အလင်းမိန်ခံရခြင်း
အလင်းမိန်ခံရခြင်း
"တာလီဘန်တွေဟာ သူတို့ရဲ့ သေနတ်နဲ့ စည်းကမ်းတွေသုံးပြီး အာဖဂန်အမျိုးသမီးတွေရဲ့ စိတ်ဝိညာဉ်ကို ချိုးဖျက်နိုင်တယ်။ ဒါပေမယ့် ကျွန်မတို့အားလုံး တိတ္ဆိတ္ ငြိမ်သက္သွားမယ္တ့ဲလား။ ကျွန်မတို့ရဲ့ တွန်းလှန်မှုက ရပ်တန့်နေမှာ မဟုတ်ဘူး။"
ဇာရာ ဂျိုယာ (Zahra Joya)
(ဟာဇာရာအမျိုးသမီး သတင်းထောက်)
၂၀၂၁ခု နှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့ သည်ဂါဒီးယား သတင်းစာနှင့် အင်တာဗျူး
"အမျိုးသမီး သတင်းထောက်တွေဆိုတာ ဓားစာခံ တွေမဟုတ်ဘူး။ သူတို့တွေဟာ ကြပ်တည်းလွန်းတ့ဲ သတင်းတင်ဆက္မှုနယ်ပယ်မှာ သတ္တိနဲ့ ခံနိုင်ရည်ကိုစွဲကိုင်ပြီး အလုပ္လုပ်နေကြတ့ဲသူရဲကောင်းတွေ"
ဝါဟိဒါ ဖိုင်ဇီ (Wahida Faizi)
အာဖဂန် အမျိုးသမီး သတင်းထောက်
၂၀၂၄ခု နှစ် မတ်လ ၁၈ ရက်ကုလသမဂ္ဂ ECOSOC ၏ အမျိုးသမီးဆိုင်ရာ ကော်မရှင် ၆၈ ကြိမ်မြောက်အစည်းအဝေးတွင် ပြောစကား
ဒီစကားတွေဟာ အာဖဂန်နစ္စတန်မှာ လက်ရှိတာလီဘန်တွေရဲ့ ဖိနှိပ်မှုတွေအောက်က အသံတိုးတိတ်နေ တ့ဲ အာဖဂန်အမျိုးသမီးအားလုံးကို ကိုယ်စားပြုပါတယ်။
ဒါအပြင် အမျိုးသမီးတွေအပေါ် မျက္်ကွယ်ပြုထားတ့ဲ၊ အသုံးချခံ ဒုတိယတန်းစား လူသားမျိုးစိတ်တစ်ခုအဖြစ်သာ မြင်ထားတ့ဲ၊ လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေ တ့ဲပတ္ဝန္းကျင်ထဲက အမျိုးသမီးတွေရဲ့ အသံတွေကိုလည်း တစိတ်တပိုင်း ကိုယ်စားပြုနိုင်ပါတယ်။
လက်ရှိကမ္ဘာကြီးမှာလည်း နေရာဒေသအချို့မှာ အမျိုးသမီးတွေကို ဖယ္ထုတ်ထားတ့ဲ ယဉ်ကျေးမှု အလေ့အထဟာ ရှိနေဆဲပါ။ အဲဒီလို ဖယ်ထုတ် ဖိနှိပ္ခံရတ့ဲ အခြေအနေထဲမှာပဲ အမျိုးသမီးတွေဟာ ကျား/မ တန်းတူရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေရဆဲပါ။
စစ်ပွဲတွေနဲ့ လူ့အခွင့်အရေးအပေါ် မျက်ကွယ်ပြုထားတ့ဲ အခြေအနေတရပ်အောက္မှာ အမျိုးသမီးတွေဟာလည်း ထိခိုက္လွယ္တ့ဲအုပ္စုထဲမှာ ပါပါတယ်။ ကြပ်တည်း ဖိနှိပ်ခံနေရတ့ဲ ပတ်ဝန်းကျင်ဟာ အမျိုးသမီးတွေအတွက် ထိတ်လန့်မှု၊ မလုံခြုံမှု၊ စိုးရိမ်စိတ်နဲ့ စိတ်ဒဏ်ရာတွေကို ဖြစ်စေပါတယ်။
ရခိုင်ဒေသထဲက လူမှုစီးပွားအခက်အခဲတွေ၊ ဆင်းရဲကြပ်တည်းမှုတွေ အောက္မှာ အမျိုးသမီးတွေဟာ အသံတိတ်ဆိတ်နေရဆဲပါ။ "သာမန်အမျိုးသမီးတစ်ယောက်အဖို့ ကိုယ့်နဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ အခက်အခဲ ဖိစီးမှုတွေနဲ့ ပတ်သက်လို့ တန်ပြန်ရင်ဆိုင် ရပ္တည္နိုင္တ့ဲ အခင်းအကျင်းတွေဟာ ရခိုင်လူမှုအဆောက်အအုံထဲမှာ ဖြစ်လာနိုင်စရာဟာ ဝေးနေပါသေးတယ်။" ဒီလိုအနေအထားမျိုးမှာ ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်း ဩဇာအာဏာနဲ့ ခြိတ်ဆက်နေ တ့ဲ သူတွေကြောင့် ဖြစ်လာတ့ဲ ကြပ်တည်း ဖိစီးမှုတွေကို တွန်းလှန်ဖို့ ဆိုတာမှာလည်း အမျိုးသမီးတစ်ယောက်အတွက် ပိုလို့ခက်ပါလိမ့်မယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက္ဟာ ကိုယ့်ကိုယ်တိုင်၊ ကိုယ့်မိသားစုဆွေမျိုး သို့မဟုတ် ကိုယ့်ရဲ့လူမှုပတ္ဝန်းကျင် အပေါ်ရိုက်ခတ်ခံရတ့ဲ အခက်အခဲ တွေ ဖိစိးမှုတွေနဲ့ ပတ်သက်ပြီး စိတ်ပိုင္းဆိုင္ ရာအရပဲ ဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာအရပဲဖြစ်ဖြစ်တွန်းလှန်တ့ဲ ပုံသဏ္ဍာန်ရှိလာရင် အဲဒီ ပုံသဏ္ဍာန်ကို အသိအမှတ်ပြုပေးဖို့ဟာ ခက်နေကြဆဲပါ။
အယောင္ပြ ကျား/မ တန်းတူညီမျှမှု
အာဏာရှင်စနစ်ကို မကြိုက္လို့၊ လူသားအချင်းချင်း ဖိနှိပ်တာကိုမကြိုက္လို့ တွန်းလှန်နေပါတယ် ဆိုတ့ဲ လူ့ပတ်ဝန်းကျင်ထဲမှာကို အမျိုးသမီးတွေ ကို ဖိနှိပ် တ့ဲအလေ့အထဟာ ရှိနေတုန်းပါပဲ။ အမျိုးသမီးတစ်ယောက္ဟာ ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်း ဩဇာအာဏာနဲ့ ခြိတ်ဆက်နေ တ့ဲ သူတွေကြောင့် ဖြစ်လာတ့ဲ ကြပ်တည်း ဖိစီးမှုတွေကို ဖော်ပြဖို့ ကြိုးစားလာတ့ဲအခါ၊ အဲဒီလို ဖော်ပြမှုကြောင့် လူ့ပတ်ဝန်းကျင်တစ်ခုရဲ့ အခက်အခဲကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမယ့် လို့လည်း သူမအနေနဲ့ ယုံကြည်လာတ့ဲအခါ... အဲဒီ အာဏာရှင်စနစ်ကို တော်လှန်နေ တ့ဲ လူ့ပတ်ဝန်းကျင်ကိုယ်တိုင်ကပဲ ဘယ်လိုပဲ တန်းတူညီမျှမှုကို ရွက်ပြနေပါစေ.. အဲဒီလို လူ့ပတ်ဝန်းကျင်ရဲ့ ခက်ခဲ ကြပ်တည်းမှုတွေကို ဖော်ထုတ်တောင်းဆိုလာတ့ဲ အမျိုးသမီးတွေကိုချနင်းချေဖျက်ဖို့ ကြိုးစားတတ်တ့ဲ အလေ့အထမျိုးက ရှိနေတယ် ဆိုတာကို လူသားသမိုင်းအဆက်ဆက်က သက်သေပြထားပါတယ်။
တော်လှန်ရေးက တော်လှန်ရေးကို ပြန်သတ်ဖြတ်ခြင်း သို့မဟုတ် အိုလမ်(ဖ်) ဒီ ဂူရှ်စ် (Olympe de Gouges)
လွန်ခ့ဲတ့ဲ နှစ်ပေါင်း (၂၃၀) ကျော်လောက်က သက္ကရာဇ် ၁၇၉၀ လောက္မှာ ပြင်သစ်တော်လှန်ရေးစတင်နေပါပြီ။ ဆင်းရဲငတ်ပြတ်နေ တ့ဲ ပြင်သစ်လူထုကို စာနာမှုကင်းစွာ ဖိနှိပ် ကြမ်းကြုတ်နေ တ့ဲ ဘုရင် လူဝီ ၁၆ ကိုလည်း ေခါင်းဖြတ်သတ်လိုက်ကြပါပြီ။ ဘုရင် လူဝီ ၁၆ ခေါင်းဖြတ်သတ်ခံရတ့ဲ ၁၉၇၃ ခုနှစ်ဟာ မြန်မာလူ့ဘောင်မှာတော် ဘိုးတော်မောင်ဝိုင်းအုပ်ချုပ်နေ တ့ဲ အချိန်ပါ။ ရခိုင်မှာ တော့ နောက်ဆုံးဘုရင် မဟာသမ္မတရာဇာ ဖမ်းဆီးခံရပြီး (၁၁) အကြာကာလပါ။ အဲဒီ အချိန်ကာလမှာ ပြင်သစ်လူ့အဖွဲ့အစည်းဟာ သမိုင်းအချိုးအကွေ့တစ်ခုကို ဖြတ်သန်းနေပါပြီ။ ၁၉၇၃ ခုနှစ်မတိုင်ခင်ကပင် အုပ်ချုပ်သူလူတန်းစားရဲ့ ရက်စက်ဖိနှိပ်မှုတွေကို ပြန်လည်တွန်းကန်ဖို့ အရှိန်ပြန်ယူနေပါပြီ။ အုပ်ချုပ်သူဘုရင်နဲ့ မူးမတ်တွေရဲ့ လုပ်ပိုင္ခွင့်ကို ကန့်သတ်ပြီး ပြည်သူလူထုရဲ့ အာဏာကို ဗဟိုပြုတ့ဲ လူမှုပဋိညာဉ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အယူအဆဟာ ပြင်သစ်လူ့အဖွဲ့အစည်းထဲမှာ အားကောင်းနေပါပြီ။ အပြောင်းအလဲကို လိုလားတ့ဲ ဥပဒေပြုအမတ်တချို့နဲ့ ပညာတတ် တွေ၊ လူလတ်တန်းစားတွေက "Society of the Friends of the Constitution" (ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မိတ်ဆွေများအသင်း) ကိုတည်ထောင်ပါတယ်။ အဲဒီအသင်းကို Jacobin Club (ဂျေကိုဘင် ကလပ်) လို့လူသိများပါတယ်။ ဂျေကိုဘင်ကလပ်ရဲ့ မူလရည်ရွယ်ချက်က အုပ်ချုပ်သူလူတန်းစားကို လူမှုပဋိညာဉ်နဲ့ ကန့်သတ်ထားဖို့ပါ။ ဒါပေမယ့် အုပ်ချုပ်သူလူတန်းစားတွေက ပြည်သူလူထုကို ဂုတ်သွေးစုတ်နေမှုက ဆက်လက်ရှိနေပါတယ်။ ဂျေကိုဘင် ကလပ်ကိုလည်း အလုပ်သမား၊ လယ်သမားအောက်ခြေလူထုကပါ ထောက်ခံလာပါတယ်။ ဂျေကိုဘင် ကလပ်က နောက်ပိုင်းမှာတော့ ဘုရင်စနစ်ကို အပြီးပိုင်ဖျက်သိမ်းပြီး အားလုံးတန်းတူညီမျှရှိတ့ဲ သမ္မတနိုင်ငံတည်ထောင်ဖို့ကို ရည်ရွယ်ချက်အဖြစ်ထားလာပါတယ်။ ဂျေကိုဘင် ကလပ် ထဲမှာ အတွေးအခေါ်အားဖြင့် အုပ်စုနှစ်ခုကွဲလာပါတယ်။ Montagnards (မွန်တာညာ) နှင့် Girondins (ဂျီရွန်ဒန်) ဆိုပြီးပါ။ အုပ်စုနှစ်ခုစလုံးက တန်းတူညီမျှရှိတ့ဲ သမ္မတနိုင်ငံတည်ထောင်ဖို့ကို လက်ခံပါတယ်။ ကွဲပြားချက်က မွန်တာညာတွေက လယ်သမား၊ အလုပ်သမားနဲ့ဆင်းရဲသားတွေ ပါဝင်မှုပိုများပါတယ်။ ဂျီရွှန်ဒန် တွေက ပညာတတ်တွေနဲ့ လူလတ်တန်းစားတွေ များပါတယ်။ တန်းတူညီမျှတ့ဲ သမ္မတနိုင်ကို မွန်တာညာတွေက ဗဟိုချုပ်ကိုင်မှုပိုရှိတ့ဲ အစိုးရအဖွဲ့ပုံစံနဲ့ သွားလိုပါတယ်။ ဂျီရွန်ဒန်တွေက ဒေသန္တရအာဏာခွဲဝေမှုတွေနဲ့ သွားလိုပါတယ်။ မွန်တာညာတွေက လူမှုရေး၊ စီးပွားရေးနဲ့ စျေးကွက္မှာ အစိုးရက တင်းတင်းကြပ်ကြပ်ကိုင်တွယ် ထိန်းကျောင်းဖို့ကိုလိုလားပါတယ်။ ဂျီရွန်ဒန်တွေက မွန်တာညာတွေရဲ့ ကုန်ပစ္စည်းတွေကို အတင်းအကျပ်စျေးနှုန်းသတ်မှတ်တာမျိုးနဲ့ စျေးကွက်ကို ထိန်းချုပ်တာမျိုးကိုမလိုလားဘဲ စျေးကွက်ကို လွတ်လပ်စေချင်ပါတယ်။ နိုင်ငံရေးပိုင်းမှာ မွန်တာညာတွေက အလုပ်ဖြစ်ရင်ရပြီဆိုတ့ဲ ပုံစံမျိုးနဲ့ သွားပါတယ်။ ဂျီရွန်ဒန်တွေက စည်းမျဉ်းစည်းကမ်းတွေနဲ့ ချဉ်းကပ်လိုပါတယ်။ အဲဒီအချိန်ကာလတုန်းက ပြင်သစ်လူ့အဖွဲ့အစည်းရဲ့ အောက်ခြေလူတန်းစားဟာ အုပ်ချုပ်သူလူတန်းစားရဲ့ ကမ်းကုန်အောင်ရက်စက္မှုကို ငရဲလို ခံစားနေရပါတယ်။ ဒါကြောင့် အောက်ခြေလူတန်းစားရဲ့ ခံပြင်းမှုဟာ များပြားသိပ်သည်းနေပါတယ်။ ပြင်သစ်ပညာတတ်အလွှာနဲ့ လူလတ်တန်းစားအလွှာမှာ တန်းတူညီမျှရေးနဲ့ လူမှုပဋိညာဉ်အယူအဆက အားကောင်းနေပါတယ်။
ဂျီရွန်ဒန်တွေက စံနှုန်း၊တန်ဖိုး၊ကျင့်ဝတ်တွေကို ပြောနေပေမယ့် အဲဒီစကားလုံးတွေဟာ မွန်တာညာတွေအတွက် အာရုံနှောက္စရာ တွေ၊ ခေါင်းရှုပ်စရာတွေသာ ဖြစ်နေပါတယ်။
အဓိက ကွာခြားချက်က မွန်တာညာတွေက တန်းတူညီမျှမှုရှိတ့ဲ စံပြလူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ဆိုရင် "အကြမ်းဖက္မှုဟာ လိုအပ်ချက် (The Necessity of Terror)" လို့ ခံယူပါတယ်။ ပြင်သစ်တော်လှန်ရေးကို ဆန့်ကျင်သူ တွေနဲ့ ပြင်သစ်ရဲ့ ပြည်တွင်း ပြည်ပ ရန်သူတွေကို ရင်ဆိုင်ရာမှာ ပြင်းထန်တ့ဲ အပစ်ပေး အရေးယူမှုတွေနဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေ (The Reign of Terror) ဟာ လိုအပ်တယ်လို့ မွန်တာညာ တွေက ခံယူပါတယ်။ ဂျီရွန်ဒန်တွေက တန်းတူညီမျှမှုရှိတ့ဲ စံပြလူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို်ဆိုရင် ဥပဒေရေးရာ ခိုင်မာမှုနှင့် စနစ်တကျ ပြုပြင်ပြောင်းလဲရေး (Rule of Law and Order) ကိုတည်ဆောက်ရမယ်လို့ ခံယူပါတယ်။
ဒါဟာ လူ့အဖွဲ့အစည်းတရပ်နဲ့ နိုင်ငံတော်ကို ကယ်တင်ဖို့နဲ့ ကောင်းမြတ်တ့ဲ သီလ (Virtue) ပေါ် အခြေခံသော စံပြသမ္မတနိုင်ငံကို ထူထောင်ဖို့အတွက် မရှိမဖြစ် လိုအပ်ချက် ကိုချဉ်းကပ်ရာမှာ မွန်တာညာနဲ့ ဂျီရွန်ဒန်တို့ရဲ့ ကွဲပြားတ့ဲ ရှူမြင်ချက်ပဲ ဖြစ်ပါတယ်။ အဓိက အနက်ရှိုင်းဆုံး အငြင်းအခုံက ပြင်သစ်တော်လှန်ရေးရဲ့ အဓိပ္ပါယ်က ဘာလဲနဲ့ ပြင်သစ်တော်လှန်ရေးကို ဆန့်ကျင့်မှု ဆိုတ့ဲသတ်မှတ်ချက် ရဲ့ အဓိပ္ပါယ်က ဘာလဲ ဆိုတ့ဲ မွန်တာညာတွေအပေါ် ဂျီရွန်ဒန်တွေက မေးခွန်းထုတ်မှုပါပဲ။ အဆိုပါ အဓိပ္ပါယ်ဖွင့်မှုတွေကို မွန်တာညာတွေရဲ့ အလုပ်ဖြစ်ရင်ပြီးပြီ ဆိုတ့ဲ တော်လှန်ရေးအပေါ် ချဉ်းကပ်မှုနဲ့ စိတ်ခံစားချက်အရ အဓိပ္ပါယ်ဖွင့်မှာ ကို ဂျီရွန်ဒန်တွေက မလိုလားပါဘူး။ အထူးသဖြင့် ရက်စက္မှုနဲ့ အကြောက်တရားဟာ တော်လှန်ရေးရဲ့ လိုအပ်ချက် ဖြစ်တယ်လို့ ခံယူထားတ့ဲ မွန်တာညာတွေက သူတို့ စိတ်မှာ မကြည်တ့ဲသူတွေကို မထင်ရင် မထင်သလို အပစ်ပေး အကြောက်တရားရိုက်သွင်းခွင့်ရတ့ဲ အခင်းအကျင်းမျိုးကို ဂျီရွန်ဒါတွေက မလိုလားပါဘူး။ ဒါကြောင့်လည်း မွန်တာညာတွေ ဖွဲ့စည်းလာမယ့် ပြည်သူ့ တော်လှန်ရေး တရားရုံး (Revolutionary Tribunal) ဖွဲ့စည်းမှုနဲ့ ပြည်သူ့ဘေးကင်းရေး ကော်မတီ (Committee of Public Safety) ကို ဆန့်ကျင်ကြပါတယ်။
ဂျီရွန်ဒါတွေ တွေးခ့ဲအတိုင်းပါပဲ။ မွန်တာညာတွေဟာတော်လှန်ရေးကို ဆန့်ကျင်သူဟု သံသယရှိသူတိုင်းကို ဥပဒေမဲ့ လိုက်လံ ဖမ်းဆီး ကွပ်မျက်ခဲ့တ့ဲ အချိန်ကာလ (The Reign of Terror) ကို စတင်ပါတော့တယ်။ တော်လှန်ရေးကို ဆန့်ကျင်သူ ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့် ပါသလဲ။ ဘယ်လိုမှ ထွေထွေထူးထူးဖွင့်မနေပါဘူး။ အုပ်ချုပ်သူ မူးမတ်ဟောင်းတွေဟာ သစ္စာဖောက်ဖြစ်တယ်၊ ဒါကြောင့် အဲဒီမူးမတ်ဆွေမျိုးသားချင်းနဲ့ သူအသိုင်းအဝန်းဟာလည်း သစ္စာဖောက်ဖြစ်တယ် ဆိုပြီး အပြစ်လုပ်သူကိုရော ဘာအပြစ်မှ မရှိသူကိုရော အကုန်ခေါင်းဖြတ်စက်ထဲကို ပို့ပါတော့တယ်။ မူးမတ်တွေနဲ့ အသိုင်းအဝိုင်းတွေကို ခေါင်းဖြတ်ကွပ်မျက်တာကို စိတ်မကောင်းမဖြစ်ရ၊ ဖြစ်ရင်အဲဒီသူကိုပါ ခေါင်းဖြတ်မယ်။ ပြင်သစ်နိုင်ငံကို မစွန့်ခွာရ၊ စွန့်ခွာရင် ခေါင်းဖြတ်မယ်။ မူးမတ်တွေရဲ့ လယ်ထဲ ယာထဲမှာ ကုန်းရုန်းပြီး အလုပ်လုပ်နေ ခ့ဲရတ့ဲ ဆင်းရဲသားတွေကိုလည်း မူးမတ်တွေကို အလုပ်အ ကျွေးပြုခ့ဲတယ် ဆိုတ့ဲ စွပ်စွဲချက်နဲ့ ခေါင်းဖြတ်တယ်။ နောက်ဆုံး သမ္မတနိုင်ငံအတွက် အလုပ်လုပ်နေ တ့ဲ သူတို့လုပ်ရပ်ကို ဝေမဖန်နဲ့ ဝေဖန်ရင် ခေါင်းဖြတ်မယ် ဆိုတ့ဲအထိ ဖြစ်လာပါတယ်။ ဒီလိုနဲ့ သူတို့ကို ဝေဖန်နေ တ့ဲ ဂျီရွန်ဒါ တွေကိုပါ ခေါင်းဖြတ်ပါတော့တယ်။
အိုလမ်(ဖ်) ဒီ ဂူရှ်စ် (Olympe de Gouges) အကြောင်းကို ပြန်သွားပါမယ်။ အိုလမ်(ဖ်) ဒီ ဂူရှ်စ် ဟာ ပြင်သစ်တော်လှန်ရေးကာလမှာ ပေါ်ထွက်လာတ့ဲ နိုင်ငံရေးအတွေးအခေါ် ပညာရှင် အမျိုးသမီးပါ။ ပြင်သစ်ဘာသာစကားအရ အမျိုးသမီးနိုင်ငံသား ဆိုတ့ဲ "Citoyenne" ဆိုတ့ဲ စကားလုံးကို သူမဟာ တောက်လျှောက် အသုံးပြုခ့ဲပါတယ်။ သူမရဲ့ ခံယူချက်က ပြင်သစ်တော်လှန်ရေးရဲ့ အခြေခံမူ တွေကို ယုံကြည်ပါတယ်။ လွတ်လပ်မှု (Liberty)၊ တန်းတူညီမျှမှု (Equality) နှင့် ညီရင်းအစ်ကိုသဖွယ် ပေါင်းစည်းမှု (Fraternity) တို့ဟာ ပြင်သစ်တော်လှန်ရေးရဲ့ အနှစ်သာရ ဖြစ်တယ်။ ဒီအနှစ်သာရကို အမျိုးသားများအတွက်သာမက အမျိုးသမီးများ အပါအဝင် လူသားအားလုံးအတွက် အပြည့်အဝ အသုံးချသင့်တယ်လို့ သူမက ယုံကြည်ပါတယ်။ လူအချင်းချင်းအတူတူ အသားအရောင် မခွဲခြားသင့်ဘဲ ကျွန်စနစ်ကို ဖျက်သိမ်းဖို့ကိုလည်း သူမဟာ တောင်းဆိုပါတယ်။
သူမက ပြင်သစ်လူ့အဖွဲ့အစည်းလူ့အဖွဲ့အစည်းရဲ့ လူမှုရေး၊ စီးပွားရေး ချို့ယွင်းချက္ တွေကို ပြုပြင်ပြောင်းလဲဖို့ သူမက တောင်းဆိုပါတယ်။ သူမက ပြင်သစ်လူ့အဖွဲ့အစည်းဟာ ဆင်းရဲနွမ်းပါးသူတွေကို ကူညီထောက်ပံဖို့၊ အထူးသဖြင့် မိခင်များ၊ လင်မယားကွာရှင်းပြတ်စဲမှုကြောင့် အခက်အခဲကြုံနေရတ့ဲ အမျိုးသမီးများတွေကို ကူညီထောက်ပံ့မှုတွေ ပေးတ့ဲ ခေတ်သစ်လူ့အဖွဲ့အစည်းတရပ်ဖြစ်သင့်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် သူမက
- အိမ်ထောင်ပြုခြင်းဆိုင်ရာ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့
- တရားမဝင် မွေးဖွားလာသော ကလေးသူငယ်တွေအတွက် တန်းတူအခွင့်အရေးပေးဖို့
- အလုပ်လက္မဲ့များအတွက် နိုင်ငံတော်က အလုပ်ရုံတွေကို ဖွင့်လှစ်ပေးဖို့
စတာတွေကို တောင်းဆိုပါတယ်။ ၁၇၉၁ ခုနှစ်မှာ "Declaration of the Rights of Woman and of the Female Citizen" (အမျိုးသမီးနှင့် အမျိုးသမီးနိုင်ငံသူတို့၏ အခွင့်အရေး ကြေညာစာတမ်း) ကိုသူမ ရေးသားထုတ်ဝေ ခ့ဲပါတယ်။
အားနည်းတ့ဲ ဘက်က အမြဲတန်းရပ်တည်တတ်တ့ဲ သူမရဲ့ ဗီဇက ပြင်သစ်ရဲ့ အာဏာကို ယူထားတ့ဲ မွန်တာညာ တွေနဲ့ ထိပ်တိုက်တွေ့လာပါတယ်။ မွန်တာညာတွေရဲ့ (The Reign of Terror) ဖြစ်စဉ်ကြီးပေါ်လာပြီး မထင်ရင် မထင်သလို စွပ်စွဲကာ ခေါင်းဖြတ်စက်ထဲ ပို့ခံနေရတ့ဲ အမျိုးသမီးတွေ၊ ကလေးငယ်ေ တွ၊ ဘာအပြစ်မှ မလုပ်ထားတ့ဲ မူးမတ်မျိုးရိုးတွေ အတွက် မွန်တာညာတွေကို ဆန့်ကျင်ပါတော့တယ်။ သူမဟာ ဓား၊လှံ၊ လက်နက်နဲ့ ဆန့်ကျင်ခ့ဲတာ မဟုတ်ပါဘူး။ သူမရဲ့ လက်နက်က အတွေး အခေါ်၊ နှလုံးသားနဲ့ ကလောင်တံ ပဲ ဖြစ်ပါတယ်။
စင်မြင့်နှင့် ကွပ်မျက်စင် (Scaffold and Tribune)
သူမရဲ့ အတွေးအမြင်အပေါ် သရော်ကျတ့ဲ အခါ သူမက ပြန်ပြောခ့ဲတ့ဲစကားက ကမ္ဘာကျော်ခ့ဲပါတယ်။
"တော်လှန်ရေးကို ကယ်တင်ဖို့၊ လူ့အဖွဲ့အစည်းတစ်ရပ်နဲ့ နိုင်ငံတော်ကို ကယ်တင်ဖို့ ဆိုတ့ဲ အကြောင်းပြချက်နဲ့ အမျိုးသမီးဖြစ်နေပါစေ သူမကို ကွပ်မျက်စင် (scaffold) ပေါ်သို့ ပို့သင့်ရင် ပို့ရမယ် ဆိုရင်၊ အဲဒီ အကြောင်းပြချက်ထဲမှာ ကွပ်မျက်စင်ပေါ်အပို့ခံရတ့ဲ အမျိုးသမီးမှာလည်း မိန့်ခွန်းပြောစင် (speaker's platform) ပေါ် တက်ရောက်ဖို့ အခွင့်အရေးဟာလည်း အာမခံချက် အနေနဲ့ ပါသင့်တယ်။
မွန်တာညာတွေဟာ သူမကို ခေါင်းဖြတ်စက်ဆီ ပို့ခ့ဲပါတယ်။ သူတို့အပြောအရ တော်လှန်ရေးကို သစ္စာဖောက်တ့ဲ စုန်းမ တစ်ကောင်ကို ရှင်းပစ်ခြင်းပါပဲ။ ပြင်သစ်ရဲ့ ဆိုးဝါးတ့ဲ ဘုရင်ကို တော်လှန်တ့ဲ တော်လှန်ရေးသမားတွေက သူမကို သတ်ပစ်ခ့ဲကြပါတယ်။ ရက်စက္မှုနဲ့ အကြောက်တရားကို ခုံမင္တ့ဲ တော်လှန်ရေးက နူးညံသိမ်မွေ့တ့ဲ တော်လှန်ရေးကို သတ်ဖြတ်ပစ်လိုက်ကြပါတယ်။
ဒါဟာ လွန်ခ့ဲတ့ဲ နှစ်ပေါင်း နှစ်ရာကျော်က ဖြစ်ပျက်ခ့ဲတ့ဲ သမိုင်းတစ်ခုပါ။
လက်ရှိ ခေတ်သစ် ပြင်သစ်သမိုင်းမှာတော့ အိုလမ်(ဖ်) ဒီ ဂူရှ်စ် (Olympe de Gouges) ကို ပြင်သစ်လူ့အဖွဲ့အစည်းက အမြတ်တနိုးထားခံနေရဆဲပါ။ သူမပုံကို "ဖြတ်တောက်ထားသော ဆံပင်နှင့် လည်ပင်းရှည် (Symbolic Hair and Neck)" အဖြစ်လည်း ပုံဖော်ကြပါတယ်။ ဆံပင်ကို တစ်ဖက္မှာ ရှည်လျား ပေါ့ပါးစွာထားပြီး၊ ကွပ်မျက်စင်ကြောင့် ပြတ်ကျသွားတ့ဲ လည်ပင်းဘေးဘက်က ဆံပင်ကို ဖြတ်တောက်ထားသော ပုံစံနဲ့ သူမရုပ်ပုံကို အနုပညာလက်ရာဘက်က ဖန်တီးကြပါတယ်။
လက်ရှိ အာဖဂန်မှာ တာလီဘန်တွေက တော့ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ အသံကို ဖော်ပြခွင့်ရှိတ့ဲ လူမှုပတ်ဝန်းကျင်ကို လုံးဝ အမှောင်အတိချ ထားလိုက်ပါပြီ။
လက်ရှိ ရခိုင်ဒေသက အခက်အခဲတွေကြားထဲမှာ အမျိုးသမီးတွေရဲ့ ကိုယ့်ရဲ့ အကြပ်အတည်း၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့ အကြပ်အတည်း တွေနဲ့ ပတ်သက်ပြီး အသံတွေက တိုးတိတ်နေပါပြီ။ ပြင်သစ်က မွန်တာညာ တွေ တွေးခ့ဲသလို တွေးနေကြတ့ဲ သူတွေကတော့ အမျိုးသမီးရယ်မှ မဟုတ်ပါဘူး၊ အခြားဘယ်သူမဆို အသံထွက်လာမှာကိုမှ လိုလားကြမှာ မဟုတ်ပါဘူး။
ဒီလိုအနေအထားမျိုးမှာ ရခိုင်ဒေသထဲက အမျိုးသမီးတွေရဲ့ အသံတွေ ဖော်ထုတ်ခွင့်အတွက်တော့ အမှောင်ချထားခံရတာမျိုးမဟုတ်ပေမယ့် အလင်းရောင်ကတော့ အင်မတန်မှ မိန်ဖျော့ဆုတ်ယုတ်နေဆဲပါ။
အိုလမ်(ဖ်) ဒီ ဂူရှ်စ် (Olympe de Gouges)
https://en.wikipedia.org/wiki/Olympe_de_Gouges
အာဖဂန်ကိုးကားလင့်
Comments
Post a Comment