အောက်တိုဘာလအတွင်း ရိုဟင်ဂျာအရေးအပေါ် နိုင်ငံတကာသံတမန်များအား ဘင်္ဂလားဒေရှ့် သုံးကြိမ်ထက္မနည်း ဆော်ဩမှုရှိလာ

 အောက်တိုဘာလအတွင်း ရိုဟင်ဂျာအရေးအပေါ် နိုင်ငံတကာသံတမန်များအား ဘင်္ဂလားဒေရှ့် သုံးကြိမ်ထက္မနည်း ဆော်ဩမှုရှိလာ


၂၀၂၅ ခုနှစ် အောက်တိုဘာလထဲမှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်ဘက်က နိုင်ငံတကာကို ဆက်တိုက်ဆော်ဩမှုတွေ လုပ်လာပါတယ်။ ဒါဟာ လက်ရှိဘင်္ဂလားဒေရှ့် နိုင်ငံရေးအခြေအနေနဲ့လည်း ဆက်စပ်နေတာပါ။ ဘင်္ဂလားဒေရှ့်အနေနဲ့ ရွေးကောက်ပွဲတစ်ခုကို ၂၀၂၆ ခုနှစ်ရဲ့ ဧပြီလမတိုင်ခင်မှာ ကျင်းပမယ်လို့ ဆိုထားတ့ဲအတွက္ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းတွေဟာ ဘင်္ဂလားဒေရှ့်ထဲ အဝင်အထွက် ခပ်စိတ်စိတ်ရှိ​နေပါတယ်။ သံတမန်တွေနဲ့ တွေ့တိုင်းမှာ ရိုဟင်ဂျာအရေးကိုလည်း ဘင်္ဂလားဒေရှ့်ဟာ ထည့်သွင်းဆော်ဩနေပါတယ်။


ဒါနဲ့ပတ်သက်လို့လက်ရှိ အောက်တိုဘာလ တတိယပတ်အတွင်းထိ တရားဝင်ထုတ်ပြန်ချက်တွေအရ ဘင်္ဂလားဒေရှ့်ရဲ့ ဆော်ဩမှုဟာ သုံးကြိမ်ထက္မနည်းရှိနေပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်က ထုတ်ပြန်ချက်တွေကိုကြည့်ရင် အောက်တိုဘာလ ၆ ရက်နေ့မှာ  အသစ္ခန့်အပ္ခံရတ့ဲ ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ  နယ်သာလန်သံအမတ်ကြီး ဂျိုးရစ် ဗန် ဘွန်မဲလ် (Jorisvan Bommel)ဟာ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးအကြံပေး အမ်ဒီ တိုဟဒ် ဟူစိန် ( Md. Touhid Hossain) နဲ့ တွေ့ဆုံပါတယ်။ အောက်တိုဘာ ၇ ရက်နေ့မှာ တူရကီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် သံတမန္လည္းဖြစ်တ့ဲ  အေ ဘာရစ် အီကင်ဆီ (A. Berris Ekinci) ရောက်ရှိလာပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်တွေ ရောက်ရှိလာပါတယ်။ 

အောက်တိုလာလ ၁၅ ရက်နေ့မှာတော့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်ဟာ ယူဂန္ဓာနိုင်ငံ ကန်ပါလာမှာ ကျင္းပတ့ဲဘက္မလိုက်နိုင်ငံများ ဝန်ကြီးများအဆင့် အစည်းအဝေးကို သွားတတ်ပါတယ်။ အောက်တိုဘာ ၁၆ ရက္မှာတော့နိုင်ငံခြားရေးလက်ထောက်အတွင်းဝန် အာဆတ် အာလမ် ဆီယမ် (Asad Alam Siam)ဟာ နယ်သာလန်နိုင်ငံ သည်ဂိတ်မြို့မှာ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထွေထွေအတွင်းရေးမှုး ခရစ်စတီယံ ရီဘာဂျင် ( Christiaan Rebergen) နဲ့ တွေ့ဆုံပါတယ်။ အောက်တိုလာလ ၁၉ ရက္မှာတော့ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှုး ဒေါက်တာ အမ်ဒီ နက်စ်ရုလ် အစ္စလမ် (Dr. Md Nizrul Islam) ဟာ ကူဝိတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန္ကြီးလည္းဖြစ်တ့ဲ 

သံတမန် ဆမ်မီး အစ်စာ ဂျိုဟာ ဟာယတ် ( Sameeh Essa Johar Hayat) နဲ့ တွေ့ဆုံပါတယ်။

အဆိုပါတွေ့ဆုံမှုတွေထဲ ဘင်္ဂလားဒေရှ့်ဘက်က ပြောကြားချက်တွေထဲမှာ ဘင်္ဂလားဒေရှ့်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေ၊ လုံခြုံရေးနဲ့တည်ငြိမ်ရေးအခြေအနေတွေ၊ စီးပွားရေးအခြေအနေတွေ၊ အကူအညီလိုအပ်ချက်တွေ စတ့ဲအချက္ တွေပါပါတယ္။ ဒါအပြင် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာဘက်က အလေးပေးဆောင်ရွက်ဖို့ကိုလည်း ဆော်ဩချက်အနေနဲ့ အမြဲတန်းထည့်သွင်း ပြောဆိုပါတယ်။


လက်ရှိဘင်္ဂလားဒေရှ့်ရဲ့ နိုင်ငံရေးအခြေအနေအရလည်း နိုင်ငံတကာသံတမန်တွေဟာ ရှေ့ဆက်ပြီးရောက်ရှိနေမှာပါ။ ဒါအပြင် လာမယ့် အောက်တိုဘာလ ၂၆ ရက္ မလေးရှားနိုင်ငံမှာ ကျင်းပမယ့္ ၄၇ကြိမ်မြောက္ အာဆီယံ ထိပ်သီးအစည်းအဝေးကိုလည်း ဘင်္ဂလားဒေရှ့်ဟာ တက်ရောက်လာနိုင်ချေ ရှိပါတယ်။ ကျင်းပမယ့္ ၄၇ ကြိမ်မြောက်အာဆီယံအစည်းအဝေးမှာ အရှေ့တီမောအပါအဝင် အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဘရာဇီး၊ အိန္ဒိယ၊ ​ဩစတေးလျ၊ ကနေဒါ စတ့ဲ နိုင်ငံတွေကလည်း ထိပ်ပိုင်းခေါင်းဆောင်တွေ တက္ရောက္မှာပါ။ ဒါအပြင် မြန်မာ့စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုလည်း အဲဒီအာဆီယံအစည်းအဝေးပွဲကို တက်ရောက်ဖို့ဖတ္ကြားထားတယ်လို့ ဆိုပါတယ်။ အဆိုပါ အာဆီယံ ၄၇ ကြိမ္ မြောက်အစည်းအဝေးဟာ ဘင်္ဂလားဒေရှ့်ဘက်က နေပြီး ခေါင္းစားစရာဖြစ်နေ တ့ဲဒေသတွင္း တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးကိစ္စရပ်တွေကို ဆွေးနွေးနိုင်ပါတယ္။ 


အဆိုပါ ၄၇ ကြိမ်မြောက် အာဆီယံ အစည်းအဝေးမတိုင်မှီ ကုလသမဂ္ဂ မြန်မာနိုင္ငံဆိုင္ရာ စုံစမ်းစစ်ဆေးရေး ယန္တယား (IIMM)ကလည်း UNGA ညီလာခံကို တင္သွင်းမယ်​့ အစီရင်ခံစာကို ကြိုတင္ထုတ် ပြန်ထားပြီးဖြစ်တာကြောင့် ဘင်္ဂလားဒေရှ့်အနေနဲ့ ရိုဟင်ဂျာ များ နေရပ္ ပြန်ရေးနဲ့ ပတ်သက်လို့လည်း ဆော်ဩမှုထပ်လုပ်နိုင်​တ့ဲ အခွင့်အလမ်းတစ်ခုလည်းဖြစ်ပါတယ်။ 


ကိုးကား

ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက္များ








Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း