အိုဘယ့္ရယ်တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၅

 အိုဘယ့္ရယ်တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၅


တာလီဘန်အုပ်ချုပ်ရေး (၁၉၉၆ မှ ၂၀၀၁) အထိ


ဆိုဗီယက္များ ဆုတ်ခွာအပြီး အာဖဂန်ကွန်မြူနစ်အစိုးရကို မူဂျာဟေဒင်များက တိုက်သည်။ ကွန်မြူနစ်အစိုးရပြိုကျသည်။ ထိုအခါမူဂျာဟေဒင်အချင်းချင်းတိုက်ကြပြန်သည်။ အဓိက တိုက်ခိုက်ခဲ့သည့် မူဂျာဟေဒင်အဖွဲ့များနှင့် လူမျိုးစုများမှာ အောက္ပါအတိုင္းဖြစ်သည္။

၁-Jamiat-e Islami (တာဂျစ်လူမျိုးများ)

အာမက္ရှား မက္ဆွဒ်နဲ့ ဘူရ်ဟာနူဒ်ဒင် ရဗ္ဗာနီ (Burhanuddin Rabbani) တို့ ဦးဆောင်ပြီး ကဘူးလ်မြို့ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့သည်။

၂-Hezb-e Islami (ပါက်ရှ်တွန်လူမျိုးများ)

ဂူလ်ဘူဒ်ဒင် ဟက်က္မာတီယာ (Gulbuddin Hekmatyar) ဦးဆောင်ပြီး ကဘူးလ်ကို ဝိုင်းရံတိုက်ခိုက်ခဲ့သည့် အဓိကပြိုင်ဘက်အဖွဲ့ ဖြစ်သည်။

၃-Junbish-e Milli (ဥဇ္ဇဘက်လူမျိုးများ)

ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ် ရာရှစ် ဒိုစတန် ဦးဆောင်တဲ့ တပ်ဖွဲ့ဖြစ်ပြီး မြောက်ပိုင်းဒေသကို ထိန်းချုပ်ထားသည်။

၄-Hezb-e Wahdat (ဟာဇရာလူမျိုးများ)

ရှီးယားမွတ်စလင်အဖွဲ့ဖြစ်ပြီး အလယ်ပိုင်းဒေသများတွင်အခြေစိုက်သည်။ 

ထိုအဖွဲ့များသည် တစ်ဖွဲ့နှင့် တစ်ဖွဲ့ မဟာမိတ်ဖွဲ့လိုက်၊ ပြန်ကွဲကာ အချင်းချင်းပြန်တိုက်လိုက်ဖြင့် ကဘူးလ်မြို့ထဲ၌ ခက်ခဲကြမ်းတမ်းသောတိုက်ပွဲများကို  အဆက္မပြတ် တိုက်နေကြတော့သည်။ အဆိုပါတိုက်ပွဲများက ပြည်သူ ထောင်နဲ့ချီ သေဆုံးခဲ့ကာ မြို့တော်တစ်ခုလုံး အပျက်အစီးများခဲ့သည်။ လူမျိုးစုခေါင်းဆောင်များကြား အဆုံးမသတ်နိုင်သော တိုက်ပွဲများကြောင့် အာဖဂန် ပြည်သူလူထုသည် မတည်ငြိမ်မှုနှင့်  စစ်ပွဲများကို ငြီးငွေ့လာတော့သည်။ အာဖဂန်လူထုအနေဖြင့် သွေးထွက်သံယိုပဋိပက္ခများကြား အဆံကျွတ် ဖုတ်လိုက်ဖုတ်လိုက်သာရှိတော့သည်။ အစ္စလမ်အဆုံးအမနှင့် တိုင်းပြည်အားငြိမ်းချမ်းအောင် လုပ်မည်ဟူသော တာလီဘန်တို့ကြွေးကြော်ချက်က အာဖဂန်လူထုအတွက် မျှော္လင့္ချက္ ဖြစ်လာသည်မှာ အဆန္းတော့မဟုတ္ပေ။ ဤကြွေးကြော်ချက်က အာဖဂန်လူထုပင်မဟုတ် ကမ္ဘာကြီးကလည်း ဟုတ်လိမ့်နိုးနိုးဖြင့် စောင့္ကြည့္ခ့ဲကြသည္။ မူဂျာဟေဒင် အုပ်စုများထဲတွင်လည်း အာဖဂန်အားငြိမ်းချမ်းတည်ငြိမ်စေချင်သော ပုဂ္ဂိုလ်များတော့ရှိပါသည်။ ထိုမူဂျာဟေဒင်များက ကွဲပြဲနေသော အုပ်စုများကြားတွင် နိုင်ငံရေးသဘောတူညီချက်၊ အာဏာခွဲမှုသဘောတူညီချက္များရအောင် ကြိုးစားခ့ဲကြသေးသည္။ ယုတ်အစွအဆုံး တာလီဘန်ဖြစ်လာမည့် ပုဂ္ဂိုလ်များ၊ အုပ်စုများကိုလည်း ဆွေးနွေးခ့ဲသေးသည္။ 

အာဖဂန် ပြဿနာကို ပြန်သွားရလျှင် အာဖဂန်နိုင်ငံရေး ရေခံမြေခံသည် လူမျိုးရေးအားပြိုင်မှုရှိသည်။ လူမျိုးစုများက ကိုယ်ပိုင်အုပ်ချုပ်ရေးကိုလိုချင်သည်။ ထိုအချက်အပေါ် လူများစု ပါက်ရှ်တွန်များက တိုင်းပြည်ပြိုကွဲမည်ကိုစိုးသည္။ သို့ဖြင့္၍ ဗဟိုချုပ်ကိုင်မှုကို ထားလိုသည်။ အာဖဂန်၏ အုပ်စုအသီးသီးတွင် ကိုယ့်အုပ်စု၊ ကိုယ့်အဖွဲ့၊ ကိုယ့်နေရာ၊ ကိုယ့်အကျိုးစီးပွား ဆိုသော အတ္တဗဟိုပြုမှုကရှိသည်။ ကျန်အုပ်စုများ၊ လူမျိုးစုအဖွဲ့များတွင်လည်း ထိုသို့အမြင်ကရှိသော်လည်း အာဏာကိုချုပ်ကိုင်သော အုပ်စုများတွင်တော့ ပုဂ္ဂိုလ်ရေးအားပြိုင်မှုများက ပို၍မြင်သာထင်သာသည်။ သူ့ဖက် ကိုယ်ဖက္မျှတသော လူမှုပဋိညာဉ်တစ်ရပ်က အာဖဂန်လူဘောင်တွင် ပေါ်လာရန်ခက်ခဲနေ ခ့ဲသည္။ အာဖဂန်အုပ်စုများ၏ ငြိမ်းချမ်းရေးဆိုသည်က ငါအုပ်စု၏ ဦးဆောင်မှုကို နာခံဟူသော မျဉ်းပေါ်တွင်သာရှိနေသည်။ နိုင်ငံရေးဖြစ်စဉ်အား လူထုသဘောဆန္ဒဖြင့်ဆုံးဖြတ်မည် ဆိုခြင်းထက် စစ်အင်အားဖြင့် ဆုံးဖြတ်မည်ဆိုသော အမြင်က ရှေ့ကိုပိုရောက်နေသည်။ အင်အားကြီးသူက သဘောထားကြီးရမည်ဟုသော ဖြစ်စဉ်မျိုးက မပါ။ မူဂျာဟေဒင်အုပ်စုအချို့၏ မူ နိုင်ငံရေးသဘောတူညီချက်အတွက် ကြိုးပမ်းမှုများသည် ထိုအချက္များကြားတွင် မအောင္မြင် ခ့ဲပေ။ တာလီဘန်များက မူဂျာဟေဒင်အုပ်စုများကို တိုက်၍ အာဖဂန်နယ်မြေတော်တော်များများကို အုပ်ချုပ်လာသောအခါ တာလီဘန်များရင်ဆိုင်ရသော ပြဿနာမှာ ယခင်အာဖဂန်အား အုပ္ချုပ္သူများရင္ဆိုင္ခ့ဲရသော ပြဿနာသာဖြစ်သည်။ တာလီဘန်များ အာဖဂန်ကို ထိန်းချုပ်ထားစဉ်ကာလ (၁၉၉၆- ၂၀၀၁) ခုနှစ်များတွင် နိုင်ငံမြောက်ပိုင်းရှိ မူဂျာဟေဒင်ဟောင်း လူမျိုးစုများ၏ လက်နက်ကိုင်တွန်းလှန်မှုကို ရင်ဆိုင်နေ ခ့ဲရသည္။ ထိုလူမျိုးစုလက်နက်ကိုင်များက နောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်ဖြစ်လာသည်။ ယင်းမြောက်ပိုင်းမဟာမိတ်များနှင့် တာလီဘန်ကြားတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ နိုင္ငံတကာက​ြား ဝင္မှုများမရှိခ့ဲသလား ဆိုပါလျှင် ရှိခ့ဲပါသည္။ ရှိခ့ဲသော္လည္း မအောင္မ​ြင် ခ့ဲပေ။


ကိုယ့်အထိုင်တွင် အင်အားကြီးရေး

လူဗီဇအရ ပြိုင်ဆိုင်မှုတိုင်းတွင် ကိုယ်အသာစီးရရန်သာ ကြိုးစားကြသည်။ အသာစီးရရန်အတွက် ရှိသမျှအရင်းအမြစ်များကို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေအသုံးချသည်။ ဤသို့ဖြင့် အာဖဂန်လူထုသည် ပဋိပက္ခကြားတွင် အရင်းအမြစ်များကို လက်နက်ပါဝါရှိသော အုပ်စုအသီးသီးကို ဆက်သ နေရသည်။ တာလီဘန်များသည်လည်း မိမိတို့အင်အားကြီးရေးကို ရသမျှအရင်းအမြစ်များဖြင့္ အသုံးချကြသည်။ ဤတွင် တာလီဘန်များ၏ နိုင်ငံရေးအထိုင်က အစ္စလမ်အဆုံးအမအောက်က လူအဖွဲ့အစည်းထူထောင်မှုဖြစ်သည်။ ထိုသို့ထူထောင်မှု၏ ပြယုဂ်အဖြစ်လည်း ကိုယ့်ကိုကိုယ် ပုံဖော်လိုသည်။ အစ္စလမ်အဆုံးအမနှင့်မညီမှုကို ၎င်းတို့တွင် တိုက်ဖျက်ရန်တာဝန်ရှိသည်ဟု ယူဆသည်။ ဤတွင်ပြဿနာက အစ္စလမ်အဆုံးအမနှင့် ညီ၏၊ မညီ၏ကို မည်သို့ဆုံးဖြတ်သနည်းဆိုသည်က ပြဿနာဖြစ်လာသည်။ အနှစ်ချုပ်လျှင် ညီ၏၊ မညီ၏ကို ၎င်းတို့ဘာသာ ၎င်းတို့ဆုံးဖြတ်လာခြင်းဖြစ်သည်။ ၎င်းတို့၏ ဆုံးဖြတ်ချက်အား အစ္စလမ်တရားနှင့် ညီ၏၊ မညီ၏ ကိုတော့ အာဖဂန်တွင် မည်သူမှ လာဝေမဖန်နှင့် ဟူသော သဘောဖြစ်လာသည်။ ၎င်းတို့ဖာသာ ဆုံးဖြတ်ထားသော ညီ၏၊ မညီ၏ အချက်ဖြင်ပင် အာဖဂန်လူထုကိုလည်း ဖိနှိပ်လာသည်။ ထိုပြင် တရုတ်ပြည်က ဝီဂါအရေးကိုလည်း မြောက်ထိုးပင့်ကော်လုပ်လာသည်။ ရှီယား အုပ်စု အီရန်ကိုလည်း အစ္စလမ်တရားနှင့် မညီဟုမြင်လာသည်။ ရုရှားရှိ ချေချင်ညာတို့ကိုလည်း မြောက်ပေးလာသည်။ ဗဟိုအာရှ အိမ်နီးချင်း ဥဇ္ဇဘက် တွင်လည်း ဥဇ္ဇဘက်ကစ္စတန် အစ္စလမ် လှုပ်ရှားမှု  Islamic Movement of Uzbekistan (IMU) ကိုမြောက်ပေးသည်။ အဆိုပါ IMU က ဥဇ္ဇဘက် လောက်တွင်သာ လှုပ်ရှားသည်မဟုတ်။ တာဂျစ်ခ် (Tajik)၊ ကာရ်ဂျဇ် (Kyrgyz) စသည့် ဗဟိုအာရှ စတန်( stan) နိုင်ငံများထိ လှုပ်ခတ်အောင် လုပ်တော့သည်။ ဤသို့ဖြင့် တာလီဘန်၊ အယ်လ် ကေဒါ (Al-Qaeda) နှင့် IMU တို့သည် ပလူးသင့္ ပနံသင့္ခ့ဲသည္။ တာလီဘန်တို့ကား နောက်ဆုံး ၎င်းတို့ကို မြေတောင္မြှောက္ပေးခ့ဲသည့္ပါကစ္စတန်ကိုပါ တက်ခြောက်လာတော့သည်။ တေရစ် အီ တာလီဘန် ပါကစ္စတန် (Tehrik-i-Taliban Pakistan -TTP) ကြောင့် ပါကစ္စတန်သည်လည်း ခေါင်းစားလာရပြီ။ ဝါဟာဘီ ပဲ့ကိုင်ရှင် ဆော်ဒီသည်လည်း အယ်လ် ကေဒါကြောင့် မျက်ခုံးလှုပ်လာရတော့သည်။ အမှန်က ဤအချက္များသည် တာလီဘန်များ မိမိအထိုင်ကို အင်အားကြီးအောင်လုပ်ရင်းလုပ်ရင်း ဘဝင်မြင့် ဇတ်ရှိန်တက် လက်လွန်လာသော ကိစ္စများဖြစ်သည်။ ရလဒ်က ၎င်းတို့နှင့် ဆန့်ကျင်ဘက် မြောက်ပိုင်းမဟာမိတ်အုပ်စုများကို အဆိုပါ ရုရှား၊ တရုတ်၊ အီရန်၊ ဆော်ဒီ၊ ဗဟိုအာရှနိုင်ငံများ၊ပါကစ္စတန်၊ အမေရိကန်နှင့် အနောက်အုပ်စုက အထောက်အပံများ ပိုပေးလာတော့သည်။ အမှန်က အမေရိကန်နှင့် ရုရှား၊ တရုတ်၊ အီရန် ဆိုသည်မှာ အချင်းချင်းတည့်ကြသည်မဟုတ်၊ ထိုအတူ အီရန်နှင့် ဆော်ဒီသည်လည်း အဆင်ပြေကြသည်မဟုတ်ပေ။ စက်တင်ဘာ ၁၁ ရက်အကြမ်းဖက္မှုဖြစ်ပြီးနောက် အမေရိကန်တပ်ဖွဲ့များဝင်လာသောအခါ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ နိုင်ငံတကာထောက်ခံမှုကို ရနေခြင်း၏ ရလဒ်မှာ မြောက်ပိုင်းမဟာမိတ်များ တော်လွန်းလှ၍မဟုတ်ပေ။ တာလီဘန်မှာ မာန်ထ ဇောင္းက​ြွကာ အိမ်နီးချင်းများကိုပင် လူမထင်သလိုလုပ်နေ ခ့ဲ၍ဖြစ်သည်။

၂၀၀၁ ခုနှစ်နောက်ပိုင်းကာလ

အမေရိကန် ဝင်လာပြီးနောက် တာလီဘန်များသည် နိုင်ငံ၏ တောင်ဘက်သို့ ဆုတ္ခွာခ့ဲရသည္။ အမေရိကန်ကျောထောက်နောက်ခံပြုထားသော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း အာဖဂန်အစိုးရအဖွဲ့တွင် နရောယူလာခ့ဲသည္။ ဤသို့ဆိုပါလျှင် အာဖဂန်ရှိ လူမျိုးစုများ၊ အာဖဂန်ပြည်သူများအတွက် မျှော်လင့်စရာ ထွက္ပေါက္ရှိလာခ့ဲပါပြီလားဆိုလျှင္လည္း အဖြေက အားရစရာမကောင်းပေ။ ၂၀၀၁ ခုနှစ်နောက်ပိုင်းကာလ အာဖဂန်၏ နိုင်ငံရေးအထိုင်ကိုကြည့်ပါက ဘာသာရေးကို အခြေမခံသော လောကီနိုင်ငံတော်တည်ထောင်ချင်သူများအုပ်စု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုသော လူမျိုးစုများ၊ ဘာသာရေးအုပ်စုများ ဟူ၍ရှိနေမည်ဖြစ်သည်။ ထိုအုပ်စုများကြားတွင် လူမှုပဋိညာဉ်တစ်ရပ်က ဖြစ်ထွန္းမလာခ့ဲချေ။


၂၀၀၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကာလ

ဘွန်းသဘောတူညီချက်အရ မြောက်ပိုင်းမဟာမိတ်ထံမှ  တာဂျစ်ခ်လူမျိုး၊ ဥဇ္ဇဘက်လူမျိုးနှင့် ဟာဇရာလူမျိုး ခေါင်းဆောင်များမှာ  ဒုတိယသမ္မတ၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးစသည့် ရာထူးများကို ရရှိလာခ့ဲသည္။ ထိုပုံရိပ်က အာဖဂန်ရှိ လူမျိုးစုအားလုံးနီးပါးနှင့် နိုင်ငံရေးအုပ်စုများကို ကိုယ်စားပြုသော အစိုးရတစ်ရပ်ဖြစ်သည်ကို ပြသလိုရင်းဖြစ်သည်။ 


ပဋိညာဉ်မရှိခြင်း

လူမျိုးစုများကြားတွင် အားပြိုင်မှုများ၊ အပြန်လှန်တိုက်ခိုက္မှုများက သမိုင်းကြောင်းဆိုင်ရာ ပဋိပက္ခများ အဖြစ်ရှိနေသည်။ တာလီဘန်များ မပေါ်မှီ ၁၉၉၀ ပြည့်လွန်အချိန်ကာလများက အာဖဂန်ပြည်တွင်းစစ်မှာ မူဂျာဟေဒင် အုပ်စုဝင် လူမျိုးစုအချင်းချင်း စစ်ခေါင်းဆောင် အချင်းချင်း တိုက်ခိုက်သော သမိုင်းကြောင်း၏ ဒဏ်ရာဒဏ်ချက္များက ပျောက်ပျက္မသွားကြသေးပေ။ ထိုအချိန်က ဖြစ်ခဲ့သော သွေးထွက်သံယိုပဋိပက္ခများ၊ နက်ရှိုင်းသောရန္ငြိုး၊ အမုန်းတရားများသည်  အချိန်ကြာသည့်တိုင်အောင်ပပျောက်မသွားဘဲ ဆက်ရှိနေဆဲဖြစ်သည်။

အမေရိကန်များက ဤအခြေအနေမျိုးကြောင့် အားကောင်းသော ဗဟိုအစိုးရတစ်ရပ်ဖြစ်လာရန်သာ အားပေးခ့ဲသည္။ အသွင်စုံအလွှာစုံ ပါဝင်သော ဗဟိုအစိုးရတစ်ရပ်....ရှေ့ဆက်လူမျိုးစုများ၏ ဒေသန္တရအာဏာခွဲဝေမှုများကို ထိုဗဟိုအစိုးရက တာဝန်ယူ၍ တဆင့်ချင်းအကောင်အထည်ဖော်မည်ဟူသော ရည်ရွယ်ချက္ဖြင့္။


အာဖဂန်၏ ဗဟိုချုပ်ကိုင်မှုနှင့် လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ရေး ကျိမ်စာ

အာဖဂန်နိုင်ငံရေးတွင် မည်သည့်အုပ်စုမဆို နိုင်ငံ၏ အာဏာကိုယူလိုက်ပါက ချက်ချင်းရင်ဆိုင်လိုက်ရသော ကျိမ်စာများရှိနေသည်။ ဗဟိုချုပ်ကိုင်မှုသည်လည်း ကျိမ်စာသင့်သည်။ လူမျိုးစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးသည်လည်း ကျိမ်စာင့်သည်။ အာဖဂန်၏ လူမျိုးစုနိုင်ငံရေး အီလစ်အလွှာများတွင် ရှေ့နောက္မညီသော နိုင်ငံရေးအယူအဆ သုံးခု ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

၁။ မိမိလူမျိုးစုနှင့် မိမိနယ်မြေအရေးအထိုင်

၂။ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား

၃။ ဗဟိုချုပ်ကိုင်မှု  ဟူ၍ သုံးခုကို တွေ့ရသည်။


အမေရိကန်အပါအဝင် နိုင်ငံတကာက လက်တလောအနေအထားကို ထိန်းသိမ်းရန် ဗဟိုချုပ်ကိုင်မှုအားကောင်းသော အစိုးရတစ်ရပ်ကို ပို၍ မျှက်နှာသာပေးထားသည်။ ဤတွင် အာဖဂန်နိုင်ငံရေးထုံးစံအတိုင်း ဗဟိုချုပ်ကိုင်မှု ကျိမ်စာက မြောက်ပိုင်းမဟာမိတ်အုပ်စုများပါဝင်နေသော အာဖဂန်အစိုးကို သင့်တော့သည်။ 

" ဗဟိုအာဏာ၏ ဆွဲဆောင်မှုကား  ကဘူးလ်မှာရှိသော ဗဟိုအစိုးရကို ထိန်းချုပ်နိုင်လျှင် နိုင်ငံတကာအကူအညီများ၊ စစ်ရေး အင်အားများနှင့် နိုင်ငံရေးသိက္ခာကိုပါ တစ်ခါတည်း ရရှိမည့် အခင်းအကျင်းက ရှိနေသည်။ ဤအချက်က လူမျိုးစုနယ်မြေတစ်ခုကို ထိန်းချုပ်ထားသည်ထက်  ပိုမိုကြီးမားတဲ့ အခွင့်အရေး ဖြစ်နေသည်။" ဤတွင် ဗဟိုအစိုးရအတွင်း လူမျိုးစုခေါင်းဆောင်များသည် အာဏာနှင့် အရင်းအမြစ်များအတွက် ပြိုင်ဆိုင်မှုများ ပြင်းထန်လာတော့သည်။ ထိုသို့ကြိုးစားမှုတွင် မိမိလူမျိုးစုနယ်မြေအား ကိုယ်တိုင်အရင်ထိန်းချုပ်ထားသည်။ ထိုနောက် ဗဟိုအာဏာအတွက် အားပြိုင်ခြင်းဖြစ်သည်။  တစ်ဖွဲ့က အာဏာရလျှင္ တခြားအဖွဲ့အပေါ်လွှမ်းမိုးဖို့ ကြိုးစားသည်။ ရှုံးတဲ့အဖွဲ့ကလည်း အစိုးရအပေါ် မယုံကြည်ဘဲ သီးခြားစီ ရပ်တည်ပြန်သည်။ အာဖဂန် ဗဟိုအစိုးရအတွင်း အားပြိုင်မှု၏ အခြေခံသည် မိမိနယ်မြေအား မိမိထိန်းချုပ်ထားနိုင်မှုကို အခြေတည်ထားသလို ဖြစ်လာသည်။ ဤအချက် နိုင်ငံတော်ကို သစ္စာခံခြင်းထက် ကိုယ်ပိုင် လူမျိုးစု၊ အနွယ်စု၊ ဒေသတွင် သစ္စာခံမှုကိုပိုလုပ်ဆောင်မှုကို ဖြစ်လာသည်။ ဤအနေအထားသည် တစ်မျိုးသားလုံးဆိုင်ရာ စည်းလုံးသော နိုင်ငံတော်အား တည်ထောင်ရန် အလွန်ခက်ခဲလာတော့သည်။ လူမျိုးစုအချင်းချင်း ယုံကြည်မှုအားနည်းကာ ခေါင်းဆောင်များကြားအာဏာလွန်ပွဲများ ဖြစ်နေမှုက ဗဟိုအစိုးရကို အားနည်းစေသည့်အပြင် စည်းလုံးသော စစ်တပ်တစ်ခု တည်ထောင်ရန်အတွက်လည်း အဟန့္အတားဖြစ်လာခ့ဲတော့သည္။ 


ခေါင်းဆောင်များ၏ အမြင် (လက်တွေ့နိုင်ငံရေး)အရ မြောက်ပိုင်းမဟာမိတ်ခေါင်းဆောင်များမှာ နှစ်ပေါင်းများစွာ စစ်ပွဲတွေထဲတွင် နေထိုင်လာခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့၏ နိုင္ငံရေးအဓိပ္ပါယ္ဟူသည္ "အနိုင်ရသူက အားလုံးကို သိမ်းပိုက်ခြင်း" (winner-takes-all) ဟူ၍သာ ရှူမြင်ထားကြသည်။ ဤအမြင်ကို မိမိနယ်မြေ၌ မိမိတို့ထိန်းချုပ်ထားခြင်းဆိုသည့် နိုင်ငံရေးအထိုင်ဖြင့် ပေါင်းစပ်ထားသည်။ ထိုနိုင်ငံရေးအထိုင်ဖြင့် ဗဟိုအစိုးရအဖွဲ့နေရာသို့ ဝင်တိုးအားပြိုင်သည်။ ဤသို့ဝင်တိုးအားပြိုင်နေမှုကြောင့် မိမိတို့လူမျိုးစုကိစ္စဆိုသည်မှာလည်း တဖြေးဖြေးဘေးရောက်လာကာ မိမိနေရာရရှိရေးက ရှေ့ကိုရောက်လာတော့သည်။ အကယ်၍ ဗဟိုအစိုးရထဲတွင် နေရာတစ်စုံတစ်ရာ ရသွားပါက ထိုလူမျိုးစုခေါင်းဆောင်သည် လူမျိုးစုများ၏ အခြေခံနိုင်ငံရေးပြဿနာကို လစ်လျူရှူပြန်သည်။ အဘယ်ကြောင့် ဆိုသော် " ပြည်ထောင်စုစနစ်အား ဖော်ဆောင်လိုက်ပါက မိမိ၏ လက်ရှိအာဏာနှင့် ဩဇာအရှိန်အဝါကို လျှော့ချရမည်ကို ဆန္ဒမရှိ၍ ဖြစ်သည်။ သို့သော် ထိုဆန္ဒသည် ဗဟိုအစိုးရအဖွဲ့မှ ၎င်းအဖို့ နေရာဖယ်ရသည့်အခါတွင်တော့ ပေါ်လာပြန်သည်။ သို့ဖြစ်၍ အာဖဂန်တွင် အစိုးရကဗဟိုအာဏာကို စုစည်းရန် ကြိုးစားတိုင်း ဒေသတွင်း အာဏာရှိသော လူမျိုးစုခေါင်းဆောင်များက ခုခံကန့်ကွက္မှုသည် အဆန်းတော့မဟုတ်ပေ။ အဆိုပါ လူမျိုးစုခေါင်းဆောင်များသည်လည်း ၎င်းတို့၏ စစ်ရေးအာဏာနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဩဇာအာဏာကို လက်လွှတ်ခံဖို့ ဆန္ဒမရှိပေ။ သို့ဖြစ်၍ ဗဟိုအစိုးရနှင့် လူမျိုးစုခေါင်းဆောင်များကြားတွင် အပြန်အလှန် ယုံကြည်မှုမရှိဘဲ အာဏာလု အားပြိုင်မှုများ  အမြဲဖြစ်ပေါ်နေ ခ့ဲသည္။


အာဏာ အီလစ်များကြားတွင် အပြန်အလှန်ယုံကြည်မှုမရှိ၊ အားပြိုင်နေသည်ဆိုပါလျှင္ ဘာဖြစ်လာပါသနည်း။ အဖြေကရှင်းပါသည်။ အားပြိုင်သည်အတွက် ကိုယ့်အင်အားများရန်သာ ကြိုးစားတော့သည်။ ကိုယ့်အင်အားများရန်ကြိုးစားမှုတွင် တရားမျှတမှုနှင့် အမှန်တရားကို မျက်ကွယ်ပြုသည်။ ဤသို့ဖြင့် ဘက်လိုက္မှုက ရှိလာသည်။ လာဘ်စားမှု၊ အကျင့်ပျက္မှုများက အစဉ်အလိုက်ထွန်းကားစည်ပင်လာသည်။ ကိုယ့်အုပ်စုကလူလုပ်လျှင် မှားလျှင်လည္း မှန်ရမည်။ ကိုယ့်အုပ်စုဖြစ်နေသောကြောင့်ကို လုံးဝ မှားနေလျှင်တောင် မှားပုံမှားနည်းက မှန်သည်။ ထိုအခါ အာဏာနယ်ပါယ်၏ အပြင်ဘက်တွင်ရှိနေသော လူထူအတွက်တော့ မှန်နေလျှင်လည်း မှားတော့သည်။ အတိုချုပ်ရလျှင် အမေရိကန် ကျောထောက်နောက်ခံပေးထားသော အာဖဂန်အစိုးရအဖွဲ့သည်လည်း အာဖဂန်လူထုအတွက် တရားမျှတမှုကို မပေးနိုင်ဟု လူထုက မြင်လာတော့သည်။ 


တာလီဘန်ရဲ့ အင်အားစုစည်းနိုင်မှု

တာလီဘန်များသည်၂၀၀၁ ခုနှစ်တွင်  အပြီးအပိုင် မရှုံးနိမ့်သွားခြင်းတော့မဟုတ်။ နိုင်ငံ၏ တောင်ပိုင်းဘက်တွင် ကုတ်ကပ်ရပ်တည်နေကြသည်။ တဖက်တွင် အမေရိကန် ကျောထောက်နောက်ခံပြု အာဖဂန်အစိုးရအဖွဲ့တွင် အပြန်အလှန် အာဏာငန်းဖမ်းလျှက် တရားမျှတမှုကို မျက်ကွယ် ပြုလာသည်။ ထိုမျက်ကွယ်ပြုမှုဒဏ်ကို အခံရဆုံးက မရှိဆင်းရဲသားကျေးလက်နေလူတန်းစားများက ပိုခံရသည်။ တာလီဘန်များအနဖြင့္ ကျေးလက်ဒေသက ပြည်သူများအား လုံခြုံရေးနှင့် တရားစီရင်ရေးပုံစံတစ်မျိုးကို ပေးနေနိုင္ ခ့ဲသည္။ အာဖဂန် အစိုးရ၏ အကျင့်ပျက်ခြစားမှုများကြောင့် ဒဏ်ရာရ နာကြင် စိတ်ပျက်နေသည့် ပြည်သူ့များမှာ တာလီဘန်များကို ထောက်ခံလာခဲ့ကြပြန်သည်။ ဤသို့ဖြင့် တာလီဘန်များ ကျေးလက်ဒေသများတွင် ပြန်လည်အင်အားစုစည်းပြီး ပျောက်ကြားစစ်ဆင္နွဲ လာနိုင္ခ့ဲပ​ြန်သည္။ 

ဤသို့ အမေရိကန် ကျောထောက်နောက်ခံပြုထားသော အာဖဂန်အစိုးရတွင် ဘက်လိုက္မှု၊ တရားမျှတမှုကို လစ်လျူပြုမှုများက နှစ်ပေါင်း ၂၀ ကြာတွင်တော့ အာဖဂန် အစိုးရနှင့်  စစ်တပ်ကို ယိုင်နဲ့ပျက်စီးစေခဲ့တော့သည္။ အမေရိကန်အတွက်လည်း အာဖဂန်သည် ဝန်ထုတ်ဝန်ပိုးဟု ရှူမြင်လာတော့သည်။နောက်ဆုံး၌ကား  တာလီဘန်များအတွက် လွယ်လင့်တကူ အာဏာသိမ်းပြန်သိမ်းနိုင်သော အခြေအနေကို ဖန်တီးပေးသလို ဖြစ်သွားတော့သည်။


ဆက်လက်ဖော်ပြပါမည်။






Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း