အိုဘယ့်ရယ္တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ- (နိဂုံး)
အိုဘယ့္ရယ္တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ- (နိဂုံး)
အာဖဂန်နိုင်ငံရေး၏ စိတ်ပျက်စရာအခြေအနေသည် တနည်းအားဖြင့် အနိုင်ဘက်လှိုင်းကြုံစီးဆင်း (Bandwagon) နှင့် အကျိုးစီးပွားအတွက် ဆရာမွေး တပည့်မွေးခြင်း (Patronage) တို့နှင့် သက်ဆိုင်နေပါသည်။
သာမန်အာဖဂန်လူမျိုးစုများ၏ နိုင်ငံရေးလိုအင်ဆန္ဒသည် နိုင်ငံရေးအာဏာကို တရားမျှတစွာ ခွဲဝေလိုသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေကို ရလိုသည်။ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ချင်သည်။ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်လက္ခဏာကို ထိန်းသိမ်းခွင့်ရလိုသည်။
၁။ နိုင်ငံရေးအာဏာကို တရားမျှတစွာ ခွဲဝေမှု
အာဖဂန်လူမျိုးစုများအဖို့ ပက်ရှ်တွန် မျိုးနွယ်စုက့ဲသို့ လူဦးရေအများစု အုပ်ချုပ်မှုကိုပဲ မလိုလားချေ။ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် စစ္တပ္က့ဲသို့ အင်စတီကျုးရှင်းများတွင် မျိုးနွယ်စုတိုင်းက ကိုယ်စားပြုခွင့်ကို လိုချင်ကြသည်။ ဥပမာ- သမ္မတ၊ ဒုတိယသမ္မတရာထူးနှင့် ဝန်ကြီးရာထူးများကို မျိုးနွယ်စုအလိုက် ခွဲဝေပေးမှုမျိုးကို မျှော်လင့်ကြသည်။ ဤမှသာ အာဏာကို တစ်စုတစ်ဖွဲ့မှ ချုပ်ကိုင်ထားမှုမျိုး မဖြစ်အောင် ကာကွယ်နိုင်မည်ဟု ယူဆကြသည်။
၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (Autonomy)
အချို့သော လူမျိုးစုများအနေဖြင့် ဗဟိုအစိုးရ အုပ်ချုပ်မှုအောက်က လုံးဝခွဲထွက်ကာ သီးခြားနိုင်ငံထူထောင်ဖို့အထိ မရည်ရွယ်ကြပေ။ ၎င်းတို့၏ ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy) ကို လိုချင်ကြသည်။ ၎င်းတို့ ဒေသ၏ စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုကို ဗဟိုအစိုးရ ဝင္ရောက္စွက္ဖက္မှုမရှိဘဲ ၎င်းတို့ဘာသာ စီမံခန့်ခွဲလိုကြသည်။
၃။ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက္မှု
အာဏာခွဲဝေမှုတွင်သာမဟုတ် စီးပွားရေးအခွင့်အလမ်း၊ ပညာရေးနှင့် အခြေခံအဆောက်အအုံများတွင်လည်း လူမျိုးစုအားလုံး တန်းတူရရှိရန် လိုလားကြသည်။ သမိုင်းတစ်လျှောက်တွင် အာဏာရသော လူမျိုးစုကသာ အခွင့်အရေးတွေပိုရသော မညီမျှမှုစနစ်အား ပြောင်းလဲပစ်ရန် တောင်းဆိုကြသည်။
၄။ ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်လက္ခဏာကို ထိန်းသိမ်းခွင့်
လူမျိုးစုတစ်ခုချင်းစီတွင် ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများရှိသည်။ အစိုးရ၏ မူဝါဒဘက်မှ ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်လက္ခဏာကို လေးစားအသိအမှတ်ပြုပြီး ထိန်းသိမ်းခွင့် ကိုတောင်းဆိုကြသည်။
အမှန်တော့ ထိုအချက္များသည် အာဖဂန်လောက်သာမဟုတ် ကမ္ဘာ့နေရာအနှံအပြားက နိုင်ငံရေးမတည်ငြိမ်မှုကိုဖြစ်ပေါ်စေသော လူမျိုးစုများ၏ အဓိကလိုလားချက်ဖြစ်သည်။
ထိုအချက္များက အာဖဂန်နိုင်ငံရေး၏ မူလဇစ်မြစ်ဖြစ်သည်။ ပြဿနာက ထိုဇစ်မြစ်သည် အာဖဂန်နိုင်ငံရေးတွင် ဖုံးကွယ်ခံထားရသည်။ ငြင်းဆန်ခြင်းခံရသည်။ သွယ်ဖယ်ခံရသည်။
သာမန်ပက်ရှ်တွန်လူထုဘက်က တော့ တည်ငြိမ်သော အေးချမ်းသော တိုးတက်သော အာဖဂန်ကိုလိုချင်သည်။ဘက်အသီးသီးရှိ နိုင်ငံရေး အီလစ် ပက်ရှ်တွန်များထဲတွင် အချို့က လူမျိုးစုများ၏ ရပိုင်ခွင့်အား မပေးဘဲ ဗဟိုချုပ်ကိုင်မှုရှိသော အစိုးရတစ်ရပ်ရှိမှ အာဖဂန်အတွက် အဆင်ပြေမည်ဟုထင်ကြသည်။ လူမျိုးစုများ၏ ရပိုင်ခွင့်ဟူသည် တိုင်းပြည်တည်ငြိမ်တိုးတက်လာသည့်အခါမှ ထပ်ဆင့်ဖော်ဆောင်ရမည့် ဆင့်ကဲ နိုင်ငံရေးဖြစ်စဉ်ဟု ရှူမြင်သည်။ အာဖဂန် မတည်ငြိမ်ရခြင်းသည်ပင် လူမျိုးစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်အတန်းတောင်းဆိုမှုနှင့် ထိုတောင်းဆိုမှုကို အင်အားဖြင့်ဖြေရှင်းလာသည့် အစဉ်အလာကြောင့်ဖြစ်သည်။ လူမျိုးစုအရေးကြောင့်ပင် မတည်ငြိမ်၊ မတည်ငြိမ်သောကြောင့်ပင် လူမျိုးစုတို့၏ အခွင့်အရေးကို မပေး၊ အင်အားဖြင့်ဖြေရှင်းရန် ကြိုးစားလာသည်။ အင်အားဖြင့်ဖြေရှင်းရန်ကြိုးစားသည့်အခါ စစ်အင်အားနယ်ပါယ်ကိုချဲ့လာသည်။ စစ်အင်အားချဲ့မှုထက် စစ်ဘက်နယ်ပါယ်က ကျယ်လာသောအခါ အရင်းအမြစ်များကို စစ်အင်အားအတွက် အသုံးပိုချလာရသည်။ ထိုအရင်းအမြစ်များမှာ ပညာရေး၊ ကျမ်းမာရေး၊ ဖွံ့ဖြိုးရေးတို့တွင် အသုံးမချနိုင်တော့ပေ။ ဤသို့ဖြင့်လူများစုပက်ရှ်တွန်တို့၏ နိုင်ငံရေး၊ စီးပွားရေး၊ တိုးတက္မှု အခွင့်အရေးလည်းဘောင်ကျဉ်းလာတော့သည်။
ဖွံ့ဖြိုးတိုးတက္မှုက နှိမ့်ကျ၊ ပညာရေးကနှိမ့်ကျ ပဋိပက္ခဘောင် အောက်တွင် ရှိနေသော လူ့အဖွဲ့အစည်းတစ်ရပ်တွင် အစစအရာရာ ဆုတ်ယုတ်မှုကရှိလာသည်။ ပညာရေးနှင့် လွတ်လပ်မှု မရှိသော ပဋိပက္ခအောက်တွင်ရှိနေသည့် လူ့အဖွဲ့အစည်းတွင် အကျိုးအကြောင်းဆန်းစစ်သော အလေ့အထကလည်း လူမှုဝန်းကျင်တွင် အားနည်းသွားသည်။ လူမှုပတ်ဝန်းကျင်၌ကား အင်အားသာ အဆုံးအဖြတ်ဖြစ်လာသည်။ အကျိုးအကြောင်းဆန်းစစ်မှုဆိုသည်က အလေးထားစရာမဟုတ်တော့ပေ။
ထိုအခါ အင်အားဆီကိုသာ အလိုလိုချဉ်းကပ်သော အလေ့အထက အားကောင်းလာတော့သည်။ လူဗီဇတွင် အုပ်စုဖွဲ့သည်နှင့် အုပ်စု၏ ခေါင်းဆောင် (Icon) ပုံရိပ်ကိုရှာတတ်သည်။ အုပ်စုကြီးတစ်ခုအတွင်းမှာပင် တူရာတူရာ ကိုယ့်နှင့်အလွမ်းသင့်ရာ စုလာကြသည့် အဖွဲ့ငယ်များရှိသည်။ ထိုအဖွဲ့ငယ်များတွင် ခေါင်းဆောင်များရှိနေတတ်သည်။ ပညာကိုအခြေခံသော လူ့အဖွဲ့အစည်းတစ်ရပ်တွင် အရင်းအမြစ်နှင့် အာဏာအတွက် အကျိုးအကြောင်း ဆန်းစစ်မှုဖြင့် အားပြိုင်ကြသည်။ အင်အားကို အခြေပြုသော လူ့အဖွဲ့အစည်းတစ်ရပ်တွင် အရင်းအမြစ်နှင့်အာဏာ အတွက် အင်အားဖြင့်သာ အားပြိုင်ကြသည်။ အရင်းအမြစ်နှင့် အာဏာဟူသည် လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားဖြစ်သည်။ ဤသဘောတရားနှစ်ခုသည် ဒွန်တွဲသည်။
အင်အားကို အခြေပြုထားသော လူ့ပတ်ဝန်းကျင်တွင် အုပ်စုတစ်ခုမှ ခေါင်းဆောင်သည် သူ့အင်အားကြီးလာရန် သူအုပ်စု၏ အင်အားကြီးမားရန်လိုသည်။ ဤသည်မှာ သဘာဝဖြစ်သည်။ ပြိုင်ဘက်အုပ်စုထက်အင်အားကြီးရမည်။ ထိုအခါ Patronage ဟူခေါ်သော အကျိုးစီးပွားအတွက် အုပ်စုဖွဲ့ခြင်း ဓလေ့သည် ထွန်းကားလာတော့သည်။ မိမိအားနာခံပါက အခွင့်အရေးပေးမည်၊ အကျိုးစီးပွားကိုပေးမည် ဟူသော ဓလေ့ဖြစ်သည်။ ဤသည်က အုပ်စုများ၏ Icon များ ပြုလုပ်လေ့ရှိသော ဓလေ့လည်းဖြစ်သည်။
ထိုဓလေ့က သာမန်လူထုအတွက် (Bandwagoning) အလေ့ကို ဖြစ်စေသည်။ သာမန်လူထုအတွက် အာဏာနှင့် အင်အားဖြစ်စဉ်သည် အလှမ်းကွာသည်။ အုပ်စုအသီးသီးထွန်းကားနေသော အင်အားအခြေပြုသည့်ပတ်ဝန်းကျင်တွင် သာမန်လူထုသည် ပို၍ အာဏာနှင့် အင်အားဖြစ်စဉ်မှ ဝေးဝေးနေလိုသည်။ အဘယ်ကြောင့်ဆိုသော် အုပ်စုအသီးသီးသည် ပြိိုင်ဆိုင်နေကြသည်။ လက်နက်ဖြင့်ဖြေရှင်းနေကြသည်။ သာမန်လူထုက အုပ်စု အားလုံးကို ကြောက်ရသည်။ အနေအထိုင်မတတ်ပါက အသက်နှင့် ခန္ဓာ အိုးစားကွဲနိုင်သည်။ ဤသို့ဖြင့် နုတ်ဆိတ်သည်။ အုပ်စုအချင်းချင်းအားပြိုင်ရာတွင် အနိုင်ရသည့်အုပ်စုပေါ်လာသည်နှင့် ထိုအနိုင်ရသည့်အုပ်စုကို ပြေးကပ်သည်။ Bandwagoning ဟူသည် အများယောင်၍ ကိုယ်ပါရောယောင်ကာ အများအကြိုက်အခင်းအကျင်းထဲကို ပျော်ဝင်သွားတတ်သည့် ဓလေ့ကို ဆိုလိုပါသည်။ အုပ်စုတစ်ခုအင်အားကောင်းလာသည်နှင့် ထိုအုပ်စုအား တက်ကြွစွာ ထောက်ခံပြထားမည်၊ ထိုအုပ်စု မအောင်မြင်ချိန် အနားတောင်မကပ်၊ ယင်းသို့ ဓလေ့စရိုက်ဖြစ်သည်။
သာမန်လူထုတော်တော်များအတွက် Bandwagoning အပြုအမှုသည် ၎င်းတို့၏ ရပ်တည်ခွင့်အတွက်ဖြစ်သည်။ သို့သော် အကျိုးစီးပွားမျှော်ကိုးသူများအတွက်တော့ ဆက်သွားရသည့် နောက်တဆင့်ရှိပါသေးသည်။ ကိုယ့်အကျိုးစီးပွားအတွက် ထိုအုပ်စုနှင့် ခေါင်းဆောင်အပေါ် ပြေးကပ်သည်။ ထောက်ခံပြသည်။ ပေးဆပ်ပြသည်။ ဤသို့ဖြင့် Patronage ဖြစ်စဉ်ကို ပုံဖော်တော့သည်။ အကျိုးအကြောင်း ဆန်းစစ်မှုဆိုသည်က ရှာ၍ပင် မတွေ့နိုင်တော့ပေ။ အကျိုးအကြောင်းထက် အကျိုးစီးပွားက ဦးစားပေးစရာဖြစ်နေသည်။
အာဖဂန်ဘက်ကို ပြန်သွားရပါလျှင် ဟာဇရာလူမျိုးစုထဲတွင်လည်းကောင်း၊ တာခ့်လူမျိုးစုထဲတွင်လည်းကောင်း၊ ဥဇ္ဇဘက်လူမျိုးစုထဲတွင်လည်းကောင်း၊ ပက်ရှ်တွန်လူမျိုးစုထဲတွင် လည်းကောင်း ကိုယ့်အဝိုင်းအဝန်းအတွင်းတွင်ပင် အဆိုပါ Patronage အလေ့အထနှင့် Bandwagoning အလေ့အထသည် ထွန်းကားနေပါ၏။ ထိုသို့ ကိုယ်အုပ်စုထဲတွင်လည်း အားပြိုင်သည်။ ထိုပြင် လူမျိုးစုအချင်းချင်းလည်း အားပြိုင်သည်။ အကျိုးအကြောင်းဆန်းစစ်မှုကို မျက်ကွယ်ပြုထားသဖြင့် စံနှုန်း၊တန်ဖိုး၊ မူဘောင်ဆိုသည့် လူမှုပဋိညာဉ်အလေ့အထဆိုသည်မှာလည်း ပျောက်ဆုံးနေသည်။ အုပ်စုတစ်ခုအတွက် ကိစ္စရပ်တစ်ခုသည် မည်မျှပင် အကျိုးအကြောင်းမူဘောင်စံနှုန်းဖြင့်ညီနေပါစေ ကိုယ်မကြိုက်လျှင်ပါယ်သည်။ လိုလျှင်သုံးသည်။ မူသေ သဘောတရားမရှိတော့။
ဤအချက္များက အမေရိကန်ကျောထောက် နောက်ခံပြုထားစဉ်ကာလ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၏ အီလစ်များနှင့် ပက်ရှ်တွန်များ ပါဝင်ဦးဆောင်နေသော အစိုးရတစ်ရပ်သည် အဘယ်ကြောင့် အင်အားချိနှဲ့၍ လူထုထောက်ခံမှု ကျဆင်းလာရသနည်း ဆိုသည်ကို အဖြေပေးနေပါသည်။
အမေရိကန် ကျောထောက်နောက်ခံပြုထားသည့်ကာလ အာဖဂန်အစိုးရကို ကြည့်မည်ဆိုပါက အောက်ပါ မြင်ကွင်းများကို တွေ့ရမည်ဖြစ်သည်။
ခေါင်းဆောင်တစ်ဦးသည် သူ့၏နောက်လိုက်၊ မိသားစု၊ လူမျိုးစုအား ရာထူး၊ အခွင့်အရေး၊ ငွေကြေးကို ခွဲဝေပေးကာ သစ္စာခံမှုနှင့် ထောက်ခံမှုကို ရယူသည်။ ဒေသခံခေါင်းဆောင်များသည် အစိုးရ၊ စစ်တပ် စသည့်တို့တွင် လူယုံများကိုသာခန့်ထားသည်။ နိုင်ငံတကာ အကူအညီများကိုလည်း ကိုယ့်လူများကိုသာ ခွဲဝေပေးသည်။ သာမန်လူထုအတွက် ရပ်ရွာခေါင်းဆောင်၊ ဒေသတွင်း သြဇာရှိပုဂ္ဂိုလ် သို့မဟုတ် စစ်တပ်အကြီးအကဲများကို မှီခိုလာကြရသည်။ ထိုခေါင်းဆောင်များက ကျောင်းဆောက်ပေးသည်။ ဆေးခန်းဖွင့်ပေးသည်။ သို့မဟုတ် အငြင်းပွားမှုကို ဖြေရှင်းပေးသည်။ ဤလုပ်ရပ်များဖြင့် ကျေးဇူးရှင် (Patronage) ဓလေ့က ထွန်းကားလာသည်။ ဤခေါင်းဆောင် အုပ်စုက ကောင်းသည်ဆိုလျှင် အခြားလူထုကလည်း Bandwagoning လုပ်တော့သည်။
ထိုအလေ့အထက ပြည်သူလူထု၏ သစ္စာခံမှုသည် နိုင်ငံတော်ကို မရောက်တော့ပေ။ ၎င်းတို့အတွက် အဆင်ပြေသော သက်ဆိုင်ရာ လူမျိုးစု၊ မိသားစု သို့မဟုတ် ဒေသခံခေါင်းဆောင်ထံတွင်သာ ရှိနေတော့သည်။ ဤတွင် မိမိအုပ်စုကသာမှန်သည်၊မိမိအုပ်စုအဝိုင်းအဝန်းထဲမှသူဘာလုပ်လုပ်မှန်သည် ဟူသော ဘက်လိုက္မှုဂတိတရားက ကြီးစိုးလာတော့သည်။ ဘက်လိုက်မှုနှင့် အဂတိတရားဒဏ်ကို ကျောကော့အောင်ခံရသူက သာမန်လူထုကပိုခံရသည်။ ပြီးလျှင် အောက်ခြေအနှိမ့်ဆုံးအဆင့်က ခံရသည်။ လူမျိုးစုများ၏ နယ်မြေများသည်လည်း တိုးတက္မှုမရှိတော့ပေ။
အီလစ်များ၏ Bandwagoning ဓလေ့
Patronage အလေ့ကြောင့်အစိုးရဟူသော ယန္တယားသည် စွမ်းဆောင်ရည်နှင့် အရည်အချင်းအပေါ်မှာ အခြေမခံတော့။ အစိုးရအဖွဲ့ဟူသည် ကိုယ့်အုပ်စုခေါင်းဆောင်အား သစ္စာစောင့်သိမှု ဖြင့်သာတည်ဆောက်ထားသော ကွန်ရက်ကြီးတစ်ခုကိုသာ ဖြစ်လာစေ ခ့ဲသည္။
အာဖဂန်အခြေအနေတွင် ၂၀၂၁ ခုနှစ်၌ တာလီဘန်များ မြို့ကြီး တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လာချိန် အာဖဂန်စစ်တပ်က အောက်ခြေအဆင့် စစ်ဗိုလ်များက ဗဟိုအစိုးရကို ယုံကြည်မှု မရှိတော့။ သူတို့၏ အသက်အန္တရာယ်၊ အဖွဲ့အစည်းနှင့် လက်နက္များကိုကာကွယ်ရန် တနည်း အနေအထားမပျက်စေရန် တာလီဘန်အနိုင်ဘက်ကို ဝင်ရန် ဆုံးဖြတ်ခဲ့ကြတော့သည်။ စစ်မတိုက်ဘဲ လက်နက်ချခြင်း သို့မဟုတ် တာလီဘန်နှင့် သဘောတူညီမှု ရယူခြင်း တို့သည်လည်း Bandwagoning ၏ အကျိုးဆက်သာ ဖြစ်သည်။
လူထု၏ Bandwagoning ဓလေ့
အာဖဂန်ပြည်သူအများစုအဖို့ နှစ်ပေါင်းများစွာ စစ်ပွဲ၊ မတည်ငြိမ်မှု၊ စီးပွားရေးပြိုလဲမှု၊ အကျင့်ပျက်ခြစားမှုတွေကြောင့် ငြီးငွေ့နေကြပြီဖြစ်သည်။ တာလီဘန်များ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လာချိန် အစိုးရတပ်လည်း တိုက်ခိုက္မှုမရှိဘဲထွက်ပြေး၊ လက်နက်ချ၊ ဘက်ကူးမှုများကို မြင်တွေ့ခဲ့ရသည်။
ထိုအခါ ပြည်သူအတွက် ရွေးချယ်စရာနှစ်ခုသာ ရှိတော့သည်။
၁။ အားနည်းနေသေ ာအစိုးရအား ဆက်ထောက်ခံကာ မိမိ အသက်အန္တရာယ်ကို စွန့်စားခြင်း
၂။ အနိုင်ဘက်ဖြစ်သော တာလီဘန်ကို လက်ခံကာ အသက်ရှင်ရပ်တည်ရေးအတွက် Bandwagoning လုပ်ခြင်း
အများစုကတော့ ဒုတိယနည်းကို ရွေးချယ်ခဲ့ကြပါသည်။ တာလီဘန်ကို ယုံကြည်လို့လွန်း၍တော့ မဟုတ်။ စစ်ပွဲများ၊ ပဋိပက္ခများ၏ ပူလောင်မှုကို ငြီးငွေ့ကာ မည့်သို့ပင်ဆိုစေ ငြိမ်းချမ်းရေးမှုအောက်က ရပ်တည်ရှင်သန်မှု အခိုက်အတန့် လိုချင်လာ၍သာဖြစ်သည်။
လူလတ်တန်းစားနှင့် ပညာတတ်များ၏ Bandwagoning ဓလေ့
အာဖဂန်တွင် အများစုသော ပညာတတ်များ (အထူးသဖြင့် အမျိုးသမီးများနှင့် လစ်ဘရယ်အမြင်ရှိသူများ) အတွက် ၎င်းတို့၏ Bandwagoning မှာ တခြားသူများနှင့်မတူပေ။ အာဖဂန် လူ့ဘောင်တွင် ပညာကိုအခြေခံသည့် အကျိုးအကြောင်းဆန်းစစ်မှုသည် တိုးမပေါက်ပေ။ ထိုတိုးမပေါက်သော ဝန်ထုတ်ကို အဆိုပါ လစ်ဘရယ်အမြင်ရှိသော ပညာတတ္များနှင့် လူလတ်တန်းစားများက ထမ်းပိုးရသည်။ ဤတွင် အာဏာကို ကိုင်ထားသောအလွှာနှင့် သာမန်အောက်ခြေလူထုအလွှာကြားတွင် ထိုအုပ်စုသည် ကြားညှပ်တော့သည်။ ချောင်ပိတ်တော့သည်။ အမေရိကန်ကျောထောက်နောက်ခံပြုထားသော အချိန်တွင်ပင် ချောင်ပိတ်ကြခြင်းဖြစ်သည်။ ဤသို့ဖြင့် စိတ်ပျက်လာကြသည်။ ထိုအခါ စိတ္ပျက္စရာ လူမှုဝန္းကျင္မှ ထွက်သွားခြင်း သို့မဟုတ် နုတ်ဆိတ်ခြင်း ဆိုသည့် လှိုင်းနောက်ကို လိုက်ပါသွားတော့သည်။ တာလီဘန်များ အာဏာရလာသော အခါ တာလီဘန်များထံမှ ရှောင်ကွင်း ခြင်းဆိုသည့် "ပြောင်းပြန် Bandwagoning" လှိုင်းကိုသာ စီးသွားတော့သည်။
နိဂုံး
အာဖဂန်သည် သမိုင်းအရ ညံသော နေရာမဟုတ်ပေ။ လူယဉ်ကျေးမှုအရ ညံသောနေရာမဟုတ်ပေ။ သမိုင်းအစဉ်အလာ ကြီးသည်။ ရှေးယခင်ကာလများက ဂန္ဓာရတိုင်း (အမွေးအကြိုင်များထွက်သော နေရာ) အဖြစ်ရှိခ့ဲသည်။ သမိုင်း၏ ခမ်းနားမှုက အတိပ်တွင်သာရှိပါသည်။ ခေတ်သစ်အာဖဂန်၏ နိုင်ငံတည်ဆောက်ရေး မအောင်မြင်ရခြင်းသည် အရင်းအမြစ်များ နည်းပညာများ ရှားပါးလွန်း၍မဟုတ်ပေ။ အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် နှစ်ပေါင်းနှစ်ဆယ်ကာလသည် အရင်းအမြစ်များနှင့် နည္းပညာမရှားပါးခ့ဲပါ။ အာဖဂန်လူဘောင်အားလုံးအတွက် တရားမျှတသော ၊ ညီမျှသော လူမှုပဋိညာဉ် ကို ဗဟိုပြုသည့် အခင်းအကျင်းမျိုးကို မျက်ကွယ်ပြုထားသော၊ အကျိုးအကြောင်းဆန်းစစ်မှုကို မျက်ကွယ်ပြုထားသော၊ ငါ့ဗဟိုပြု ဘက်လိုက်သော၊Patronage နှင့် Bandwagoning ဓလေ့ အားကောင်းသော အခင်းအကျင်းများက စိုးမိုးနေ၍သာ state building မအောင်မြင်ရခြင်းဖြစ်ပါသည်။
Comments
Post a Comment