ကျင်နာ ၊ မိန့်ကျားလား နှင့် ဘက်စည်းခြားခြင်း
ကျင်နာ ၊ မိန့်ကျားလား နှင့် ဘက်စည်းခြားခြင်း
ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ဝမ် ၏ ကော့စ် ဘဇားအစည်းအဝေးတွင် ဆွေးနွေးချက်
၂၀၂၅ ခုနှစ်ထဲ ပြီးခ့ဲသည့် ဩဂုတ်လ ၂၄ ရက္မှ ၂၆ ရက်ထိ ကုလသမဂ္ဂအထွေထွေညီလာခံအတွက် ကျင္းပခ့ဲသော ရိုဟင်ဂျားအရေး Stakeholder နိုင်ငံတကာညီလာခံ ဆွေးနွေးပွဲ၌ ကဏ္ဍအလိုက်ဆွေးနွေးမှုများတွင် ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးလည်း တက်ရောက်ကာ ဆွေးနွေးခ့ဲသည္။ ထိုဆွေးနွေးပွဲတွင် ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ ယောင်ဝမ် (Yao Wen) ၏ ပြောကြားချက်အချို့ကို ဘင်္ဂလားဒေရှ့်မီဒီယာများမှလည်း ဖော္ပြခ့ဲကသည္။ ထိုဖော်ပြချက္များကို အနှစ်ချုပ်ပါက အောက်ပါအချက္များကို တွေ့ရသည်။
၁- ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခြင်း
၂- နေရပ်ပြန်ရေး သည်သာ ရေရှည်တည်တံ့သော တစ်ခုတည်းသော ဖြေရှင်းချက်ဖြစ်ကြောင်း အလေးထားပြောကြားခြင်း။
၃- တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အကြား တွေ့ဆုံဆွေးနွေးရေးနှင့် နေရပ်ပြန်ရေး ကို အားပေးကူညီရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့ကြောင်း ဖော်ပြခြင်း။
၄- အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်-မြန်မာတို့၏ သဘောတူညီချက်ကို လေးစားပြီး ထောက်ပံ့ကူညီမှုများ တိုးမြှင့်ရန် တောင်းဆိုခြင်း။
သံအမတ်ကြီး ဝမ်ယောင်၏ ပြောကြားချက္များတွင် အသေးစိတ်အချက္များ ကိုကြည့်ပါက စိတ်ဝင်စားစရာအချက္များကိုလည်းထပ်တွေ့ရသည်။ သံအမတ်ကြီးက
၁- ဘင်္ဂလားဒေရှ့်အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေခြင်း။
၂- နိုင်ငံတကာအသိုင်းအဝန်းမှ ဘင်္ဂလားဒေရှ့်ကို ထောက်ခံရန်လိုခြင်း။
၃- ပဋိပက္ခ၏ stateholder အချို့က ကန့်ကွက်နေပါစေ ဘင်္ဂလားဒေရှ့်နှင့် မြန်မာသည် နေရပ်ပြန်ရေးကို ကိုင်စွဲသင့်ခြင်း။
၄- နေရပ်ပြန်ရေးအတွက် သက်ဆိုင်သူများအားလုံး ဘုံ သဘောထားတစ်ခုကို တည်ဆောက်သင့်ခြင်း။
၅- နေရပ်ပြန်ရေး အစီအစဉ်တိုင်းသည် ဘင်္ဂလားဒေရှ့်နှင့် မြန်မာကြားတိုက်ရိုက်ဆွေးနွေးချက် ဖြစ်သင့်ခြင်း။
၆- အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်-မြန်မာတို့၏ သဘောတူညီချက်ကို လေးစားခြင်း၊ယုံကြည်မှုပေးခြင်း၊ မတူကွဲပြားချက္များကြားအဖြေကိုရှာနိုင်ရန် ထောက်ပံ့ကူညီမှုများ တိုးမြှင့်ရန်လိုခြင်း။
၇- ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန် တောင်းဆိုခြင်း။
၈- ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းမှ အကြပ်အတည်းသည် ကြာမြင့္လာပါက ပဋိပက္ခအသစ်တစ်ခုကို ဦးတည်နေနိုင်ခြင်း။
စသည့်အချက္များကို မီးမောင်းထိုးပြထားသည်။
မစ္စတာယောင်ဝမ်က အပစ်အခတ်ရပ်စဲခြင်းနှင့် ပတ်သက်၍ မြန်မာစစ်တပ်နှင့် အေေအ တို့်ကြားတွင္ ရုတ်အနေဖြင့် ဝင်ရောက်ညှိ့နှိုင်းပေးမှုများရှိနေသော်လည်း ဖြစ်ပေါ်နေသော ပဋိပက္ခများက နေရပ်ပြန်ရေးကို ရပ်တန့်နေစေကြောင်း ပြောကြားခ့ဲပြီးအပစ်အခတ်ရပ်စဲရန်လည်း တောင္းဆိုခ့ဲသည္။
QIMN နေရပ်ပြန်ရေး သဘောထား
တရုတ်အနေဖြင့် နေရပ်ပြန်ရေးနှင့်ပတ်သက်၍ အတိပ်ကာလက တရုတ်-မြန်မာ-ဘင်္ဂလားဒေရှ့် သုံးနိုင်ငံ သဘောတူချက် ရရှိခ့ဲေကြာင်း၊ ၂၀၂၃ ခုနှစ် ဧပြီလတွင် ထိုသဘောတူညီချက်နှင့် ပတ်သက်၍ အချိန်သတ်မှတ်ချက္မူဘောင် ကို ဒု ဝန္ကြီးများအဆင့္ ဆွေးနွေးခ့ဲကြောင္း၊ ၂၀၂၃ အကုန်ပိုင်းတွင် ရိုဟင်ဂျာ အရေအတွက် ၅၀၀၀ မှ ၆၀၀၀ အထိ နေရပ်တွင်ပြန်လည်နေရာချထားရန်ဖြစ်ကြောင်း၊ သို့သော် ထိုအစီအစဉ်မှာ ရပ်တန့်သွားရပြီဖြစ်ကြောင်းကိုလည်း ပြောခ့ဲသည္။
(ဘင်္ဂလားဒေရှ့်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါက တရုတ်ရပ်တည်ချက်အား အရိပ်အမြွက် ပြောကြားမှု)
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများသည် ဘင်္ဂလားဒေရှ့်အတွက် ဝန်ထုတ်ဝန်ပိုးကို ဖြစ်လာစေပြီး လူမှုတည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုများကို ထိခိုက်စေသည့်အပြင် မြန်မာနှင့် ဘင်္ဂလားဒေရှ့်ကြား ဆက်ဆံရေးနှင့် ဒေသတွင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေကြောင်း ပြောကြားခ့ဲသည္။ သို့ဖြစ်၍ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ဘင်္ဂလားဒေရှ့် အပေါ် ပိုမိုထောက်ခံပေးရန်လိုအပ်ကြောင်းကိုလည်း ပြောခ့ဲသည္။
ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းမှ နေထိုင်ရှင်သန်မှုအကြပ်အတည်းများက နောက်ထပ် ပဋိပက္ခအသစ်ဆီကို ဦးတည်လာနိုင်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို ပေးရန်လိုအပ်ကြောင်းလည်း ပြောခ့ဲသည္။
ပရော်ဖက်ဆာ မိုဟာမက္ယူနွတ်စ် ၏ အဆိုပြုချက် (၇)ချက်
ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ် (Professor Muhammad Yunus) က ၂၀၂၅ခု နှစ်၊ စက်တင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ရိုဟင်ဂျာအရေး အဆင့်မြင့်ညီလာခံ (High-Level Conference on the Situation of the Rohingya Muslims and Other Minorities in Myanmar) တွင် အဆိုပြုချက် ၇ ချက်ကို တင်ပြခဲ့သည်။
၁။ နေရပ်ပြန်ရေးအတွက် လက်တွေ့ကျသည့် လမ်းပြမြေပုံ ရေးဆွဲချမှတ်ခြင်း
ရခိုင်ပြည်နယ်ကို ကျိုးကြောင်းဆီလျော်စွာ တည်ငြိမ်မှုရရှိရေးနှင့် ချိတ်ဆက်၍ ရိုဟင်ဂျာများ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် တိကျ၍ လက်တွေ့ကျသည့် လမ်းပြမြေပုံတစ်ရပ်ကို ဖန်တီးရန်။
၂။ အကြမ်းဖက္မှု ရပ်တန့်ရန်နှင့် နေရပ်ပြန်ရေး စတင်ရန် ထိရောက်စွာ ဖိအားပေးခြင်း
ရိုဟင်ဂျာများအပေါ် အကြမ်းဖက္မှုများ ချက်ချင်းရပ်တန့်စေရန် မြန်မာအာဏာပိုင်များ (နှင့် အာရက္ခတပ်တော်) အပေါ် ထိရောက်သော ဖိအားပေးမှုများ ပြုလုပ်ရန်။
မကြာသေးမီက ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသူများနှင့် မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာရသူများ (IDPs) မှ စတင်၍ ရေရှည်တည်တံ့သော နေရပ်ပြန်ရေး လုပ်ငန်းစဉ်ကို စတင်ရန်။
၃။ ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် အကူအညီနှင့် အရပ်သားများ စောင့်ကြည့်မှု တပ်ဖြန့်ခြင်း
ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် နိုင်ငံတကာ အထောက်အပံ့များကို စုစည်းရန်။
တည်ငြိမ်ရေး လုပ်ငန်းစဉ်ကို စောင့်ကြည့်ရန်နှင့် ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ရန် နိုင်ငံတကာမှ အရပ်သားများကို နေရာချထားရန်။
၄။ ယုံကြည်မှု တည်ဆောက်ရေးနှင့် ပေါင်းစည်းရေးကို ပံ့ပိုးခြင်း
ရိုဟင်ဂျာများ ၎င်းတို့၏ နေရပ်သို့ ပြန်လာသည့်အခါ ရခိုင်လူ့အဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးတွင် ရေရှည်တည်တံ့စွာ ပေါင်းစည်းနိုင်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ အစီအမံများကို ပံ့ပိုးကူညီရန်။
၅။ ပူးတွဲတုံ့ပြန်ရေး အစီအစဉ် (JRP) အတွက် ရန်ပုံငွေ အပြည့်အဝ စုဆောင်းခြင်း
ရန်ပုံငွေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော ပူးတွဲတုံ့ပြန်ရေး အစီအစဉ် (JRP) တွင် ဖော်ပြထားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက္များအတွက် ရန်ပုံငွေ အပြည့်အဝရရှိစေရန် အလှူရှင်များ၏ ထည့်ဝင်ငွေများကို စုစည်းဆောင်ရွက်ရန်။
၆။ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် နစ်နာမှု ပြန်လည်ကုစားရေးဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်ခြင်း
ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် နစ်နာမှု ပြန်လည်ကုစားရေးဆိုင်ရာ တရားမျှတမှုကို ဆက်လက်ဖော်ဆောင်ရန်။
၇။ မူးယစ်ဆေးဝါး စီးပွားရေးကို ဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ခြင်း
ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဘင်္ဂလားဒေ့ရှ်၏ လူမှုရေးတည်ဆောက်ပုံကို ထိခိုက်စေသော မူးယစ်ဆေးဝါး စီးပွားရေးကို ဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ (လူကုန်ကူးမှုကဲ့သို့သော) ကို တိုက်ဖျက်ရန်။
ဤတွင် တရုတ်သံအမတ်ကြီး ယောင်ဝမ်က " ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများသည် ဘင်္ဂလားဒေရှ့်အတွက် ဝန်ထုတ်ဝန်ပိုးကို ဖြစ်လာစေပြီး လူမှုတည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုများကို ထိခိုက်စေသည့်အပြင် မြန်မာနှင့် ဘင်္ဂလားဒေရှ့်ကြား ဆက်ဆံရေးနှင့် ဒေသတွင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေသည် ဟူသော ပြောကြားမှုနှင့်
မိုဟာမက္ယူနွတ်စ်၏ ယုံကြည်မှု တည်ဆောက်ရေးနှင့် ပေါင်းစည်းရေးကို ပံ့ပိုးခြင်း ဆိုသည့် အဆိုပြုချက်ကို နှိုင်းယှဉ်ကြည့်လိုပါသည်။
နှစ်ဦးစလုံးက ရခိုင်ပြည်နယ်၏ တည်ငြိမ်ရေး အရေးကြီးမှုကို လက်ခံသည်။ ရခိုင်လူ့အဖွဲ့အစည်းနှင့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းကြား သဟဇာတကျမှုမှာ လိုအပ်ချက် ဆိုသည့်ရှုဒေါင့်အပေါ်တွင်လည်း တရုတ်နှင့် ဘင်္ဂလားဒေရှ့်အတွက် လက်ခံနိုင်မည့် စည်းလည်းဖြစ်သည်။ ဤအချက်အကောင်အထည် ပေါ်ဖြစ်ထွန်းလာလျှင်လည်း ရခိုင်ပြည်နယ်အတွက် ပိုကောင်းမွန်ပါလိမ့်မည်။
ULA/AA အနေဖြင့် ထို လူ့အဖွဲ့အစည်းနှစ်ခုကြား သဟဇာတကျမှုကို အလေးထားကြောင်းကို ဖော်ပြနေမှုလည်းရှိသည်။ တဖက်တွင် အောက်ခြေ၌ လူ့အခွင့်အရေးချိုးဖောက်မှု၊ မလေးစားမှုများလည်း ရှိနေသည်။ ULA/AA အနေဖြင့် ထိန်းချုပ်နိုင်သောဒေသများတွင် လူ့အခွင့်အရေးကို လေးစားသည့် ပုံရိပ်ကောင်းများကို ဖော်ပြရန်လည်းလိုသည်။ တဖက်တွင် ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းရှိ လူထုရင်ဆိုင်နေရသော အကြပ်အတည်းများ၊ အခက်အခဲများအပေါ်တွင် နားလည်စာနာမှုကိုလည်း ဖော်ပြနိုင်ရန်လိုပါသည်။ ဒုက္ခသည်စခန်းရှိ တရားလက်လွတ်ပြုခံရသူများ၊ ရာဇဝတ်မှုများနှင့် ပတ်သက်၍ ကိုင်တွယ်နိုင်ရန်အားထုတ်သည့် သတင်းစကားများကို ပါးပေးသင့်သည်။ ထိုအချက်ကို ဖော်ပြရန် ULA/AAနှင့် ရခိုင်လူမှု အသိုင်းအဝိုင်းသည်လည်း ယခုအချိန်ထိ လစ်ဟာနေဆဲဖြစ်သည်။ (ဤအချက်သည် လူထုကိုချဥ်းကပ်မှု ဖြစ်ပြီး အာဏာပိုင်အချင်းချင်းဆက်ဆံရေးနှင့် မရောထွေးသင့်ချေ။)
အာရက္ခအဓိပ္ပါယ်သည္ ရခိုင်ပြည်ရှိ လူမှုအသိုင်းအဝန်းအားလုံးကို ရည်ညွှန်းသည်ဟု ဖွင့်ဆိုလျှင် ထိုလူမှုအသိုင်းအဝန်းများ၏ လူ့အခွင့်အရေးကို တပ်နိုင်သည့်ဘက္မှ အကောင်အထည်ဖော်ပြနေခြင်းသည်လည်း အခြား တဖက်တွင် အကြမ်းဖက္မှုနှင့် အကြမ်းဖက်အဖွဲ့များကို အင်အားလျော့လာစေမည်ဖြစ်သည်။ ရခိုင်ပြည်ရှိ လူမှုအသိုင်းအဝန်းများကြား တင်းမာမှုဖြစ်နေလျှင် အထိခိုက်ဆုံးမှာ ရခိုင်ပြည်သာဖြစ်နေမည် ဖြစ်သည်။
လက်ရှိ ရခိုင်ပြည်၏ အခင်းအကျင်းများတွင် ပြည်တွင်းရေးကို ကျော်၍ ဒေသတွင်းနိုင်ငံများအထိ ရိုက်ခတ်မှုရှိနေသော အခင်းအကျင်းများလည်း ဖြစ်နေ ခ့ဲပြီးဆိုသည္ကိုလည်းသတိပြုသင့်သည်။ သို့ဖြစ်၍ ရခိုင်ပြည်၏ လူမှုအသိုင်းအဝန်းထဲရှိ အစိတ်အပိုင်းများကြား အပြန်အလှန် ဘက်စည်းခြား အမုန်းတရားများစေမည့် လုပ်ရပ်များကိုလည်း ဘက်အသီးသီးက ရှောင်ရှားသင့်သည်။
"ကျင်နာ" ( চীন) ဆိုသည်မှာ ဘင်္ဂလားဒေရှ့် စကားဖြင့် တရုတ်ကို ခေါ်သောအမည်ဖြစ်သည်။ "မိန့်ကျားလား" (孟加拉 (Mèngjiālā)) ဆိုသည်မှာ တရုတ်က ဘင်္ဂလားဒေရှ့် ကိုခေါ်သော အမည်ဖြစ်သည်။ ကျင်နာ နှင့် မိန့်ကျားလား တို့အချင်းချင်း အဆင်ပြေလျှက် ကောင်းပါ၏။ သူတို့အချင်းချင်း ကျင်နာ မိန့်ကျားလား ပိုမိုခိုင်မြဲနေလျှင်လည်း ဝမ်းမြောက်ရမည်ကိစ္စသာဖြစ်ပါသည်။ သို့ရာတွင် အခက်အခဲမျိုးစုံအောက်တွင် ရပ်တည်နေရသော ရခိုင်ပြည်၏ လူမှုအသိုင်းအဝန်း အစိတ်အပိုင်းများကြားတွင် အမုန်းတရားများလာပြီး အချင်းချင်း နာကျင်စရာများဖြင့် ကျင်နာကာ အချင်းချင်း အပြန်အလှန် အစိမ်းလိုက်ဝါးစားမည့် မိန့်ကျားလား တော့ မဖြစ်စေချင်ပါ။
ကိုးကား
https://www.bayofbengalpost.com/news/yunus_proposes_7_point_plan_un_rohingya_repatriation?hl=en-GB
https://www.bssnews.net/news-flash/317065?hl=en-GB
https://bayofbengalpost.com/news/china_rohingya_repatriation_envoy?hl=en-GB
Comments
Post a Comment