ဗင်နီဇွဲလား၏ သံမဏိအမျိုးသမီး သို့မဟုတ် မာရီယာ ကိုရီနာ မာချာဒို
ဗင်နီဇွဲလား၏ သံမဏိအမျိုးသမီး သို့မဟုတ် မာရီယာ ကိုရီနာ မာချာဒို
"ကျွန်မကတော့ ဗင်နီဇွဲလားအမျိုးသားညီလာခံမှ မာရီယာ ကိုရီနာ မာချာဒို ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ သူ့ရဲ့သမိုင်းမှာရော၊ နောင်လာမယ့် မျိုးဆက်တွေအတွက်ပါ အမှောင်မိုက်ဆုံးနဲ့ အရေးကြီးဆုံးသော အခြေအနေကို ဖြတ်သန်းနေရပါတယ်။ နိုင်ငံတော်ကနေ လုပ်ဆောင်ခဲ့တဲ့ အာဏာသိမ်းမှုတစ်ရပ် ရှိခဲ့ပါတယ်။ မစ္စတာ မာဒူရိုနဲ့ သူ့ရဲ့အစိုးရရဲ့ စစ်ဝါဒီအာဏာရှင်စနစ်ဟာ ရာဇဝတ်ဂိုဏ်းများနှင့် နိုင်ငံတကာ မူးယစ်ဆေးဝါးကွန်ရက္များတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာကို ပြသနေပါတယ်။ သူတို့ဟာ ကျွန်မတို့ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ဖို့ ကြိုးစားတဲ့အခါ အရှက်အကြောက်တရား လုံးဝမရှိတော့ပါဘူး။
လွန်ခဲ့တဲ့ နာရီအနည်းငယ်အတွင်းမှာ ဖိနှိပ်မှု၊ ဖမ်းဆီးချုပ်ချယ်မှု၊ ဆင်ဆာဖြတ်တောက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ပိုပြီး တိုးလာခဲ့ပါတယ်။ ကျောင်းသားတွေ၊ သတင်းသမားတွေ၊ တွစ်တာအသုံးပြုသူတွေ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဝရမ်းထုတ်တာမျိုးမရှိဘဲ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်တာမျိုးမရှိဘဲ ဖမ်းဆီးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နာရီအနည်းငယ်အတွင်းမှာပဲ ကာရာကပ်စ်မြို့တော်ဝန် အန်တိုနီယို လီဒီဇ်မာဟာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ကို ဖမ်းဝရမ်းမပါဘဲ ရုံးခန်းကနေ ပြန်ပေးဆွဲသလို ဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိုးသားခေါင်းဆောင် လီယိုပိုဒို လိုပက်ဇ်ကို ပြီးခဲ့တဲ့ တစ်နှစ်လုံး ထိန်းသိမ်းထားတဲ့ ရာမိုဗာဒီ စစ်တပ်အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ အန်တိုနီယို လီဒီဇ်မာ၊ လီယိုပိုဒို လိုပက်ဇ်နဲ့ ကျွန်မတို့ဟာ ဗင်နီဇွဲလားနိုင်ငံသားအားလုံးနဲ့ ပြန်လည်သင့်မြတ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ ဒီမိုကရေစီသို့ ကူးပြောင်းနိုင်ဖို့ကို ကြိုးစားခ့ဲကြတယ်။ နောက်တစ်ဆင့်မှာ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့အတွက် အမျိုးသားအစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့တဲ့အတွက်ကြောင့် ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမိန့်ကို ဖျက်ဆီးရာရောက်တယ်၊ ထောက်ခံအားပေးရာရောက်တယ် ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ ကျွန်မတို့ ဗင်နီဇွဲလားနိုင်ငံသားအားလုံးကို ထောက်ခံဖို့ ဖိတ်ခေါ်တဲ့ အမျိုးသား အသွင်ကူးပြောင်းရေး သဘောတူညီချက်ရဲ့ စိတ်ကူး၊ စကားလုံး၊ စိတ်ဓာတ်နဲ့ တန်ဖိုးရှိသမျှ အားလုံးအပေါ် ကျွန်မ ထောက်ခံကြောင်း မစ္စတာ မာဒူရိုကို ပြောကြားလိုပါတယ်။"
ကျွန်မဟာ ကိုယ်ထိလက်ရောက် တိုက်ခိုက် ခံခဲ့ရတယ်။ အမျိုးသားညီလာခံဥက္ကဋ္ဌ မစ္စတာကာဗယ်လိုရဲ့ မျက်စိရှေ့တည့်တည့်မှာပဲ ကျွန်မနှာခေါင်းရိုး ကျိုးသွားခ့ဲရတယ်။ ဘာကြောင့်လဲ။ ဗင်နီဇွဲလားမှာ လူ့အခွင့်အရေးချိုးဖောက္မှုတွေရှိနေတယ်လို့ အမေရိကန်နိုင်ငံများအဖွဲ့ကို ကျွန်မကိုယ်တိုင် ဖွင့်ချခ့ဲလိုပါပဲ။ အဲလိုဖွင့္ချခ့ဲလို့ကျွန်မကို ဗင်နီဇွဲလားအာဏာရှင်တွေက အကြမ်းသူ၊ နိုင်ငံကိုသစ္စာဖောက်သူလို့ စွပ်စွဲခ့ဲကြတယ်။ကျွန်မကို လုပ်ကြံသတ်ဖြတ်သူ၊ ပူးပေါင်းကြံစည်သူဆိုပြီး စွပ်စွဲခ့ဲကြတယ္။ ကျွန်မနဲ့ ကျွန်မမိသားစုဟာ တိုက် ခိုက် ခံခဲ့ရတယ်။ ကျွန်မရဲ့ သားသမီးတွေရဲ့ အသက်ကို ခြိမ်းခြောက္ ခံခ့ဲရတယ္။ ပြီးခ့ဲတ့ဲ တနှစ်ပတ်လုံးရဲ့ ဗင်နီဇွဲလားနိုင်ငံသားများရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို မရမချင်း တိုက္ပွဲဝင္နေမယ္ဆိုတ့ဲ သတင်းစကားကို လူထုထံမပေးနိုင်အောင် ကျွန်မကို နိုင်ငံထဲက ထွက်ခွာခွင့်ကို တားမြစ်ခ့ဲကြတယ်။
"ကမ္ဘာပေါ်ရှိ ဒီမိုကရေစီအစိုးရတွေဟာ
စီးပွားရေး၊ ပထဝီနိုင်ငံရေး စတ့ဲအကြာင္း ပြချက္ တွေနဲ့ဗင်နီဇွဲလားပြည်သူတွေကို လျစ်လျူရှူထားတယ်။ အခု မစ္စတာ မာဒူရို ဟာ စည်းလွတ်ဘောင်လွတ် ဖြစ်နေပါပြီ။ အခုသူဟာ လူ့အခွင့်အရေး၊ ဗင်နီဇွဲလားဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာသဘောတူညီချက္များကို ကြီးမားကျယ်ပြန့်စွာနှင့် စနစ်တကျ ချိုးဖောက်နေတာကို ကမ္ဘာက သိရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်
ကမ္ဘာပေါ်ရှိ ဒီမိုကရေစီကို ချစ်မြတ်နိုးသူအားလုံးကို ကျွန်မ တောင္းဆိုချင္တာက "ကျွန်မတို့နဲ့အတူ အသံထွက်ပေးပါ၊ ဗင်နီဇွဲလားပြည်သူတွေနဲ့အတူရပ်တည်ပေးပါ"။
ဗင်နီဇွဲလားက ဒီမိုကရေစီ တိုက်ပွဲအတွက် ယခုချက်ချင်း ခိုင်မာသော ရပ်တည်ချက်ကို ကမ္ဘာက ပြသပေးလာဖို့နဲ့ နိုင်ငံကို အုပ်ချုပ်နေသော အာဏာရှင်စနစ်ကို ပယ်ချပေးဖို့ကို ကျွန်မတို့ မျှော်လင့်ပါတယ်။ ဗင်နီဇွဲလားရှိ ပြည်သူများအနေဖြင့်လည်း ကိုယ့် တာဝန္ဖြစ်တ့ဲ ငြိမ်းချမ်းသော ဒီမိုကရေစီနှင့် လွတ်လပ်မှုသို့ ကူးပြောင်းခြင်းကို မကြာမီ အောင်မြင်အောင် လုပ်ဆောင်သွားပါမယ်။
ကျွန်မတို့ကို ယုံကြည်ပါ။ သင်ဟာ ဗင်နီဇွဲလားပြည်သူတွေနဲ့ တသားရှိကြောင်းပြသပေးဖို့ကိုလည်း ကျွန်မတို့ မျှော်လင့်ပါတယ်။
မာရီယာ ကော်ရီနာ မာချာဒို
(Maria Corina Machado)
ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်
၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
၂၀၁၅ခု နှစ် ခုနှစ်ကြိမ်မြောက် ဂျီနီဗာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဆွေးနွေးပွဲတွင် ပြောကြားခ့ဲသော မိန့်ခွန်း
မိန့်ခွန်းမူရင်း
https://genevasummit.org/speech/fighting-oppression-defending-human-rights-4/
ဓာတ်ပုံ မူရင်း
Espansin,NTN24, Wikimedia Common
Comments
Post a Comment