အိုဘယ့်ရယ်တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၄

 အိုဘယ့်ရယ္တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၄


ဆိုဗီယက်-အာဖဂန် စစ်ပွဲမတိုင်မှီ အာဖဂန်၏ နိုင်ငံရေးအလှည့်အပြောင်းအချိုးအကွေ့များကို ကြည့်ပါက 

၁-ဘုရင်စနစ်ကို ထောက်ခံသူများ အုပ်စု

၂-လက်ဝဲဝါဒ၊ ကွန်မြူနစ်ဝါဒရှိသူများ အုပ်စု

၃-အစ္စလာမ်ဘာသာရေး အုပ်စုများ

၄-မျိုးနွယ်စုအုပ်စုများ ဆိုသည့် နိုင်ငံရေးအထိုင်များကြား မညီညွှတ်နိုင်မှုနှင့် အားပြိုင်မှုအခြေအနေက အမြဲတန်းရိုက်ခတ်နေမည်ကို တွေ့ရမည်ဖြစ်သည်။

ဘုရင် ဇာဟာရ်ရှား (Zahir Shah) ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် နိုင်ငံရေးအထိုင်အုပ်စုများ မညီညွှတ်မှု အားပြိုင်မှုများကြောင့် အစိုးရအဖွဲ့သည် လုပ်ရပ်ခရီးမတွင်ပေ။ ဘုရင်က အပြောင်းအလဲကို စိုးရိမ်မှုဖြင့် အကန့်အသတ်ဘောင်အတွင်းမှ ပြုလုပ်ခ့ဲသည်။ ထိုအကန့်အသတ်က အစိုးရအတွက် ပေးထားချက် မူရင်းသတ်မှတ်ချက်ဖြစ်သည်။ မြေပြင်အရှိတရားတွင် နိုင်ငံရေးအထိုင်အုပ်စုများဖြင့် မတည်ငြိမ်မှုက ရှိနေသည်။ တဖက်တွင် အာဏာကိုဆုတ်ကိုင်ထားသူအချင်းချင်းထဲတွင် မိမိလုပ်ပိုင်ခွင့်ကို ချဲ့ထွင်လိုသော  ပုဂ္ဂလိက အမြင်ကရှိနေသည်။ ဤအချက္များက ဘုရင် ဇဟာရ်ရှား (Zahir Shah) နှင့် ဝန်ကြီးချုပ် ဒါယုတ်ခန်း (Daoud Khan) ကြားတွင် ပြဿနာကို ဖြစ်စေသည်။ 

ဝန်ကြီးချုပ် ဒါယုတ်ခန်း ( Daoud Khan) နှင့် ပြည်သူ့ဒီမိုကရက်တစ်ပါတီ (People's Democratic Party of Afghanistan - PDPA) ကြားတွင် ဖြစ်ပွားသော ပြဿနာမှာလည်း ထိုအချက္များကြောင့်ပင် ဖြစ်သည်။ 

PDPA မှ နူရ် မူဟာမက္ တရာကီ (Nur Muhammad Taraki) နှင့် ဟာဖစ်ဇူလ်လာ အမင် (Hafizullah Amin) ကြားတွင် ဖြစ်ပွားသော ပြဿနာမှာလည်း ထိုအချက္များကြောင့်ပင် ဖြစ်သည်။

ဟာဖစ်ဇူလ်လာ အမင်၏ ရပ်တည်ချက်နှင့် လုပ်ရပ်သည်လည်းကောင်း၊ ၎င်းအပေါ် ဆိုဗီယက္များ၏ မင်္သကာရသည့် ကိစ္စသည်လည်းကောင်း ဇစ်မြစ်မှာလည်း ထိုအချက်များကြောင့်ပင် ဖြစ်သည်။ 


**ဆိုဗီယက်-အာဖဂန် စစ်ပွဲမတိုင်ခင် အာဖဂန်၏ နိုင်ငံရေး အချိုးအကွေ့ ဇယား ပုံ**


ဆိုဗီယက္များ ဘာဘ်ရက် ကာရ်မဲလ် ( Babrak Karmal) အား အုပ်ချုပ်သူနေရာကို ပေး၍ အာဖဂန်အား မောင်းနှင်သည့်အချိန်တွင်လည်း ဆိုဗီယက္များ ရင်ဆိုင်ရသော ပြဿနာမှာလည်း ထိုအချက္များသာဖြစ်သည်။ နိုင်ငံရေးအချိုးအကွေ့အရ ဖြစ်ပုံပျက်ပုံသာ ပြောင်းသွားမည်။ မူရင်းအနှစ်သာရကတော့ မပြောင်းလဲချေ။


ဆိုဗီယက်-အာဖဂန်စစ်ပွဲ (၁၉၇၉-၁၉၈၉)


အာဖဂန်အား ဝင်လာသည့် ဆိုဗီယက္များ၏ ရည်ရွယ်ချက္မှာ အာဖဂန်တွင် ၎င်းတို့ဩဇာခံအစိုးရတစ်ရပ်တည်ဆောက်ခြင်းသာ ဖြစ်သည်။ ဆိုဗီယက်တပ်များရှိနေချိန်ထိ ထိုရည်ရွယ်ချက်သည် အထမြောက်နေသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် ရေရှည်ခံသည့် အထမြောက္ခြင္းမျိုးတော့မဟုတ်ပေ။ ၁၉ရာစု ဘာရက်ဇိုင်းမင်းဆက် အမာ အဗ္ဗဒူ ရာမန်ခန်း ( Amir Abdur Rahman Khan) လက်ထက်ကပင် ရှိလာခ့ဲသော အာဖဂန်၏ အာဏာကိုကိုင်စွဲသူများ၏ လမ်းဟောင်းသံသရာထဲမှ ဆိုဗီယက်တို့လည်း ရုန်းမထွက်နိုင်ခ့ဲချေ။အာဖဂန်၏ မြေပြင် နိုင်ငံရေးအုပ်စုများအားပြိုင်မှုကြောင့်ပင်လျှင် ဆိုဗီယက်တို့လည်း ဗဟို၌ အားကောင်းသော အစိုးရတစ်ရပ်ကို ပုံဖော်တော့သည်။အာဖဂန်တွင် ဗဟိုချုပ်ကိုင်မှုကြောင့်ပင် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုသည့်လူမျိုးစုအထိုင်နိုင်ငံရေးက အားကောင်းလာခြင်းဖြစ်သည်။ ထိုလူမျိုးစုအထိုင်နိုင်ငံရေးကို ဖိနှိပ်သောအခါ နိုင်ငံရေးတည်ငြိမ်မှုက မ့ဲလာတော့သည္။ နိုင္ငံရေးတည်ငြိမ်မှုမ့ဲလာသည်နှင့်စီးပွားရေး၊ ပညာရေး၊လူမှုရေးများကိုပါ နှိမ့်ကျစေသည်။ ထိုသို့နှိမ့်ကျသည့် လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးကို အခြေခံသည် အမျိုးသားရေးဖြင့် စည်းရုံးရလည်းလွယ်ကူတတ်သည်။ ဤသို့ဖြင့် ဘာသာရေးစံကို အခြေခံသော နိုင်ငံရေးအထိုင်ကလည်း အားကောင်းလာပြန်သည်။ အာဖဂန်၏ နိုင်ငံရေးအထိုင် လေးခုသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်အခြေအနေတွင်လည်းရှိနေတတ်သည်။ ဆိုဗီယက်တို့က ဗဟိုအားကောင်းသည့် ကွန်မြူနစ်အစိုးရတစ်ရပ်ကို ထူထောင်သောအခါ ကွန်မြူနစ်အမြင်တွင် ဘာသာရေး၊ လူမျိုးရေးကို ပစ်ပါယ်လာသည်။ အာဖဂန်၏ နိုင်ငံရေးအထိုင်သည် နဂိုကတည်းကပင် လူမျိုးရေး၊ ဘာသာရေးအထိုင်ဖြစ်နေသည်။ ထိုအခါ ဆန့်ကျင်ဘက် မီးပွားများ စင်ထွက်လာတော့သည်။ ထိုမီးပွားကလည်း PDPA အတွင်းက စတင်လာသည်က အံဩစရာကောင်းလှသည်။ 


PDPA အတွင်းတွင် ခါလ်ခ် (Khalq) အုပ်စုနှင့်  ပါချမ် (Parcham) အုပ်စုဟူ၍ နှစ်ဖွဲ့ရှိသည်။ ခါလ်ခ် (Khalq) အုပ်စုက ကျေးလက်ဒေသရှိ ပါက်ရှ်တွန် (Pashtun) လူမျိုးများကို အခြေခံသည်။ ပါချမ် (Parcham) အုပ်စုက မြိုပြ ပညာတတ်လူတန်းစား၊ လူလတ်တန်းစားများဖြစ်သည်။ ပါချမ် (Parcham) အုပ်စုထဲတွင် မြို့ပြနေ လူမျိုးစုပညာတတ်များ၊ ပညာတတ် ပါက်ရှ်တွန် (Pashtun)များလည်းပါဝင်သည်။ ထိုအုပ်စုနှစ်ခုကြားတွင် အားပြိူင်မှုကရှိသည်။ ခါလ်ခ် (Khalq) အုပ်စုက ပါချမ် (Parcham) အုပ်စုအား ပညာတတ်လူတန်းစား၊ လူလတ်တန်းစားအချောင်သမား၊ ဓနရှင်ပေါက်စ၊ ဘူဇွာပေါက်စများ၊ တွေဝေသူများဟုမြင်သည်။ ၎င်းတို့ကသာ  ​ေချွးထွက်သံထွက် တုံးတိုက် ကျားတိုက်လုပ်နေရသည်ဟု မြင်သည်။ခါလ်ခ် (Khalq) များအတွက် အလုပ်တစ်ခုဖြစ်ရန် သီအိုရီတွေ၊ သဘောတရားတွေမလို လက်တွေ့ အလုပ်ဖြစ်အောင်လုပ်လျှင် ရပြီဟုမြင်သည်။ အငုံစိတ်အရလည်း (Khalq) အုပ်စုသည် ကျေးလက် ပါက်ရှ်တွန်(Pashtun) များဖြစ်ရာ ပါချမ် (Parcham) အုပ်စုရှိ လူနည်းစုပညာတတ်များအပေါ်တွင် အမြင်မကြည်မှုက ရှိသည်။ နူရ် မူဟာမက္ တရာကီ (Nur Muhammad Taraki) နှင့် ဟာဖစ်ဇူလ်လာ အမင် (Hafizullah Amin) တို့သည် ခါလ်ခ် (Khalq) အုပ်စုမှဖြစ်သည်။  ဘာဘ်ရတ် ကာရ်မဲလ် (Babrak Karmal) နဲ့ မိုဟာမက္ နာဂျစ်ဘူလာ (Mohammad Najibullah) တို့က ပါချမ် (Parcham) အုပ်စုမှဖြစ်သည်။ ပါချမ် (Parcham) အုပ်စုက ပြုပြင်ပြောင်းလဲရေးကို တဖြေးဖြေးနှင့် သွားလိုသည်။ ခါလ်ခ် (Khalq) အုပ်စု ထိုသို့မဟုတ်၊ စိတ်မရှည်ပေ။ အတင်းအကြပ်မြေယာပြုပြင်ပြောင်းလဲရေးနှင့် လူမှုရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ပြင်းပြင်းထန်ထန်ပြုလာသောအခါ အာဖဂန်တွင် လူထု၏ မကြေနပ်မှုက တိုးလာတော့သည်။ ဤတွင် ဆိုဗီယက်တို့က ဝင်လာကာ ဘာဘ်ရက် ကာရ်မဲလ် (Babrak Karmal) တို့ကို နေရာပေးလာခြင်းဖြစ်သည်။


မူဂျာဟစ်ဒင် (Mujahideen)

အာဖဂန်၏ လူမျိုးစုအထိုင် နိုင်ငံရေးတွင် လူမျိုးစုအချင်းချင်းလည်း အပြန်အလှန်အားပြိုင်နေကြသည်။ ဖိနှိပ်ခံ အချင်းချင်းကြားတွင် ညီညွှတ်မှုနှင့် ဘုံနိုင်ငံရေးရည်မှန်းချက် လမ်းစဉ်ကိုလည်း မချမှတ်နိုင်ပေ။ ဘာသာရေးအုပ်စုများတွင်တော့ မည်သည့်လူမျိုးဟူ၍မခွဲ၊ ဘာသာတူနေလျှင်ရင် ရပြီဖြစ်ရာ လူမျိုးရေးအထိုင်ထက် ဘာသာရေးအထိုင်သည် ပိုကျယ်ပြန့်သယောင်ဖြစ်နေသည်။ ပိုကျယ်ပြန့်သယောင် ဆိုခြင်းက ပို၍ လူများကို လွမ်းခြုံစည်းရုံးနိုင်သည့်သဘောမျိုးရှိနေခြင်းကို ဆိုလိုသည်။ သို့ဖြင့် လွမ်းခြုံနိူင်မည့် သဘောရှိသော မူဂျာဟေဒင်များကို အနောက်အုပ်စုက ပို၍ ထောက္ပံခ့ဲခြင်းဖြစ်သည်။ ထိုသို့ထောက်ပံမှုကြောင့် မူဂျာဟေဒင်များတွင် လက်နက်ရိက္ခာငွေကြေးက တောင့်တင်းသည်။ တဖက်တွင် ဆိုဗီယက္များကို တိုက်ရန်အင်အားကလိုသည်။ ဆိုဗီယက်တို့၏ ကွန်မြူနစ်ဒဏ်ကို တွန်းလှန်နေကြသော လူမျိုးစုအထိုင်များ၊ အချို့သော ဘာသာရေးအထိုင်များတွင် လက်နက္မလုံလောက်ပေ။ ထိုအခါ မူဂျာဟေဒင်က ယင်းအဖွဲ့များကို စည်းရုံးတော့သည်။ စည်းရုံးပုံက အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုကြား မတူညီမှုကို ခဏဘေးဖယ်ထား။ လောလောဆယ် ဆိုဗီယက်တို့ကို တိုက်ရန်အရေးကြီးသည်။ ဆိုဗီယက်တို့ မရှိသောအခါတွင် ကိုယ့်အချင်းချင်းပြဿနာကို ရှင်းကြမည်။ လောလောဆယ်အလုပ်ဖြစ်မည့်အရာကို အရင်လုပ်ကြမည်ဟူသော သဘောဖြစ်သည်။ ထိုအမြင်ကာ လက်တွေ့တွင် အလုပ်ဖြစ်သင့်သလောက် ဖြစ်ခ့ဲသည်။ ဤသို့ဖြင့် အာဖဂန်သပွတ်အူထဲတွင် ဆိုဗီယက်တို့ တိုင်ပတ်မှုစတော့
တော့သည်။ ဘာဘ်ရက် ကာရ်မဲလ် (Babrak Karmal) အစိုးရအဖွဲ့က ဆိုဗီယက်တို့အပေါ် လုံးလုံးမှီခိုနေရသည်။ ခါလ်ခ် (Khalq) အုပ်စုကလည်း ပါချမ် (Parcham)တို့ကို မကြေနပ်ဘဲ ဆန့်ကျင်နေသည်။ PDPA မှာလည်း ခါလ်ခ် (Khalq) များကြောင့် လူထုမထောက်ခံတော့ပေ။ နောက္ဆုံးတွင္ ဆိုဗီယက္များက ဘာဘ်ရက် ကာရ်မဲလ် (Babrak Karmal) ကို ဖါယ်ရှားကာ မိုဟာမက္ နာဂျစ်ဘူလာ (Mohammad Najibullah) ကို နေရာပေးတော့သည်။ ပါချမ် (Parcham) အုပ်စုတွင် လူမျိုးစုပညာတတ် အီလိုက္များလည်းပါဝင်သည်။ အာဖဂန် နိုင်ငံရေးတွင် လူမျိုးစုများသည် ညီညွှတ်မှုနှင့် ဘုံနိုင်ငံရေးရည်မှန်းချက် လမ်းစဉ်ကို မချမှတ်နိုင်ဘဲ အချင်းချင်းလည်း အားပြိုင်နေတတ်သည်။ ပါချမ် (Parcham) အုပ်စုတွင်လည်း ထိုနည်းအတိုင်းဖြစ်နေသည်။ ဤသို့ ဆိုဗီယက်တို့တိုင်ပတ်ရင်း ဆယ်စုနှစ်တစ်ခုအနေအထားသို့ရောက်လာသောအခါ ဆိုဗီယက္များ အာဖဂန်က ဆုတ်ခွာတော့သည်။ ဆိုဗီယက်တို့ ဆုတ်ခွာသည်နှင့် မူဂျာဟေဒင်များလည်း ပို၍ စိတ်ဓာတ်တက်ကြွလာကာ ထိုးစစ်ဆင်တော့သည်။ မိုဟာမက္ နာဂျစ်ဘူလာ အစိုးရမှာလည်း မြို့ပြဧရိယာအနည်းငယ်သာ ထိန်းချုပ်နိုင်တော့သည်။ ထိုအချိန်တွင် အဓိကစစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ် ရာရှစ် ဒိုစတမ် (Abdul Rashid Dostum) က မူဂျာဟေဒင်များဖြင့်ပူးပေါင်းသွားပြီး မြောက်ပိုင်းလူမျိုးစုတပ်များ ခြံခုန်သွားတော့သည်။ ၁၉၉၂ ခုနှစ်တွင် အာဖဂန် အစိုးရလည်း ပြိုလဲတော့သည်။

မူဂျာဟေဒင် အချင်းချင်းပြန်တိုက်ကြခြင်း 

မူဂျာဟေဒင် အဖွဲ့ထဲတွင် လူမျိုးစုအထိုင်များ၊ အချို့သော ဘာသာရေးအထိုင်များ ပါဝင်ကြပြီး ၎င်းတို့တွင် ဘုံနိုင်ငံရေးရည်မှန်းချက္မရကြပေ။ ကာဘူးလ် မြို့အားသိမ်းပိုက်သည့် (၁၉၉၂) ခုနှစ်မှ စတင်ကာ (၁၉၉၆) ခုနှစ်အထိ မူဂျာဟေဒင် အဖွဲ့များအချင်းချင်းပြန်တိုက်တော့သည်။ အမှန်က မူဂျာဟေဒင် အချင်းချင်း ပြန်တိုက်နေမှုက ဆိုဗီယက်တို့ဆုတ်ခွာသည့် ၁၉၈၉ ခုနှစ်ကပင် စတင်နေပြီဖြစ်သည်။ "အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုကြား မတူညီမှုကို ခဏဘေးဖယ်ထား။ လောလောဆယ် ဆိုဗီယက်တို့ကို တိုက်ရန်အရေးကြီးသည်။ ဆိုဗီယက်တို့ မရှိသောအခါတွင် ကိုယ့်အချင်းချင်းပြဿနာကို ရှင်းကြမည်။ လောလောဆယ်အလုပ်ဖြစ်မည့်အရာကို အရင်လုပ်ကြမည်" ဆိုသောအလွယ်လမ်းကို မူဂျာဟေဒင်များ လိုက္်ခ့ဲသည်။ ထိုအလွယ်လမ်းက "နိုင်ငံရေးလမ်းစဉ် အာမခံချက် ကတိကဝတ်မပါသော၊ စကားများများမပြောချင်၊ အလုပ်များများလုပ်မည် ဆိုသော အခင်းအကျင်းမျိုးကို ပုံဖော်လာခ့ဲသည္။ ထိုပုံဖော်မှုကပင် "မူဂျာဟေဒင် အဖွဲ့ အချင်းချင်း ဩဇာချဲ့ထွင်မှု၊ အာဏာပါဝါနှင့် နယ်မြေရလိုမှုနှင့် ကိုယ်စီရည်မှန်းချက်အသီးသီးများကြောင့် သွေးထွက်သံယိုမှုများထပ်ဖြစ်လာတော့သည်။" လူမျိုးစုမတူ၍ သတ်ဖြတ်ခြင်းများ၊ အတွေးအခေါ်မတူ၍ သတ်ဖြတ်ခြင်းများ၊ ငါတိုက်ထားသည့်နေရာဖြစ်၍ ငါ့နေရာတွင် ငါတို့သာရှိရမည်ဟူ၍ နယ်မြေကြောင့် သတ်ဖြတ်ခြင်းများဖြင့် အာဖဂန်သည် မွစာကြဲကုန်တော့သည်။ 

တာလီဘန်များ ပေါ်လာခြင်း 

ထိုက့ဲသို့ သတ်ဖြတ်မှု၊ သွေးချောင်းစီးမှုများကို အာဖဂန်ပြည်သူများလည်း စိတ်ကုန်လာကြသည်။ တည်ငြိမ်မှုကို လိုချင်လာကြသည်။ မူဂျာဟေဒင်ကို ထောက္ပံခ့ဲသည့္အနောက်အုပ်စုကလည်း ခပ်တည်တည်ဖြင့် အာဖဂန်ဇတ်ရှုပ်ထဲမှ ဆုတ်ခွာတော့သည်။ ဤတွင် အာဖဂန် လူထုကြားထဲ နားဝင်ချိုသော အသံတစ်ခုပျံလွင့်လာသည်။ ထိုအသံကား " (အစ္စလာမ်ဘာသာရေးထုံးတမ်းဥပဒေ) ကို အခြေခံပြီး တိုင်းပြည်ကို တည်ငြိမ်အောင်၊ ငြိမ်းချမ်းအောင်လုပ်မည့် အဖွဲ့ပေါ်လာပြီ" ဟူ၍ ဖြစ်သည်။ ထိုအသံကား အာဖဂန်ပြည်သူများအတွက် ကယ်တင်ရှင်၏ အသံတော်ပင် ဖြစ်တော့သည်။ ထိုအသံ၏ ပ့ဲကိုင္ရှင္ကမူဂျာဟစ်ဒင်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သော မူလာ အိုမာ (Mullah Omar)ဖြစ်သည်။ ပါကစ္စတန်ရှိ အစ္စလာမ်ဘာသာရေးကျောင်း (မဒရာဆာ) များမှ ကျောင်းသားများဖြင့် ဖွဲ့စည်းထား၍ ထိုအဖွဲ့အား  "တာလီဘန်" (ကျောင်းသားများ) ဟု ခေါ်ကြသည်။ တာလီဘန်အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် ပါကစ္စတန်- အာဖဂန်နစ္စတန် နယ်စပ်ဒေသမှာ ပထမဆုံး စတင်ပေါ်ပေါက်လာသည်။ တာလီဘန်များက ပြည်တွင်းစစ်အား ရပ်တန့်စေကာ လမ်းမပေါ်ရှိ ဖြစ်ပျက်နေသော သွေးထွက်သံယို ရာဇဝတ်မှုများအား ထိထိရောက်ရောက် ရှင်းလင်းလာတော့သည်။ ဤသို့ဖြင့် တာလီဘန်၏ အစဦးပိုင်းတွင် လူထု၏ လက်ျခုတ်ျသံကိုရခဲ့သည်။

တာလီဘန် နောက်ကွယ်က အထောက်အပံ

ဆိုဗီယက်တပ်များ အာဖဂန်မှ ဆုတ်ခွာပြီးနောက်တွင် အနောက်အုပ်စုဘက္မှလည်းမူဂျာဟေဒင်များကို လက္နကျထောက္ပံမှုများ ရပ္ဆိုင္းကာအာဖဂန်ဇတ်ရှုပ်မှ ဆုတ်ခွာခ့ဲသည်။ ဤသို့ဖြင့် အာဖဂန်တွင် အနောက်အုပ်စုနှင့် ဆိုဗီယက်တို့ ဆုတ်သွားပြီးနောက်ပါဝါလေဟာနယ်က ပေါ်လာပြန်သည်။ ထိုပါဝါလေဟာနယ်သို့ အစားဝင်လာသူဇတ်ကောင်သစ်များမှာ ပါကစ္စတန်နှင့် ဆော်ဒီတို့ဖြစ်သည်။ ထိုနှစ်နိုင်ငံလုံး အမေရိကန်၏ မဟာမိတ်များဖြစ်သည်။ ပါကစ္စတန်က အိန္ဒိယနှင့် အားပြိုင်ရန် အာဖဂန်တွင် ၎င်းနှင့်အဆင်ပြေမည့် အစိုးရတစ်ရပ်ကိုလိုချင်သည်။ ဆော်ဒီက ပြိုင်ဘက်ရှီယိုက်အီရန်ကိုရင်ဆိုင်ရန် အာဖဂန် ကစားကွင်းထဲသို့ဝင်လာသည်။ ဆွန်နီဆော်ဒီ၏ ဝါဟာဘီ (Wahhabi) အယူအဆက တာလီဘန်အယူအဆနှင့် ကိုက်ညီသည်။ ဤသို့ဖြင့် တာလီဘန်အား အဆိုပါနှစ်နိုင်ငံထောက်ပံတော့သည်။ ပါကစ္စတန်က အာဖဂန်ကိုဖြတ်ကာ ဗဟိုအာရှနှင့် ခြိတ်ဆက်ချင်သည်။ အမေရိကန်က အာဖဂန်ကိုဖြတ်ကာ ပါကစ္စတန်နှင့် ရေနံပိုက်လိုင်းသွယ်ချင်သည်။ ဆော်ဒီက အီရန်၏ ဩဇာအာဏာပျံနှံ့လာမည်ကို မလိုလားချေ။ ထိုသုံးနိုင်ငံအတွက် အာဖဂန်တွင် ၎င်းတို့အဖို့ စိတ်ချရသော အစိုးရတစ်ရပ်တက်လာပြီး တည်ငြိမ်အောင်လုပ်လျှင် အဆင်ပြေမည်ဖြစ်သည်။ တာလီဘန်များ၏ ကနဦးလုပ်ရပ်က အာဖဂန်အား တည်ငြိမ်အောင်ပြုလုပ်ပေးမည့် အဖွဲ့အစည်းမျိုးအဖြစ်ရှူမြင်ခံရသည်။ တာလီဘန်ကလည်း အီရန်နှင့် အဆက်အသွယ်ရှိသော အုပ်စုများကိုလည်းတိုက်သည်။ ထိုလုပ်ရပ်က အီရန်နှင့် ရန်ဘက် အမေရိကန်နှင့် ဆော်ဒီတို့ဘက္မှ တာလီဘန် အပေါ် မျှော်လင့်ချက်ကို ဖြစ်စေသည်။ အမှန်တော့ တာလီဘန်များက "အာဖဂန်တွင် ၎င်းတို့မှလွဲ၍ အခြားလက်နက်ကိုင်များရှိမည်ကို မလိုလား၍ တိုက်ခြင်း"သာဖြစ်သည်။ ပါကစ္စတန်က ထောက်ခံထားသော   ဂူလ်ဘူဒင် ဟက်ခ္မာတီယာ (Gulbuddin Hekmatyar) ၏ ဟစ်ဇ်ဘ်-အီ-အစ္စလာမီ (Hezb-e Islami) အဖွဲ့ကိုလည်း တိုက်သည်။ ဟစ္ဇ်ဘ်- အီ- အစ္စလာမီ အဖွဲ့သည် တာလီဘန်များ၏ အယူအဆနှင့် သိပ်မကွာသော အဖွဲ့ ဖြစ်သည်။ သို့သော် တာလီဘန်များအဖို့က ၎င်းတို့နှင့် ရပ်တည်ချက်ပလက်ဖောင်း တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အာဖဂန်တွင် ၎င်းတို့မှလွဲ၍ အခြားမည်သူမှ မရှိရ၊ ရှိလိုပါက ၎င်းတို့လက်အောက်ခံ လုပ်လျှင်လုပ်၊ သေချာသည့်အချက်က ၎င်းတို့သာ အုပ်ချုပ်မည်၊ ၎င်းတို့အနေဖြင့် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးအာဏာအား ခွဲဝေမှုကို ဖြစ်စေမည့် မည်သည်ဇတ်ကောင်ကိုမှ မလိုလားပေ။

ဆင်လက်ဖော်ပြပါမည်။








Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း