မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၃

 မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၃


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက္မှတ်စု


B.7. Expand Partnerships with Non-UN Entities and Actors

ခ.၇. ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နယ်မြေများ၊ အဖွဲ့အစည်းများနှင့် မိတ်ဘက်ပြုဆောင်ရွက်ခြင်း


မိတ်ဖက်ပြုဆောင်ရွက်ခြင်း (Partnership) 

ကုလသမဂ္ဂယန္တယားစနစ်သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုကူညီရေးလုပ်ငန်းစဉ် (UNDAF)က့ဲသို့ ယန္တယားများအား ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော အခြားအဖွဲ့အစည်းများ၊နယ်မြေများနှင့်လည်း ထိတွေ့မိတ်ဖက်ပြုဆောင်ရွက်နိုင်သည်အထိ ကျယ်ပြန့်ရန်လိုသည်။ ထိုပြင် နိုင်ငံတစ်နိုင်ငံ၏ တပြည်လုံးအဆင့် ကနဦးအစီအစဉ်များ၊ စဉ်ဆက္မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်ဆိုင်ရာ အစီရင်ခံစာမူဘောင်များ၊ ကမ္ဘာ့ဘဏ်ဉီးဆောင်သည့် ဆင်းရဲ့မွဲတေမှုလျော့ချရေး မဟာဗျူဟာစာတမ်းများ (PRSPs) များစသည်တို့တွင်လည်း ကုလသမဂ္ဂယန္တယားများသည် ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော အခြားအဖွဲ့အစည်းများ၊ နယ်မြေများနှင့်လည်း မိတ်ဖက်ပြုဆောင်ရွက်နိုင်သည်အထိ ကျယ်ပြန့်ရန်လိုသည်။

ကုလသမဂ္ဂယန္တယားစနစ်တွင် အဖွဲ့အစည်း၏ စွမ်းရည်ကွာဟချက္များကို ဖြည့်ဆည်းနိုင်ရန် ကမ္ဘာလုံးဆိုင်ရာလွမ်းခြုံအဆင့်၊ ဒေသတွင်းနိုင်ငံများအဆင့်၊ နိုင်ငံတစ်နိုင်ငံ၏ တပြည်လုံးအတိုင်းအတာအဆင့်များ၌ ကမ္ဘာ့ဘဏ်နှင့် အခြားသော နိုင်ငံတကာရံပုံငွေဆိုင်ရာ အင်စတီကျူရှင်းအဆင့်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ကိုယ်စားပြုအင်စတီကျူရှင်းများ၊ ပညာရပ်ပိုင်းဆိုင်ရာအလိုက်နှင့် မြေယာဆိုင်ရာကျွမ်းကျင်သူ ကွန်ရက္များနှင့် မိတ်ဖက်ပြုဆောင်ရွက်နိုင်ရမည်ဖြစ်သည်။


သတင်းအချက်အလက်ဖြန့်ဝေမှု (Information Sharing) 

မိတ်ဘက်အချင်းချင်းကြားထဲ၌ သတင်းအချက်အလက်ဖြန့်ဝေမှုမှာ ငြိမ်းချမ်းရေးအတွက်သာ ဖြစ်ရမည်။ ကုလသမဂ္ဂ၏ စဉ်ဆက္မပြတ်ဖွံ့ဖြိုးမှုဦးတည်ချက်တွင်ပါဝင်သော မြေနှင့်ပတ်သက်၍ အသေးစိတ် အညွှန်းကိန်းများကို ဆန့်ကျင်နေသော အချက်အလက္များသည်လည်း မိတ်ဘက်အချင်းချင်းကြား သတင်းအချက်အလက်ဖြန့်ဝေမှုတွင်ပါရှိသင့်သည်။

ရံပုံငွေ၊နည်းပညာ၊ လုပ်ငန်းစဉ်အထောက်အပံများ

မြေနှင့် ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ ပဋိပက္ခနှင့် ပဋိပက္ခအလွန် အခြေအနေများတွင် အချက်အလက်ကောက်ယူမှုများ၊ အစီအစဉ်များနှင့် ရံပုံငွေ များဖြန့်ဝေမှုအတွက္ ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ် မိတ်ဘက်ဆောင်ရွက္မူဘောင် (The UN-World Bank Partnership Framework for Crisis and Post- Crisis Situations) က ထောက္ပံပေးနိုင်ရမည်ဖြစ်သည်။

အခြားသော စေ့စပ်ဆောင်ရွက္မှုများ၊ ငြိမ်းချမ်းမှုဖြေရှင်းရေးများတွင် ဥပမာ အာဖရိကရှိ မြေယာမူဝါဒ အဖွဲ့အစည်း (Land Policy Intiative- LPI)က့ဲသို့ အဖွဲ့များနှင့်လည်း စေ့စပ်ညှိ့နှိုင်းဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ LPI အဖွဲ့မျိုးသည် မြေယာပဋိပက္ခနှင့် ဆက်စပ်နေသောအရာများအား ဦးတည်ချက်ထားဆောင်ရွက်ရာတွင် အတွေ့အကြုံကောင်းများရှိနေသောအဖွဲ့ ဖြစ်ပြီး အာဖရိကတိုက်အတွင်း မိတ်ဘက်ပြုခြင်း၊ ဆွေးနွေးခြင်း၊ အရည်အသွေးမြင့်တင်ခြင်းနှင့် မြေယာကိစ္စရပ်များ အရှိန်အဟုန်ဖြင့် ဆောင်ရွက္မှုကို အထောက်အကူပေးခြင်း စသည့် တို့တွင် အားထားရသော အဖွဲ့ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ မြေယာကိစ္စရပ်များကွန်ရက် (The Global Land Tool Network (GLTN)သည် နိုင်ငံတကာအဆင့်၊ ဒေသတွင်းနိုင်ငံများအဆင့်နှင့် နိုင်ငံတစ်နိုင်ငံ၏ တတိုင်းပြည်လုံးအဆင့်တွင် ဆင္းရဲချို့တ့ဲသူများ၏ဖြိုးတိုးတက္မှုနှင့် ေမြကိစ္စရပ်တွင္ ကျား/မ ဆိုင်ရာ ခွဲခြားမှု စသည့်ကိစ္စရပ်များကို ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်းသည် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့် မြေယာပိုင်ဆိုင်ခွင့် လက္မှတ်များကို အထောက္အကူပေးခြင်းက့ဲသို့ ကိစ္စရပ်များတွင် မိတ်ဖက်ပြုဆောင်ရွက်နိုင်သော အဖွဲ့အစည်းဖြစ်သည်။ မြေနှင့် ပဋိပက္ခဆိုင္ရာ ဖြေရှင္းရေးမဟာမိတ် (The Land and Conflict Coalition)သည် ကုလသမဂ္ဂအပါအဝင္ ကုလသမဂ္ဂမဟုတ်သော အဖွဲ့အစည်းများနှင့် မြေယာပဋိပက္ခနှင့္ဆက်နွယ်သောကိစ္စရပ်များကို ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပြီး (GLTN) အပေါ်တွင္ အခြေခံကာ ပူးပေါင်းဆောင်ရွက္မှုရှိသည်။ ထိုက့ဲသို့ အဖွဲ့အစည်းများအား၏ စွမ်းရည်များကို နိုင်ငံတကာအဆင့်၊ ဒေသတွင်းနိုင်ငံများအဆင့်နှင့် နိုင်ငံတနိုင်ငံ၏ တတိုင်းပြည်လုံးအဆင့်တွင် ကုလသမဂ္ဂ ယန္တယားများ၏ လစ်ဟာနေသော စွမ်းဆောင်ရည်နှင့် လုပ်ငန်းစဉ်ဖော်ဆောင်မှုကို ဖြည့်စွက်ရန် အတွက္ အသုံးပြုသင့်သည်။

မြေယာအတွက် ကမ္ဘာလုံးဆိုင်ရာ အလှူရှင်အုပ်စု (The Global Donor Working Group on Land) သည် မြေနှင့် ပဋိပက္ခကိစ္စရပ်များအပေါ် ရံပုံငွေထောက်ပံသော အလှူရှင်များထဲတွင် ပါဝင်ပါသည်။ ထိုအလှူရှင်များတွင် တပြည်လုံးအတိုင်းအတာအရ "စားနပ်ရိက္ခာဖူလုံမှုကိစ္စရပ်နှင့် ဆက်စပ်သော မြေယာပိုင်ဆိုင်မှု၊ ငါးလုပ်ငန်းနှင့် သစ်တော ကဏ္ဍများတွင် အုပ်ချုပ်မှုအပေါ်တာဝန်ခံမှု အလွတ်သဘော လမ်းညွှန်ချက် (VGRG)" ကို လက်ကိုင်ပြုထားသော်လည်း မြေနှင့် ပဋိပက္ခကိစ္စရပ်ပေါ်တွင် အရေးတယူရှိပါသည်။ အချို့သော တိုင်းပြည်များအတွက္ အဆိုပါအလှူရှင်အုပ်စုများက မြေယာကိစ္စရပ်အပေါ် ရံပုံငွေထောက်ပံမှုနှင့်ပတ်သက်၍ အသေးစိတ်အစီအမံများရှိပါသည်။ ထိုပြင် အစိုးရမှ မြေကိစ္စရပ်အပေါ်အလေးအနက်ထားလာရန် ညှိ့နိုင်းပေါင်းစပ်ပေးသော ယန္တယားများကို ရံပုံငွေ ထောက်ပံရန်အတွက်လည်း ၎င်းတို့တွင္ အသေးစိတ် အစီအမံများရှိပါသည်။ ကုလသမဂ္ဂအနေဖြင့် နိုင်ငံတစ်နိူင်ငံ၏ မြေယာကဏ္ဍများတွင် အဆိုပါယန္တယားများအား ရံပုံငွေ ထောက်ပံနိုင်ရန်အတွက် အားထုတ်ရမည်ဖြစ်သည်။

 




Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း