ဘင်္ဂလားဒေရှ့်၏ ဘာဆန်ချာရ်ကျွန်း ပုံပြင် သို့မဟုတ် လူသားဆန်မှု အမြင် ကျဆုံးသွားခြင်း

 ဘင်္ဂလားဒေရှ့်၏ ဘာဆန်ချာရ်ကျွန်း ပုံပြင် သို့မဟုတ် လူသားဆန်မှု အမြင် ကျဆုံးသွားခြင်း


HM Nazmul Alam ၏ BHASAN CHAR Failure of humanitarian spectacle ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။


၂၀၂၀ ခုနှစ်တွင် ရိုဟင်ဂျာများအား ပထမဆုံးအသုတ် ဘာဆန်ချာရ်ကျွန်းသို့ ရွှေ့ပြောင်းခ့ဲသည္။ ထိုအချိန်တုန်းက လှပသော စကားလုံးများ အာမခံချက္များက ဘင်္ဂလားပင်လယ်အော်ထဲသို့ ထိုးထွက်နေသော ထိုကျွန်းသည် ရိုဟင်ဂျာများအတွက် ဘေးကင္းလုံ ခြုံ ကောင်းကင်ရိပ်မြုံတစ်ခုပဏာ။ ကွန်ကရစ် အဆောက်အအုံများ၊ ဒီရေကာ တာတမံများ၊ ဆိုင်ကလုံးကာကွယ်ရေးစခန်းများ၊ စာသင်ကျောင်းနှင့်ဆေးပေးခန်းများ စသဖြင့် လူသားဆန်မှုရုပ်ထွက်လှလွန်းသည့် သက်သေတစ်ခုအဖြစ် ထင်မှတ်စရာ။ ဘာဆန်ချာရ်ကျွန်းကား ရိုဟင်ဂျာဒုက္ခသည်များကို နေရာချထားမည့် ပရိုဂျက်တစ်ခုသာမဟုတ်။ ဘင်္ဂလားဒေရှ့်၏ နိုင္ငံရေးကြေ ငြာချက္တစ္ခုလည္းဖြစ်ခ့ဲသည်။ထိုကြေ ငြာချက်၏ အဓိပ္ပါယ်က ဘင်္ဂလားဒေရှ့်သည် ဤပုံ ဤနည်းဖြင့် ဒုက္ခသည်အရေးကို ဖြေရှင်းနေ ခ့ဲရဖူးပြီ။ အနည်းဆုံးတော့ ဖြေရှင်းမှု လုပ်ငန်းစဉ်အရေအတွက်လောက်ကိုတော့ ချပြနိုင်မည်ဆိုသည့် သဘောပင်။


သို့သော်....... ငါးနှစ်ခန့်အကြာတွင် ဘေးကင်းလုံခြုံ ကောင်းကင်ရိပ်မြုံသည်လည်း ပင်လယ်ထဲမျှောပါသွားပြီ။ အဆောက်အအုံများ အရည်အသွေးမမှီမှု၊ အရည်အချင်းမပြည့်ဝမှု၊ စီမံခန့်ခွဲမှုများတွင် မေးခွန်းထုတ်စရာအပြည့်ဖြင့် ဘာဆန်ချာရ်ကျွန်း၏ မျက်နှာဖုံးမှာ တဖြေးဖြေးနှင့် ကျွတ်ကျလာတော့၏။ မြေပြင်တွင် ဖြစ်လျှက်ပျက်လျှက် ပကတိအနေအထားက ထိုက့ဲသို့။ လူသားဆန်မှုဟူသည်က ဟန်ပြစကားလုံး လူကြားကောင်းယုံ။ ဤအခြေအနေအားလုံးက ခေါင်းစားစရာကောင်းလှသည် စီမံခန့်ခွဲမှု ပြဿနာတော့မဟုတ်။ အစိုးရတစ်ရပ်၏ ဂရုဏာစနာစိတ် ဘယ်လောက်ခိုင်မာသည်ကို ပြနေသော ပုံရိပ်များသာ ဖြစ်လာသည်။ 


လက်ရှိတွင်တော့.....ရိုးရှင်းပါ၏။ ဘာဆန်ချာရ်ကျွန်းပုံပြင်သည်လည်း ကြက်ပျောက်ငှက်ပျောက်။ အဝါမိလိဂ်လက်ထက်တုန်းကလည်း စိတ်ပါလက်ပါမဟုတ်ခဲ့။ လက်ရှိကြားဖြတ်အစိုးရလက်ထက်တွင်တော့ ရပ်တန့်လျှက်။ ဤပုံပြင်အား ဆက်ရန် တုံဏိဘာဝေ ဆိတ်ဆိတ်နေလျှက်။ တချီတချီ တာကာငွေ ဘီလီယံနဲ့ချီသုံးခ့ဲသော စီမံကိန်းများ....။ အခုဘယ်သူမှ ထမ်းမပိုးလိုတော့သော ပြည်သူ့ကြွေးမြီအဖြစ်ရှိနေတော့သည်။ ဘာဆန်ချာရ်ကား ကောင်းကင်ရိပ်မြုံမဆန်တော့ စီမံခန့်ခွဲမှု အလွဲအမှားများကသာ အမိုက္ပုံသက့ဲသို့ သောင်တင်နေ ခ့ဲပြီ။


ကြိုတင်ဟောကိန်းလည်းထုတ်နိုင်ပါ၏။ စနစ်တကျဖြင့်ကို ဘာဆန်ချာရ်၏ ကျဆုံးမှုအပေါ်တွင်။ ကုန်းမကြီးနှင့် ဆက်သွယ်ရေးက မကောင်းနိုင် ခက်ခဲပါအုံးမည်။ ကျမ်းမာရေးအင်စတီကျူးရှင်းများ ဆိုသည်မှာလည်း စီမံခန့်ခွဲမှုဘက်ကကြည့်လျှင် ချောက်ကမ်းပါးထဲ ကန်ချနေသလို။ နေမကောင်းဖြစ်ကြည့်လိုက် ၊ နိုခါလီရှိ ဆေးရုံကို အချိန်မှီ မရောက်နိုင်၊ ဤကားလူ့အသက်၏ သေရေးရှင်ရေးပင်။ လောင်စာဆီက ဝယ်ရခက်ဆဲ၊ ဂက်စ်မီးဖိုဖြင့်ထမင်းချက်လျှင်လည်း ထပ်ဖြည့်ရန်နေရာကမရှိ။ အော်ဒါမှာယူစနစ် ဒလီဖြင့်ပို့ခိုင်းပြန်လျှင်လည်း ကောဇ့္ဘဇား ကမ့်ထဲမှာထက် ၃၀% က ကုန်ကျစာရိတ်များနေသေးသည်။ အစိုးရက စျေးကွက်ဖော်သည့်တိုင် အထစ်အငေါ့ကရှိဆဲ။ ဖိဖိစီးစီးလုပ်မည်အစား ဘာဆန်ချာရ်ကျွန်းက ရေနုတ်မြောင်းလို လာသမျှအမိန့် အကုန်ရေစီးထဲပါသွားပြီ။


ဘာဆန်ချာရ်ကျွန်းကာ အထီးကျန်မှုများ လာစုထားသည့်နှယ်။ ဒုက္ခသည်များအတွက် ထောက်ချောက်တစ်ခု၊ လွတ်လပ်စွာစုဝေးခွင့်ကလည်း ကြက်ပျောက်ငှက်ပျောက်။ တစ်ချိန်တစ်ခါက ကောဇ့်ဘဇား ကမ့်ထဲက ဆွေမျိုးများထဲ အလည်အပတ်သွားခွင့် ပေးခ့ဲဖူး၏။ နောက်ပိုင်း ရံပုံငွေလိုအပ်ချက်ကြောင့် ထိုအစီအစဉ်ကို ဖျက်လိုက်ပြီဟုဆိုသည်။ မိသားစုနှင့် ပြတ်တောက်၊ အခြေခံပညာထက်ထပ်၍အတန်းတက်ခွင့်လည်းမရှိ၊ ဆေးဝါးရိက္ခာကလည်းမရှိ၊ ဒုက္ခသည်များမှာလည်း လှောင်ချိုင့်ထဲပိတ်မိ။ ပင်လယ်လှိုင်းကာတံတိုင်းများ၊ ကွန်ကရစ်အဆောက်အအုံများနဲ့ တပိုင်းတစ ဘာဆန်ချာရ်ကျွန်း၊ ရုတ်တရက်ကြည့်လျှင်လူ့အဖွဲ့အစည်းတရပ် နေသည့်နေရာလား၊ အကျဉ်းထောင်လား၊ မခွဲခြားတတ်တော့။ အချို့ကလည်း အခါအခွင့်ရသည်နှင့် ကျွန်းမှထွက်သွားတော့သည်။ ထွက်သွားရပုံကလည်း ပင်လယ်ပြင်ခရီး အန္တရာယ်အပြည့်ဖြင့်၊ လျို့ဝှက်သည်းဖို လူမသိသူမသိ စွန့်စားရသည့် ခရီးစဉ်တစ်ခုလိုသာ။


အနာဂတ်ကို ဘယ်သူမှကြိုမမြင်နိုင်။ ကျွမ်းကျင်သူများကတော့ ပြောခ့ဲဆိုခ့ဲ အ ငြင်းပွားခ့ဲသည်။ ရိုဟင်ဂျာများအား ဘာဆန်ချာရ်ထံပို့မည့် အစီအစဉ်ကို၊ လူမသိသူမသိသည့်နေရာကို သီးသန့်ခွဲထားလိုက်သလိုဖြစ်မည်။ ထိုနေရာတွင် ဘာမှမပြည့်စုံ၊ လူသားဆန်မှုပုံစံလည်း နတ္ထိသာ။ စီမံကိန်းကကြီးသလောက် ဒုက္ခသည်များအတွက် မသာယာနိုင်။ အစိုးရက မဟာဂရုဏာတော်ရှင် အဖြစ် ပုံတော်ဖမ်းလျက် အစားအသောက္များကို ပို့ပေးမည်ဟု ပြင်လိုက်သေး၏။ နေစဉ်လူမှုဘဝလိုအပ်ချက်ကြီးကြီးမားမားအောက်တွင် ဆင်ပါးစပ်ထဲ နှမ်းတဆုတ်ပက်သလို။ မဟာဂရုဏာတော်စီမံကိန်းလည်း ပျောက်သွားပြန်သည်။


ဘဏ္ဍာငွေအရင်းအမြစ်ဘက်ကကြည့်လျှင် အရင်းပါပြုတ် လုံးလုံးမြုပ်။ တာကာငွေ ကုဋေပေါင်း ၂၃၀၀၊ ကုန်းမြေပေါ်က ဒုက္ခသည်များအတွက် ပညာရေး၊ ကျန်းမာရေး၊ အခြားအခြေခံအဆောက်အအုံများအတွက် ကောင်းကောင်း အသုံးချနိူင်သည့်ပမာဏ ဘာဆန်ချာရ်ကျွန်းတွင် သဲဖြူးလိုက်သလို ဖြစ်သွားပြီ။ အခုတော့အားလုံးက ဥပက္ခာပြုကြပြီ။ ဘင်္ဂလားပင်လယ်အော်ကို နောက်ခံထား၍ ဆင်ဖြူတစ်ကောင် စိတ်ကြိုက်အသီးများကို ခူးဆွတ်သွားသလို ဘယ်သူမှ ဆင်ဖြူကို မမောင်းချရဲ။ အထစ်အငေါ့များက အမြဲတန်းခါးသီး၏။ ရိုဟင်ဂျာကိစ္စသည် ဘင်္ဂလားဒေရှ့် ဆယ်စုနှစ်တစ်ခုစာ တကိုယ္တော် ရင်ဆိုင်ခ့ဲရသည့္  လူသားချင်းစာနာမှု အခက်အခဲ။ အရင်းအမြစ်များဖြင့် ဖြေရှင်းချိန်တလျှောက် အရင်းအမြစ်များကို အတုံးလိုက် အတစ်လိုက် ဖျောက်ဖျက်လိုက်သလိုပင်။ ရလဒ်က မလူးသာ မလွန့်သာ ရပ်ဝန်းတစ်ခုသာ ပေါ်ပေါက်လာတော့သည်။


ဘာဆန်ချာရ်ကျွန်းထဲ ကျန်နေ ခ့ဲသော ရိုဟင်ဂျာ ဒုက္ခသည်များအတွက် သားရဲပြွန်းသည့်တောထဲ နေရသည့်နှယ်၊ သို့မဟုတ် သီးသန့်တိရစ္ဆာန်များကို ပြစားရန်ထားသလို အစားအစာ၊ ရေသန့်ဆေးပြား၊ ပညာရေးက ဝေစုခွဲတမ်းနှင့်။ ထိုဝေစုတောင် အခုကနည်းပါးလာပြီ။ တဝမ်းတခါးအတွက် ရှာစားဖွေစားရန်ကြံသည်ရှိသေး...ဒေသခံငါးဖမ်းသမားများနှင့် စကားများရပြီ။ ဂဏန်းထောင်၊မြုံးထောင်ရင်တောင် တရားမဝင် ဥပဒေ မ့ဲဟု တံဆိပ်ကပ်ခံနေရ၏။ ကျွမ်းပေါ်လုံခြုံရေးတပ်ဖွဲ့များက အမြဲစောင့်ကြည့်နေသည်။ သို့သော် ဒုက္ခသည်များ၏ ပူးဆွေးဝမ်းနည်းမှုကိုတော့ စောင့်ကြည့်နေပုံမပေါ်။ ကျွန်းက ရိုဟင်ဂျာများအတွက် တိုးတက်ရာ တိုးတက်ကြောင်းနေရာတစ်ခု မဟုတ်တော့၊ သူတို့ကို ထိန်းချုပ်ထားသော နေရာတစ်ခု ဖြစ်လာခ့ဲ ပြီ။


ဘာဆန်ချာရ် စီမံကိန်းကိုထောက်ခံသူများက အခြေခံ အဆောက်အအုံများ၊ တာတံမံများ၊ အုတ်စီအိမ်များကို လက်ညိုးပြကြသည်။ သို့သော် လူသားဂုဏ်သိက္ခာဟူသည် ဘိလတ်မြေဖျော်စက်ထဲက ထွက်လာသော ကွန်ကရစ်လို အင်ဂျင်နီယာဆန်ဆန် တည်ဆောက်၍ရသည်မဟုတ်ကိုတော့ မေ့နေကြသည်။  ကွန်ကရစ်အဆောက်အအုံများသည် ဒုက္ခသည်အရေးကို ဖြေရှင်းနိုင်သည့် အချက္မဟုတ်။ မူဝါဒလိုသည်။ နိုင်ငံတကာ သံခင်းတမန်ခင်းလိုသည်။ ရေရှည်အစီအမံလိုသည်။ ကျွန်းပေါ် ရိုဟင်ဂျာများကို သီးသန့်ထားလိုက်မှုက အုပ်စုခွဲလိုက်သလို အထီးကျန်စေသည်။ နိုင်ငံတကာအဖွဲ့အစည်းများကလည်း ကောဇ့်ဘဇားဒုက္ခသည်စခန်းများတွင်သာ ဟန်ကိုယ်ဖို့လုပ်ရသည်ကိုသာ အရသာတွေ့သည်။ ဘာဆန်ချာရ်အတွက် သီးသန့်အစီအစဉ်ရှိပုံ မပေါ်။ 


ဘာဆန်ချာရ် စုန်းလုံးမြုပ်ခ့ဲသည်က  အစိုးရ၏ အစီအစဉ် ရှူနာရှိုက်ကုန္းဖြစ်ခ့ဲသည့္ ပြယုဂ်။ ဘင်္ဂလားဒေရှ့်၏ ဖြေရှင်းမှုဆိုသည်က ရှိုးပွဲသာသာ၊ ဖဲကြိုးဖြတ်ဖွင့်လစ်ခြင်း အခမ်းအနားများသာ၊ ရေရှည်ဖြေရှင်းမှု အစီအမံဆိုသည်က နိတ္ထိတံ။ ကျွန်းထဲတွင်တော့ သေသပ်သော အဆောက်အအုံများရှိပါ၏။ ဤပုံရိပ်မျှလောက်ဖြင့် နိုင်ငံရေးအရ ရုပ်ထွက်လှပြီဟု ထင်နေကြတုန်းပင်။ ထိုအဆောက်အအုံများအတွက် ဘတ်ဂျက်ကို သုံးရန် ကော့ဇ်ဘဇားရှိ ဒုက္ခသည်များ၏ လိုအပ်ချက်ကို လစ္လျူရှူခ့ဲသည္။ ရလဒ် ချိုမြိန်ခြင်းက ဒုက္ခသည်များအတွက်မဟုတ်၊ ကန်ထရိုက္များ၊ အကြံပေးများ၊ ဆောက်လုပ်ရေးကုမ္ပဏီများစသဖြင့် ပတ်သက်ရာပတ်သက်ကြောင်းများအတွက်သာ။ 


လက်ရှိတွင်တော့ ကြားဖြတ်အစိုးရက ဒုက္ခသည်များကို ဘာဆန်ချာရ်ကို ပို့ရန်လည်း ဆန္ဒမရှိပြီ။ သို့သော် မေးခွန်းက ထပ်လာနေသည်။ ဘာကိုဆက်လုပ်မလဲ။ ဘာဆန်ချာရ်တွင် ရိုဟင်ဂျာပေါင်း သုံးသောင်းခုနှစ်ထောင် သောင်တင်နေပြီ။ နိုင်ငံရေးမူဝါဒဘောင်နှင့် အနာဂတ်အတွက်ဘာမှ မတောင်းဆိုနိုင်ခြင်းကာ မလူးသာမလွန့်သာ ပိတ္မိကုန္ခ့ဲ ပြီ။ ကောဇ့်ဘဇားဒုက္ခသည်စခန်းထဲသို့ သူတို့ကိုပြန်ခေါ်ခြင်းက ထင်သလောက္မလွယ်ကူတော့။ လိုနေသည်က ပိုမိုသစ်လွင်လတ်ဆတ်သော မူဝါဒ၊ ပညာရေး၊ကျန်းမာရေး စသည့်ကိစ္စများ။ ဤက့ဲသို့ လိုအပ်ချက္များတွင် ဒဏ်ရာက မြားခ့ဲရပြီ။


ဘာဆန်ချာရ် ဟူသည် ပုံရိပ်ကားချပ်တစ်ခု၊ အခွင့်အရေးများကို လွင့်ပစ္ခ့ဲသည့္ လွမ်းစရာပန်းချီ။ နိုင်ငံတကာဖိအားဖြင့် ဒုက္ခသည်များအား မူရင်းနေရပ်ကို ပြန်နိုင်အောင်ပြုရမည့်အစား၊ နိုင်ငံတကာ ရံပုံငွေ များကို ဒုက္ခသည်များအတွက် အကျိုးရှိအောင် သုံးရမည့်အစား၊ ဘင်္ဂလားဒေရှ့်ရွေးချယ်လိုက်သည်က ဘင်္ဂလားပင်လယ်ပြင်ကို နောက်ခံထား၍ ပိသုကာဆန် အဆောက်အအုံများသာ။ ဘာဆန်ချာရ်က အင်ဂျင်နီယာ ပိသုကာလက်ရာများဖြင့် အမြင်တင့်သလောက် ရိုဟင်ဂျာဒုက္ခသည်များအတွက်တော့ မျှော်လင့်ချက်ကို သင်္ဂြိုလ်လိုက်ရသည့် သင်္ချိုင်းသုသန်။ ဘာဆန်ချာရ်ကျွန်းစီမံကိန်းက ရိုဟင်ဂျာများအတွက် အသကျရှူပေါက္လည္း မဖြစ်ခ့ဲ။ ဘင်္ဂလားဒေရှ့်အတွက် ဝန်ထုတ်ဝန်ပိုးလည်း မလျော့ကျသွားခ့ဲ။ဘာဆန်ချာရ်တွင် ရှိနေသည့်က စာရင်းစစ်ဟောင်းများနှင့် ကြိုးပ့ဲနေသည့် ကတိကဝတ်များ ပင်လယ်ထဲ မျောပါသွားသော ရေနုတ်မြောင်းများသာရှိသည်။


ဘာဆန်ချာရ်က သတိပေးနေသော ​ေခတ်သစ်ပုံပြင်ဆန်ခ့ဲလေပြီ။လူသားချင်းစာနာထောက်ထားမှုကို အင်ဂျင်နီယာ ပိသုကာ အဆောက်အအုံလုပ်ကွက်နဲ့ အထီးကျန်ဆန်ဆန် သီးခြားဖြေရှင်း၍မရကြောင်း ပြောပြနေပြီ။ ပွင့်လင်းရမည်၊ မြင်သာရမည်၊ လူဂုဏ်သိက္ခာကို တန်ဖိုးထားရမည်၊ ထိုအရာများမရှိခ့ဲ။ မျက်ကွယ်ပြုခံခ့ဲရသည်။  မျက်ကွယ်ပြုနေသော အမှန်တရားအတွက် ငွေကြေး၊ ယုံကြည်မှု၊ လူ့ဘဝအချိန်များ ေလ လွင့်ခ့ဲရပြီ။ မကြာမှီကာလတွင် ဘာဆန်ချာရ်ပုံပြင်သည်လည်း ဘင်္ဂလားဒေရှ့်နိုင်ငံရေးဇတ်ခုံတွင် မှေးမိန်ပျောက်ကွယ် ကန်လန့်ကာချသွားတော့မည်။ ထိုဇတ်လမ်းတွင် ကျဆုံးခ့ဲသော အတွေ့အကြုံ​ အကြောင်း ပြန်မပြောနိုင်သည့် မနည်းသောဒုက္ခသည်များအပါအဝင္ အားလုံးအတွက်တော့ ကန့်လန့်ကာချလိုက်ခြင်းက နောက်ဇတ်လမ်းအ​ တွက် ပိုကောင်းပါသည်။


မူရင်းဆောင်းပါးရှင် HM Nazmul Alam သည် နိုင်ငံရေးသုံးသပ်သူ ဂျာနယ်လစ်ဖြစ်ပြီး ဒါကာ အခြေစိုက်International University of Business, Agriculture and Technology (IUBAT) တက္ကသိုလ်၏ ဆရာတစ်ဦးလည်းဖြစ်သည်။ 


မူရင်း

https://www.newagebd.net/post/Opinion/277339/failure-of-humanitarian-spectacle


Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း