ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၁
ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၁
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုလသမဂ္ဂ ဌာနချုပ်၌ ပြုလုပ်ခဲ့သော "ရိုဟင်ဂျာ မွတ်စလင်များနှင့် မြန်မာနိုင်ငံရှိ အခြားလူနည်းစုများ အခြေအနေဆိုင်ရာ အဆင့်မြင့် ညီလာခံ" (High-Level Conference on the Situation of the Rohingya Muslims and Other Minorities in Myanmar) ဖွင့်ပွဲ အခမ်းအနားတွင် ၎င်း၏ ၇-ချက်အား ဘင်္ဂလားဒေရှ့် ခေါင်းဆောင်မိုဟာမက္ယူနွတ်စ်က ကမ္ဘာကို ချပြခ့ဲသည္။ ကုလသမဂ္ဂအစည်းအဝေးပြီးနောက် ရက်သတ္တတပတ်များစွာ သံတမန်အသိုင်းအဝန်းထဲ တွင်လည်း အဆိုပါ အချက် ၇ ချက္မှာ ပြောဆိုဆွေးနွေးစရာအဖြစ် ဆက်ရှိနေ ခ့ဲသည္။
ယူနွတ်စ်အဆိုပြုချက် မြေပြင်ပေါ်ဘယ်လောက်သက်ရောက္မလဲ
မိုဟာမက္ယူနွတ်စ်၏ အချက် (၇) ချက်အား အနှစ် ချုပ်လိုက်ပါက ရိုဟင်ဂျာ များနေရပ်ပြန်ရေး၊ ခွဲခြားဖိနှိပ်မှုမခံရရေးနှင့် အကြမ်းဖက္မှုကျူးလွန်ခ့ဲသူများအား တာဝန်ယူမှုရှိစေရေး ဆိုသည့် အချက္များသာ ဖြစ်သည်။ ထိုအချက္များတွင် မည်သည့်အချက်က သံတမန်နယ်ပယ်ထဲ၌ ပို၍ရှေ့သို့ရောက်နေမည် မသိနိုင်ပေ။ ထိုအချက်များသည် တစ်ခုနှင့် တစ်ခုအလဲအလှယ် လုပ်စရာဖြစ်လာမည့် အခြေအနေမျိုးဖြစ်လာပါက နစ်နာသူများအတွက် စိုးရွံစရာဖြစ်သည်။ လက်ရှိအချိန်ထိတော့ အဆိုပါဖြစ်စဉ်များသည် မြေပြင်ပေါ်တွင် အကောင်အထည်ပေါ်မလာသေးပေ။
မြေပြင်တွင် ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းထဲ၌ ရှိနေသော လူမှုအဖွဲ့အစည်းတစ်ရပ်သည် မလုံခြုံမှုများဖြင့် ရှိနေသည်။ ၎င်းတို့၏ အနာဂတ်သည်လက်ရှိအချိန်ထိ ရေရာသေချာမှုမရှိသေးပေ။ ၂၀၂၁ ခုနှစ်မတိုင်မှီ အချိန်ကာလက ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်းများရှိ လူမှုဘဝအပေါ် အခြိမ်းခြောက်ဆုံး လုံခြုံရေးအခြေအနေမှာ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး ကိစ္စဖြစ်သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ရိုဟင်ဂျာလက်နက်ကိုင် အန္တရာယ်က ထပ်တိုးလာသည်။ ဤအခြေအနေက မြန်မာနိုင်ငံရေးအခြေအနေနှင့် ရခိုင်ပြည်နယ်၏ အခြေအနေသည် ဘင်္ဂလားဒေရှ့်နယ်နိမိတ်ထဲထိ ဖြတ်ကျော်သက်ရောက်နေသည့် သဘောဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် ရခိုင်တွင် တပ်မတော်၏ စခန်းများတစ်ခုပြီးတစ်ခုလက်လွတ်ရပြီးနောက်တွင် ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများ ပေါ်ထွက်လာခ့ဲသည္။
၁၀၂၇ စစ်ဆင်ရေးမစတင်ခင် အာဏာသိမ်းပြီးစ ကာလများက ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများသည် အရေအတွက် အင်အားလည်းမများပေ။ ထိုအချိန်က စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည်ဆိုသော အသံတစိုးတစကို ထုတ်ပြန်ခ့ဲကြသေးသည်။
လူ့အဖွဲ့အစည်းနှစ်ခုကြားက အက်ကွဲစများ
လူ့မှုအဆောက်အအုံအရ လူ့အဖွဲ့အစည်းနှစ်ခုရခိုင်ဒေသအတွင်းယှဉ်တွဲတည်ရှိနေမှုက ငြိမ္းချမ်းစွာအတူယှဉ်တွဲနေထိုင်ခ့ဲသော အချိန်ကာလများရှိသက့ဲသို့ အပြန်အလှန် ပဋိပက္ခဖြစ်ခ့ဲသော အချိန်ကာလများလည်းရှိနေ ခ့ဲသည္။ လူ့အဖွဲ့အစည်းနှစ်ခု ယှဉ်တွဲတည်ရှိနေမှုအတွင်း တန်းတူညီမျှမှုနှင့် ယုံကြည်မှုမှာ ထိခိုက်စရာ သမိုင်းအချိုးအကွေ့များရှိခ့ဲသည်။
လူမှုစီးပွားယဉ်ကျေးမှုကြား ဘက်ပြိုင်မှု၊ နှိမ့်ချဆက်ဆံမှု၊ ခွဲခြားဆက်ဆံမှု၊ မယုံကြည်မှု၊ အပြန်အလှန်အသာစီးရလိုမှု တို့က အက်ကွဲမှု၏ မူရင်းဇစ်မြစ်ဖြစ်သည်။ ထိုအနေအထားအပေါ် အင်အားသုံးဖြေရှင်းလိုမှုစိတ်မျိုးကအခြေခံက ရှိသည်။ ထိုအနေအထားအပေါ် နိုင်ငံရေးအရ အသုံးချလိုမှုတို့က လူ့အဖွဲ့အစည်းနှစ်ခုတွင်သာမက ဘက်အသီးအသီး ရှူဒေါင့်အသီးသီးတွင်လည်းကြရှိသည်။ ကိုယ့်စီ ကိုယ်စီ နိုင်ငံရေးအာဂျင်တာများ ပါလာသောအခါ ဇတ်လမ်းမှာ ရှုပ်ထွေးကုန်တော့သည်။ ရခိုင်ဒေသအတွင်း လူ့အဖွဲ့အစည်းနှစ်ခုကြား ရန်တိုက်ပေးရ လွယ်နေခြင်းသည်ပင်လျှင် စတင် ဖြေရှင်းရမည့် အခြေအနေဖြစ်သည်။ ဤသို့ ရန်တိုက်ပေးရန်လွယ်သော အခြေအနေများကိုလူ့အဖွဲ့အစည်းနှစ်ခု၏ ဘာသာရေး၊ယဉ်ကျေးမှု၊ လူမှုရေး၊ နိုင်ငံရေး အဆောက်အအုံများသည် ပြန်လည်သုံးသပ် ပြင်ဆင်မှုကို မပြုနိုင်ကြသေးပေ။
ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုများ
ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုများ ပေါ်လာခြင်းနှင့် မြေပြင်တွင် လှုပ်ရှားလာနိုင်ခြင်းကို ဆန်းစစ်ပါက ရှူဒေါင့်တဖက်တည်းချဉ်းကပ်နေပါလျှင္ ပဋိပက္ခသံသရာထဲမှ လွတ်မည်မဟုတ်သေးချေ။ ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုများ ပေါ်လာရခြင်း၏ ရေခံမြေခံ အခြေအနေများကိုတော့ အပြည့်အစုံ ချဉ်းကပ်မိရန်လည်းလိုပါသည်။
ရေခံမြေခံ အခြေအနေများတွင်
၁။ ယခင်ကာလကပင်တည်ရှိနေသော လူ့အဖွဲ့အစည်းနှစ်ခုကြားမှ အက်ကွဲစများ
၂။ ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများအတွင်း လုံခြုံရေးအခြေအနေ ဆိုးဝါးနေမှုများ
၃။ ULA/AA ထဲမှ အဖွဲ့ဝင်အချို့၏ လူ့အခွင့်အရေးအပေါ် အလေးမထား၊ ချိုးဖောက္မှုများ
၄။ ၁၀၂၇ ထိုးစစ်ကာလအတွင်း မြန်မာစစ်တပ်၏ အေအေထိုးစစ်အပေါ် ရင်ဆိုင်သည့် မဟာဗျူဟာများ
တို့က အဓိကအချက္များအဖြစ်ပါဝင်သည်။
ဤအချက္များသည် အပြန်အလှန်ဆက်နွယ် ပတ်သက်နေပါသည်။ အဆိုပါအချက္များတွင် အချက်တစ်ချက်ကို ကိုင်တွယ်နိုင်ပါက ကျန်အချက္များကိုဖြေရှင်းရန် လမ်းပွင့်လာမည်ဖြစ်သည်။ ထိုလေးချက်တွင် မြေပြင်၌ လက်တွေ့ဆောင်ရွက်နိုင်သော အချက်နှစ်ခုရှိပါသည်။
"ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများအတွင်း လုံခြုံရေးအခြေအနေကို ဘင်္ဂလားဒေရှ့် အာဏာပိုင်များမှ ပိုမိုဖိဖိစီးစီးဆောင်ရွက်ခြင်း" နှင့်
"ULA/AA အနေဖြင့် လူ့အခွင့်အရေးအပေါ် အလေးထား လုပ်ဆောင်ခြင်း" တို့ဖြစ်သည်။
အထက်ပါ ကိစ္စရပ် နှစ်ခုစလုံးတွင် လတ်တလောအရ စိန်ခေါ်ချက်ရှိနေသော်လည်း နိုင်ငံတကာ၏ အရေးစိုက္မှုအောက်တွင် စတင်အလုပ်ဖြစ်လာစရာတော့ရှိပါသည်။ ဤနှစ်ချက်အား အကောင်အထည်ဖော်ရန် လက်ရှိအခက်အခဲများအပေါ် ခွဲခြမ်းစိတ်ဖြာမှုများကို နောက်ထပ် စာစုများတွင် ထပ်မံဖော်ပြပါရန်ရှိပါသည်။
ရခိုင်ဒေသအတွင်း လူ့အဖွဲ့အစည်းနှစ်ရပ်ကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရေးသည် မျှော်လင့်ချက်လမ်းဆုံးနေသော အခြေအနေမျိုးတော့ မဟုတ်သေးချေ။
Comments
Post a Comment