အိုဘယ့္ရယ္တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၁
အိုဘယ့္ရယ္တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၁
မွှေးရနံသင်းထုံရာမြေ သို့မဟုတ် ဂန္ဓာရတိုင်း၊ မိလိန္ဒလို အင်ဒို ဂရိဘုရင်တွေရှိခ့ဲတ့ဲနေရာ၊ တရုတ်ပြည် အနောက္မြောက်ပိုင်းက စုန္ဆင္းလာတ့ဲ ဆံပင်နီနီ မျက်လုံးပြာပြာ အင်ဒို ဥရောပအနွယ် ယွဲ့ကျိ (Yuezhi)လူမျိုးတွေ ထူထောင္ခ့ဲတ့ဲ ကူရှန်မင်းဆက်တွေ ရှိခ့ဲတ့ဲနေရာ၊ နိုင်ငံရေးပထဝီဝင်ပညာရှင်တွေက အာရှရဲ့ နှလုံးသား (Heart of Asia) လို့ သတ္မှတ် ထားတ့ဲနေရာ......သို့မဟုတ် အာဖဂန်နစ္စတန်။
ဤအချက္များကား အာဖဂန်နစ္စတန်၏ သမိုင်းထဲက ခန့်ထည်အားကျစရာ ဂုဏ်ဒြပ် အချို့ဖြစ်သည်။ အာဖဂန်နစ္စတန် ဟုဆိုလိုက်သည်နှင့် ထိုဂုဏ်ဒြပ်တို့ထက် တာလီဘန်များအာဏာပြန်ရလာမှုကိုသာ ပိုမြင်ကြမည်ဖြစ်သည်။ ဤဆောင်းပါးကလည်း တာလီဘန်များ အာဏာပြန်ရသွားသည့် အချက္များကို နှိုင်းယှဉ်သုံးသပ်လိုရင်းသာဖြစ်သည်။
အဘယ်ကြောင့် တာလီဘန်များအာဏာပြန်ရသွားရသနည်း။ တော်တော်များများကတော့
-အမေရိကန်တပ်များရုတ်သိမ်းမှု
-အာဖဂန်နစ္စတန်အစိုးရအားနည်းမှု
-တာလီဘန်များ၏ နည်းဗျူဟာ
-လူမျိုးစုအခြေပြုစစ်ဘက်ခေါင်းဆောင်များ မညီညွှတ်မှု စသဖြင့်ပြောကြသည်။
ဤအကြောင်းတရားများက မြင်သာသောအစိတ်အပိုင်း (Immediate Cases) များဖြစ်သော်လည်း ပုန်းကွယ်နေသော အခြား ပြဿနာဇစ်မြစ် (Underlying Cases)များလည်း ရှိနေသေးသည်။ လေမုန်တိုင်းတိုက်ခတ်၍ ပြိုလဲသွားသော အိမ္ကသို့ဖြစ်သည္။လေမုန်တိုင်းက မြင်သာသော အစိတ်အပိုင်းဖြစ်သည်။ အိမ်၏ ကြံခိုင်မှုကိုအားနည်းစေသော အကြောင်းတရားများက ပုန်းကွယ်နေသော အစိတ်အပိုင်းများဖြစ်သည်။ အိမ်ပြိုခြင်းမှာ လေမုန်တိုင်းကြောင့် ဆိုခြင်းထက် လေမုန်တိုင်းဒဏ်ကို ကြံကြံခံနိုင်သော ခိုင်မာမှုအားနည်းခြင်းက အဓိကပိုကျလာသည်။ အာဖဂန်တွင် အမေရိကန်တပ်များရုတ်သိမ်းသွားသည်နှင့် အဘယ်ကြောင့် အစိုးရအဖွဲ့ချက်ချင်းပြိုလဲသွားသည်ကို အဖြေရှာလိုပါက ပုန်းကွယ်နေသော ပြဿနာဇစ်မြစ်များကို ထိတွေ့ရမည်ဖြစ်သည်။ ဤသို့ဆိုပါလျှင် ပြဿနာဇစ်မြစ်က တစ်ခုသာရှိသည်။ ထိုအချက်က "အာဖဂန်နစ္စတန်ပြည်သူများ၊ လူမျိုးစုများကြားတွင် တရားမျှတမှု၊တန်းတူညီမျှမှုဖြင့် တည်ဆောက်ရသော ညီညွှတ်မှုကို မရရှိခဲ့ခြင်း" ကြောင့်ဖြစ်သည်။
အမေရိကန္က့ဲသို့ အင်အားကြီးသော နိုင်ငံတစ်ခုသည် နှစ်ပေါင်း နှစ်ဆယ်ကျော်တိုင်တိုင် အာဖဂန်နစ္စတန်ဗဟိုအစိုးရကို ကျောထောက်နောက်ခံပြုနေ ခ့ဲသည္။ ထိုကျောထောက်နောက်ခံပြုမှုထဲတွင် ငွေအင်အား၊ နည်းပညာ၊ အတွေ့အကြုံ ဆိုသည့် အရင္းအနှီးများပါဝင္ခ့ဲသည္။ ဤမျှထိ အရင်းအမြစ်အားကောင်းမှုကို ရရှိထားသော အာဖဂန်နစ္စတန်အစိုးရသည် နှစ်နှစ်ဆယ်ကျော်တိုင်သည်အထိ ထူထူထောင်ထောင် မဖြစ်ခ့ဲခြင်းမှာ " ညီညွှတ်မှု" မရှိခ့ဲ၍ ဖြစ်သည်။ အာဖဂန်ပြည်သူများသည် အရိုင်းအစိုင်းများမဟုတ်ကြပေ။ အထက္ တွင်ဖော္ပြခ့ဲသည့်အတိုင္းသမိုင်းယဉ်ကျေးမှုနှင့် ဇာတိမာန်က ကြီးမားသော လူမျိုးများသာဖြစ်သည်။ ထိုသို့ အခြေခံကောင်းများရှိထားသည့် လူ့အဖွဲ့အစည်းတစ်ခုသည် အမေရိကန်တပ်ဆုတ်ခွာသည်နှင့် တာလီဘန်လက်အောက်ကို ချက်ချင်းကျသွားသည့်ကိစ္စက စိတ်ဝင်စားစရာဖြစ်သည်။
အောက်တွင် ဖော်ပြထားသော အချက္များသည် အမေရိကန် ထိန်းချုပ်ကာလ (၂၀၀၁-၂၁) ခုနှစ်အတွင်း အာဖဂန်နစ္စတန်၏ State Building မအောင်မြင်ရမှုအား နားလည်ရန် အတိုင်းအတာတစ်ခုထိ အထောက်အကူပြုပါလိမ့်မည်။
၁။ အစေးမကပ်သည့် သမိုင်းကြောင်းနောက်ခံ
လက်ရှိအာဖဂန်နစ္စတန်တွင် ဖြစ်ပျက်နေသော နိုင်ငံရေးဖြစ်စဉ်အား သိရှိရန်အတွက် အာဖဂန်နစ္စတန်၏ ရှေးယခင် သမိုင်းအားလုံးကို သိရန်မလိုပေ။ လက်ရှိ အာဖဂန်နစ္စတန် အဝိုင်းအဝန်းရုပ်လုံးပေါ်မှုအတွက် အစ္စလမ်သာသနာ လွမ်းခြုံမှုနောက်ပိုင်း သမိုင်းအရ (၁၈)ရာစုမှ (၂၀)ရာစုထိ ဖြစ်ပျက်ခ့ဲကြသောအခြေအနေကို သိရန်တော့လိုပါသည္။ အာဖဂန်နစ္စတန်တွင် ပါရှ်တွန် (Pashtun) (ပထန် ဟုလည်းခေါ်) လူမျိုးများက လူများစုဖြစ်သည်။ တာဂျစ် (Tajik) လူမျိုးများက အာဖဂန်နစ္စတန်၏ ဒုတိယအများဆုံး မျိုးနွယ်စုဖြစ်ပြီး မြောက်ပိုင်းဒေသတွင် အများဆုံး နေထိုင်ကြသည်။ တာဂျစ် (Tajik)များအနေဖြင့် ရာစုနှစ်များစွာကတည်းက စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးအား လုပ်ကိုင်ခဲ့ကြသည်။ ဟာဇရာ (Hazara) များက လူနည်းစုဖြစ်ပြီး အာဖဂန်နစ္စတန်အလယ်ပိုင်းတွင် နေထိုင်ကြသည်။ ဥဇဘတ် (Uzbek) များသည်လည်း အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် နေထိုင်ကြသော မျိုးနွယ်စုဖြစ်သည်။
၁၈ ရာစု ဒူရ်ရာနိအင်ပါယာခေတ် (Durrani Empire)
ဒူရ်ရာနိအင်ပါယာအား အာမက္ရှား ဒူရ်ရာနိ (Ahmad Shah Durrani) က စတင္ထူထောင္ခ့ဲသည္။ အာမက္ရှား ဒူရ်ရာနိ မတိုင်ခင်အချိန်ထိ အာဖဂန်နစ္စတန်၏ နယ်မြေများသည် ကိုယ်မင်းကိုယ်ချင်း ပုံစံနှင့်ရှိနေကြသည်။ ပါကစ္စတန်၊ အီရန်နှင့် အိန္ဒိယ၏ အစိတ်အပိုင်းအချို့အထိ ကျယ်ပြန့်သော ဧကရာဇ်နိုင်ငံ (Empire) ကို အာမက္ရှား ဒူရ်ရာနိက စစ်အင်အားဖြင့် ထူထောင်ခဲ့သည်။ ထိုအချိန်မှစတင်ကာ တာဂျစ် (Tajik)၊ ဟာဇရာ (Hazara)၊ ဥဇဘတ် (Uzbek) ၊ဘာလိုချ် (Baloch) စသည့် မျိုးနွယ်စုများနှင့် ၎င်းတို့၏နယ်မြေများသည် ပက်ရှ်တွန် (Pashtun)များ၏ ထီးရိပ်အောက်သို့ ကျရောက္္လာခ့ဲသည္။ ဒူရ်ရာနိအင်ပါယာခေတ်ကာလ ထွန်းပြောင်မှုက ပက်ရှ်တွန် (Pashtun) များ၏ အာဏာအူတိုင်ချုပ်ကိုင်မှု အသိအမြင် (တနည်း) လူမျိုးကြီး၊အုပ်စုကြီးဝါဒ အတွက် သမိုင်းမာနကိုလည်း ရှေ့ဆက်ရန်ဖြစ်လာစေ ခ့ဲသည္။
၁၉ ရာစု အခြေအနေ ဘာရက်ဇိုင်း မင်းဆက် (Barakzai Dynasty) (၁၈၂၆- ၁၉၇၃) ကာလ
ဒူရ်ရာနိအင်ပါယာ ပြိုကွဲပြီးနောက်တွင် ဘာရက်ဇိုင်း မင်းဆက် အား ပါရှ်တွန် (Pashtun) အုပ်စုထဲမှ ဒုတ်စ် မိုဟာမက္ ခန်း ( Dost Mohammad Khan) က စတင္တည္ထောင္လာခ့ဲသည္။ ဘာရက်ဇိုင်းမင်းဆက်ထဲတွင် အမာ အဗ္ဗဒူ ရာမန်ခန်း ( Amir Abdur Rahman Khan) လက်ထက်သို့ ရောက်သောအခါ လက်ရှိ ခေတ်သစ်အာဖဂန်နစ္စတန်၏ နယ်နိမိတ်မှာ ပီပီပြင်ပြင် ရုပ္လုံးပေါ်လာခ့ဲသည္။ ၎င်းလက်ထက်တွင် ဟာဇရာ (Hazara) များနေထိုင်ရာ ဟဇာရာဂျတ် (Hazarajat) ဒေသအား စစ်ခင်းကာ သိမ္းပိုက်ခ့ဲသည္။ အာဖဂန်နစ္စတန်၏ လူမျိုးစုများကြား ပဋိပက္ခအရင်းအမြစ်သည် အမာ အဗ္ဗဒူ ရာမန်ခန်း ၏ လက်ထက္မှ စတင်၍ တဆစ္ချိုးလာခ့ဲသည္ဟုလည္းဆိုနိုင်ပါသည်။
ဒူရ်ရာနိအင်ပါယာခေတ်နှင့် အမာ အဗ္ဗဒူရာမန်ခန်း ကာလ မတိုင်မှီ လူမျိုးစုများ၏ နိုင်ငံရေးအဆင့်အတန်း
ဒူရ်ရာနိအင်ပါယာလက်ထက်နှင့် အမာအဗ္ဗဒူရာမန်ခန်း မတိုင်မှီကာလများထိ အာဖဂန်၏ လူမျိုးစုများတွင် ကိုယ်ပိုင်အချုပ်အခြာအာဏာ ရှိကြသည်ဟု ဆိုရမည်ဖြစ်သည်။ နှစ်စဉ်အခွန်ဆက်သမှုနှင့် လိုအပ်ပါက စစ်သည်အင်အားဆက်သမှု မှလွဲ၍ လူမျိုးစုများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ကိုယ်ပိုင်စစ်တပ်ရှိကြသည်။ လူမျိုးစုများစုတွင် ကိုယ်ပိုင်ခေါင်းဆောင်နှင့် ခေါင်းဆောင်က ခန့်အပ်သော နယ်စားပါယ်စား များရှိကြသည်။ ပဒေသရာဇ်အစဉ်အလာ၏ထုံးစံအရ လူမျိုးစုများနှင့် ဗဟိုအာဏာကြားတွင် အားပြိုင်မှုများမှာလည်း အခါအခွင့်သင့်လျှင် ပေါ်လာတတ်သည်။ လူမျိုးစုတစ်ခုနှင့်တစ်ခုကြားတွင်လည်း အပြန်အလှန်အားပြိုင် စစ်ပြုမှုကလည်း အခါအခွင့်သင့်လျှင် ရှိနေတတ်ပြန်သည်။ မည်သို့ပင်ဆိုစေ အာဖဂန် နိုင်ငံရေးစိတ်ဆန္ဒ၏ ရေခံမြေခံတွင် လူမျိုးစုများက ၎င်းတို့သည် ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် နေထိုင်သူများဖြစ်သည်ဟူသော ခံစားချက်က အမြဲတန်းရှိသည်။ ပါရှ်တွန် (Pashtun) များ၏ အမြင်တွင်လည်း ၎င်းတို့သည် လူမျိုးကြီးများဖြစ်သည်။ အာဖဂန်အား ဦးဆောင်မှုကိုယူရမည် ဟူသော ခံစားချက်က အမြဲတန်းရှိသည်။
ပါရှ်တွန် (Pashtun) များ၏ နိုင်ငံရေးအမြင်
သာမန်ပြည်သူပါရှ်တွန် (Pashtun) များ၏အမြင်တွင်တော့ လူမျိုးစုများနှင့် ငြိမ်းချမ်းစွာ ညီညွှတ်စွာ နေလိုကြမည်ဖြစ်သည်။ ပါရှ်တွန်(Pashtun) အာဏာ အီလိုက်အလွှာတွင်လည်း "အာဏာခွဲဝေမှုလိုမှုက ညီညွှတ်ငြိမ်းချမ်းမှုကို အာမခံချက်ရှိစေလိုပြီး အရေးကြုံလျှင် ဗဟို၏ ဦးဆောင်မှုကို ခိုင်မာစေချင်မည် ဖြစ်သည်။"လူမျိုးစုများဘက်က ကြည့်လျှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်အချိန်တွင်မဆို တန်းတူမှု၊ ညီမျှမှုဖြင့် အာမခံချက်ရှိစေလိုပြီး အားကောင်းသော အာဖဂန်နစ္စတန်ကို မြင်ချင်မည်ဖြစ်သည်။" ခက်သည်က ထိုအမြင်နှစ်ခုကြားတွင် သဟဇာတကျသော ပဋိညာဉ်ကို အာဖဂန်၏ အာဏာအလွှာနှင့် လူမှုအလွှာအသီးသီးသည် လက်ရှိအချိန်ထိ မချမှတ်နိုင်ခြင်းက ပြဿနာဖြစ်သည်။
ဂရိတ်ဂိမ်း ကွင်းပြင် (Great Game)
အာဖဂန်သည် အီရန္က့ဲသို့ပင္ ဆိုဗီယက်ရုရှားနှင့် ဗြိတိသျှတို့၏ အားပြိုင်ရာ ကြားခံနယ်ကွင်းပြင်ဖြစ်ခ့ဲသည်။ ဥဇ္ဇဘက်၊ တာဂျစ်၊ တာခ့္မင် စသည်နိုင်ငံများသည် ဆိုဗီယက်အောက်တွင် ရောက်နေသည်။ ဗြိတိသျှတို့က အိန္ဒိယ တိုက်ငယ်ကိုယူထားသည်။ ဒူရင်မျဉ်း (Durand Line) ဖြင့် ပါကစ္စတန်နှင့် အာဖဂန်နယ်နိမိတ်ကို သတ်မှတ်သောအခါ ပါရှ်တွန်မျိုးနွယ်စုများကို နှစ်ခြမ်းကွဲသလိုဖြစ်သွားတော့သည်။ အာဖဂန်၏ ရှေ့ဘက်တွင် ပါကစ္စတန်ရှိသည်။ အနောက်ဘက်တွင် အီရန်ရှိသည်။ မြောက်ဘက်တွင် ဥဇ္ဇဘက်၊တာဂျစ်၊ တာခ့္မင် တို့ရှိသည်။ ဆိုဗီယက်နှင့် ဗြိတိသျှတို့က အာဖဂန်တွင် ၎င်းတို့လွမ်းမိုး၍ရသော အစိုးရမျိုးကို ထားလိုသည်။ ဤအချက်က အာဖဂန်၏ အာဏာကို ကိုင်ထားသော ပါရှ်တွန် (Pashtun) အုပ်ချုပ်သူများအတွက် မျက်ခုံးလုပ်စရာဖြစ်လာသည်။ အာဖဂန်ရှိ လူမျိုးစုနယ်မြေများ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် တသီးတခြားရှိနေကြသည်။ ဆိုဗီယက်နှင့် ဗြိတိသျှသည် အင်အားကြီးသူများဖြစ်ကြသည်။ အဆိုပါ အင်အားကြီးပါဝါတစ်ခုခုက လူမျိုးစုတို့အား ကျောထောက်နောက်ခံပြု စည်းရုံး ဩဇာခံစေကာ အာဖဂန်၏ ဗဟိုအာဏာကို ကိုင်လုပ်လာနိုင်သည်။ ထိုအခါ လူမျိုးစုများလက်ထဲတွင် ရှိနေသော ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဗဟိုအာဏာမှ ပါရှ်တွန် (Pashtun) များက စိတ်မချတော့ပေ။ ဤသို့ဖြင့် လူမျိုးစုများ၏ နယ်မြေကို စစ်ရေးဖြင့် ထိန်းချုပ်လာတော့သည်။ ၁၉ရာစုနှောင်းပိုင်းတွင် လူမျိုးစုများ၏ နိုင်ငံရေးအဆင့်အတန်းသည် နည်းပါးလာကာ ဗဟို၏ လက်ဝေခံဘဝသို့ ရောက်သွားတော့သည်။ ထိုအခါ လူမျိုးစုများအဖို့ ခံပြင်းမှုကို ဖြစ်လာစေ ခ့ဲသည္။ ဤအချက်က ဥရောပ စူပါပါဝါများ အားပြိုင်မှုက အာဖဂန်နိုင်ငံရေးကို ရိုက်ခတ်မှုကို ဖော်ပြနေသည်။
ဆက်လက်ဖော်ပြပါမည်။
Comments
Post a Comment