မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၄

 မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၄


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက္မှတ်စု


ခ.၈. မြေယာပဋိပက္ခနှင့် ပဋိပက္ခဆက်နွယ်မှုများကို ဖြေရှင်းရန် မြေပြင်တွင်အလုပ်ဖြစ်သော လက်တွေ့ကျသော လုပ်ငန်းစဉ်နည်းလမ်းများကို သုံးစွဲခြင်း

B.8. Develop and Use Practical Tools that Address the Land-Conflict Nexus


ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အဖွဲ့ဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများမှာ မြေယာပဋိပက္ခနှင့် ပဋိပက္ခ ဆက်နွယ်မှုများကိုကိုင်တွယ်ရန် မြေပြင်တွင် အလုပ်ဖြစ်ကာ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ရှာဖွေစုဆောင်းရမည်ဖြစ်သည်။ ထိုသို့ရှာဖွေရာတွင် လက်ရှိကျင့်သုံးနေဆဲနည်းလမ်းများ အလေ့အထများသည် ကုလသမဂ္ဂ၏ မဏ္ဍိုင်သုံးရပ်နှင့် အံဝင်ဆီလျှော်မှုရှိစေရန်လည်း လိုအပ်သည်။ လုပ်ကိုင်ဆောင်ရွက်နိုင်သော နည်းလမ်းအသစ်များသည် ပဋိပက္ခ၏ အစိတ်အပိုင်းများကို ကိုင်တွယ်နိုင်ရန် ယခင်လုပ်နည်းကိုင်နည်းများမှ ပြောင်းရပြုရလွယ်ခြင်း၊  တိုးတက်သောလက္ခဏာရှိခြင်း၊ နည်းလမ်းဟောင်းများထဲမှ ကောင်းမွန်သော အချက္များနှင့် အံဝင်ဆီလျှော်ခြင်း စသည့်အချက္များနှင့် ပြည့်စုံရမည်ဖြစ်သည်။


- အချက်အလက္မျှဝေခြင်း၊ အချက်အလက်စုဆောင်းခြင်း၊ အချက်အလက်အား အသုံးချခြင်း (Management for Land Information၊ Databases၊ Mapping)

မြေယာပဋိပက္ခနှင့် ပဋိပက္ခ ဆက်နွယ်မှုများ၊ ပဋိပက္ခ၏ နောက်ဆက်တွဲ ဖြစ်ရပ်များ စသည့်တို့နှင့်ပတ်သက်၍ အချက်အလက္များအား စီမံခန့်ခွဲမှုကို အထောက်အပံပေးရန်လိုသည်။ အချက်အလက္များအားစီမံခန့်ခွဲနိုင်ရန်အတွက် နိုင်ငံတစ်နိုင်ငံ၏ တပြည်လုံးအတိုင်းအတာအဆင့်တွင် မြေယာအချက်အလက္များ၊ ဒေတာဘေစ့်များ၊ ဒေသန္တရ အစိတ်အပိုင်းအလိုက် အချက်အလက်နှင့် မြေပုံ (Geo-spatial data & mapping) များအား မျှဝေမှုများတွင် တိုးတက္မှုများရှိနေရမည်ဖြစ်သည်။ ထိုသို့ အချက်အလက္များနှင့် ဖြစ်စဉ်ဖြစ်ရပ်မှတ်တမ်းများသည် ပဋိပက္ခများမဖြစ်စေရန် အတွက် ပြင်ဆင်နိုင်ရန် အသိကြိုပေးခြင်း၊ ပဋိပက္ခအပေါ် ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်သုံးသပ်ခြင်း၊ မြေပြင်အရှိတရားများအား မှတ်တမ်းယူခြင်း၊ အစီရင်ခံခြင်း၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်း၊ ကုလသမဂ္ဂ၏ ယန္တယားများ၊ အဖွဲ့ဝင်များနှင့် ကုလသမဂ္ဂမဟုတ်သော အဖွဲ့အစည်းများ စသည့်ယန္တယားများကြားတွင် ညှိ့နှိုင်းခြင်း၊ ပေါင်းစပ်ခြင်း တို့ကိုဆောင်ရွက်ရာတွင် အသုံးချသင့်သည်။


-အားကောင်း၍ အခြေအနေနှင့် ဖိအားကို ခံနိုင်ရည်ရှိသောအချက်အလက်စုဆောင်းမှု နည်းစနစ်ဆိုင်ရာဗေဒရှိခြင်း(Robust Methodologies)။

မြေပြင်ရှိ ဖြစ်စဉ်ဖြစ်ရပ်များကို စုဆောင်းမှု၊ ထိုဖြစ်စဉ်ဖြစ်ရပ်များကို ခွဲခြမ်းစိတ်ဖြာမှု၊ နိုင်ငံအလိုက် ဖြစ်စဉ်ဖြစ်ရပ်များကို အစီရင်ခံတင်ပြမှုများတွင် ပဋိပက္ခ၏ အစိတ်အပိုင်းများမှ ဦးတည်ရာအညွှန်းပြနေမှုများက ကုလသမဂ္ဂ၏ မြေယာဆိုင်ရာ ဦးတည်ချက်၊ ရည်မှန်းချက္များကို မည်သို့ရိုက်ခတ်ရာရှိကြောင်း စောင့်ကြည့်အကဲဖြတ်ချက္များလည်း ပါဝင်ရမည်ဖြစ်သည်။ ထိုသို့ အချက်အလက်စုဆောင်းမှုများတွင် မြေယာပဋိပက္ခကြောင့် ကုလသမဂ္ဂ၏ စဉ်ဆက္မပြတ်ဖွံ့ဖြိုးမှုရည်မှန်းချက်အပေါ် မျက်ကွယ်ပြုနေမှု၊ ကုလသမဂ္ဂ၏ ရည်မှန်းချက်ကို ထိခိုက်နေမှုများနှင့် အမျိုးသမီးများအား ဖယ်ကျဉ်ထားမှုများကိုပါ ထည့်သွင်းကောက်ယူရမည်ဖြစ်သည်။


- နေရာစွန့်ခွာရမှုနှင့် မြေယာ၊ အိုးအိမ်အခွင့်အရေး (Displacement and Right of Land& House)

နေရပ်စွန့်ခွာရသူများအတွက် ၎င်းတို့နေရပ်စွန့်ခွာမှုမဖြစ်ပေါ်ခင်ကပင် ရှိနေသော အိုးအိမ်၊မြေယာဆိုင်ရာအထောက်အထားများကို ခိုင်မာအောင်လုပ်ပေးနိုင်ရမည်ဖြစ်သည်။ အဆိုပါမှတ်တမ်းအထောက်အထားများက မိမိနေရပ်သို့ပြန်လာနိုင်ရန် အားထုတ်မှုများတွင် အထောက်အကူဖြစ်မည်ဖြစ်သည်။ ထို့သို့ မှတ်တမ်းအထောက်အထားများကို ခိုင်မာအောင်ပြုလုပ်ပေးမှုနှင့် မိမိနေရပ်သို့ပြန်လာရန် အားထုတ်မှုများသည် နေရပ်စွန့်ခွာမှုကြောင့် ဖြစ်လာသော မြေယာဆိုင်ရာ ပြဿနာ အကျိုးဆက် ကိစ္စရပ်ဖြစ်သည်။ အဆိုပါ အခြေအနေမျိုးအား ပဋိပက္ခ၏ အစိတ်အပိုင်းများအဖြစ် ခွဲခြမ်းစိတ်ဖြာသုံးသပ်သင့်သည်။ ထိုက့ဲသို့ အခြေအနေမျိုးများနှင့် သက်ဆိုင်သောမြေယာများအတွက် လက်တွေ့ကျသော နည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများကို ပြုပြင်ရှာေဖွရေးဆွဲယူရမည်ဖြစ်သည်။ ထိုနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများက ဖရီးဟိုလ် အထောက်အထားများကို ဥပဒေကြောင်းအရ အသိအမှတ်ပြုပေးရမည်ဖြစ်သည်။ 


- နေရပ်စွန့်ခွာမှုနှင့် ဖရီးဟိုလ် အထောက်အထားများ (Displacement & Freehold Document)

(ဖရီးဟိုလ် အထောက်အထားဆိုသည်မှာ မြေယာအားပိုင်ဆိုင်မှုအပေါ် အသုံးချမှုပုံစံအရ လည်းကောင်း၊ အချိန်ကာလ အားဖြင့်လည်းကောင်း အဆိုပါ အမျိုးအစားများဖြင့် မြေပိုင်ဆိုင်မှုကို ကန့်သတ်ထားကာ အခွန်ဆောင်စေခြင်း၊ သက်တမ်းတိုးခြင်း စသည့်အချက္များ တစ်ခုတစ်လေမှ မရှိသော၊ ကင်းစင်သော  "မြေကိုပိုင်ဆိုင်မှု" အထောက်အထားဖြစ်သည်။ ဥပမာ- ဘိုးဘပိုင်မြေများ၊ အခွန်လွတ်မြေများ သည် ဖရီးဟိုလ် (Freehold) ပုံစံရှိသော မြေများဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မြေအား အခွန်ဆောင်နေရခြင်း၊ သက်တမ်းတိုးရခြင်း တို့ရှိပါက ၎င်းမြေကို (Leasehold) ပုံစံ မြေဟုခေါ်သည်။) 

မြေယာနှင့်သက်ဆိုင်သော နည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများသည် မြေယာပိုင်ဆိုင်မှုအခွင့်အရေးအမျိုးမျိုးကို ဥပဒေကြောင်းအရ အသိအမှတ်ပြုနိုင်ရမည်ဖြစ်သည်။ ထိုပြင် ဖရီးဟိုလ် ပုံစံပိုင်ဆိုင်မှုထက် ကျော်လွန်သော တောင်းဆိုမှုများကိုလည်း ထိုနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများက အသိအမှတ်ပြုနိုင်ရမည်ဖြစ်သည်။ ထိုသို့အသိအမှတ်ပြုရန်အတွက် ဒေသန္တရ၏ ကဏ္ဍတစ်ခုချင်းအလွှာလိုက် အချက်အလက် (Geospatial Data) များကို အသုံးချကာ ပဋိပက္ခနှင့် နေရပ်စွန့်ခွာရမှုများအား ခြေရာပြန်ကောက်၍ ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ 

- နိုင်ငံတည်ဆောက်ရေးရလဒ်နှင့် မြေယာ (State Building Effort & Land)

မြေယာနှင့် ပတ်သက်သော စည်းမျဉ်းများ၊ လုပ်နည်းကိုင်နည်းများ၊ မြေယာ ဆိုင်ရာအုပ်ချုပ်စီမံမှုများသည် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်အရ အားထုတ်မှုများထဲတွင်ပင် ရှိနေရမည့်အချက္များဖြစ်သည်။ အောက်ပါအချက္ များသည် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်တလျှောက်တွင် ဆောင်ရွက်ရမည့် မြေယာဆိုင်ရာ အုပ်ချုပ်စီမံမှုများလည်းဖြစ်သည်။

(က)- ပဋိပက္ခကာလ၊ အကြပ်အတည်းအများဆုံးကာလနှင့် စိန်ခေါ်ချက်ကြီးမားသော အတိမ်းအစောင်းမခံနိုင်သောကာလများတွင်ပင် မြေယာဆိုင်ရာ အထောက်အထားများ၊ လူထုပိုင်ဆိုင်မှုမှတ်တမ်းများ၊ မြေယာမှတ်ပုံတင်စာရင်းများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားဖျက်ဆီးခြင်းမှ အကာအကွယ်ပေးရမည်။

(ခ)- အဆိုပါ စည်းမျဉ်းများ၊ လုပ်နည်းကိုင်နည်းများနှင့် မြေယာအုပ်ချုပ်စီမံမှုများက မိမိနေရပ်ကို ပြန်လာခွင့်နှင့် မြေယာပိုင်ဆိုင်ခွင့်ကို အာမခံပေးထားရမည်ဖြစ်သည်။  ပဋိပက္ခကာလအတွင်းတွင် ပြန်လာသည်ဖြစ်စေ၊ ပဋိပက္ခဇတ်ရှိန်မြင့် ကြာရှည်နေသောအခြေအနေများတွင်ဖြစ်စေ မိမိနေရပ်သို့ ပြန်လာရန်အတွက် မည်သည့်အချိန်တွင်မဆို ပုံစံမျိုးစုံ၊နည်းမျိုးစုံဖြင့် ပြန်လာရန် ရွေးချယ်စရာများစွာပေးထားရမည်ဖြစ်သည်။ ထိုအချိန်များ၌ပင် နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်များ၌ မြေယာပိုင်ဆိုင်မှု အရှိတရားအပေါ် လုံလစိုက်ကာ အကောင်အထည်ဖော်ရမည်ဖြစ်သည်။ လုံလစိုက်ကာ အကောင်အထည်ဖော်ခြင်းဆိုရာတွင် ကျားမ ခွဲခြားမှုမရှိဘဲ မြေယာဆုံးရှုံးခ့ဲပါက ထိုသူများကို လျော်ကြေး၊နစ်နာကြေးပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းတို့ကိုပါ ထည့့်သွင်းဆောင်ရွက်ရမည်ကို ဆိုလိုခြင်းဖြစ်သည်။



Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း