ရိုဟင်ဂျာ လက်နက်ကိုင်များသည် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ အကျိုးစီးပွားကို ခြိမ်းခြောက်မှု ဖြစ်လာပြီလား
ရိုဟင်ဂျာ လက်နက်ကိုင်များသည် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ အကျိုးစီးပွားကို ခြိမ်းခြောက္မှု ဖြစ်လာပြီလား
ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းဌာနေ တောင်ချန်ဂျာ လူမျိုးတစ်ဦးကို ရိုဟင်ဂျာလက်နက်ကိုင် ARSA နဲ့ RSO တို့က ပြန်ပေးဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုနေကြပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ ဘန်ဒါဘန်ခရိုင်၊ နိုင်ကျောင်ချရီခရိုင်ခွဲ (Naikshyangchari Upazila)၊ ဂုမ်ဓုမ္ကျေးရွာအုပ်စု (Ghumdhum Union)၊ ရပ်ကွက် (၈) နယ်မြေနဲ့ ဆက္စပ္နေ တ့ဲ ဂေါ်ဂျန်ဘောနီးယား (Gorjan Bonia) ကျေးရွာက အသက် ၃၈နှစ်အရွယ် ဂျူမားလယ်သမား ဆူမန် တောင်ချန်ဂျာ (Suman Tanchangya)၊ အဖအမည် ရရှီးအောင် တောင်ချန်ဂျာ (Rashi Aung Tanchangya) ကို ARSA နဲ့ RSO လက်နက်ကိုင်တွေက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဆူမန်တောင်ချန်ဂျာဟာ ပြီးခ့ဲတ့ဲ အောက်တိုဘာ ၈ ရက်နေ့ နေ့လည် ၂: ၀၀ နာရီလောက္မှာ သူရဲ့ တောင်ယာ ခရမ်းခင်းကိုသွားရာက ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။ အချိန်တန်အိမ်ပြန်မရောက်လို့ ညနေခင်းမှာ သူ့တောင်ယာခင်းကို ရွာခံတွေက သွားရှာတ့ဲအခါ လူ ၁၂ ယောက်လောက်ရဲ့ ခြေရာတွေကို တောင်ယာခင်းနားမှာ တွေ့ခ့ဲတယ်လို့ ဂေါ်ဂျန်ဘော့နီယား ရွာခံတွေက ဆိုပါတယ္။
ဆူမန် တောင်ချန်ဂျာ ပျောက်ဆုံးမှုဟာ ARSA နဲ့ RSO တို့ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဂေါ်ဂျန်ဘောနီးယားရွာခံတွေကသံသယဖြစ်နေကြပါတယ်။ ဆူမန်တောင်ချန်ဂျာ ပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့တွေဆီမှာ တိုင်ချက်ဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။
ပြီးခ့ဲတ့ဲ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ဝမောင် တန်ချန်ဂျာ (Wamong Tanchangya) အမည်ရှိ အခြားရွာသားတစ်ဦးကိုလည်း ဂုမ်ဒုမ် ကျေးရွာအုပ်စု (Ghumdhum Union)၊ ဘာလူကီယား ( Bhalukia) ရွာမှာ RSO နှင့် ARSA စစ်သွေးကြွတွေက ပြန်ပေးဆွဲသွားခ့ဲတာ သူ့ကို ယခုထိ ရှာမတွေ့သေးဘူးလို့ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့ကလည်း တန်ချန်ဂျာ ရှာသားနှစ္ဦးဖြစ်တ့ဲ ချိုင်းလ မောင် ချက္ကမ (Chaila Mong Chakma - ၂၉ နှစ်) နဲ့ ကျာမောင်ခို တန်ချန်ဂျာ (Kyamongkho A Tanchangya - ၂၅ နှစ်) ဆိုတ့ဲ နှစ်ဦးဟာလည်း ကော့ဘဇား (Cox's Bazar) ခရိုင်၊ တက္ကနဖ် ခရိုင်ခွဲ (Teknaf Upazila)၊ ဟိုကျန်နတ်မြစ် ( Hoikyang Naf)၊ အမှတ် ၅ ဆည်တံခါးအနီးကဏန်းပုဇွန်ရှာနေတုန်း ရိုဟင်ဂျာ စစ်သွေးကြွများ က ပြန်ပေးဆွဲ ဖမ္းဆီးတာကို ခံခ့ဲရတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်များရဲ့ လှုပ်ရှားမှုဟာ ဘင်္ဂလားဒေရှ့်ရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက္မှုတွေရှိလာမယ္လို့ နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group - ICG) က ၂၀၂၅ခု နှစ် ဇွန်လ ၁၈ ရက်နေ့၊ အမှတ် Asia Report N°348၊ Bangaladesh-Myanmar: Dangers of Rohingya Insurgency (ဘင်္ဂလားဒေရှ့်-မြန်မာအတွက် ရိုဟင်ဂျာလက်နက်ကိုင် အန္တရာယ်) ခေါင်းစဉ်နဲ့ ထုတ္ပြန်တ့ဲ အစီရင်ခံမှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ အေအေကိုတိုက်ဖို့အတွက် အချင်းချင်းမဟာမိတ်ဖွဲ့ထားကြသလို ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ ဒုက္ခသည်စခန်းတွေမှာ အတင်းအကြပ်လူသစ်စုဆောင်းတာ၊ နယ်စပ်ဖြတ်ကျော်တိုက်ပွဲတွေပြုလုပ်နေတာတွေကြောင့် ဘင်္ဂလားဒေရှ့်ရဲ့ လုံခြုံရေးအပေါ် ထိခိုက္မှုတွေရှိလာမယ်လို့လည်း ICG က သတိပေးထားတာပါ။
မြန်မာစစ်တပ်ဟာ အေအေကိုတိုက်ဖို့အတွက် ရိုဟင်ဂျာလက်နက်ကိုင်တွေကို ကျောထောက် နောက်ခံပြုပေးထားတယ်ဆိုတ့ဲ ပြင်းထန်တ့ဲ စွပ်စွဲမှုတွေက ရှိနေတယ်လို့လည်း ICG ကဆိုပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ စစ်ရေးဖော်ဆောင်မှုဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ သွယ်ဖယ်နေတာကြောင့် ရိုဟင်ဂျာတွေအပေါ် အမြင်မကြည်လင်မှုတွေဟာလည်းရှိလာနိုင်ပြီး ဒါဟာ ရခိုင်လူမှုအသိုင်းအဝန်းနဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒီအကျိုးဆက်က ဘင်္ဂလားဒေရှ့်နဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ကြိုးစားနေ တ့ဲ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်တယ်လို့လည်း ICG က ထောက်ပြထားပါတယ်။
ဒါအပြင် ဘင်္ဂလားဒေရှ့် အနေနဲ့ ဒုက္ခသည်စခန်းတွေမှာ ရိုဟင္ဂျာလက္နက်ကိုင်တွေရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့လိုအပ်တယ်လို့လည်း ICG က အကြံပြုထားပါတယ်။
ရခိုင်ပြည်တွင်းမှာ အချို့နေရာတွေမှာ တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို မလေးစားမှု တွေဟာရှိနေပါတယ်။ ဒီလိုမျိုးကိစ္စရပ်တွေဟာ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှု အလွှာပေါင်းစုံရှိနေ တ့ဲအောက်ခြေလူထုကို တဖက်စည်းသို့ ရောက်အောင်တွန်းထုတ်နေသလိုလည်း ဖြစ်သွားတတ်ပါတယ်။ ဒီအနေအထားမျိုးဟာ နိုင်ငံရေးအုပ်စုအသီးသီးအတွက် အသုံးချစရာ ရေခံမြေခံလည်း ဖြစ်သွားနိုင်ပြီး ဆိုးကျော့သံသရာတွေကို လည်နေစေနိုင်ပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင်များရဲ့ ရိုဟင်ဂျာလူထုအပေါ် စည်းရုံးတ့ဲအခါမှာလည်း ရခိုင်ပြည်တွင်းက အာဏာရှိသူများရဲ့တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို မလေးစားမှုကြောင့် သက်ရောက်လာတ့ဲ နာကျင်မှု တွေကို ထောက်ပြအသုံးချလာတာမျိုးလည်းရှိနေပါတယ်။
ဒါကြောင့် အေအေအနေနဲ့လည်း ရခိုင္ပြည်တွင္းက လူမှုအသိုင္းအဝန်းအားလုံးအပေါ် တရားမျှတမှုပေးနိုင်တ့ဲ အဖွဲ့အစည္းမျိုးအဖြစ် သက်သေပြဖို့လိုတယ်လို့ ICG ရဲ့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။
ကိုးကား
https://hillvoice.net/another-tanchangya-jum-cultivator-allegedly-kidnapped-by-rohingya-militants-in-naikshyangchari/
https://www.crisisgroup.org/asia/south-east-asia/myanmar-bangladesh/348-bangladeshmyanmar-dangers-rohingya-insurgency
Comments
Post a Comment