အစွန်းထွက် အမျိုးသားရေးအယူအဆကြား ပြည်သူတစ်ယောက်အဖြစ် ဘယ်အရာက သတ်မှတ်သလဲ

 အစွန်းထွက် အမျိုးသားရေးအယူအဆကြား ပြည်သူတစ်ယောက်အဖြစ် ဘယ်အရာက သတ်မှတ်သလဲ


ပြီးခဲသည့်လက နီပေါနိုင်ငံတဝှမ်း ဂျင်ဇီများ၏ ဆန္ဒပြပွဲများ ဖြစ်လာပြီးနောက် ရှူရှီလာ ကာရ်ကီ (Sushila Karki) မှာ ဝန်ကြီးချုပ်အသစ်ဖြစ်လာသည်။ ဝန်ကြီးချုပ်ဖြစ်လာသည်နှင့် သူမသည် ဝန်ကြီးများကောင်စီအတွက် အဖွဲ့ဝင်များကို ရွေးချယ်ရတော့သည်။ လူငယ်များကတော့ ထိုကောင်စီအား နီပေါနိုင်ငံ၏ ကွဲပြားစုံလင်မှုကို ရောင်ပြန်ဟတ်စေချင်သည်။ သို့ဖြစ်၍ ထိုကောင်စီတွင် အမျိုးမျိုးသောယဉ်ကျေးမှုနှင့် လူမျိုးစုနောက်ခံမှလာသော သူများ၊ လူငယ်များ၊ အမျိုးသမီးများကို ပါဝင်စေချင်သည်။ 

ရက်သတ္တပတ် နှစ်ပတ်အကြာ ရှူရှီလာ ကာရ်ကီက  ဆန်ဂျီးတာ မိရှရာ (Sangeeta Mishra) ကို ကျမ်းမာရေးဝန်ကြီးအဖြစ် ခန့္အပ္ခ့ဲသည္။ ဤတွင် ဆန်ဂျီးတာ မိရှရာ နှင့်ပတ်သက်သော ဗွီဒီယိုဖိုင်တစ်ခုသည် ရုတ်တရက် ပျံနှံ့လာခ့ဲသည္။ ထိုဗွီဒီယိုမှာ ယခင်ကပင် ရှိနေ ခ့ဲသော ဗွီဒီယိုဖိုင်ဖြစ်ပြီး ထွက်ပေါ်လာသည်မှာ ကာလမနည်းကြာနေ ခ့ဲပြီ ဖြစ်သည္။ ထို ဗွီဒီယိုတွင် ဆန်ဂျီးတာ မိရှရာက သူ့ကိုယ်သူ နီပေါလူမျိုးမဟုတ် အိန္ဒိယဌာနေဟု ပြောဆိုထားသည်။ 

မိရှရာပြောနေ ခ့ဲသော သဘောက သူမသည် ရေမရောသော နီပေါနိုင်ငံသားတစ်ယောက်ဖြစ်သည်။ သို့သော် ထိုအချက်ကပင် အစွန်းထွက်အမျိုးသားရေး အဝိုင်းအဝန်းထံမှ ဒေါသဖြင့်တုန့်ပြန်မှုကို ဖြစ်လာစေ ခ့ဲသည္။ အကျိုးဆက်က မိရှရာ၏ အမည်အား အစိုးရအဖွဲ့ဝင်စာရင်းမှ ပယ်ဖျက်လိုက်ရတော့သည်။

ရှူရှီလာ ကာရ်ကီအနေဖြင့် ဝန်ကြီးချုပ်ရာထူး ယူထားမှုက တစ်ကျော်ကြာလာသည့်တိုင် အစိုးရအဖွဲ့ဝင်များ အပြည့်အစုံမရှိနိုင်သေး။ သူမက ဂျင်ဇီများကို ဝန်ကြီးနေရာများအတွက် ကမ်းလှမ်းနေ ခ့ဲသည္။ ပေါက်ကြားလာသည့် သတင်းများအရ ထိုကမ်းလှမ်းချက္များထဲတွင် တရှီ လာဇုမ် (Tashi Lhazom) လည်းပါသည်။ တရှီ လာဇုမ်က ဟုမ်လပ်စ် လိမိ (Humlas Limi Valley) တောင်ကြားဒေသဇာတိဖြစ် ပြီး ရုပ်ရှင်ရိုက်ကူးရေးသမား ဥတုရာသီအရေး တက်ကြွလှုပ်ရှားသူ တိဘက်အမျိုးသမီးတစ်ဦးဖြစ်သည်။

ထိုသတင်းကလည်း ရုတ်ချည်းဆိုသလို လူမှုကွန်ရက်ပေါ်တွင် ပေါက်ထွက်လာပြန်သည်။ ပေါက်ထွက္ပုံက ကောင်းသောအသွင်ဖြင့် ပေါက်ခြင်းကားမဟုတ်။ တရှီ လာဇုမ် အပေါ် အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုများ၊ နိုင်ငံခြားသားမုန်းတီးမှုများ၊ အမျိုးသမီးဖြစ်တည်မှုအပေါ် နှိမ့်ချသတ်မှတ်ချက္များ တို့ဖြင့် တိုက်ခိုက်ကြခြင်းဖြစ်သည်။ သူမကား ခွဲထွက်ရေးကို အားပေးသူ၊ နိုင်ငံခြားသူလျို၊ သူမ၏ နီပေါနိုင်ငံသားဖြစ်မှုက အငြင်းပွားစရာ၊ သူမ ရုပ်ရည်က နီပေါလူမျိုးနှင့်မတူ၊ စကားလည်း နီပေါလိုမပြော စသဖြင့် တိုက်ခိုက်ကြခြင်းဖြစ်သည်။

ဂရန်နင်ဒရာ ရှဟိ (Gyanendra Shahi) က့ဲသို့ နီပေါတွင် ဟိန္ဒု ဘုရင်စနစ်ကို ကျင့်သုံးလိုသူ နိုင်ငံရေးသမားမျိုးကလည်း ဆွမ်းကြီးဝင်လောင်းသည်။ တရှီ လာဇုမ် အပေါ် လူထုအထင်လွဲ ဒေါသထွက်စေရန် သူမ၏ မျိုးရိုးဆင်းသက္မှုအပေါ် သတင်းမှားဖြန့်လိုက်သေးသည်။ 

နီပေါနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဟောင်း မိုနာ အန်ဆာရီ (Mohna Ansari) က တရှီလာဇုမ်၏ ဖြစ်တည်မှုအပေါ် ကိုယ့်ကျင့်သိက္ခာ အရှက္မ့ဲစွာ မေးခွန်းများ ထုတ်လိုက်သေးသည်။ တကယ်တမ်းတွင် တရှီလာဇုမ်သည်လည်း အခြား နီပေါနိုင္ငံသားများက့ဲသို့ နီပေါ နိုင်ငံသားပြည်သူတစ်ဦးသာဖြစ်သည်။ နီပေါလူ့အဖွဲ့အစည်းတစ်ခုလုံးကား ကိုယ့်ပိုင်ဆိုင်မှု အပေါ် ကိုယ့်ဖာသာကိုယ် ရုပ်ဆိုးအကျည်းတန် အမဲစက်ထင်အောင်ကို  သံသယများဖြစ်နေကြပြီ။ နီပေါလူ့အဖွဲ့အစည်းသည် "စစ်မှန်သော မျိုးချစ်စိတ်ဖြင့် မိမိလူ့အဖွဲ့အစည်း၏ မတူကွဲပြားခြားနားမှုများကို ပွေ့ဖက်ထားသင့်သည်။ အယောင်ဆောင် အသုံးချအမျိုးသားရေးအယူအဆများက အဆုံးသတ်သင့်ပြီ။ "

နီပေါလူ့အဖွဲ့အစည်းတွင် အန်ဆာရီ က့ဲသို့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ၊ တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ပုံရိပ်ရှိသောသူမျိုး ကပင်လျှင် မကြာခဏဆိုသလို ဒီဂျက်တယ်ပလက်ဖောင်းပေါ်တွင် တိဘက်ဗုဒ္ဓဘာသာ ရပ်ဝန်းမှ တရှီလာဇုမ်ကိုပင်မဟုတ်  အစ္စလမ်ဘာသာကိုလည်း ဦးတည်၍ ဆိုးဝါးသောမှတ်ချက္များပြုနေလျှက်ရှိနေသည်။ 

နီပေါ၏ လူမျိုးစုတိုင်းရင်းသား ဂျင်ဇီများကတော့ တရှီလာဇုမ်၏ နီပေါနိုင်ငံသားဖြစ်မှုအပေါ် သံသယမဖြစ်စေရန် သက်သေ အထောက္အထားများ ထုတ်ပြန်ပေးကြသည်။ 


မေးခွန္းတစ်ခုက ရှိလာသည္။  နီပေါပြည်သူဟူသည် အဘယ်ကိုခေါ်သနည်း။ နီပေါ နှင့်တူသည်ဆိုသည်က မည်သည့်အရာကို ဆိုပါသနည်း။ 


"ကျွန်မ နာမည်မှာ တရှီ ပိုဒဲလ် (Tashi Poudel)၊ သာပါ (Thapa)၊    ဘာတ်တာရိုင်း (Bhattarai)၊ ဒါမှမဟုတ် ဂီမီရီ ဆိုတာတွေပါနေလား။ အဲလိုအမည်တွေ မပါလို့လားမသိဘူး။ သူတို့တွေက မေးကြတယ်။ နင် ဘာလို့ နီပေါရုပ်မပေါက္တာလဲ။ ခါးစ် (Khas) တစ်ယောက်လို နီပေါစကားကို ဘာကြောင့်မပြောတာလဲတ့ဲ။ ဘာကြောင့်မပြောတာလဲဆိုရင် ကျွန်မမိခင်ဘာသာစကား မဟုတ်လို့ မပြောတာ" ဟု တရှီလာဇုမ်က အင်တာဗျူးတစ်ခုတွင် ဖြေ ခ့ဲသည္။


ဤအဖြစ်အပျက္များက နီပေါလူ့အဖွဲ့အစည်း၏ ဌာနေတိုင်းရင်းသားများအပေါ် စွပ်စွဲအပြစ်တင်ချက္များကို ပြနေပါသည်။ အဘယ်ကြောင့် အပြစ်တင်ရသနည်းဆိုလျှင် ရုပ်ရည်၊ဘာသာစကား၊ ပထဝီဝင်ဧရိယာနှင့် ကိုးကွယ်ယုံကြည်မှု ကြောင့်ဖြစ်သည်။ မည်သည့် ရုပ်ရည်မျိုး၊ ဘာသာစကားမျိုး၊ ပထဝီဝင်ဧရိယာမျိုးနှင့် မည်သည့်ယုံကြည်မှုမျိုးကသာ နီပေါနိုင်ငံသားဖြစ်သည်ဟု စိတ်ထဲတွင် တလွဲတ ချော် ပုံဖော်ပြဌာန်းထားမှုရှိနေသလို ဖြစ်နေသည်။ 

တချိန်ထဲတွင်ပင် နီပေါတွင္မွေးဖွားခ့ဲပြီး နိုင်ငံရပ်ခြားတွင်နေထိုင်ကာ နိုင်ငံခြားသားအဖြစ်ခံယူထားသော နီပေါနွယ်ဖွားများ၏ အောင်မြင်မှုများကိုတော့ ချီးမွမ်းခန်းဖွင့်ကြပြန်သည်။ သို့သော် နီပေါနိုင်ငံသားဖြစ်နေသော လူမျိုးစုများကို ထိုက့ဲသို့တူညီသော လေးစားမှုပေးရန် အားထုတ်မှုများကိုတော့ ပယ်ချနေပြန်သည်။ နီပေါတွင် မွေးဖွားသူ လူမျိုးစုများကို ဖယ်ထုတ်သည်။ ထိုလူမျိုးစုက နီပေါ၏အကျိုးစီးပွားအတွက် အလုပ်လုပ်ပေးမည်ကိုလည်း မကြည့်နိုင်၊ မမြင်နိုင်။ ထိုလူမျိုးစုအနွယ်ဝင်တစ်ယောက်တွင် မည်မျှပင် အရည်အချင်းရှိရှိ အသိအမှတ်မပြုလို။ အမျိုးသမီးတစ်ယောက်တွင် ထိုသို့အရည်အချင်းရှိနေလျှင် အမျိုးမျိုးဝေဖန်မှုပိုလုပ်ကာ ဖယ်ထုတ်ဖို့ကိုသာ နှစ်ဆစိုင်းပြင်းသည်။ 

နီပေါလူ့အဖွဲ့အစည်းကား ပျံနှံ့လာသော ဗွီဒီယိုတစ်ခုကိုပင် အကျိုးအကြောင်းမခွဲခြား၊ ပြောသံကြားယုံမျှဖြင့် ဇဝေဇဝါ ဖြစ်မှုကိုသာ ဦးတည်ကြသည်။ TOB ဟူသော အင်္ကျီအနက်ရောင်ဝတ်၍ ဆိုင်ကယ်စီးနေကြသူတစ်အုပ်ကို ရိုက်ထားသည့် ဗွီဒီယိုကိုကြည့်ရင်း TOB ဟူသောစာသားမှာ  တိဘက်လွတ်မြောက်ရေးနှင့် ပတ်သက်သည်။ တိဘက်လုပ်ရှားမှု (Tibetan Original Blood) ကိုရည်ညွှန်းသည်ဟု ဆိုလျှင်လည်း ဖွလိုက်လျှင်လည်း အမှန်ဟုထင်လိုက်ကြသည်။ 

ဤသို့ ထင်ရာမြင်ရာ စွပ်စွဲမှုက  သတင်းမှားကိုဖြစ်စေသည်။ နိုင်ငံခြားသားကြောက်ရောဂါကို ဖြစ်စေသည်။ နီပေါရှိ တိဘက်လူမျိုးစုများနှင့် တိဘက်အမွေအနှစ်များကိုပါ ဆန့်ကျင်အကြမ်းဖက်ရန်ပင်အထိ ပြောဆိုလာကြသည်။ 

စက်တင်ဘာဆန္ဒပြပွဲများအဆုံးသတ်ပြီးနောက် မျှော်လင့်ချက်တစ်ခုက ဖြစ်ထွန္းခ့ဲသည္။ နီပေါ၏ နိုင်ငံရေးနှင့် ဗြူရိုကရေစီတွင် ရှေးရိုးစွဲနိုင်ငံရေးဇတ်ဆောင်များ ကင်းစင်လိမ့်မည်ဟု။ သို့သော် စွပ်စွဲမှုများ ဒေါသများက နီပေါ၏ လူမှုယဉ်ကျေးမှုတွင် နေရာယူလာပြန်သည်။ နီပေါသည် မဟုတ်တမ်းတရားများနှင့် ဒေါသထွက်စရာများတွင် အစုလိုက်အပြုံလိုက် စာမေးပွဲစစ်ခံနေရသော နိုင်ငံတစ်ခုဖြစ်နေ ခ့ဲပြန်သည္။

အခြားတဖက်တွင် နီပေါ၏ ကွဲပြားစုံလင် ဗဟုယဉ်ကျေးမှုဝါဒကား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စာသားများနှင့် နိုင်ငံရေးတိုကင်ယူစနစ် (political tokenism) ကြားတွင် ကန့်သတ်ခံနေအုံးမည့် သဘောရှိနေပြန်သည္။

လက်ရှိ သို့မဟုတ် အနာဂတ်အတွက် အုပ်စုစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲမှုမှ ကင်းလွတ်ပြီး အလုပ်မူဘောင်နှင့် ဆောင်ရွက္မှုပေါ်တွင်သာ ရှူမြင်နိုင်မှုရှိသူမျိုးက နီပေါနိုင္ငံရေးတွင္ ပေါ်လာရန်လည်း မလွယ်တော့ပေ။ တက်ကြွလှုပ်ရှားသူများ၊ ကိုယ်စားပြုနိုင်ခွင့်နည်းပါးသော လူ့မှုအသိုင်းအဝန်းများကိုသာ တဖက်စောင်းနင်း ဖိနှိပ်ဝေဖန်နေကြအုံးမည်သာ ဖြစ်သည်။ 

အကယ်၌ နီပေါသည် ကွဲပြားစုံလင်သော လူမှုအသိုင်းအဝန်းအားလုံးပါဝင်နိုင်သော နိုင်ငံရေးစနစ်ကိုသာ မတည်ဆောက်နိုင်ပါက နိုင်ငံရေးတွင် ပါဝင်ပတ်သက်ရန် မည်သူကိုမှ မျှော်လင့်နေ၍ မရတော့ပေ။


ဘာကိုမှ လာဝေမဖန်နှင့် ငါတို့ပြောသည်ကိုသာ လက်ခံဆိုသည့် လူထုကို မိမိတို့၏ အိမ်မွေးခွေး လက်ပါးစေ (Dog- whistling) အဖြစ်သာ ရှူမြင်သော သီအိုရီဖြင့် ခွဲခြားဆက်ဆံမှုကို အားကောင်းစေသော မိမိတို့၏ လူမျိုးစုကိုသာ ဗဟိုပြုလွန်းခြင်း၊ လူမျိုးရေးခွဲခြားခြင်းနှင့် လူမျိုးကြီးဝါဒကိုထူထောင်ခြင်းများသည် နီပေါပြည်သူလူထု၏ ဘဝကို ဝန်ဆောင်မှုပေးနေခြင်းမဟုတ်၊ ဘေးဒုက္ခ (disservice) ပေးနေခြင်းသာဖြစ်သည်။ 

နီပေါဟူသည် မတူကွဲပြားမှုများဖြင့်သာ မိမိ၏ အင်အားကို တည်ဆောက်ရမည် နိုင်ငံတစ်ခုသာဖြစ်သည်။


Nepali Times တွင် အယ်ဒီတာ့ အာဘော် ကဏ္ဍတွင် ဖော်ပြထားသော နီပေါ အမျိုးသမီးသတင်းသမား ရှရစ္စတီ ကာရ်ကီ (Shristi Karki) ၏ What make a Nepali ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။


မူရင်း

https://nepalitimes.com/editorial/what-makes-a-nepali?amp=1



Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း