ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၂
ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၂
"ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများအတွင်း လုံခြုံရေးအခြေအနေကို ဘင်္ဂလားဒေရှ့် အာဏာပိုင်များမှ ပိုမိုဖိဖိစီးစီးဆောင်ရွက်ခြင်း" သည် လိုအပ်ချက်တရပ်ဖြစ်သည်။ ဤလိုအပ်ချက်အပေါ် ရှူဒေါင့်ဘက်အသီးသီးမှ အငြင်းပွားမှုမရှိပေ။ ဤအချက်တွင် အဓိကဇတ်ဆောင်နှစ်ခုရှိသည်။ တစ်ခုက ဘင်္ဂလားဒေရှ့် အာဏာပိုင်များဖြစ်ပြီး တစ်ခုက ရိုဟင်ဂျာဒုက္ခသည်များဖြစ်သည်။
မာဂျီစနစ် (Majhis Systems)
ဘင်္ဂလားဒေရှ့်အနေဖြင့် ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ပတ်သက်၍ နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ဖူးသော သမိုင်းရှိသည်။ ၁၉၉၁- ၁၉၉၂ ကာလများတွင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ လူများကို စီမံခန့်ခွဲရာတွင် အဆင်ပြေစေရန် ဘင်္ဂလားဒေရှ့် အာဏာပိုင်များက မာဂျီ စနစ်ကို အသက္သွင္းခ့ဲသည္။ မာဂျီစနစ်ကို အသက်သွင်းမှုတွင် အထူးသဖြင့် ဘင်္ဂလားဒေရှ့်၏ စစ်ဘက်အာဏာပိုင်များနှင့် လူသားချင်းစာနာမှုအဖွဲ့အစည်းများ၏ သဘောတူညီချက္များက အဓိက ကျသည်။ အစုလိုက်အပြုံလိုက် သိပ်သည်းနေသော လူအုပ်စုအား စီမံခန့်ခွဲရန်အတွက် (Focal point) တစ်ခုအဖြစ်ရည်ရွယ်၍ မာဂျီစနစ်ကို ဖွဲ့စည်းခ့ဲခြင်းဖြစ်သည္။ မာဂျီစနစ်ဟူသည် ဒုက္ခသည်စခန်းထဲမှ ခေါင်းဆောင်တစ်ဉီးအား ရွေးချယ်ပေးထားသည့် စနစ်ဖြစ်သည်။ မာဂျီစနစ်က ဒုက္ခသည်စခန်းများတွင် လုပ်ပိုင်ခွင့်အလွဲသုံးစားမှုနှင့် ခြစားမှုများစွာ ဖြစ်ပေါ်ခ့ဲသည္။ ၂၀၀၇ ခုနှစ်တွင် UNHCR မှ ဒုက္ခသည်စခန်းများရှိ သူများကို မှတ်ပုံတင်နိုင်ပြီးနောက်တွင်တော့ ထိုမာဂျီစနစ်ကို ဖျက္သိမ္းခ့ဲသည္။
၂၀၁၇ နောက်ပိုင်းတွင်တော့ ဘင်္ဂလားဒေရှ့် အာဏာပိုင်များက မာဂျီစနစ်ကို အသက်ပြန်သွင္းခ့ဲသည်။ ဤတစ်ကြိမ်တွင်တော့ ကုလသမဂ္ဂဘက်က မာဂျီစနစ်၏ ဆိုးခြင်း ကောင်းခြင်းကို အတွေ့အကြုံရှိထားပြီဖြစ်သည်။ မာဂျီစနစ်နှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက္များကိုလည်း ၂၀၁၈ခု နှစ်တွင် UNHCR မှ အစီရင္ခံစာထုတ္ပြန်ခ့ဲသေးသည္။
လက်ရှိ မာဂျီစနစ်
ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်း၏ ဘေးကင်းလုံခြုံမှုသည် ယခုအခါ ရခိုင်ဒေသ၏ လုံခြုံရေးကို ရိုက်ခတ်လာပြီဖြစ်သည်။ သို့ဖြစ်၍ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းရှိ အဖြစ်အပျက္များကို ရခိုင်ဒေသရှိ လူထုတိုင္းသည်လည်း သိရန် ကိုယ္ချင္းစာတတ္ရန်လိုလာသည်။ ထိုအခြေအနေများသည် ဒေသတွင်းအခြားနိုင်ငံများ၏ လုံခြုံရေးကိုပါ ရိုက်ခတ်နိုင်သည်ဟု တရုတ်နိုင်ငံသည်ပင်လျှင် ရှူမြင်ထားသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ဝမ် က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်မှ ၂၆ ရက်ထိ ရိုဟင်ဂျားအရေး Stakeholder နိုင်ငံတကာညီလာခံ ဆွေးနွေးပွဲ၌ ကဏ္ဍအလိုက်ဆွေးနွေးမှု ကော့စ် ဘဇားအစည်းအဝေးတွင် ပြောကြားမှု ရှိခ့ဲသည္။ သံအမတ်ကြီး ယောင်ဝမ်က "ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများသည် ဘင်္ဂလားဒေရှ့်အတွက် ဝန်ထုတ်ဝန်ပိုးကို ဖြစ်လာစေပြီး လူမှုတည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုများကို ထိခိုက်စေသည့်အပြင် မြန်မာနှင့် ဘင်္ဂလားဒေရှ့်ကြား ဆက်ဆံရေးနှင့် ဒေသတွင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေကြောင်း" ပြောကြားသည်။
ဘင်္ဂလားဒေရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းများ၏ လုံခြုံရေးကို ချဉ်းကပ်ပါက ဒုက္ခသည်စခန်းရှိ လူမှုအဆောက်အအုံများလည်ပတ်မှုအထိ သိရှိရန် လိုအပ်လာသည်။ မာဂျီစနစ်သည် ထိုလူမှုအဆောက်အအုံများထဲမှ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
မာဂျီစနစ်နှင့် ဘင်္ဂလားဒေရှ့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ အာဏာစီးဆင်းပုံ
လက်ရှိ ဘင်္ဂလားဒေရှ့်၏ ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ အုပ်ချုပ်ရေးအာဏာစီးဆင်းပုံတွင် အောက်ပါအစိတ်အပိုင်းများ ပါရှိပါသည်။
1- RRRC (the Refugee Relief and Repatriation Commissioner
ဘင်္ဂလားဒေရှ့်အစိုးရ၏ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့် နေရာပြန်လည်ချထားရေး ကော်မရှင်နာ ဖြစ်သည်။
2- (MoDMR) The Ministry of Disaster Management and Relief
ဘင်္ဂလားဒေရှ့်၏ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာနဖြစ်သည်။ ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ ရေးရာကိစ္စရပ်အားလုံးအပေါ် စီမံခန့်ခွဲမှု၏ အမြင့်ဆုံးအာဏာပိုင် အဆင့်ဖြစ်သည်။ RRRC သည် MoDMR ကို ကိုယ်စားပြုသည်။
3- The CiC (Camp-in-Charge) အဖွဲ့
CiC အဖွဲ့သည် မြေပြင်တွင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ ကိစ္စရပ်များကို စီမံခန့်ခွဲရသော အလုပ်အဖွဲ့ဖြစ်သည်။ အဓိက အကောင်အထည်ဖော်ဆောင်ရွက်သူဖြစ်သည်။ CiC အား RRRC မှာ ရွေးချယ်ခန့်အပ်သည်။ ထိုသို့ရွေးချယ်ရာတွင် ဘင်္ဂလားဒေရှ့် အစိုးရ ဝန်ထမ်းများကို အလှည့်ကျ ရွေးချယ်ခြင်းဖြစ်သည်။ CiC ၏ လုပ်ပိုင်ခွင့်မှာ ဒုက္ခသည်များ၏ ကိစ္စရပ်များကို စီမံခန့်ခွဲခြင်း၊ ဆုံးဖြတ်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြစ်သည်။ CiC သည် ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာကို တပိုင်းတစကိုင်ထားသော အဖွဲ့ဖြစ်သည်။
4- The Majhis (Camp Leaders) မာဂျီခေါင်းဆောင်များ
Majhis များကို CiC က ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။ မာဂျီများက CiC ကိုကူညီရသည်။ မာဂျီများသည် ရပ်ရွာခေါင်းဆောင်၊ အများလေးစားယုံကြည်ခံရသူ၊ ဘာသာရေးဆရာစသဖြင့်လည်း ရှိနေနိုင်သော်လည်း အများအားဖြင့် သက်လတ်ပိုင်း အမျိုးသားများကို ခန့်အပ်ကြခြင်းဖြစ်သည်။ မာဂျီများက CiC ကိုကူညီရသည်။
5- the Armed Police Battalion (APBn)
ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်အပေါ် ကိုင်တွယ်ရသော လက်နက်ကိုင်ရဲတပ်ရင်း ဖြစ်သည်။ ဘင်္ဂလားအစိုးရအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် APBn ရဲတပ်ဖွဲ့ရှိသည်။ ယခင်ရှေးပိုင်းကာလများက ဘင်္ဂလားစစ်တပ်မှ ရိုဟင်ဂျာဒုက္ခသည် စခန်းအတွင်း တရားဥပဒေစိုးမိုးရေးတာဝန်ကို ယူခ့ဲသောလည္း နောက်ပိုင်းတွင် APBn ထံ လုပ်ပိုင်ခွင့်အား လွဲအပ်ခ့ဲသည္။
6- ရပ်မိ ရပ်ဖနှင့် လူမှုအသိုက်အမြုံ
ဤအလွှာမှာ အမိန့်အာဏာ၏ ဘောင်ကွပ်မှုကို တိုက်ရိုက်ခံရသော အောက်ခြေကြမ်းခင်းအလွှာဖြစ်သည်။ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ သာရေးနာရေ လူမှုအသိုက်အမြုံများပါဝင်သည်။
ဘင်္ဂလားဒေရှ့်၏ ရိုဟင်ဂျာဒုက္ခသည်စခန်း၏ ဘေးကင်းလုံခြုံမှုကို ချဉ်းကပ်ပါက အထက္ တွင္ဖော်ပြခ့ဲသောအာဏာအဆောက်အအုံနှင့် လူမှုအသိုက်အမြုံတို့၏ ပကတိအခြေအနေများကို ဆန်းစစ်ရန်လိုအပ်သည်။ ရိုဟင်ဂျာလက်နက်ကိုင်များ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း အမြစ်တွယ် ခြိမ်းခြောက်လာမှု၏ ကြေးမုံပြင်သည် ၎င်းအဆောက်အအုံများတွင် ရောင်ပြန်ဟပ်နေသည်။
ဆက်လက်ဖော်ပြပါမည်။
Sources:
ကုလ အစီရင်ခံစာ မာဂျီစနစ်
https://reliefweb.int/report/bangladesh/protection-sector-working-group-cox-s-bazar-30-june-2018-protection-considerations
https://www.refworld.org/reference/countryrep/unhcr/2007/en/49265
မာဂျီ ရွေးချယ်မှု စနစ်
https://bigd.bracu.ac.bd/study/governance-within-forcibly-displaced-communities-evidence-from-rohingya-refugee-camps/?hl=en-GB
https://reliefweb.int/report/bangladesh/protection-sector-working-group-cox-s-bazar-30-june-2018-protection-considerations?hl=en-GB
https://www.thenewhumanitarian.org/news-feature/2019/08/26/Rohingya-women-refugee-elections?hl=en-GB
https://www.thenewhumanitarian.org/news/2019/08/26/Rohingya-refugees-vote?hl=en-GB
APBn ရဲအဖွဲ့
https://www.fortifyrights.org/bgd-inv-2023-08-10/?hl=en-GB
CiC
https://reliefweb.int/report/bangladesh/joint-capacity-sharing-initiative-multi-sector-training-platform-camp-charge-cic?hl=en-GB
https://www.graduateinstitute.ch/communications/news/human-rights-and-national-security-reflections-rohingya-refugee-camps?hl=en-GB
Comments
Post a Comment