ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၄
ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၄
ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှ အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက္များ
ဘင်္ဂလားဒေရှ့် ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှု၊ မူးယစ်ဆေး၊ လူကုန်ကူးမှု စသည့်ကိစ္စများမှာ ဖြစ်ပျက်နေသည်။ ဤသို့ဖြစ်ပျက်နေမှုက ဒုက္ခသည်စခန်းထဲရှိ အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်နှင့် ဆက်စပ်နေသည်။ ထိုအားနည်းချက္များနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ချက်၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက္များစွာရှိပါသည်။ ၂၀၂၃ခု နှစ် ဩဂုတ်လ (၈)ရက် တွင် ဒေါက်တာ အမ်ဒီ မာဘူဒါ ရာမန် (Dr. Md. Mahbubur Rahman) က Geneva Graduate Institue တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
"အုပ်ချုပ်ရေးပုံစံအရ ရိုဟင်ဂျာဒုက္ခသည်များကို CiC သည္ မာဂျီများမှတဆင့် ထိန်းချုပ်ထားသည်။ မာဂျီများအနေဖြင့် CiC ၏ ပြောကြားမှုကိုသာ တဖက်သတ်နားထောင်ရပြီး CiC၏ အမိန့်သည် ရိုဟင်ဂျာဒုက္ခသည်စခန်း၏ လိုအပ်ချက်နှင့် တလွဲဖြစ်နေလျှင်လည်း မာဂျီအနေဖြင့် တင်ပြခွင့်မရနိုင်ချေ။ CiC အမိန့်ကို ငြင်းဆန်လျှင် ဘင်္ဂလားဒေရှ့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်ကပြီး ရလဒ်မကောင်းနိုင်ဟု မာဂျီများက သိသည်။ နောက်တချက်က ရာဇဝတ်ဂိုဏ်းများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးလျှင့် ရာဇဝတ်ဂိုဏ်းများ၏ လက်ထဲတွင် အသတ်ခံရနိုင်သည်။"
တဖက်တွင် မာဂျီများကိုယ်တိုင် ဒုက္ခသည်စခန်းများတွင် လူအခွင့်အရေးချိုးဖောက္မှုများ၊ တရားလက်လွတ်ကိစ္စများနှင့် လုပ်ပိုင်ခွင့်အလွဲသုံးစားပြုမှုများရှိနေသည်။
နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ၁၉၅၁ခု နှစ်ကွန်ဗင့်ရှင်း အပိုဒ် (၁၈) တွင် ဒုက္ခသည်များတွင် စိုက်ပျိုးရေး၊ စက္မှုနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကို လုပ်ခိုင်ခွင့်ရှိသည်။ အဆိုပါ ကွန်ဗင့်ရှင်း အပိုဒ် (၂၆) အရ ဒုက္ခသည်များတွင် လွတ်လပ်စွာ လှုပ်ရှားခွင့် ရှိသည်။ သို့သော် ထိုအခွင့်အရေးများက မျက်ကွယ်ပြုခံနေရသည်။
ဒုက္ခသည်စခန်းအတွင်း လူမှုစီးပွား အခွင့်အရေးများမရှိမှု၊ ဓလေ့ထုံးတမ်း ယုံကြည်မှု မတူညီမှု၊ ဒုက္ခသည်စခန်းအတွင်း ရာဇဝတ်ဂိုဏ်း အချင်းချင်းပဋိပက္ခများနှင့် အုပ်စုတွင်းပြင် ကိုယ့်အချင်းချင်း ပဋိပက္ခများကြားတွင် ဘင်္ဂလားဒေရှ့်၏ တရားရုံးကို တိုင်ကြားအမှုဖွင့်နိုင်မှုက ကန့်သတ်ချက္များရှိနေသည်။ အဆိုပါအနေအထားများက ဘင်္ဂလားဒေရှ့်၏ လုံခြုံရေးကို ထိခိုက်စေသည်ဟု ဒေါက်တာ အမ်ဒီ မာဘူဒါ ရာမန်က ထောက်ပြထားသည်။
Human Rights Watch အဖွဲ့၏ ၂၀၂၅ ခုနှစ်၊ စက်တင်လာလ ၂၉ရက်စွဲဖြင့် ထုတ်ပြန်သော အစီရင်ခံစာတွင် ဘင်္ဂလားဒေရှ့်အစိုးရသည် ရိုဟင်ဂျာ ဒုက္ခသည်များ၏ ပညာရေး၊ အသက္မွေးဝမ်းကျောင်း စသည့် ကိစ္စရပ်များ တားဆီးပိတ်ပင်မှုမျ ရှိနေသည်ဟု ဖော်ပြထားသည်။
Humanitarian Action အဖွဲ့၏ ၂၀၂၅ခု နှစ်၊ မတ်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေရှ့်၏ ဥပဒေပိုင်းစိုးမိုးရေးဆောင်ရွက်ချက်အစား ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များနှင့် လူသားချင်းစာနာမှုအကူအညီပေးသူများကို အုပ်စုဖွဲ့ အကြမ်းဖက္မှုများရှိနေပြီး လုံခြုံရေးအခြေအနေမှာ ဆိုးဝါးနေသည်ဟု ဖော်ပြထားသည်။
ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ဘင်္ဂလားဒေရှ့်ဘက္မှ လုံခြုံရေးဆိုင်ရာ ပျက်ကွယ်နေမှုအပေါ် Human Rights Watch ၏ ၂၀၂၃ခု နှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ္ပြန္ခ့ဲသော အစီရင်ခံစာက ပြတ်သားရှင်းလင်းစွာ ဖော်ပြထားသည်။ အဆိုပါအစီရင်ခံစာတွင် ဘင်္ဂလားဒေရှ့် အစိုးရသည် လက်နက်ကိုင်အုပ်စုများ၊ ဒုစရိုက်ဂိုဏ်းများ၏ အန္တရာယ်ပေးနေမှုအား အာဏာပိုင်အနေဖြင့် လုံလောက်သော အကာအကွယ်ကို မပေးဘဲရှိနေသည်။ ထိုပြင် ရဲတပ်ဖွဲ့၊ ဥပဒေနှင့် ဆေးဘက်ဆိုင်ရာ ကိစ္စများတို့ဖြင့် အတားအဆီးများပြုနေသည်၊ သတ်ဖြတ်ခံရနိုင်သော အခြေအနေတွင် လုံခြုံရေးမပေးဘဲ ရိုဟင်ဂျာ ရပ်ရွာ ခေါင်းဆောင်များအား သတင်းအချက်အလက္များကို ထောက်လှမ်းခိုင်းနေသည်၊ ဘင်္ဂလားဒေရှ့်အစိုးရအနေဖြင့် လူ့အခွင့်အရေးကို တန်ဖိုးထားသော လုံခြုံရေးမူဝါဒများအား ဒုက္ခသည်များ၊ ကုလသမဂ္ဂတို့နှင့် ညှိ့နှိုင်းကာ ချမှတ်သင့်သည်၊ နိုင်ငံတကာအလှူရှင်နိုင်ငံများအနေဖြင့် တရားမျှတမှုအတွက် အတားအဆီးများကို ဖယ်ရှားပေးရန် ဘင်္ဂလားဒေရှ့်အား ဖိအားပေးသင့်သည် စသဖြင့် ဖော်ပြထားသည်။
ထိုပြင် အဆိုပါအစီရင်ခံစာတွင် အောက်ပါအချက္များလည်း ပါဝင်သည်။
အစ္စလမ္မစ် လက်နက်ကိုင်အုပ်စုများနှင့် ဒုစရိုက်ဂိုဏ်းများကြောင့် ဒုက္ခသည်များက ရက်စက်ကြမ်းကြုတ်၍ ကြောက်ရွံ့စရာကောင်းသော ပတ်ဝန်းကျင်မျိုးဟုပြောဆိုသည်။
ကျူးလွန်သူများတွင်
၁- Arakan Rohingya Salvation Army (ARSA)
၂- Rohingya Solidarity Organization (RSO)
၃- Munna gang
၄- Islami Mahaz
၅- အဖွဲ့တချို့ ပါဝင်သည်။ ဘင်္ဂလားဒေရှ့် ကာကွယ်ရေးဝန်ကြီးဌာန စာရင်းအရ အနည်းဆုံး လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့မှာ ဒုက္ခသည်စခန်းများတွင် လှုပ်ရှားနေသည်။ အချို့သော ရာဇဝတ် ဒုစရိုက်ဂိုဏ်းများမှာ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများဖြင့် ဒုက္ခသည်စခန်းအား ထိန်းချုပ်ထားသည်။ တက်ကြွလှုပ်ရှားသူများ၊ ပညာတတ်များနှင့် မာဂျီများမှာ ၎င်းတို့၏ ပစ်မှတ်များဖြစ်နေသည်။ ထိုအခြေအနေက ဒုက္ခသည်စခန်းထဲရှိ CSO များကိုပါ ရိုက်ခတ်စေသည်။ ၂၀၂၃ခု နှစ်ပထမနှစ်ဝက်တွင် မာဂျီ ၁၆ ယောက်အနည်းဆုံး အသတ်ခံရသည်။
ဒုက္ခသည်များအတွက် တရားစီရင်ရေး ယန္တယားမရှိ။ ရဲတပ်ဖွဲ့ထံ အမှုမဖွင့်နိုင်။ CiC ကလည်းမကိုင်တွယ်၊ APBn ကလည်းမကိုင်တွယ်။ APBn က အရပ်သားမှုခင်းမကိုင်။ ဒေသဆိုင်ရာ ရဲဌာနကို တိုင်လျှင်လည်း ကညာပျိုနဲ့ ငွေကို တောင်း၍ ပေးစရာမရှိ။
sources:
https://www.graduateinstitute.ch/communications/news/human-rights-and-national-security-reflections-rohingya-refugee-camps?hl=en-GB
https://www.hrw.org/news/2025/09/29/un-support-protection-justice-for-rohingya?hl=en-GB
https://humanitarianaction.info/plan/1212/article/rohingya-joint-response-plan-jrp-0?hl=en-GB
https://www.hrw.org/news/2023/07/13/bangladesh-spiraling-violence-against-rohingya-refugees?hl=en-GB
Comments
Post a Comment