မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၅
မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၅
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက္မှတ်စု
ဂ. မြေယာကိစ္စရပ်တွင် ကုလသမဂ္ဂ စနစ်လည်ပတ်ပုံ
C. UN SYSTEM ARRANGEMENTS
ကုလသမဂ္ဂ ယန္တယားအတွင်း မြေယာပဋိပက္ခအပေါ် ချဉ်းကပ်ရာတွင် ခိုင်မာသေချာမှုရှိစေရန် ဤလမ်းညွှန်ချက်များက အထောက်အကူဖြစ်မည်ဖြစ်သည်။ ကုလသမဂ္ဂ၏ စဉ်ဆက္မပြတ်ဖွံဖြိုးမှုဦးတည်ချက္များကို အကောင်အတည်ဖော်ခြင်း၊ ထိုသို့အကောင်အထည်ဖော်ရန် လုပ်ငန်းအဖွဲ့များဖွဲ့ခြင်း၊ ပဋိပက္ခ၏ အထိုင်များအသွင်ပြောင်းလဲမှုများအပေါ် ပြန်လည်သုံးသပ်ခြင်း စသည့်အချက္များသည် ကုလသမဂ္ဂ၏ ယန္တယားများ၏ အစည်းအဝေးများတွင် ဆွေးနွေးနေရမည်ဖြစ်သည်။ အဆိုပါဆွေးနွေးမှုများတွင် မြေယာနှင့် ပဋိပက္ခအပေါ် လွမ်းခြုံရှူဒေါင့်စုံ သုံးသပ်ချက္များပါရှိရမည်ဖြစ်ပြီး လက်ရှိလည်ပတ်နေသော ကုလသမဂ္ဂ၏ ယန္တယားများ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းများနှင့်လည်း ဆက်စပ်နေရမည်ဖြစ်သည်။
- တရားဥပဒေဆိုင်ရာ ညှိ့နှိုင်းရေးအဖွဲ့များနှင့် တရားမျှတမှု၊ ညီမျှမှုဆိုင်ရာ သုတေသနအဖွဲ့များ
မြေနှင့် ပဋိပက္ခကိစ္စရပ်တွင် တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှုနှင့် ပတ်သက်၍ တရားဥပဒေဆိုင်ရာညှိ့နှိုင်းရေးနှင့် တရားမျှတမှုဆိုင်ရာ သုတေသနအဖွဲ့များလည်း ကုလသမဂ္ဂ ယန္တယားများ၏ အစည်းအဝေးများတွင် ပါဝင်ရမည်ဖြစ်သည်။
- အဖွဲ့အစည်းများ၏ စေ့စပ်ညှိ့နှိုင်းမှုများ (Organizational Engagement)
မြေယာနှင့် ပဋိပက္ခကိစ္စရပ်များတွင် အဖွဲ့အစည်းလိုက်ဆိုင်ရာ ပေါင်းစပ်ညှိ့နှိုင်းမှုများသည် အဆင့်များအားလုံး၌ အင်စတီကျူးရှင်းဆိုင်ရာ အစီအစဉ်များအနေဖြင့် ရှိနေသင့်ပါသည်။
မြေကိစ္စရပ်သည် နိုင်ငံတစ်နိုင်ငံ၏ တပြည်လုံးအတိုင်းအတာ အဆင့်များတွင် ၎င်းနိုင်ငံ၏ ယန္တယားအားလုံးနှင့် ဆက်စပ်ပတ်သက္မှုရှိရမည်ဖြစ်သည်။ ထိုပြင် ထိုယန္တယားများသည် ကုလသမဂ္ဂ ယန္တယားများနှင့် ခြိတ်ဆက်ကာ မြေယာ အပေါ်လွမ်းခြုံသော တာဝန်ခံမှုများကို ကျယ်ပြန့်စေရမည်ဖြစ်သည်။
- မြေယာဆိုင်ရာ စံနှုန်း၊ လုပ်နည်းကိုင်းနည်းများနှင့် နည်းလမ်းများ
ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂ၏ ယန္တယားများတွင် မြေယာနှင့် ပတ်သက်၍ သီးခြားဌာနစိတ်အဖွဲ့အစည်းများရှိသင့်သည်။ ထိုအဖွဲ့အစည်းများတွင် မြေယာဆိုင်ရာ စံနှုန်းများ၊ လုပ်နည်းကိုင်နည်းများနှင့် နည်းလမ်းများကို အားကောင်းလာစေရန် အထောက်အပံပေးသင့်သည်။ ထိုပြင် ထိုဌာနစိတ်များ၊ အဖွဲ့အစည်းများအား စီမံခန့်ခွဲမှုဆိုင်ရာနှင့် လုပ်ငန်းနယ်ပယ်ဆိုင်ရာ အသိအမြင်များ၊ နည်းပညာဆိုင်ရာ အထောက်အပံများ၊ အရည်အသွေးတိုးတက်စေရန်အားထုတ်မှုများ၊ မြေယာဆိုင်ရာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် တောင္းဆို ဆော်ဩမှုများအတွက် ထိတွေ့ဆက်ဆံမှုဆိုင်ရာ နည်းလမ်းများ စသည်တို့ကို ဆောင်ရွက်နိုင်ရန်အတွက်လည်း အထောက်အပံများပေးထားရမည်ဖြစ်သည်။
မြေယာနှင့် ပတ်သက်၍ နိုင်ငံတကာစံနှုန်းများ၊ လုပ်နည်းကိုင်နည်းများဖော်ပြချက္ဇယားတွင် မည်သည့်စံနှုန်းများက မြေယာနှင့် မည်သည့်နယ်ပါယ်တွင် ဆက်စပ်သည်ကို အသေးစိတ်ပုဒ်မများဖြင့် ဖော်ပြထားပါသည်။ ဇယားကွက် အပိုင်း (က)သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက္မှတ်စုထဲတွင် ပါဝင်သော အပိုင်းဖြစ်ပြီး ဇယားကွက် အပိုင်း (ခ)မှာ ဤစာတမ်းအား ဘာသာပြန်သူမှ စုဆောင်း ဖော်ပြထားခြင်းဖြစ်သည်။
Comments
Post a Comment