အိုဘယ့္ရယ္တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၃
ဝန်ကြီးချုပ် ဒါယုတ်ခန်း မှ သမ္မတ ဒါယုတ်ခန်းဘဝသို့
ဒါယုတ်ခန်း (Daoud Khan) အနေဖြင့် သမ္မတဖြစ်လာသောအခါ ကနဦးအစပိုင်းတွင်တော့ ပြုပြင်ပြောင်းလဲမှုအချို့ကိုတော့ ဆောင္ရွက္ ခ့ဲသည္။ သို့သော် သူ့အား အာဏာသိမ်းရာတွင် ကူညီခ့ဲသည့္ လက်ဝဲအင်အားစုများနှင့် တဖြေးဖြေး သဘောထားကွဲလာကြပြန်သည်။ ဒါယုတ်ခန်း (Daoud Khan) က အာဖဂန်၏ စီးပွားရေးအား လက်ယာပုံစံဆန်ဆန် ပြောင္းလဲလိုသည္။ ၎င်းကိုယ်တိုင်ကပင် ဘာရက်ဇိုင်းမင်းဆက်၏ မိသားစုဖြစ်သည်။ ၎င်းဝန်ကြီးချုပ်သက်တမ်းတွင် လုပ်ပိုင်ခွင့်အကန့်အသတ်များကြောင့် ဆောင်ရွက်ချင်သည်များကို မဆောင္ရွက္နိုင္သော အခင်းအကျင်းမျိုးကို အစာကြေလှသည်မဟုတ်ပေ။ ထိုကြောင့်လည်း ဘုရင္အားဖြုတ်ချအာဏာသိမ်းခ့ဲခြင်းဖြစ်သည်။ အာဖဂန်၏ စီးပွားရေးအစီအစဉ်အတွက် ရံပုံငွေအထောက်အပံများကို အနောက်အုပ်စုနှင့် အာရတ်ရေနံနိုင်ငံများထံမှ မျှော်လင့်သည်။ ဤသို့ဖြင့် ဆိုဗီယက်နှင့် တဖြေးဖြေးဝေးကွာလာသည်။ ထိုအနေအထားမျိုးက သူ့အား အာဏာသိမ်းရာတွင် အကူအညီပေးခ့ဲသော လက်ဝဲသမားနှင့် ဆက်ဆံရေးအဆင်မပြေတော့ပေ။
လက်ဝဲသမားများကလည်း ဒါယုတ်ခန်းနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိနေသည်။ ထိုအခါ ဒါယုတ်ခန်းအနေဖြင့် လက်ဝဲ ကွန်မြူနစ်များကို ဖိနှိပ်လာတော့သည်။ လက်ဝဲသမားများတွင် ပြည်သူ့ဒီမိုကရက်တစ်ပါတီ (People's Democratic Party of Afghanistan - PDPA)က ပို၍ လက်သံပြောင်သည်။ ဒါယုတ်ခန်းကလည်း PDPA ကိုလန့်သည်။ မလန့်လို့ကလည်းမရ အနီးအနားတွင် ကွန်မြူနစ်ဆိုဗီယက်ရုရှားက ရှိနေသည်။ ဤအချက္များက ဒါယုတ်ခန်းအတွက် မလုံခြုံမှုကို ဖြစ်စေသည်။ မလုံခြုံဟု ခံစားလာရတော့ လုံခြုံအောင် ကြံဆတော့သည်။ အရေးပါသော အစိုးရနေရာများနှင့် စစ်တပ်၊ရဲ က့ဲသို့ လက်နက်ကိုင် အဖွဲ့အစည်းထဲတွင် လက်ဝဲအယူအဆရှိသူများကို ဖယ်ရှားသည်။ နိုင်ငံကို တပါတီစနစ်သို့ သွတ်သွင်းတော့သည်။ ဤသို့ဖြင့် အာဏာရှင်ဆန်လာတော့သည်။
၁၉၇၈ ခုနှစ် ဧပြီလ ၁၇ ရက်
ထိုနေ့သည်ကား ဒါယုတ်ခန်းအတွက် အလှည့်အပြောင်းတစ်ခုကို ဖြစ်စေရန်အစပြုသော နေ့ဖြစ်တော့သည်။ ထိုနေ့ တွင္ PDPA ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ မိရ် အက္ကဘာ ခီဘာ (Mir Akbar Khyber) လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။ PDPA က ထိုလုပ်ကြံမှုသည် ဒါယုတ်ခန်းလက်ချက်ဟု ယူဆသည်။ PDPA တို့ ကာဘူလ်မြို့တော်၏ လမ်းမပေါ်ထွက်လာကာ ပြင်းပြင်းထန်ထန် ဆန္ဒပြတော့သည်။ ဒါယုတ်ခန်းကလည်း PDPA ခေါင္းဆောင္များကို ဖမ်းဆီးတော့သည်။ ထိုအခါ PDPA နှင့် စစ်တပ်ထဲမှ လက်ဝဲအယူအဆရှိသူ တပ်ဖွဲ့ဝင်များက ပုန်ကန်ရန် ဆုံးဖြတ်ကာ သမ္မတနန်းတော်ကို ဝင်စီးတော့သည်။ မိရ် အက္ကဘာ ခီဘာ လုပ်ကြံခံရပြီးနောက် ဆယ်ရက်အကြာ ၁၉၇၈ခုနှစ် ဧပြီလ ၂၇ရက်တွင် PDPA က နိုင်ငံ၏ အာဏာကို ရယူလိုက်တော့သည်။ ထို အပြောင်းအလဲအား အာဖဂန်သမိုင်းတွင် ဆော်တော်လှန်ရေး (Saur Revolution) ဟုခေါ်ကြသည်။ PDPA မှ နူရ် မူဟာမက္ တရာကီ (Nur Muhammad Taraki) က ခေါင်းဆောင်ဖြစ်လာသည်။
ဟာဖစ်ဇူလ်လာ အမင် (Hafizullah Amin)
အာဖဂန်ကွန်မြူနစ် အစိုးရတွင် နူရ် မူဟာမက္ တရာကီ က သမ္မတဖြစ်ပြီး ဟာဖစ်ဇူလ်လာ အမင်က ဝန်ကြီးချုပ်ဖြစ်လာသည်။ အာဖဂန်၏ ထုံးစံအတိုင်း မညီညွှတ်မှု မတည်ငြိမ်မှုက ေပျာက္ပျက္မသွားခ့ဲပေ။ ဝန်ကြီးချုပ်က မညီညွှတ်မှု မတည်ငြိမ်မှုများကို ကိုင်တွယ်လာရသောအခါ လုပ်ပိုင်ခွင့်က တင်းပြည့်ကျပ်ပြည့်လိုလာသည်။ ဤသို့ဖြင့် ဝန်ကြီးချုပ်နှင့် သမ္မတကြား လုပ်ပိုင်ခွင့်တွင် အားပြိုင်မှုက ဖြစ်လာကြပြန်သည်။ ဟာဖစ်ဇူလ်လာ အမင်၏ ဩဇာက အစိုးရအဖွဲ့နှင့် စစ်တပ်ထဲတွင် ကြီးမားလာသည်။ ဆူပူအုံကြွမှုများကို ကိုင်တွယ်သောအခါ ဟာဖစ်ဇူလ်လာ အမင်က ပြင်းပြင်းထန်ထန် တုန့်ပြန်လေ့ရှိသည်။ ခက်သည်က အာဖဂန်သည် ဆိုဗီယက္ရုရှားက့ဲသို့ စက္မှုလူအဖွဲ့အစည်းမဟုတ်သေးပေ။ အာဖဂန်လူ့အဖွဲ့အစည်းသည် အပြန်အလှန်မယုံကြည်မှုနှင့် အားပြိုင်မှုအောက်တွင်သာရှိနေသည်ဖြစ်၍ ကုန်ထုတ်လုပ်မှုအားကောင်းသော လူ့အဖွဲ့အစည်းလည်း မဟုတ်ပေ။ လက်ဝဲအယူအဆအရ ပြုပြင်ပြောင်းလဲမှုများကို လူမျိုးစုအထိုင်နိုင်ငံရေးအုပ်စုများနှင့် ဘာသာရေးအုပ်စုများအဖို့ သဘောမတွေ့ချင်စရာများရှိနေသည်။ ကွန်မြူနစ်ဟူသည်ကလည်း ဘာသာမရှိ၊ လူမျိုးမရှိ အယူအဆ။ ထိုအယူအဆက သမိုင်းကြောင်းတလျှောက် အမျိုးသားရေးဆိုင်ရာ နာကျင်မှုရှိနေသော လူမျိုးစုများအတွက် အဆင်မပြေ။ ထိုအတူ ဘာသာရေးအထိုင်အောက်ကလည်း အဆင်မပြေ။ အာဖဂန်သာမန် ပြည်သူများအတွက်တော့ လက်ဝဲပြုပြင်ပြောင်းလဲမှုက နဂို အနေအထားထက် ပိုမကောင်းဘဲ ပိုဆိုးလာခ့ဲသည္။ နဂိုက လယ်ပိုင် မြေပိုင်သေးသည်။ ကွန်မြူနစ်များတက်လာခါမှ ကိုယ့်မြေလည်းကိုယ်မပိုင်တော့ပေ။ ကိုယ်လယ်ကိုယ်မပိုင်သည်အပြင် ကိုယ်လယ်ပေါ်တွင် အလုပ်ကလုပ်နေရသေးသည်။ ကြပ်တည်းမှုက ပိုရှိလာသည်။ ကြပ်တည်းမှုပိုရှိလာတော့ ပို၍ မငြိမ်သက်မှုက ဖြစ်လာတော့သည်။ ထိုမငြိမ်မသက္မှုများတွင် အောက်ခြေသာမန်လူတန်းစား၏ အခွင့်အရေးကို တောင်းဆိုမှုက ရှိနေသည်။ ဥဇ္ဇဘက်၊ တာဂျစ်၊ တာခ့်မင် လူမျိုးစုများကလည်း ဆိုဗီယက်ယူနီယံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ထိုလူမျိုးစုနယ်မြေများတွင်လည္း အကြပ်အတည်းကြောင့် မငြိမ်သက်ကြပေ။ထိုသို့ နိုင်ငံရေးအယူအဆ ပါနေသော မငြိမ်သက္မှုများသည် ဆိုဗီယက်လက်ချက် မကင်းဟု ဟာဖစ်ဇူလ်လာ အမင်က ရှူမြင်သည်။ ဆိုဗီယက်ဘက်က အာဖဂန်၏ မငြိမ်သက္မှုများသည် ဟာဖစ်ဇ်ဇူလ်လာ အမင်၏ မူဝါဒကြောင့်ဟု ရှူမြင်သည်။ ဤသို့ဖြင့် ဟာဖစ်ဇူလ်လာ အမင်နှင့် ဆိုဗီယက်ကြားတွင် ဆန့်ကျင်ဘက် ဖြစ်လာတော့သည်။
၁၉၇၉ခု နှစ် စက်တင်ဘာလ တွင် သမ္မတ နူရ် မူဟာမက္ တာရာကီက ဆိုဗီယက်သို့ အလည္အပတ္သွားခ့ဲသည္။ခရီးစဉ်တွင် ဆိုဗီယက်တို့က ဟာဖစ်ဇူလ်လာ အမင်အား ဖယ်ရှားရန် မီးစိမ်းပြလိုက်သည်။ နူရ် မူဟာမက္ တာရာကီက ဟာဖစ်ဇူလ်လာ အမင်အား လုပ်ကြံသတ်ဖြတ်သော်လည်း မအောင္မြင်ခ့ဲပေ။ ဟာဖစ်ဇူလ်လာ အမင်၏ ပြန်လည်လုပ်ကြံသတ်ဖြတ်မှုကိုသာ ခံလိုက်ရတော့သည်။ ဤသို့ဖြင့် အာဖဂန်၏ အာဏာသည် ဟာဖစ်ဇူလ်လာ အမင်ထံ ရောက်ရှိလာသည်။ ဟာဖစ်ဇူလ်လာ အမင် ထံ အာဏာရောက်ရှိသွားသောအခါ မျက်ခုံးလုပ်သွားသည်က ဆိုဗီယက်ဖြစ်သည်။ ဟာဖစ်ဇူလ်လာ အမင်အနေဖြင့် ဆိုဗီယက်ကို ကြေနပ်မည်မဟုတ်သည်ကိုလည်း ဆိုဗီယက်တို့က ရိပ်စားမိသည်။ မထူးတော့ပြီမို့ အာဖဂန်သပွတ်အူထဲ ဆိုဗီယက်တို့ လက်တစ်ဆုံးဝင်နှိုက်တော့သည်။ ၁၉၇၉ခု နှစ် ဒီဇင်ဘာလတွင် ဆိုဗီယက်တို့ အာဖဂန်ထဲ ဝင်လာပြီး ဟာဖစ်ဇူလ်လာ အမင်ကို ဖယ်ရှားကာ ၎င်းတို့စိတ်ချရသော ဘာဘ်ရက် ကာရ်မဲလ် ( Babrak Karmal) အား အာဖဂန်အုပ်ချုပ်သူ ဖြစ်စေ ခ့ဲသည္။
ဆိုဗီယက်တို့က ၎င်းတို့ဩဇာလွမ်းမိုး၍ရသော ဘာဘ်ရက် ကာရ်မဲလ်အစိုးရအား ပုန်ကန်မှုများမှ ကူညီရန်၊ တိုင်းပြည်တည်ငြိမ်ရေးကို ထိန်းချုပ်နိုင်ရန်နှင့် အမရေိကန္က့ဲသို့ အင်အားစုများမှ ဩဇာမလွှမ်းမိုးနိုင်အောင် ကာကွယ်ရန် ရည်ရွယ်၍ အာဖဂန်ထဲသို့ ဝင္ရောက္ ခ့ဲသောလည်း မှန်းချက္နှင့် နှမ်းထွက်က မကိုက္ ခ့ဲပေ။ကွန်မြူနစ်များက လူမျိုးရေးနှင့် ဘာသာရေးကို လက္မခံပေ။ အာဖဂန်တွင် ရှေးယခင် ကပင် လူမျိုးစုအရေးက ရှိနေ ခ့ဲသည္။ အုပ်ချုပ်ရေးစနစ်ညံဖျင်းမှုကြောင့် လူထုတွင် အကြပ်အတည်းဆိုက်နေသည်။ အကြပ်အတည်းအောက်တွင်ရှိနေသော လူထုအား ဘာသာရေးကို အခြေခံသည့် နိုင်ငံရေးဖြင့် စည်းရုံးရက လွယ်ကူသွားပြီဖြစ်သည္။ ဤရလဒ်ကြောင့် ဆိုဗီယက်- အာဖဂန် စစ်ပွဲ ဖြစ်လာခ့ဲပြီး ထိုစစ်ပွဲ ပဋိပက္ခက တာလီဘန်များပေါ်ထွက်လာရန် ရေခံမြေခံများကိုလည်း အကျိုးဆက်အနေဖြင့်ဖြစ်လာစေ ခ့ဲသည္။
ဆက်လက်ဖော်ပြပါမည်
Comments
Post a Comment