အိုဘယ့္ရယ္တ့ဲသင္းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၂
အိုဘယ့္ရယ္တ့ဲသင္းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၂
၁၉၆၀ ပြည့်လွန်နှစ်များအတွင်းမှ အာဖဂန်
ကမ္ဘာ့ကြီး၏ အခြေအနေများ ပြောင်းလဲမှုက အာဖဂန်ကိုလည်း ရိုက်ခတ္ခ့ဲသည္။ ၁၉၆၀ ပြည့်လွန်ကာလများအတွင်းက အာဖဂန်၏ နိုင်ငံရေးကိုကြည့်ပါက လူမျိုးစုကိုအခြေခံသော နိုင်ငံရေးအယူအဆလည်းရှိသည်။ လက်ဝဲအယူအဆကို အခြေခံသော နိုင်ငံရေးအယူအဆလည်းရှိသည်။ အာဏာကိုယူထားသော ဘာရက်ဇိုင်းမင်းဆက် (Barakzai Dynasty)ကလည်း ရှိသည်။ ဘာသာရေးကို အခြေခံသော နိုင်ငံရေးအယူအဆလည်းရှိသည်။
အယူအဆများအားသရုပ်ခွဲခြင်း
လူမျိုးစုနိုင်ငံရေးက ကိုယ့်လူမျိုးစုအပေါ်တွင်သာ ဗဟိုပြုထားသည်။ အဓိက လူများစု ပါရှ်တွန် (Pashtun) များ၏ လွမ်းမိုးမှုကို မကြေနပ်ကြပေ။ သို့သော် ထိုလူမျိုးစုအချင်းချင်းကြားတွင် ကော ညီညွှတ်ကြသလားဟုဆိုလျှင်လည်း ညီညွှတ်ပါသည်ဟု ပြော၍မရပေ။ အပြန်အလှန်ယှဉ်ပြိုင်မှုနှင့် အသာစီးယူလိုမှုကရှိသည်။ ဤအခြေအနေမျိုးက လူမျိုးစုများအတွက် ကိုယ့်အဝိုင်းအဝန်းကိုသာ ပို၍ဗဟိုပြုလာစေသည်။ မဟာမိတ်ဖွဲ့ခြင်း၊ ဘုံသဘောထားရပ်တည်ချက္များကိုဖော်ထုတ်ခြင်း၊ ဘုံအင်စတီကျူရှင်းများတည်ထောင်ခြင်းဟူသော လူမျိုးစုအဝိုင်းအဝန်းထက် ပိုကျယ်ပြန့်သော နိုင်ငံရေးကွင်းပြင်ကို လက်လှမ်း၍မရနိုင်တော့ပေ။
လက်ဝဲအယူအဆကို အခြေခံသောနိုင်ငံရေးအုပ်စု၏ ပြဿနာမှာ လူမျိုးစုနိုင်ငံရေးအုပ်စု၊ ဘုရင်စနစ်အုပ်စုနှင့် ဘာသာရေးအုပ်စုများ၏ အ ခြေခံကျောရိုးများကို ပစ်ပယ်သည်။ အာဖဂန်လူ့အဖွဲ့အစည်းသည် လူမျိုးစု၊ ဘုရင်စနစ်၊ဘာသာရေး ဆိုသည့် ပဋိပက္ခဘောင်အောက်တွင်သာ ရှိနေသည့်လူ့အဖွဲ့အစည်းဖြစ်သည်။ အရင်းရှင်စနစ်နှင့် စက္မှုယဉ်ကျေးမှုအဆင့်သို့ တက်လှမ်းနိုင်သော လူ့အဖွဲ့အစည်းမဟုတ်သေးချေ။ ဆိုလိုသည်က အလုပ်ရှင်၊ အလုပ်သမား၊ဓနရှင်၊ ပညာတတ်လူလတ်တန်းစား ဆိုသည့် အစိတ်အပိုင်းများက အားမကောင်းသေး၍ ထိုအစိတ်အပိုင်းအချင်းချင်း ပဋိပက္ခနှင့်မရင်းနှီးပေ။ သို့သော် လက်ဝဲ အယူအဆအုပ်စုများက အာဖဂန်၏ ပြဿနာအပေါ် ကျန်အုပ်စုများထက် သရုပ်ခွဲမှုတွင် စနစ်ကျမှုတော့ရှိသည်။
ဘာရက်ဇိုင်းမင်းဆက်အဖို့တော့ ဗဟိုအာဏာကို ဆုတ်ကိုင်ထားလိုသည်။ ဗဟိုအာဏာကို ဆုတ်ကိုင်ထားကာ တိုင်းပြည်၏ အရင်းအမြစ်ကို စီမံခန့်ခွဲလိုသည်။
ဘာသာရေးကို အခြေခံသော အုပ်စုက အစ္စလမ်တန်ဖိုးများဖြင့် လူ့အဖွဲ့အစည်းကိုတည်ဆောက်လိုသည်။
၁၉၆၀ ပြည့်နှစ်လွန်ကာလများတွင် အာဖဂန်၌ မိုးခေါင်ရေရှားမှုများဖြစ်ပေါ်ခ့ဲသည်။ ဘာရက်ဇိုင်းမင်းဆက်အဖို့ အာဖဂန်အား ဗဟိုမှ စုစည်းထားသော်လည်း အာဖဂန်လူဘောင်သည် ဆင်းရဲမွဲတေမှု၊ စားဝတ်နေရေးကြပ်တည်မှုက ပိုမို ဂယက်ရိုက်လာခ့ဲပြီဖြစ်သည်။ အမှန်ကတော့ ဆင်းရဲမှု ကြပ်တည်းမှုဒဏ်ကို သာမန် ပါရှ်တွန် (Pashtun)ပြည်သူများလည်း ခံရသည်။ ထိုသို့ခံရ၍ အုပ်ချုပ်သူကို မကြိုက္မနှစ်သက္မှုကဖြစ်သည်။သို့သော်လည်း လူမျိုးစုများ၏ ခံစားချက်ကို မကြားယောင်ပြုကာ ဗဟိုအာဏာ ချုပ်ကိုင်ထားမှုကိုတော့ ရှိသင့်သည်ဟု ရှူမြင်ပြန်သည်။ ပါရှ်တွန် (Pashtun) များက ၎င်းတို့အတွက် စားဝတ်နေရေးပြည့်စုံအောင်ပြုလုပ်နိုင်မည့်အစိုးရတရပ်သည် ဗဟိုအာဏာအား ချုပ်ကိုင်ထားသင့်သည်ဟူသော အမြင်ရှိသည်။ လူမျိုးစုများဘက်က တော့ထိုသို့မဟုတ်ပေ။ ငတ်သည်ဖြစ်စေ ပြတ်သည်ဖြစ်စေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရလိုသည်။
မည်သို့ပင်ဖြစ်စေ ဆင်းရဲကြပ်တည်းမှုက အားလုံးသော အာဖဂန်များအပေါ်ရိုက်ခတ်နေသည်။ ရိုက်ခတ်ချက်က မကြေနပ်ချက်ကို ဖြစ်ပေါ်စေသည်။ ဤ အခြေအနေမျိုးတွင် ဘာရက်ဇိုင်းမင်းဆက် (Barakzai Dynasty) သည် ပြုပြင်ပြောင်းလဲမှုအချို့ကို ပြုလုပ်လာရတော့သည်။ ၁၉၆၄ ခုနှစ်တွင်ဘုရင် ဇာဟာရ် ရှား (Zahir Shah) က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဘုရင်စနစ် (Constitutional Monarchy)ကို လမ်းကြောင်းခင်းခ့ဲသည်။ ထိုအချိန်ကာလက ကမ္ဘာပေါ်တွင် စစ်အေးတိုက်ပွဲကာလဖြစ်ရာ ဆိုဗီယက်နှင့် အမေရိကန်ကြားတွင် အာဖဂန်သည် လူးလွန့်နေရသည်။ ဆိုဗီယက်သည်လည်းကောင်း၊ အမေရိကန်သည်လည်းကောင်း ဖွဲ့စည်းပုံအ ေခြခံဥပဒေရှိသော တိုင်းပြည်များဖြစ်သည်။ ထိုနိုင်ငံများ၏ အခြေအနေသည် အာဖဂန်ထက် တိုးတက်နေသည်။ ဘုရင် ဇဟာရ်ရှား (Zahir Shah) အနေဖြင့် အဆိုပါစူပါ ပါဝါများနှင့် ဆက်ဆံရေး အဆင်ပြေရန် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုကို လုပ်ရမည်ဟု ယူဆထားသည်။ ဤသို့ဖြင့် အာဏာသုံးရပ်ခွဲဝေမှု၊ ရွေးကောက်ပွဲ၊ လွတ်တော် ဆိုသည့် အခင်းအကျင်းများ အာဖဂန်တွင် ပေါ်ပေါက်လာတော့သည်။
စက္မှုမထွန်းကားသော စိုက်ပျိုးရေးအခြေခံ ပဒေသရာဇ်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမှုတွင် ဘာရက်ဇိုင်းမင်းဆက်အနေဖြင့် စိန်ခေါ်ချက္များနှင့် စိုးရိမ်မှုများက ရှိနေသည်။ ဘာရက်ဇိုင်းမင်းဆက်သည် လူမျိုးစု နိုင်ငံရေးကိုလည်း စိုးရိမ်သည်။ လက်ဝဲ နိုင်ငံရေးအုပ်စုကိုလည်း စိုးရိမ်သည်။ ဘာသာရေးအုပ်စုများတွင် ၎င်းတို့အား ယှဉ်ပြိုင်လာမည့် အင်အားဖြစ်ထွန်းမည်ကိုလည်းစိုးရိမ်သည်။ ဤစိုးရိမ်မှုသုံးပါးကို စိတ်ချနိုင်ရန် အတွက် မဟာဗျူဟာကို အထိုင်ချတော့သည်။
၁။ အပြောင်းအလဲအား ဘာရက်ဇိုင်းမင်းဆက်က ဦးဆောင်ရမည်။ အပြောင်းအလဲတွင် ဘာရက်ဇိုင်းမင်းဆက်အတွက် စိတ်ချရသော အခန်းကဏ္ဍရှိရမည်။
၂။ ထိုသို့စိတ်ချနိုင်ရန်အတွက် ဘာရက်ဇိုင်းမင်းဆက်အား ယှဉ်ပြိုင်နိုင်မည့် အင်အားစုများ မဖြစ်လာရန်လိုသည်။
၃။ သို့သော်လည်း ထိုအင်အားစုများကို အပြောင်းအလဲတွင် ပါဝင်ခွင့်လည်းပေးရမည်။
ဤသို့ဖြင့် ဘုရင် ဇဟာရ်ရှား၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံရေးပါတီထောင်ခွင့်မရှိဟူသော ပြဌာန်းချက်က ပါလာသည်။
ထိုအခင်းအကျင်းဖြင့်ပါလီမန် ရွေးကောက်ပွဲလုပ်တော့သည်။ ဝင်ပြိုင်သည့် အမတ်လောင်းများက ပါတီမ့ဲ တသီးပုဂ္ဂလအမတ်များသာ ဖြစ်လာရသည်။ ဤတွင် အာဖဂန်ပါလီမန်၌ ပုံမှန်မဟုတ်သော နိုင်ငံရေးဖြစ်စဉ်များက ပေါ်လာတော့သည်။ မည်သို့ပင် ပါတီထောင်ခွင့်မရှိစေကာမူ လွတ်တော်ထဲတွင် အယူအဆတူသော အုပ်စုများသည် အသီးသီးစုဖွဲ့လာကြသည်။ စုဖွဲ့ပုံအရ
၁-ဘုရင်စနစ်ကို ထောက်ခံသူများ အုပ်စု
၂-လက်ဝဲဝါဒ၊ ကွန်မြူနစ်ဝါဒရှိသူများ အုပ်စု
၃-အစ္စလာမ်ဘာသာရေး အုပ်စုများ
၄-မျိုးနွယ်စုခေါင်းဆောင်များ
စသဖြင့် ပါလီမာန်တွင် ပေါ်ထွက်လာတော့သည်။ ဤအုပ်စုများသည် ပါလီမာန်တွင် သဘောတူညီချက် ကိုမချမှတ်နိုင်ကြပဲ အငြင်းအခုံများကိုသာဖြစ်လာစေ ခ့ဲသည္။ အစုအဖွဲ့ အနေဖြင့်သာရှိပြီး Organizational Development ဆိုသည့် အဖွဲ့အစည်းတစ်ရပ်၏ မူဘောင်စည်းမျဉ်းစည်းကမ်း အထိန်းအကွယ်များက မရှိပေ။ ထိုသို့မရှိခြင်းကြောင့်ငြင်းခုံမှုများတွင် အဖြေရရန်အတွက် အုပ်စုအသီးသီးမှ ကိုယ်စားပြု Mandate ပါဝါရှိသော ဆုံးဖြတ်ချက်ချနိုင်သူများ မပေါ်လာတော့ချေ။ ပါတီရပ်တည်မှုမရှိသဖြင့် ကိုယ်စားလှယ်အမတ်များသည် လွတ်လပ်သည်။ ထိုလွတ်လပ်မှုက မဲဆန္ဒနယ်ပြည်သူလူထုနှင့် ဝေးကွာသွားသောအခါ နှောင်ကြိုးမ့ဲ၍မိမိအကျိုးစီးပွားအတွက်သာ လွတ်တော်တွင်းတွင် ဆွေးနွေးငြင်းခုံနေတော့သည်။ ဖွဲ့စည်းပုံစနစ်အရ ပါလီမာန်စနစ်ဖြစ်နေ၍ ပါလီမာန်အားမကောင်းလျှင် အစိုးရအဖွဲ့လည်း အားမကောင်းတော့ချေ။ လူထု၏ စားဝတ်နေရေး အကြပ်အတည်းကို ထွက်ပေါက်ဖြစ်စေမည့် ဉပဒေများနှင့် အုပ်ချုပ်မှုများလည်းမရှိတော့ပေ။ ဤသို့ဖြင့် လူထုက စိတ်ပျက်လာတော့သည်။ ထိုစိတ်ပျက်ခြင်းက နိုင်ငံရေးစနစ်ကို အယုံအကြည်မ့ဲလာစေသည်။ အယုံံအကြည်မ့ဲလာမှုက မူလအထိုင် လူမျိုးစု၊ ဘာသာရေး၊ လက်ဝဲအယူအဆ များဘက်ကို ပြန်ရောက်သွားပြီး ထိုအုပ်စုအသီးသီးတွင် သဘောထားပြင်းထန်သူ/တင်းမာသူများကို နေရာရလာစေပြန်သည်။
ယင်းသို့ အနေအထားမျိုးဖြင့် ရှေ့မတိုးနောက္မဆုတ်နိုင်ဖြစ်နေသောအခါ ဘုရင်နှင့် ဝန်ကြီးချုပ်ကြားတွင် ပြဿနာများဖြစ်လာတော့သည်။ ဝန်ကြီးချုပ် ဒါယုတ်ခန်း ( Daoud Khan) သည် အမှန်တော့ ဘာရက်ဇိုင်းမင်းဆက်၏ မိသားစုဝင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မစခင် ၁၉၅၃ ခုနှစ်ကပင် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး ပါလီမာန်ဒီမိုကရေစီစနစ်တွင်လည်း ၎င်းသည်ဝန်ကြီးချုပ်ဖြစ်သည်။ ဘုရင် ဇဟာရ်ရှားက ဒါယုတ်ခန်းအား နုတ်ထွက်ခိုင်းသောအခါ ဒါယုတ်ခန်းက လက်ဝဲကွန်မြူနစ်အုပ်စုများနှင့် လက်ဝဲအယူအဆရှိသော စစ်တပ်မှ ပုဂ္ဂိုလ်များ၏ ထောက်ခံချက်ကိုယူကာ ဘုရင်စနစ်ကို ဖျက်သိမ်းကာ သမ္မတနိုင်ငံကို ထူထောင်တော့သည်။
ဆက်လက်ဖော်ပြပါမည်။
Comments
Post a Comment