နှစ် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂနေ့ မိုဟာမက္ယူနွတ်စ် ဘာတွေပြောသလဲ

 နှစ် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂနေ့ မိုဟာမက္ယူနွတ်စ် ဘာတွေပြောသလဲ


အောက်တိုဘာ ၂၄ ရက်နေ့ မှာကျရောက်ခ့ဲတ့ဲ ကုလသမဂ္ဂ တည်ထောင်မှု နှစ် ၈၀ မြောက်နေ့မှာ ဘင်္ဂလားဒေရှ့် အကြံပေးအရာရှိချုပ် မိုဟာမက္ က သတင်းစကားပါးခ့ဲပါတယ္။


မိုဟာမက္ယူနွတ်စ်က ကုလသမဂ္ဂဟာ ငြိမ်းချမ်းရေးနှင့် ဘက်ပေါင်းစုံချဉ်းကပ်ရေးအတွက် ဆက်ရှိနေရမယ်လို့ ဆိုပါတယ်။ ဒါအပြင် ကုလသမဂ္ဂအနေနဲ့ မြေပြင်မှာ အလုပ်ပိုဖြစ်လာအောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ကိုလည်း တောင်းဆိုပါတယ်။ 


ကုလသမဂ္ဂကို ထူထောင္လိုက္တ့ဲနေ့ဟာ ကမ္ဘာတဝန်းက လူသားအားလုံးအတွက် ကြောက်ရွံ့ခြင်းက လွတ်ကင်းတ့ဲ လောကတစ်ခုကို တည်ဆောက်ဖို့အတွက် မျှော်လင့်ချက်တွေလည်း ဖြစ်စေ ခ့ဲတယ်လို့လည္း သူကဆိုပါတယ်။


ဒါအပြင် ဘင်္ဂလားဒေရှ့်ဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှုရဲ့ အလံကိုလွင့်ထူပြီး ကုလသမဂ္ဂရဲ့ ဦးထုတ်ပြာကိုဆောင်းကာ နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေမှာလည်း အားတက်သရော်ပါဝင်နေတယ်လို့လည်းဆိုပါတယ်။ 


လက်ရှိ ပြဿနာတွေကို ရင်ဆိုင်ရာမှာ တဖက်သတ်ရှူမြင်ချဉ်းကပ်မှုကြောင့် တင်းမာမှုတွေဖြစ်စေပြီး ဘက်နှစ်ဖက်ရှူမြင်ချဉ်းကပ်မှုအောက္မှာ မမျှတတ့ဲ ဖြစ်စဉ်တွေဟာလည်း ဖြစ်လာနိုင်တယ်လို့လည်း သူကဆိုပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေရှ့်ဟာ စည်းမျဉ်းစံတန်းဖိုးတွေကို အခြေခံတ့ဲ ဘက်ပေါင်းစုံချဉ်းကပ်မှုကို တောင်းဆိုတယ်လို့ဆိုပါတယ်။


လက်ရှိကမ္ဘာပေါ်မှာ ဖြစ်နေ တ့ဲ ပဋိပက္ခတွေဟာ ကမ္ဘာကြီးကို မသေချာ မရေရာမှု ဘက်ကိုရောက်စေလို့သူက ဆက်ပြောပါတယ်။ အစွန်းရောက် အမျိုးသားရေးအယူအဆတွေအားကောင္းနေမှုနဲ့ လူတွေရဲ့ နာကြင်မှုကို ဥပက္ခာပြုမှုတွေဟာ  တိုးတက္မှုတွေကို ဖျက်စီးနေတယ်လို့လည်း သူက ဆိုပါတယ်။


ဘင်္ဂလားဒေရှ့် နယ်နိမိတ်ထဲ ရောက္ရှိနေ ကြ တ့ဲ ရိုဟင်ဂျာတွေဟာ "ယဉ်ကျေးမှုအပေါ် အခြေ ခံတ့ဲ နိုင်ငံရေးရဲ့ ရိုက်ခတ်မှု ရလဒ်" ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ  နိုင်ငံရေးကြောင့်ပဲ   ရိုဟင်ဂျာတွေဟာ ညင်းပန်းခံနေရပြီး အခွင့်အရေးတွေဆုံးရှုံးနေတာတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒီအပေါ်မှာလည်း နိုင်ငံတကာက အရေးစိုက်ကြဖို့ကိုလည်း မိုဟာမက္ယူနွတ်စ် က ကုလသမဂ္ဂတည်ထောင်ခြင်းနေ့မှာ တောင်းဆိုထားပါတယ်။


ကိုးကား


https://www.tbsnews.net/bangladesh/un-must-continue-evolve-fulfil-collective-aspiration-peace-multilateralism-ca-1268506


https://www.newagebd.net/post/country/280033/un-must-evolve-adapt-to-fulfill-global-aspirations-yunus






Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း