့် နိုင်ငံခြားရေးဆိုင်ရာ အကြံပေး အမ်ဒီ တောဟစ် ဟူစိန်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ် အီဗိုဖရီးဂျင်ကြားတွေ့ဆုံမှုမှာတော့ ဒီထက်ပိုပြီး အသေးစိတ်ဆွေးနွေးချက်တွေရှိနေပါတယ်။ အမ်ဒီ တောဝစ်ဟူစိန်က အီဗိုဖရီဂျင်နဲ့ တွေ့ဆုံရာမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့အတွက် လမ်းကြောင်းတစ်ခုကို ကုလသမဂ္ဂဘက်က ရှာသင့်တယ်လို့ တောင်းဆိုထားပါတယ်။

အသစ္ခန့္အပ္ခံထားရတ့ဲ အီဗိုဖရီဂျင်ရဲ့ ပုဂ္ဂိုလ်ရေးဩဇာဟာ ဘင်္ဂလားဒေရှ့်နဲ့ ကုလသမဂ္ဂကြား သတောတူထားတ့ဲ ၂၀၂၅-၂၆ ခုနှစ် ပူးတွဲတာဝန်ယူမှု အစီအစဉ် (the Joint Response Plan (JRP) 2025-26)ကို ခိုင်မာစေမယ့်အပြင် ရိုဟင်ဂျာတွေ မိမိနေရပ်ကို စိတ်ချလုံခြုံဘေးကင်းစွာ ပြန်နိုင်ဖို့အတွက် လမ်းကြောင်းတွေကိုလည်း ရှာနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ 

အဲဒီတွေ့ဆုံမှုမှာ လက်ရှိ ဘင်္ဂလားဒုက္ခသည်စခန်းတွေမှာ ရောက်နေ တ့ဲ ရိုဟင်ဂျာ ၁.၃သန်းကျော်အတွက် အကာအကွယ်တွေနဲ့ ခိုင္မာတ့ဲဖြေရှင်းချက်အတွက် နည်းလမ်းတွေကို အပြန်အလှန်ဆွေးနွေးခဲဲကြပါတယ်။ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်မှာရှိတ​့ဲ UNHCR ရုံးရဲ့ အရေးပါမှုကိုလည်း နှစ်ဖက်စလုံးက အသိအမှတ်ပြုကြပါတယ်။ အီဗီုဖရီးဂျင်က သူ့အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေးမှာ သက်ဆိုင်သူတွေဘက်က တာဝန်ခံမှုပိုပြီးရှိလာဖို့အတွက် နိုင်ငံတကာမိတ်ဖက်တွေနဲ့ နည်းလမ်းတွေရှာပြီး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ သူကဆက်ပြီး ရခိုင်ပြည်နယ်ကို ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာပြန်နိုင်တ့ဲအထိ ကြိုးစားနေမယ်လို့လည်းဆိုပါတယ်။

နယူယောခ့်မှာ ကျင်းပမယ့် ရိုဟင်ဂျာအရေးအဆင့်မြင့်ဆွေးနွေးပွဲအတွက် UNHCR ဘက်က ကြိုးပမ်းမှုတွေကိုလည်း ဘင်္ဂလားဒေရှ့်ဘက်က ကျေးဇူးတင်တယ်လို့ နိုင်ငံခြားရေးအကြံပေး အမ်ဒီ တောဟစ် ဟူစိန်က ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ဦးဆောင်မှုက ရိုဟင်ဂျာအရေးအပေါ် နိုင်ငံတကာက အာရုံစိုက္မှုကို ပိုပြီးရရှိလာလိမ့်မယ်လို့ နှစ်ဖက်စလုံးက ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေအတွက် ဘေးကင်းလုံခြုံစွာနေရပ်ပြန်ရေးက အကောင်အထည်ပေါ်မလာသေးပါဘူး။ ဒါနဲ့ ပတ်သက်လို့ ဖြေရှင်းနိုင်မယ့် လက်တွေ့ကျမယ့့်လမ်းကြောင်းတွေကို ရှာဖွေဖို့ကို ဘင်္ဂလားဒေရှ့်ဘက်က တိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။

ကိုးကား

https://www.tbsnews.net/bangladesh/un-resident-coordinator-meets-chief-adviser-pledges-support-february-elections-1229176


https://www.tbsnews.net/bangladesh/dhaka-urges-unhcr-explore-practical-ways-rohingya-repatriation-1229206


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း